Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, August 30, 2015

ရော့ခ်အင်ရိုးခရီးသည် - အပိုင်း (၁)


ရော့ခ်အင်ရိုးခရီးသည် - အပိုင်း (၁)
-------------------

သြဂတ်စ် ၃၀၊ ၂၀၁၅
နယူးယောက်ခ်

အညာနွေဟာပူလွန်းလှတယ်။ တမာပင်တွေနဲ့ မကျီးပင်တွေကို ဖြတ်တိုက်လာတဲ့ ဖုန်မှုန့်တွေ။ အထက (၁) ကျောင်းထိပ်က ဦးမိုးသီးလက်ဖက်ရည်ဆိုင်မှာ ခင်မောင်တိုးရဲ့ မျက်သွယ်အခွေဖွင့်တယ်။ တခါတရံမှာ ဘိုထီးရဲ့ သခင့်စီအပြေးပြန်လာမည် ဖွင့်တတ်တယ်။ လူငယ်တယောက်ရဲ့ရင်ထဲမှာ ဝုန်းဒိုင်းကျဲနေတဲ့ ဆာလောင်မွတ်သိပ်မှုကို အာသာပြေဖို့ ခဲယဉ်းလှတယ်။

ဒီလိုနဲ့တရက်မှာ အခွေဆိုင်တဆိုင်ကိုရောက်တယ်။ ဆိုတဲ့သူက ဇော်ထက် တဲ့။ ကိုယ်လဲမသိဘူး။ တီးဝိုင်းက အင်ပါယာ။ သိပ်ကြိုက်။ အသံဖမ်းစတူဒီယိုက အိုအေစစ်။ တကယ့်ကွာလတီ စတူဒီယို။ ဖြန့်တာက ဂျူပီတာတဲ့။ ဒီလောက်ကောင်းတဲ့ တွဲလုံးမှာ ဆိုးဆိုးဝါးဝါး အခွေတခွေဖြစ်လာလိမ့်မယ်လို့ထင်မထားဘူး။ ဒီလိုနဲ့ မျက်စိမှိတ်ပြီးဝယ်ခဲ့တယ်။ အဲဒီတုန်းက ကာဗာပါပါရင် ဈေးကြီးတယ်။ ဒါပေမယ့် မသိစိတ်က ယုံကြည်ပြီး ဈေးကြီးပေးလိုက်တယ်။

စီ ၆၀ အခွေတခွေက တချိန်ချိန်မှာ ကိုဝီဆိုတဲ့လူတယောက်ရဲ့ အနာဂါတ်ကို ဘယ်အတိုင်းအတာအထိ အရေးကြီးလာလိမ့်မယ်လို့ မသိရိုးအမှန်။

အဲဒီတုန်းက ကက်ဆက်ကလေးက အဖေနိုင်ငံခြားသွားတုန်းက ဝယ်လာတဲ့ ပြင်သစ်နိုင်ငံထုတ် Thomson တဲ့။ Volume ဘယ်အတိုင်းအတာထိမြှင့်ထားလဲမသိပဲ အခွေကိုဖွင့်လိုက်တယ်။ ရုတ်တရက်ဆိုတော့ လန့်သွားတယ်။ ပထမဆုံးသီချင်းက သိပ်ပိုင်တဲ့မင်း။ ဆရာမင်းချစ်သူရဲ့လက်ရာ။ သီချင်းစာသားက အတွေးဆန်းသစ်သလို ဇော်ထက်ဆိုတဲ့ အဆိုတော်ဟာ ဘယ်လိုသီချင်းတွေဆိုတော့မယ်ဆိုတာကို အသိပေးလိုက်တဲ့ သီချင်းကောင်းတပုဒ်ဖြစ်တယ်။ အဲဒီမှာပဲ ကက်ဆက်နားက မခွာနိုင်တော့ဘူး။

ဒုတိယအပုဒ်က ဘာအကြောင်းမှ အရေးမကြီး။ ကောင်မလေးတွေကို အပျော်ပဲတွဲဖို့စိတ်ဝင်စားတယ်ဆိုတဲ့အကြောင်း။ အိပ်ပျက်ရရုံလေးပဲ မင်းနဲ့တွေ့ချင်တယ်။ ဇာတ်လမ်းလဲမဖြစ်ချင်ဘူး တော်ရုံတန်ရုံပဲ တဲ့။ အဲဒီတုန်းက ဒီလောက်ဆန်းသစ်တဲ့ စာသား တခါမှမကြားဖူးဘူး။ ခင်များသာ အဲဒီတုန်းက ကျွန်တော့လိုပဲ ဆယ်ကျော်သက်အရွယ်ဆိုရင် ခင်များလဲ လန့်သွားမှာ။ စာသားက သိပ်ကောင်း။ အဲဒီ ၂ ပုဒ်နဲ့တင် အခွေကို အတော်ကြိုက်သွားတယ်။ ကျွန်တော်အမှတ်မမှားရင် အဲဒီသီချင်းဟာ လှိုင်ဘွားရေးတာ။ မူရင်းက Riding with James Dean တဲ့။

တတိယတပုဒ်က မီး တဲ့။ ဆရာမင်းချစ်သူပဲရေးတာ။ အဲဒီတုန်းက ဒီလိုသံစဉ်မျိုးကို ဘယ်သူမှစပြီးဆိုဖို့ မစဉ်းစားမိကြဘူးလားမသိ။ ကျွန်တော်တော့ မကြားဖူးဘူး။

နောက်တော့ ကိုဝေလို့ လူတွေချစ်စနိုးခေါ်တဲ့ သော်ဒီဝေရဲ့ လက်ရာ နှစ်ပုဒ်။ အမုန်းများ။ အေးစက်သော။

အေဆိုဒ်ရဲ့နောက်ဆုံးအပုဒ်က ရော့ခ်အင်ရိုးကျိန်စာ။ ဇော်ထက်ရဲ့ အစ်ကို ပီတာဖိုးဇော်ရေးတာပါ။ ဆယ်ကျော်သက်အရွယ် ကိုဝီတယောက် ရော့ခ်အင်ရိုးဂီတက အပြူစားခံနေရတာ။ ငုတ်တုတ်ကိုမေ့ရော။

ဒီမှာ အရေးတကြီးပြောချင်တဲ့ သီချင်းတပုဒ်ကို ဘီဆိုဒ်မှာတွေ့ရတယ်။ ခရီးနှင် တဲ့။ ပီတာဖိုးဇော်ပဲရေးတာပါ။ သီချင်းအကြောင်းအရာက ကျွန်တော့ဘဝတလျှောက်လုံးမှာ အတော်လေးကြီးမားတဲ့ သြဇာသက်ရောက်မှုရှိခဲ့တယ်။ ကိုယ်နဲ့လက်တွဲခဲ့သူတယောက် ကိုယ့်ကိုစွန့်ခွါသွားလဲ ခရီးဆက်လျှောက်နေဦးမှာဆိုတာကို ပီယာနိုအသံလေးနဲ့ အမိုက်စားစပ်ဆိုသွားခဲ့တာ။

အခွေရဲ့ နောက်ဆုံးသီချင်းဟာ အလွမ်းမီးရထား လို့အမည်ရတယ်။ ထက်ထက် (ကိုဇော်ထက်ရဲ့ညီ) ရေးတယ်။ မူရင်းသံစဉ်နဲ့ ကွက်တိကျလှတဲ့ အလွမ်းဖွဲ့သီချင်းတပုဒ်ဖြစ်တယ်။ အင်ပါယာတီးထားတာက ပြောစရာမရှိ။

ဒီလိုနဲ့ တခွေလုံးနားထောင်ပြီးချိန်မှာ ကျွန်တော်ခြေမကိုင်မိ လက်မကိုင်မိဖြစ်သွားတယ်။ ဒီလို အသံမျိုးကို မြန်မာစာသားနဲ့ အသေအချာကြီးမကြားဖူးဘူး။ တကိုယ်လုံးတုန်သွားအောင် မကြိုက်ခဲ့ဖူးဘူး။ မူရင်းသီချင်းရွေးချယ်မှုတွေဟာ ကျွန်တော့ဘဝ ဂီတကိုလေ့လာဆည်းပူးမှုလမ်းကြောင်းမှာ မြေပုံတခုလိုလမ်းပြပေးခဲ့တယ်။
စီ ၆၀ စာအခွေတခွေက လူငယ်တယောက်ရဲ့ ဂီတသစ်ဆာလောင်မှုကို ပိုမိုပြင်းပြစေခဲ့တယ်။

ဂီတထုတ်ကုန်တခုဟာ ဘယ်ဟာတွေကကောင်းပြီး ဘယ်ဟာတွေက မကောင်းလဲ အခုထိ ကျွန်တော်မသိပါဘူး။ (မသိဘူးလို့ပဲ ထင်မြင်မိပါတယ်)။ ဒါပေမယ့် ကျွန်တော့မှာ အကြိုက်ဆုံးလို့ပြောလို့ရတဲ့ အခွေတွေထဲမှာ ဒီအခွေပါတယ်။ အတိအကျပြောရရင် ကျွန်တော့ရဲ့ ဂီတစားသုံးမှုသမိုင်းမှာ ခေါင်းထဲမှာ ဘတ်သီးတွေ အများကြီးကို ဒီခွေက ဖွင့်ပေးခဲ့တယ်။

အခုခင်များတို့ တခါတရံလာဖတ်ကြတဲ့ ဒီပေ့ခ်ျထဲမှာ ပင်တိုင်ရေးနေတဲ့ ကိုဝီလို့ဖြစ်လာမယ့် ဆယ်ကျော်သက်လူငယ်တယောက်ရဲ့ ဘဝတခုလုံးကို ပြောင်းဆန်သွားစေခဲ့အခွေတခွေဖြစ်ပါတယ်။

ဒီအခွေကို ခင်များနားထောင်သင့်သလား နားမထောင်သင့်လား ကျွန်တော်ဆုံးဖြတ်မပေးနိုင်ပါဘူး။ ခင်များရဲ့ဖြတ်သန်းမှုနဲ့ ကျွန်တော့ဖြတ်သန်းမှု မတူဘူးလေ။ ဒါပေမယ့် သေချာတာကတော့ ဒီအခွေဟာ ကိုဝီရဲ့ ဘဝအတွက် အတော်အရေးကြီးခဲ့တာ။ အခုထိလဲ အရေးကြီးတုန်းပဲ။ ဒီအတွက် ဒီအခွေကို အရဲစွန့်ပြီးဖြစ်မြောက်အောင် လုပ်ဆောင်ခဲ့သူတွေအားလုံးကို ကျေးဇူးတင်တယ်။

ကျွန်တော်ဟာ ရော့ခ်အင်ရိုးခရီးသည်တယောက်ပါ။ ဒီအခွေလေးက ကျွန်တော့အတွက် ဆာလောင်မွတ်သိပ်မှုတွေကို အာသာပြေစေခဲ့တယ်။ လမ်းပြပေးခဲ့တယ်။ ဒီအတွက် ကျေးဇူးတင်တယ်။

နောင်တော်ကြီးများကို ဦးညွှန်လျက်
ကိုဝီ

နားထောင်ချင်သူများဒေါင်းဖို့
http://www.mediafire.com/download/ohdudjdq974khwd/zaw_htet_-_MMH.rar

လင့်ခ်ခရက်ဒစ် - ကိုလောက်
 

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။