ကျွန်တော်နဲ့ ကိုညီထွဋ် (အပိုင်း ၃)
{ နိုင်ဇော် * Lazy Club }
=======================
အရာရာမှာ အေးအေးဆေးဆေး အပူအပင်မရှိဘဲ အခြွေအရံတွေနဲ့ လူ့ဘဝကြီးကို ပျော်ရွှင်စွာဖြတ်သန်းခွင့်ရ တဲ့ ရော့ခ်အဆိုတော်ကြီး ဇော်ဝင်းထွဋ်အကြောင်း ကျွန်တော်သိသမျှ သုံးသပ်တဲ့ ဒီစာစုလေးတောင် ဘာလိုလိုနဲ့ အပိုင်း ၃ ရောက်ခဲ့ပြီဖြစ်သလို မရေးရင်လည်းနေရော၊ ရေးပြီဆိုလည်း စာဖတ်သူတွေလည်း ဗဟုသုတရ၊ ကာယကံရှင်လည်း ကျွန်တော့်အပေါ် အမြင်မကြည်မလင် မဖြစ်ရလေအောင် တတ်နိုင်သမျှ ထိန်းထိန်းသိမ်းသိမ်း ရေးရပေမယ့် စာဖတ်သူတွေက ဇော်ဝင်းထွဋ်ရဲ့  ရွှေဘုန်းတော်ကို ချီးမွမ်းတဲ့ဆောင်းပါးလို့ အမြင်ကပ်မှာစိုးလို့ Copy, Own Tune့ ပြဿနာကြောင့် သီချင်းကောင်းတွေ ဒီဘက်ခေတ်မှာ (အရင်ကလောက်) သိပ်မကြားရဘူးဆိုတဲ့ ကျွန်တော့်ထင်မြင်ချက်အပေါ် သဘောထားကွဲလွဲနိုင်မယ်ဆိုလည်း လွတ်လပ်စွာ သဘောထားကွဲလွဲခွင့် ရှိပါတယ်လို့ ကျွန်တော်က ရိုးသားစွာ ထင်မြင်ယူဆမိပါတယ်။
ကိုညီထွဋ် အင်တာဗျူးတစ်ခု ကျွန်တော် ဖတ်ဖူးတော့ (Beauty မဂ္ဂဇင်း ထင်ပါရဲ့ ) ထဲမှာ သူ့ကို တရုတ်ကြီးတစ်ယောက် ဈေးထဲမှာ တွေ့ချိန် 'နင်လည်း ငါတို့သီချင်းတွေ ပြန်မဆိုသေးဘူးလား'ဆိုပြီး မေးတဲ့အကြောင်း ဖတ်လိုက်ရလို့ အခုထိ တရုတ်သီချင်းရေစီးကြောင်းထဲ ဘယ်သူတွေ ဒိုင်ပင်ပစ်ဝင်ဝင်၊ သူမဝင်ခဲ့တာတစ်ခုတော့ မှတ်မှတ်ရရ သတိထားလိုက်မိပါတယ်။ (ဒါတောင် စတိတ်ရှိုးပွဲတစ်ခုမှာ) 'တကယ်ဆိုအချစ်ပဲလိုတယ်' သီချင်း ချမ်းချမ်းနဲ့ စုံတွဲဆိုတယ်ဆိုပြီး ဖတ်လိုက်ရလို့ တရုတ်သီချင်းတော့ ဆိုဖူးသွားပြီ ဆိုတဲ့အတွေးနဲ့ မှတ်ချက်ချလိုက်မိပါတယ်။ ကိုညီထွဋ်နောက်မှာ တကောက်ကောက်ပါလေ့ရှိတဲ့ မန်နေဂျာတွေထဲက 'မာမီဖီး' လို့ ကျွန်တော်တို့ခေါ်ကြတဲ့ (ကိုဖီးလစ်) ရဲ့  ရယ်စရာတစ်ခုကိုလည်း ကိုညီထွဋ် စတိတ်ရှိုးတစ်ခုမှာ ကြားခဲ့ရပါသေးတယ်။
အင်ပါယာတီးဝိုင်းနဲ့ ဧည့်ခံပွဲတစ်ခုတီးကြတာ အချိန်ကြာလာတော့ အတီးသမားတွေက မပြီးသေးဘူးလားဆိုတဲ့သဘောနဲ့  မန်နေဂျာကို ကြည့်ပါတယ်။ မန်နေဂျာရဲ့  သဘောက ရပြီ၊ မတီးနဲ့တော့ဆိုရင် ဘယ်ဘက် လက်ဖမိုးအောက်က ညာလက်ညှိုးနဲ့ ထီးမိုးသလိုလုပ်ပြပြီး ရပ်ခိုင်းလေ့ရှိသလို တီးဝိုင်းက ရပ်တော့မလား၊ နားတော့မလား လှမ်းကြည့်ချိန် မန်နေဂျာက ဘာလုပ်ရမှန်းလည်း မသိလို့ အပြစ်လည်း လွတ်အောင် ခပ်စောင်းစောင်း ၉၀ ဒီဂရီ ဘယ်လက်ကိုထား၊ ညာလက်ညှိုးကိုထောင်လိုက်တော့  သူရပ်ခိုင်းတာလို့လည်း ယူဆလို့ရ၊ မရပ်နဲ့လို့လည်း ယူဆလို့ရတဲ့ အခြေအနေမျိုးထွက်အောင် ချက်ချင်းဖန်တီးနိုင်တဲ့ ကိုညီထွဋ်ရဲ့  မန်နေဂျာဆီက ပညာကိုလည်း အင်ပါယာအတီးသမားဟောင်း တစ်ယောက် ပြောပြလို့ ရယ်စရာအဖြစ် ကြားခဲ့ဖူးပါတယ်။
ကျွန်တော့်ပင်ကိုယ်စိတ်နဲ့သာ သူ့ကိုအကြံပေးခွင့်ရှိမယ်ဆိုခဲ့ရင် FM အလုပ်တွေ၊ စတူဒီယိုအလုပ်တွေချပြီး (ဟိုးအရင်ကလို နိုင်ငံခြားသီချင်းအဟောင်းေ လးတွေကို ပြန်ဆိုထားတဲ့ အခွေတစ်ခွေလောက် ထုတ်စေချင်မိပါတယ်။ သူနဲ့လက်တွဲအောင်မြင်မှုရခဲ့ တဲ့ တေးရေးဆရာကြီးတွေနဲ့ ပြန်လက်တွဲပြီး ကမ္ဘာကျော်သီချင်းအကောင်းစား တွေ၊ ဒီဘက်ခေတ် အပြင်းစား နိုင်ငံခြားရော့ခ်သီချင်းတွေကိုလည်း ပြန်ဆိုတဲ့ သီချင်းခွေတစ်ခွေလောက် ပရိသတ်အတွက် ထုတ်ပေးစေချင်မိသလို ဘာလုပ်လုပ် စိတ်ကြိုက်အချိန်ဆွဲပြီး လုပ်တဲ့ သူ့ပုံစံကို ပြောင်းလဲပြီး အချိန်အခါ၊ အခြေအနေနဲ့ လိုက်လျောညီထွေ ဖြစ်မယ့်သီချင်းလေးတွေပဲ ဆိုစေချင်မိပေမယ့် လူချင်းတွေ့တော့လည်း မပြောဖြစ်ခဲ့ပါဘူး။ ဒါပေမဲ့ ဘယ်လိုပဲအလုပ်များများ ကျွန်တော့်တီးလုံးသက်သက်အခွေ (သိပံ္ပခေတ်ရဲ့ သားကောင်များ) ထဲမှာ (နဗားနား) NIRVANA သို့ ဦးညွှတ်ခြင်း ဆိုတဲ့သီချင်းလေးရဲ့  Solo ထဲ ဖမ်းရခက်ပေ့ဆိုတဲ့ အဆိုတော်ကြီးနှစ်ယောက်ရဲ့  ဟာမိုနီကာသံ ပါအောင် ထည့်မယ့် စိတ်ကူးကိုတော့ ကတိတည်တည်နဲ့ ကူညီပေးခဲ့တာလည်း သတိတရဖြစ်နေမိပါတော့တယ်။ အဲဒီသီချင်းမှာ ကိုညီထွဋ်နဲ့ ကိုငှက် (ထူးအိမ်သင်) ကို တစ်လှည့်စီ ဟာမိုနီကာ (Blues houp) မှုတ်ခိုင်းဖို့ (မဖြစ်နိုင်တဲ့အကြံအစည်ကြို ကံစည်ပြီး) Body တီးခတ်ပြီးချိန် ကိုညီထွဋ်ကို ပထမဆုံးဖုန်းဆက်တော့ သူက နဝဒေးရုပ်ရှင်ရုံရှေ့ က သူ့အိမ်ကို လာခဲ့ဖို့ချိန်းပါတယ်။
သူ့အိမ်မှာ စတူဒီယိုပါလုပ်ထားလို့ ကျွန်တော်ရောက်သွားလို့ သူ့ရဲ့  'ပြတိုက်ထဲကနေ့ ပြတိုက်ထဲကည' ဗီစီဒီကို Edit လုပ်နေပါတယ်။ အဲဒီအခွေထဲက သီချင်းတစ်ပုဒ်ကို 'တင့်တင့်ထွန်း' သရုပ်ဆောင်ထားတဲ့ ရိုက်ချက်တွေ ဖွင့်ပြနေပေမယ့် ကျွန်တော်ကတော့ ကျွန်တော့်သီချင်းလေး မတီးမမှုတ်မှာ စိတ်ပူနေရပါပြီ။ ကိုညီထွဋ်ကတော့ အေးအေးဆေးဆေးပါ။ ခဏနေတော့ သူ့ဇနီးက ဘယ်သွားရဦးမှာနော်ဆိုပြီး သတိပေးနေတော့ ကျွန်တော့်သီချင်း အစီအစဉ်ပျက်မှာကို စိုးရိမ်နေရပါတယ်။ တကယ်တမ်း အသံဖမ်းတဲ့ Hard disc လည်း ပို့ထားပြီးလို့ သူ့ကိစ္စပြီးပြီလို့ ကျွန်တော့်ကို Hard disc ပြန်ပေးခဲ့ရင် ကျွန်တော်လည်း စောင့်နေစရာမလိုပေမယ့် အခုတော့ ဟိုသွားဒီသွား၊ ဟိုလုပ်ဒီလုပ် အိမ်ထဲမှာ အလုပ်ရှုပ်နေတာကို ကျွန်တော်လျှောက်လိုက်ပြီး သူဘယ်တော့ ဟာမိုနီကာ မှုတ်မှာလည်း စောင့်မျှော်နေရပါတော့တယ်။ နောက်ဆုံး သူ့ဇနီးပြောတဲ့အချိန်နဲ့ အရမ်းနီးလာတော့ (မနေနိုင်တော့ဘဲ) 'ကျွန်တော့်သီချင်းကိစ္စ ဘယ်လိုလုပ်မှာလဲ ကိုညီထွဋ်' ဆိုပြီး (ပိုက်ဆံလည်းတစ်ပြားတစ်ချပ် မှ သူ့ကိုမပေးရဘဲ မျက်နှာပူပူနဲ့) မေးရပါတော့တယ်။
ဒီတော့မှ ကိုညီထွဋ်က ရယ်ကျဲကျဲနဲ့ 'မင်းသီချင်း ဟာမိုနီကာ မှုတ်ပေးချင်ပေမယ့် အသံဖမ်းစက် (HT-24) က ငါ့မှာမရှိဘူး၊ မိတ်ဆွေတစ်ယောက် ငှားထားတယ်'ဆိုပြီး ဒီတော့မှ ပြောတာကြောင့် ကျွန်တော်လည်း 'ဒါဆို ကျွန်တော်လိုက်ပါမယ်၊ ကိုညီထွဋ်လည်း သွားစရာရှိတာသွားပါ' ပြောပြီး သူ့အသံဖမ်းဆရာကို ကားပေါ်တင်၊ အသံဖမ်းစက်သွားယူပြီး ပြန်လာ၊ သူ့အိမ်မှာ စောင့်နေ၊ သူပြန်ရောက်လာတော့ မိုက်ခရိုဖုန်းရှေ့ က သူဟာမိုနီကာမှုတ်တဲ့ (အပိုဒ်တို ၂ခု) စောင့်ယူပြီး ပြန်ခဲ့ရပါတယ်။ ပိုက်ဆံရတဲ့အလုပ်ကို မလုပ်ချင်ဘဲ ပိုက်ဆံမရတဲ့အလုပ်ကိုမှ လုပ်ချင်ကြသူ အနုပညာသမားထဲ ကိုညီထွဋ်လည်း ထိပ်ဆုံးက ပါတယ်ဆိုတာ လက်ခံမိပါတယ်။
ဟုတ်လေသလားမသိရပေမယ့် သူ့အကြောင်း ရယ်စရာတစ်ခုလည်း ဆရာသမားတစ်ယောက်ပြောပြလို့ ကြားဖူးတာက သူ့ကို ချိန်းထားတဲ့ အလုပ်ကိစ္စတစ်ခု နောက်ကျနေလို့၊ ရောက်မလာသေးလို့ ချိန်းတဲ့သူက ဖုန်းလှမ်းဆက်တော့ 'ရောက်ခါနီးပါပြီ၊ လမ်းမှာပါ'လို့ ပြန်ဖြေပါသတဲ့။ ဒီတော့မှ ဆက်တဲ့သူက 'ကျွန်တော် အခုဆက်နေတာ အိမ်ဖုန်းနော်အစ်ကို' ဆိုပြီး ပြန်သတိပေးရတဲ့အကြောင်း ရယ်စရာကိစ္စလေးလည်း ကြားဖူးခဲ့ပါတယ်။ (ဒါကတော့ သူ့ရဲ့  ရင်းနှီးတဲ့မိတ်ဆွေပြောပြတာ နော်) ကိုညီထွဋ်ကြောင့် ကျွန်တော်ဒုက္ခရောက်ဖူးတာရှိ လားမေးခဲ့ရင် သူမသိနိုင်ပေမယ့် ကျွန်တော် အမှန်တကယ် ကြုံတွေ့ခဲ့ရတဲ့ အဖြစ်လေးတစ်ခုတော့ ပြောပြချင်မိပါတယ်။ အဲဒါက ကိုညီထွဋ်ရဲ့  ဂီတသက်တမ်း နှစ် ၂၀ပြည့် အထိမ်းအမှတ် ဆီဒိုးနားဟိုတယ်မှာ ကျင်းပတဲ့ စတိတ်ရှိုးမှာ သီချင်းတစ်ပုဒ် ကျွန်တော် မေတ္တာနဲ့ပါဝင်တီးခတ်ဖို့ ကိုညီထွဋ်က ဖိတ်ခေါ်ပါတယ်။
အဲဒီစတိတ်ရှိုးကို ဗီစီဒီလည်း ရိုက်မှာဖြစ်ပြီး ဗီစီဒီကာရာအိုကေ အခွေလည်း ထုတ်မှာလို့ သိရပါတယ်။ ကိုညီထွဋ်က ဘာသီချင်းတီးရမယ် မပြောဘဲ ပွဲမတိုင်ခင်တစ်ရက် ညနေ ၄နာရီ ဆီဒိုးနားဟိုတယ်ကို လာခဲ့ပါလို့ အမှာတော်ပါးပါတယ်။ ကျွန်တော်လည်း ဘာသီချင်းတီးပေးမလဲ စဉ်းစားရင်း တကယ်လို့ ကျွန်တော့်စိတ်ကြိုက်ရွေးတီးခိုင်းရင် တီးချင်တဲ့သီချင်းလေးလည်း လိုလိုမယ်မယ် စဉ်းစားထားလိုက်ပါတယ်။ အဲဒီသီချင်းက 'အသည်းလေးတော့ ဖျားမှာပဲ'ဆိုတဲ့ 'ရှင်သန်ခြင်း' တေးစီးရီးထဲက ရော့ခ်အင်ရိုးသီချင်းပါ။ မူရင်းတေးဂီတအဖွဲ့က 'Poison'အဖွဲ့ပါ။ ဒါကြောင့် စိတ်ထဲက ဒီသီချင်းတီးခွင့်ရရင် ဘယ်လိုလက်စွမ်းပြမယ်လို့ ကြိုတွေးထားပါတယ်။
နဝရတ်စတူဒီယိုမှာ သီချင်းခွေတီးနေရင်း ခဏရပ်ပြီး ဆီဒိုးနားသွားခဲ့တာ၊ ကျွန်တော်ရောက်တော့ အင်ပါယာအဖွဲ့သားအသစ်တွေရော၊ ကိုဘိုကျင် (ကျင်ခမ်းဖုန်း)၊ ကိုဝေထွန်းတို့အဖွဲ့သားတွေေ ရာ၊ ကိုညီထွဋ်နဲ့ပေါင်းပြီး စကားပြောနေကြချိန်၊ စက်တွေကလည်း ဆင်နေပါတယ်။ ကျွန်တော်က အငယ်ဆုံးမို့ သူတို့အုပ်စုထဲ အူကြောင်ကြောင်ရောက်သွားတော့  ကိုညီထွဋ်က 'နိုင်ဇော် ဘာသီချင်းတီးမလဲ' မေးပါတယ်။ ကျွန်တော်က ကြိုစဉ်းစားထားတဲ့အတိုင်း 'အသည်းလေးတော့ ဖျားမှာပဲတီးမယ်' လို့ ပြောလိုက်ပါတယ်။ အားလုံး ဘယ်သူတွေ တီးကြမှာလဲ လူခွဲတော့ အင်ပါယာလူဟောင်းတွေအဖွဲ့ထဲ ကျွန်တော် ရောက်သွားပါတယ်။ စင်ပေါ်မှာ သီချင်းတိုက်ဖို့ ပြင်ကြတော့ ဘယ်လိုတီးကြရင်ကောင်းမလဲ တိုင်ပင်ချိန်၊ ကျွန်တော်ကြိုတင်စဉ်းစားထား တဲ့ ဂစ်တာနဲ့ တခြားတူရိယာတွေ အပြိုင် တစ်လှည့်စီ တီးကြတဲ့ပုံစံ Arrange လေး ရှင်းပြတော့ တစ်ထွာပြရင် တစ်လံမြင်တဲ့ ဆရာကြီးတွေက ချက်ချင်း အကောင်ထည်ဖော်လိုက်တာ လှလှပပ မြူးမြူးကြွကြွ ဖြစ်သွားပါတော့တယ်။
ကျွန်တော်လည်း ကိုယ်တီးချင်တဲ့ပုံစံရပြီဆိုမှ စင်ပေါ်မှာ ရိုးရိုးတန်းတန်း မတီးပဲ Poison အဖွဲ့က ရော့ခ်သမားတွေလို နှုတ်ခမ်းနီ၊ မိတ်ကပ်တွေလိမ်းပြီး ပါဖော့မန့်လုပ်မယ်လို့ ကိုညီထွဋ်ကို ကြိတ်ရှင်းပြတော့ ကိုညီထွဋ်က သူ့ဘော်ဒါ မိတ်ကပ် (ကိုထိုက်)ကို ပြောထားမယ်။ ပွဲမစခင် ကြိုလာခဲ့လို့ မှာတာကြောင့် ကိုယ်ဖြစ်ချင်တဲ့ ပုံစံနဲ့လိုက်မယ့် လက်ပွခေါင်းလောင်းပုံ လက်ရှည်အကျီ စတိုးဆိုင်မှာဝယ်ပြီး နောက်တစ်နေ့ ဆီဒိုးနားဟိုတယ်ကို ညနေစောစော ထွက်ခဲ့ပါတယ်။ (Smile) ကိုထိုက်က ကျွန်တော်လိုချင်တဲ့ပုံစံ ပြောပြတာနားထောင်ပြီး ကျွန်တော့်မျက်နှာကို ကောင်မလေးတွေ လိမ်းသလို နှုတ်ခမ်းနီ၊ ပါးနီ၊ မျက်တောင်ဆိုးဆေးတွေပါ လက်စွမ်းပြပါတော့တယ်။
ကျွန်တော့်အစီအစဉ်က ပွဲပြီးခါနီးမှ စင်ပေါ်တက်ရမှာ၊ ဘာလို့အစောကြီးပြင်ရသလဲ မေးကြည့်တော့ သူတို့ကပွဲစတာနဲ့ စတိတ်ရှိုးကြည့်မှာဆိုပြီး ပြန်ဖြေပါတယ်။ လိမ်းခြယ်လို့လည်းပြီးရော၊ ည ၇နာရီ စတိတ်ရှိုးစတာနဲ့ မိတ်ကပ်ဆရာတွေ ပျော်ရွှင်ပြေးထွက်သွားတော့ ကျွန်တော်တစ်ယောက်တည်း ကျန်ခဲ့ပါတော့တယ်။ ဘယ်သူလာခေါ်မလဲစောင့်ရင်း ဘယ်မန်နေဂျာမှ ကျွန်တော့်လာမခေါ်ကြတော့ ဒီအတိုင်းဆိုရင် ငါတီးဖို့ကြော်ငြာတာ ငါမသိဘဲဖြစ်သွားရင် ပြဿနာပဲ စိတ်ပူပြီး စင်မြင့်ဆီ သွားချင်ပေမယ့် ကျွန်တော့်မျက်နှာကြီးက မိတ်ကပ်၊ နှုတ်ခမ်းနီတွေနဲ့ဆိုတော့ စင်ပေါ်ဘွားခနဲတက်ရင် အံ့အားသင့်ကြမှာ မှန်ပေမယ့် လူကြားထဲ လျှောက်သွားဖို့က အလှောင်ခံရမှာစိုးလို့ လူတောထဲလည်း မတိုးရဲပဲ စင်မြင့်နောက်ဖက် ဟိုတယ်ရဲ့  လှေကားထစ်ပေါ် ငုတ်တုတ်ထိုင်ပြီး အသံကို ချောင်ထဲက နားထောင်နေရပါတော့တယ်။
ဒါကို စားပွဲထိုးလေးတွေက လှေကားကြားထဲ အခြောက်ကြီးတစ်ယောက် မှောင်ရိပ်ခို ငုတ်တုတ်ထိုင်နေတယ်ထင်ပြီး လာလာကြည့်ကြလို့ ရှက်ကလည်းရှက်၊ ရှင်းပြရလည်းအခက်၊ နိုင်ဇော်တစ်ယောက် နောက်ဆုံးတော့ ဇော်ဝင်းထွဋ်စတိတ်ရှိုးမှာ သူ့ပုံမှန်ဇာတိပြသွားပြီလို့  ကဲ့ရဲ့ ကြလည်း ကဲ့ရဲ့  ပါစေလို့ ဆုံးဖြတ်၊ မျက်နှာခပ်ပြောင်ပြောင်နဲ့ အခြောက်မကြီးလို ငုတ်တုတ်ထိုင်ပြီး ဂစ်တာတက်တီးခဲ့ရတဲ့သီချင်းေ လး ဗီစီဒီအခွေထွက်တော့ ကျွန်တော့်တီးကွက်နဲ့ လှုပ်ရှားမှုတွေကို ကြိုက်တဲ့ပရိသတ်တွေ၊ ဒီသီချင်းနဲ့ ရော့ခ်ဂီတသမားအဖြစ် ပထမဆုံးအသိအမှတ်ပြုတယ်ဆိုတဲ့ သူတွေ၊ နယ်မြို့ တစ်မြို့  စတိတ်ရှိုးတီးပြီး မန္တလေးလမ်းဟောင်းအတိုင်း ပြန်လာချိန်၊ အမြန်လမ်း မပေါ်သေးချိန် လက်ဖက်ရည်သောက်ဖို့ ကားရပ်ပြီး ဆိုင်တစ်ဆိုင်ထဲ ဝင်ချိန်၊ ဆိုင်ရှင်က ဗီစီဒီစက်ကောက်ဖွင့်ပြီး ဗီစီဒီတစ်ချက်ထည့်လိုက်တော့ အဆိုတော်တွေအားလုံး ငါတို့သီချင်းဖွင့်ပြတော့မယ်ထင်ချိန် မမျှော်လင့်ဘဲ 'အသည်းလေးတော့ ဖျားမှာပဲ'သီချင်းပေါ်လာပြီး တစ်ဆိုင်လုံးနဲ့ နာမည်ကြီးအဆိုတော်တွေအားလုံး ကျွန်တော့်ကို ဂုဏ်ပြုလက်ခုပ်တီးကြတာတွေ ကြုံခဲ့ဖူးချိန်၊ ကိုညီထွဋ်ကြောင့် နိုင်ဇော် အခြောက်မကြီးလို့ အထင်ခံခဲ့ရတာ တန်ပါတယ်လို့ ကျေကျေနပ်နပ် (အခုအချိန်ထိ) ခံယူနေမိပါတော့တယ်။ ကိုညီထွဋ်ကိုလည်း ကျေးဇူးတင်နေမိပါတယ်။ ကိုညီထွဋ် ကျန်းမာချမ်းသာပြီး အနုပညာအသစ်တွေ စိတ်ရောကိုယ်ပါ ဆက်လက်ဖန်တီးနိုင်ပါစေလို့လ ည်း ဒီစာစုနဲ့ ဆုတောင်းပေးလိုက်ရပါတော့တယ် ။
၃ပတ်ဆက်တိုက် ဖတ်ရှုအားပေးကြသော
စာဖတ်ပရိသတ်များနှင့် ကျွန်တော့်လက်ရေးစာမူ
တစ်ပိုင်းဖတ်ပြီးတိုင်း နောက်တစ်ပိုင်း
ချက်ချင်းရေးဖို့ ပူဆာသော
သမီးငယ် (မိုးဖြူစင်ဇော်) အတွက် အမှတ်တရ ..
နိုင်ဇော်
Lazy Club
-----------------။-------- ---------
Credit - နံနက်ခင်းဂျာနယ်
\m/ Welcome to Rock 'n' Roll \m/
{ နိုင်ဇော် * Lazy Club }
=======================
အရာရာမှာ အေးအေးဆေးဆေး အပူအပင်မရှိဘဲ အခြွေအရံတွေနဲ့ လူ့ဘဝကြီးကို ပျော်ရွှင်စွာဖြတ်သန်းခွင့်ရ
ကိုညီထွဋ် အင်တာဗျူးတစ်ခု ကျွန်တော် ဖတ်ဖူးတော့ (Beauty မဂ္ဂဇင်း ထင်ပါရဲ့ ) ထဲမှာ သူ့ကို တရုတ်ကြီးတစ်ယောက် ဈေးထဲမှာ တွေ့ချိန် 'နင်လည်း ငါတို့သီချင်းတွေ ပြန်မဆိုသေးဘူးလား'ဆိုပြီး မေးတဲ့အကြောင်း ဖတ်လိုက်ရလို့ အခုထိ တရုတ်သီချင်းရေစီးကြောင်းထဲ
အင်ပါယာတီးဝိုင်းနဲ့ ဧည့်ခံပွဲတစ်ခုတီးကြတာ အချိန်ကြာလာတော့ အတီးသမားတွေက မပြီးသေးဘူးလားဆိုတဲ့သဘောနဲ
ကျွန်တော့်ပင်ကိုယ်စိတ်နဲ့သ
သူ့အိမ်မှာ စတူဒီယိုပါလုပ်ထားလို့ ကျွန်တော်ရောက်သွားလို့ သူ့ရဲ့  'ပြတိုက်ထဲကနေ့ ပြတိုက်ထဲကည' ဗီစီဒီကို Edit လုပ်နေပါတယ်။ အဲဒီအခွေထဲက သီချင်းတစ်ပုဒ်ကို 'တင့်တင့်ထွန်း' သရုပ်ဆောင်ထားတဲ့ ရိုက်ချက်တွေ ဖွင့်ပြနေပေမယ့် ကျွန်တော်ကတော့ ကျွန်တော့်သီချင်းလေး မတီးမမှုတ်မှာ စိတ်ပူနေရပါပြီ။ ကိုညီထွဋ်ကတော့ အေးအေးဆေးဆေးပါ။ ခဏနေတော့ သူ့ဇနီးက ဘယ်သွားရဦးမှာနော်ဆိုပြီး သတိပေးနေတော့ ကျွန်တော့်သီချင်း အစီအစဉ်ပျက်မှာကို စိုးရိမ်နေရပါတယ်။ တကယ်တမ်း အသံဖမ်းတဲ့ Hard disc လည်း ပို့ထားပြီးလို့ သူ့ကိစ္စပြီးပြီလို့ ကျွန်တော့်ကို Hard disc ပြန်ပေးခဲ့ရင် ကျွန်တော်လည်း စောင့်နေစရာမလိုပေမယ့် အခုတော့ ဟိုသွားဒီသွား၊ ဟိုလုပ်ဒီလုပ် အိမ်ထဲမှာ အလုပ်ရှုပ်နေတာကို ကျွန်တော်လျှောက်လိုက်ပြီး
ဒီတော့မှ ကိုညီထွဋ်က ရယ်ကျဲကျဲနဲ့ 'မင်းသီချင်း ဟာမိုနီကာ မှုတ်ပေးချင်ပေမယ့် အသံဖမ်းစက် (HT-24) က ငါ့မှာမရှိဘူး၊ မိတ်ဆွေတစ်ယောက် ငှားထားတယ်'ဆိုပြီး ဒီတော့မှ ပြောတာကြောင့် ကျွန်တော်လည်း 'ဒါဆို ကျွန်တော်လိုက်ပါမယ်၊ ကိုညီထွဋ်လည်း သွားစရာရှိတာသွားပါ' ပြောပြီး သူ့အသံဖမ်းဆရာကို ကားပေါ်တင်၊ အသံဖမ်းစက်သွားယူပြီး ပြန်လာ၊ သူ့အိမ်မှာ စောင့်နေ၊ သူပြန်ရောက်လာတော့ မိုက်ခရိုဖုန်းရှေ့ က သူဟာမိုနီကာမှုတ်တဲ့ (အပိုဒ်တို ၂ခု) စောင့်ယူပြီး ပြန်ခဲ့ရပါတယ်။ ပိုက်ဆံရတဲ့အလုပ်ကို မလုပ်ချင်ဘဲ ပိုက်ဆံမရတဲ့အလုပ်ကိုမှ လုပ်ချင်ကြသူ အနုပညာသမားထဲ ကိုညီထွဋ်လည်း ထိပ်ဆုံးက ပါတယ်ဆိုတာ လက်ခံမိပါတယ်။
ဟုတ်လေသလားမသိရပေမယ့် သူ့အကြောင်း ရယ်စရာတစ်ခုလည်း ဆရာသမားတစ်ယောက်ပြောပြလို့ ကြားဖူးတာက သူ့ကို ချိန်းထားတဲ့ အလုပ်ကိစ္စတစ်ခု နောက်ကျနေလို့၊ ရောက်မလာသေးလို့ ချိန်းတဲ့သူက ဖုန်းလှမ်းဆက်တော့ 'ရောက်ခါနီးပါပြီ၊ လမ်းမှာပါ'လို့ ပြန်ဖြေပါသတဲ့။ ဒီတော့မှ ဆက်တဲ့သူက 'ကျွန်တော် အခုဆက်နေတာ အိမ်ဖုန်းနော်အစ်ကို' ဆိုပြီး ပြန်သတိပေးရတဲ့အကြောင်း ရယ်စရာကိစ္စလေးလည်း ကြားဖူးခဲ့ပါတယ်။ (ဒါကတော့ သူ့ရဲ့  ရင်းနှီးတဲ့မိတ်ဆွေပြောပြတာ
အဲဒီစတိတ်ရှိုးကို ဗီစီဒီလည်း ရိုက်မှာဖြစ်ပြီး ဗီစီဒီကာရာအိုကေ အခွေလည်း ထုတ်မှာလို့ သိရပါတယ်။ ကိုညီထွဋ်က ဘာသီချင်းတီးရမယ် မပြောဘဲ ပွဲမတိုင်ခင်တစ်ရက် ညနေ ၄နာရီ ဆီဒိုးနားဟိုတယ်ကို လာခဲ့ပါလို့ အမှာတော်ပါးပါတယ်။ ကျွန်တော်လည်း ဘာသီချင်းတီးပေးမလဲ စဉ်းစားရင်း တကယ်လို့ ကျွန်တော့်စိတ်ကြိုက်ရွေးတီ
နဝရတ်စတူဒီယိုမှာ သီချင်းခွေတီးနေရင်း ခဏရပ်ပြီး ဆီဒိုးနားသွားခဲ့တာ၊ ကျွန်တော်ရောက်တော့ အင်ပါယာအဖွဲ့သားအသစ်တွေရော၊
ကျွန်တော်လည်း ကိုယ်တီးချင်တဲ့ပုံစံရပြီဆု
ကျွန်တော့်အစီအစဉ်က ပွဲပြီးခါနီးမှ စင်ပေါ်တက်ရမှာ၊ ဘာလို့အစောကြီးပြင်ရသလဲ မေးကြည့်တော့ သူတို့ကပွဲစတာနဲ့ စတိတ်ရှိုးကြည့်မှာဆိုပြီး ပြန်ဖြေပါတယ်။ လိမ်းခြယ်လို့လည်းပြီးရော၊ ည ၇နာရီ စတိတ်ရှိုးစတာနဲ့ မိတ်ကပ်ဆရာတွေ ပျော်ရွှင်ပြေးထွက်သွားတော့ ကျွန်တော်တစ်ယောက်တည်း ကျန်ခဲ့ပါတော့တယ်။ ဘယ်သူလာခေါ်မလဲစောင့်ရင်း ဘယ်မန်နေဂျာမှ ကျွန်တော့်လာမခေါ်ကြတော့ ဒီအတိုင်းဆိုရင် ငါတီးဖို့ကြော်ငြာတာ ငါမသိဘဲဖြစ်သွားရင် ပြဿနာပဲ စိတ်ပူပြီး စင်မြင့်ဆီ သွားချင်ပေမယ့် ကျွန်တော့်မျက်နှာကြီးက မိတ်ကပ်၊ နှုတ်ခမ်းနီတွေနဲ့ဆိုတော့ စင်ပေါ်ဘွားခနဲတက်ရင် အံ့အားသင့်ကြမှာ မှန်ပေမယ့် လူကြားထဲ လျှောက်သွားဖို့က အလှောင်ခံရမှာစိုးလို့ လူတောထဲလည်း မတိုးရဲပဲ စင်မြင့်နောက်ဖက် ဟိုတယ်ရဲ့  လှေကားထစ်ပေါ် ငုတ်တုတ်ထိုင်ပြီး အသံကို ချောင်ထဲက နားထောင်နေရပါတော့တယ်။
ဒါကို စားပွဲထိုးလေးတွေက လှေကားကြားထဲ အခြောက်ကြီးတစ်ယောက် မှောင်ရိပ်ခို ငုတ်တုတ်ထိုင်နေတယ်ထင်ပြီး လာလာကြည့်ကြလို့ ရှက်ကလည်းရှက်၊ ရှင်းပြရလည်းအခက်၊ နိုင်ဇော်တစ်ယောက် နောက်ဆုံးတော့ ဇော်ဝင်းထွဋ်စတိတ်ရှိုးမှာ သူ့ပုံမှန်ဇာတိပြသွားပြီလို
၃ပတ်ဆက်တိုက် ဖတ်ရှုအားပေးကြသော
စာဖတ်ပရိသတ်များနှင့် ကျွန်တော့်လက်ရေးစာမူ
တစ်ပိုင်းဖတ်ပြီးတိုင်း နောက်တစ်ပိုင်း
ချက်ချင်းရေးဖို့ ပူဆာသော
သမီးငယ် (မိုးဖြူစင်ဇော်) အတွက် အမှတ်တရ ..
နိုင်ဇော်
Lazy Club
-----------------။--------
Credit - နံနက်ခင်းဂျာနယ်
\m/ Welcome to Rock 'n' Roll \m/
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။