အသက်(၃၀)မတိုင်ခင် မွေးမြူထားသင့်တဲ့ အလေ့အကျင့်များ
အသက်နှစ်ဆယ်ကျော်အရွယ်ဟာ လေ့လာတွေ့ရှိတဲ့အရွယ်ဖြစ်ပါ တယ်။ ဒီအချိန်မှာ သင်ဘယ်လိုလူမျိုးလဲ၊ သင်ဘာတွေကို အလိုရှိလဲ၊ ဘယ်လိုရယူမလဲဆိုတာတွေကို သိရှိလာမယ့်အရွယ်လည်း ဖြစ်ပါတယ်။ အသက်နှစ်ဆယ်ကျော် အရွယ်မှာ မွေးမြူထားတဲ့ အလေ့အကျင့်တွေက သင့်ရဲ့ဘ၀တစ်လျှောက်လုံးရဲ့ အခြေခံတွေပါ။ ဒါ့ကြောင့် ကောင်းတဲ့အလေ့အကျင့်တွေကို မွေးမြူထားတတ်ခြင်းက ဘ၀အောင်မြင်မှု၊ ရှုံးနိမ့်မှုတွေကို ကွဲပြားသွားစေတာပဲ ဖြစ်ပါတယ်။ အခု တင်ပြမယ့် အလေ့အကျင့် (၉)ခုကတော့ အသက်သုံးဆယ် မတိုင်ခင်မှာ လေ့လာသင်ယူကျွမ်းကျင်နေရမယ့် အလေ့အကျင့်တွေပဲ ဖြစ်ပါတယ်။
၁။ ကျရှုံးမှုတွေကနေ ပညာယူပါ။
ငွေရေးကြေးရေးအရ၊ အသိဉာဏ်ပညာပိုင်းအရ၊ စိတ်ဓာတ်ပိုင်းအရ ဘယ်လောက်ပဲ ပြည့်စုံနေပါစေ၊ အမှားတွေလုပ်မိပြီး မျှော်လင့်မထားတဲ့ ကျရှုံးမှုတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ ဒီလိုရှုံးနိမ့်မှုတွေ မဖြစ်အောင်တော့ ထိန်းချုပ်လို့မရပါဘူး။ ဒါပေမယ့် ရှုံးနိမ့်မှုတွေအပေါ် သင့်ရဲ့အမြင်ကိုတော့ ထိန်းချုပ်လို့ရပါတယ်။ ရှုံးနိမ့်မှုတွေ ကြုံလာခဲ့ရင် စိတ်အေးအေးထားပါ။ ဖြစ်ချိန်တန်ရင်ဖြစ်မှာပါပဲ ။ ဘယ်လိုပညာရနိုင်မလဲဆိုတာကို ပဲ အာရုံစိုက်ပြီး အလားတူ ထပ်မမှားဖို့ ကြိုးစားရမှာပဲဖြစ်ပါတယ်။
၂။ စွန့်လွှတ်စွန့်စားရဲဖို့လို ပါတယ်။
အသက်(၂၀)ကျော်အရွယ်မှာ များသောအားဖြင့် ထောက်ပံ့စရာ မိသားစုမရှိသေးသလို မှီခိုနေသူတွေလည်း မရှိတတ်သေးပါဘူး။ ဒါ့ကြောင့် ဒီအချိန်မှာ တကယ်လုပ်ချင်တဲ့ အလုပ်၊ ၀ါသနာပါတဲ့အရာကိုသာ စွန့်စား ရွေးချယ်ပြီး အောင်မြင်အောင်လုပ်ဆောင်သင့်ပါတယ်။
၃။ အမြဲမပြတ်လေ့လာသင်ယူပါ။
သင်အမှန်တကယ်အောင်မြင်ချင်တ ယ်၊ လုပ်ငန်းခွင်ထဲမှာ နေရာရချင်တယ်ဆိုရင် လေ့လာသင်ယူမှုကို ရပ်လိုက်လို့မရပါဘူး။ သင့်အလုပ်မှာ အကျိုးရှိစေမယ့် ပညာဗဟုသုတတွေရရှိဖို့ သင့်ရဲ့အချိန်ရော ခွန်အားပါ ရင်းနှီးပြီး လေ့လာသင်ယူနေဖို့ လိုအပ်ပါတယ်။
၎။ သင့်အတွက်အကျိုးရှိစေမည့်လူ တွေနဲ့သာ ပေါင်းသင်းပါ။
အမြင့်မားဆုံးအောင်မြင်မှုတွေကို ဆွတ်ခူးချင်တယ်ဆိုရင်တော့ သင့်ဘေးနားမှာရှိသူတွေကလည်း သင့်အတွက် အကျိုးရှိစေမယ့်သူတွေသာ ဖြစ်သင့်ပါတယ်။ သင့်ကို အချိန်တိုင်းစိန်ခေါ်နိုင်မယ်၊ သင်ပျော့ညံ့နေချိန်မှာ ခွန်အားပေးမယ်၊ သင့်လောက် ဒါမှမဟုတ်ရင် သင့်ထက် အလုပ်ပိုကြိုးစားတဲ့သူတွေ ဖြစ်နေဖို့လိုအပ်ပါတယ်။ အကျိုးမရှိပဲ အချိန်ကုန်စေမယ့် လူတွေကိုတော့ ဝေးဝေးသာရှောင်ထားလိုက်ပါ။
၅။ အကျိုးရှိလာနိုင်မည့်သူများ နှင့် မိတ်ဆွေဖွဲ့ပါ။
တွေ့သမျှလူတွေကို လိပ်စာကဒ်တွေပေး၊ သူတို့ကဒ်တွေ ပြန်တောင်းလုပ်တိုင်း သင့်အတွက် အကျိုးရှိမှာ မဟုတ်ပါဘူး။ သင့်လုပ်ငန်းကို အမှန်တကယ်စိတ်ဝင်စားပြီး အရည်အချင်းရှိတဲ့လူတွေကိုသာ တွေ့အောင်ရှာပြီး ဆက်ဆံရေးကောင်းမွန်အောင် တည်ဆောက်ထားသင့်ပါတယ်။
၆။ အနာဂတ်အတွက် ရင်းနှီးမြုပ်နှံပါ။
ကိုယ်တိုင်လိုက်နာကျင့်သုံး ရမယ့် ဘဏ္ဍာရေးအလေ့အထတစ်ခုကို လုပ်ယူဖို့ မဖြစ်မနေလိုအပ်ပါတယ်။ သင့်ဝင်ငွေထဲက ပမာဏတစ်ခုကို အရေးပေါ်သုံးငွေအဖြစ်စုဆောင်းထားတာမျိုး လုပ်ဆောင်သင့်ပါတယ်။ ဒီလို စုဆောင်းထားမယ်ဆိုရင် တကယ်အသုံးမလိုခင်အချိန်အထိ ငွေကြေးအများအပြားစုမိနေမှာ ဖြစ်ပါတယ်။ အကောင်းဆုံး ငွေစုနည်းကတော့ လစဉ်သတ်မှတ်ပမာဏအတိုင်းစုပြီး သုံးလစာဝင်ငွေနဲ့ ညီမျှတဲ့အချိန်အထိ ထုတ်မသုံးတာပဲဖြစ်ပါတယ်။
၇။ ကျန်းမာရေးကိုလည်း ဂရုစိုက်ပါ။
တွေ့ကရာတွေလျှောက်စားတာ၊ အရက်သေစားသောက်သုံးတာတွေက လူငယ်ဘ၀အတွက် မကောင်းတဲ့ အလေ့အကျင့်တွေပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့အပြုအမူတွေကို ရှောင်ကျဉ်ပြီး ကျန်းမာကြံ့ခိုင်အောင် နေထိုင်သင့်ပါတယ်။ အပျော်အတွက်သုံးမယ့်အချိန်တ စ်နာရီလောက်ကို အားကစားလုပ်မယ်ဆိုရင် လုံလောက်ပါပြီ။
၈။ သဘောကျတဲ့အလုပ်ကို လုပ်ပါ။
အမှန်တကယ်အောင်မြင်တဲ့ လုပ်ငန်းတစ်ခုကို လုပ်ဆောင်ဖို့ အဲဒီအလုပ်ကို တကယ်သဘောကျနှစ်သက်ဖို့ လိုအပ်ပါတယ်။ တကယ်လို့ ကိုယ်ဘယ်လိုအလုပ်မျိုးကို သဘောကျလဲဆိုတာ မသိသေးရင်လည်း ရှာဖွေပါ။ တစ်နေရာထဲမှာပဲ အခြေမချလိုက်ပါနဲ့။ တကယ်ရှာကြည့်ရင် သင်ဝါသနာပါပြီး အမှန်တကယ် မြတ်နိုးတဲ့ အလုပ်တစ်ခုကို တွေ့မှာပဲဖြစ်ပါတယ်။
၉။ အလုပ်ထဲမှာချည်းပဲ အချိန်ကုန်မနေပါနဲ့။
အသက်(၂၀)ကျော်အရွယ်မှာ တစ်ခုခုလုပ်ပြဖို့ကြိုးစားတဲ့အခါမှာ အလုပ်ကိုပဲအာရုံစိုက်ပြီး ကျန်တာတွေ မေ့ထားတာမျိုး မလုပ်သင့်ပါဘူး။ ဘယ်အချိန်မှာ အနားယူပျော်ရွှင်မယ်၊ ဘယ်လိုအလုပ်တွေ လုပ်ခဲ့ပြီးပြီ၊ ဘာတွေရထားပြီးပြီဆိုတာတွေကို သိအောင်ကြိုးစားပါ။ သင့်မှာပျော်စရာအချိန်တွေရှိလာရင် အလုပ်ပြီးမြောက်မှုပိုများတာ ကိုလည်း အံ့သြစရာတွေ့ရပါလိမ့်မယ်။
MinTu
အသက်နှစ်ဆယ်ကျော်အရွယ်ဟာ လေ့လာတွေ့ရှိတဲ့အရွယ်ဖြစ်ပါ
၁။ ကျရှုံးမှုတွေကနေ ပညာယူပါ။
ငွေရေးကြေးရေးအရ၊ အသိဉာဏ်ပညာပိုင်းအရ၊ စိတ်ဓာတ်ပိုင်းအရ ဘယ်လောက်ပဲ ပြည့်စုံနေပါစေ၊ အမှားတွေလုပ်မိပြီး မျှော်လင့်မထားတဲ့ ကျရှုံးမှုတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ ဒီလိုရှုံးနိမ့်မှုတွေ မဖြစ်အောင်တော့ ထိန်းချုပ်လို့မရပါဘူး။ ဒါပေမယ့် ရှုံးနိမ့်မှုတွေအပေါ် သင့်ရဲ့အမြင်ကိုတော့ ထိန်းချုပ်လို့ရပါတယ်။ ရှုံးနိမ့်မှုတွေ ကြုံလာခဲ့ရင် စိတ်အေးအေးထားပါ။ ဖြစ်ချိန်တန်ရင်ဖြစ်မှာပါပဲ
၂။ စွန့်လွှတ်စွန့်စားရဲဖို့လို
အသက်(၂၀)ကျော်အရွယ်မှာ များသောအားဖြင့် ထောက်ပံ့စရာ မိသားစုမရှိသေးသလို မှီခိုနေသူတွေလည်း မရှိတတ်သေးပါဘူး။ ဒါ့ကြောင့် ဒီအချိန်မှာ တကယ်လုပ်ချင်တဲ့ အလုပ်၊ ၀ါသနာပါတဲ့အရာကိုသာ စွန့်စား ရွေးချယ်ပြီး အောင်မြင်အောင်လုပ်ဆောင်သင့
၃။ အမြဲမပြတ်လေ့လာသင်ယူပါ။
သင်အမှန်တကယ်အောင်မြင်ချင်တ
၎။ သင့်အတွက်အကျိုးရှိစေမည့်လူ
အမြင့်မားဆုံးအောင်မြင်မှုတေ
၅။ အကျိုးရှိလာနိုင်မည့်သူများ
တွေ့သမျှလူတွေကို လိပ်စာကဒ်တွေပေး၊ သူတို့ကဒ်တွေ ပြန်တောင်းလုပ်တိုင်း သင့်အတွက် အကျိုးရှိမှာ မဟုတ်ပါဘူး။ သင့်လုပ်ငန်းကို အမှန်တကယ်စိတ်ဝင်စားပြီး အရည်အချင်းရှိတဲ့လူတွေကိုသာ
၆။ အနာဂတ်အတွက် ရင်းနှီးမြုပ်နှံပါ။
ကိုယ်တိုင်လိုက်နာကျင့်သုံး
၇။ ကျန်းမာရေးကိုလည်း ဂရုစိုက်ပါ။
တွေ့ကရာတွေလျှောက်စားတာ၊ အရက်သေစားသောက်သုံးတာတွေက လူငယ်ဘ၀အတွက် မကောင်းတဲ့ အလေ့အကျင့်တွေပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့အပြုအမူတေ
၈။ သဘောကျတဲ့အလုပ်ကို လုပ်ပါ။
အမှန်တကယ်အောင်မြင်တဲ့ လုပ်ငန်းတစ်ခုကို လုပ်ဆောင်ဖို့ အဲဒီအလုပ်ကို တကယ်သဘောကျနှစ်သက်ဖို့ လိုအပ်ပါတယ်။ တကယ်လို့ ကိုယ်ဘယ်လိုအလုပ်မျိုးကို သဘောကျလဲဆိုတာ မသိသေးရင်လည်း ရှာဖွေပါ။ တစ်နေရာထဲမှာပဲ အခြေမချလိုက်ပါနဲ့။ တကယ်ရှာကြည့်ရင် သင်ဝါသနာပါပြီး အမှန်တကယ် မြတ်နိုးတဲ့ အလုပ်တစ်ခုကို တွေ့မှာပဲဖြစ်ပါတယ်။
၉။ အလုပ်ထဲမှာချည်းပဲ အချိန်ကုန်မနေပါနဲ့။
အသက်(၂၀)ကျော်အရွယ်မှာ တစ်ခုခုလုပ်ပြဖို့ကြိုးစားတ
MinTu
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။