အမေရိကန်မှာ နေထိုင်သော မြန်မာနိုင်ငံသား တစ်ချို့ အတွက် ပထမဦး ဆုံး ရင်ဆိုင်ရတာက အမေရိကန်ပြည်ထောင်စုရှိ လူ့အခွင့်အရေး (human right) ပင် ဖြစ်ပါသည်။ဥပမာ - အမျိုးသမီးအခွင့်အရေး( Women's Right နှင့် ကလေး အခွင့်အရေး(Children Right) နှင့်ဆိုင်သော ဥပဒေများ ကို ပြောင်းရွှေ့ရောက်ရှိလာသည့် မြန်မာနိုင်ငံသား အားလုံး
သိထားသင့်ပါသည်။ အမေရိကန်သည် Right ဆိုတဲ့ အခွင့်အရေးတွေ များလွန်းလို့ သတိနှင့်နေထိုင်ရသောနိုင်ငံဖြစ်ပါသည်။ ကျွန်တော်တို့ မြန်မာ အိမ်ထောင်သည်ယောက်ကျား အချို့ သည် ဇနီးသည်နှင့် စကားများရန်ဖြစ် သည့်အခါ ကိုယ်ထိလက်ရောက် ကျူးလွန် တတ် သည့် အကျင့်ကြောင့် တရားရုံးရောက်ပြီး ထောင်ကျခံရ၊ မိသားစုနှင့် တကွဲတစ်ပြားဖြစ် သွားရတဲ့ မြန်မာမိသားစုတွေ ၊ မိမိ မိသားစုနှင့်တွေ့ချင်ပါလျက် မိန်းမနှင့် ၅မိုင်ပတ်လည် လာရောက်ခွင့်ပိတ် ထားခံရသူတွေ တော်တော်များနေပါပြီ။အမေရိက န်မှာ ကလေး နှင့် မိန်းမ ကို မည်သည့်အကြောင်းပြချက်နှင့် မျှ ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်းအားခွင့်မပြုပါ။
အထူးသဖြင့် မိန်းမကို ဘာသာ ရေးဖြင့် တင်းတင်းကြပ်ကြပ်ပိတ်ပင် ဆက်ဆံတတ်သည့် ဘာသာဝင်တစ်ချို့သည် အမေရိကန်ရောက်သည့်အခါ American Right နှင့် တဲ့တဲ့တိုးပါတော့သည်။
ကျွန်တော် လိုက်ကူညီပေးနေသော သူတစ်ယောက်ဆိုရင် သူ့ဇနီးကို စိတ်တိုပြီး
အမှတ်မထင်ရိုက်လိုက်မိတယ် ၊ ဇနီကလဲ မခံ ယောက်ကျားကို ပြန်ရိုက်တယ်၊ နောက် ဇနီးကပဲ ရဲကိုခေါ်တော့ ရဲရောက်လာပြီး ယောင်္ကျားကို ဖမ်းသွားပါတယ် ။ အမေရိကန်ထုံးစံအတိုင်းတရားရုံးက မကြာခဏရုံးချိန်းလုပ်တော့ အလုပ်ကလဲပျက် ၊ သွားစရာ ကိုယ်ပိုင်ကားလည်းမရှိဆိုတော့ ဘတ်စကားစီးပြီးသွားတာ အချိန်နောက်ကျသွားသည့်အတွက် အချုပ်ထဲမှာ အိပ် လိုက်ရတယ်။ နောက်တစ်ခါ ရုံးချိန်းရောက်တော့ သူ့ဇနီးဖြစ်သူမှ မအားလို့ တရားရုံးမလာဖြစ်ခဲ့ဘူး။ ဇနီးဖြစ်သူ မလာနိုင်လို့ ပြဿနာမရှိပါဘူး သူရုံချိန်းထပ်ပျက်ရင်တော့ ထပ်ပြီး အရေးယူခံရမှာပါ။ သူလည်းပဲ ဇနီး ဖြစ်သူကိုကွာရှင်းပေးရသည့်အ ပြင် ၅မိုင် ပါတ်လည် ဧရိယာအတွင်း လာ တွေ့လို့မရတော့ပါဘူး။
အဲဒီလောက်ကို အမေရိကန်ဥပဒေက မိန်းမတွေကို အကာအကွယ်ပေးပါတယ်။ အမေရိကန်မှာ ယောက်င်္ကျားတွေထက် မိန်းမတွေက အခွင့်အရေး (right) ပိုရကြလို့ ၁၉၇၀ ပြည့်လွန်နှစ်တွေမှာ Men's Right activists (အမျိုးသားအခွင့်အရေး လှုပ်ရှားမှု) ဆိုပြီး တောင်းဆိုမှုတွေတောင်ဖြစ်ခဲ့ ပါသေးသည်။
ထို့အတူပဲ မကြာသေးခင်က Philadelphia မြို့ မှ ဒုက္ခသည် မိသားစု တစ်စု
အဖြစ်က အမေရိကန်နိုင်ငံသို့ ပြောင်းရွှေ့ရောက်ရှိလာသည့် မြန်မာမိသားစု
တစ်ချို့အတွက် သင်ခန်းစာယူစရာပင်ဖြစ်ပါသည် ။ ယောက်ကျားလုပ်သူက
အလုပ်သွားနေချိန်တွင် ဇနီးဖြစ်သူသည် ကျောင်းနေအရွယ် ကလေး (၃)ယောက်အား ဂရုစိုက်ခြင်းမရှိပဲ ဖဲဝိုင်းတွင်သာ အချိန်ကုန်နေသဖြင့် နေ့စဉ်နံစော်နေသော အ၀တ်အစားများဖြင့်ကျောင်းကိုရောက်လာသောကလေးများအား အတန်း ပိုင်ဆရာမှ မေးမြန်းပြီး ရဲကိုတိုင်သဖြင့် ထိုကလေး(၃)ယောက်အား အစိုးရ မှ လာရောက်သိမ်းဆည်းသွားပါတယ် ။ နောက်တော့ ကလေးတွေဟာ မိဘမဲ့ဂေဟာ ( Foster Home) သို့ ပို့ဆောင်ခြင်းခံလိုက်ရပါသည်။ မိခင် ဖြစ်သူမှာ ငိုယိုပြီး အကူအညီလိုက်တောင်းသော်လည်း တရားရုံးမှ မိဘများ ကလေးကို အုပ်ထိန်းနိုင်စွမ်းမရှိဟု ဆုံးဖြတ်ပြီး ကလေးများအား မိဘအုပ်ထိန်းစောင့်ရှောက်ခြ င်းကို ခွင့်မပြုတော့ပါဘူး။
ကလေးကိုရိုက်ထားတာတွေ့လို့ ၊ ကလေးတွေကို အရွယ်ရောက်ပြီးသူ တစ်ဦးတစ်ယောက်မှ မရှိပဲ အိမ်မှာ ထားခဲ့လို့ စတဲ့ ပြသနာတွေကြောင့် လဲ မြန်မာနိုင်ငံမှ လာတဲ့ ကလေး အချို့ဟာ မိသားစုနှင့် ခွဲပြီး မိဘမဲ့ဂေဟာ မှာပဲ နေကြရပါတယ်။
တကယ်တော့ အမေရိကန်နိုင်ငံကို Freedom လွတ်လပ်ခြင်းနိုင်ငံလို့ ခေါ် ကြပေမဲ့ စည်းမဲ့ ကမ်းမဲ့ လွတ်လပ်လို့မရပါဘူး။
အလုပ်ရှင်က အသား အရောင်မတူတဲ့ အလုပ်သမားတစ်ယောက်ကို ဆဲမိလို့ အသားအရောင် ခွဲခြားတယ် ၊ လူမျိုးရေးခွဲခြားတယ်ဆိုတဲ့ ဥပဒေနဲ့ ညိလို့ ဒေါ်လာ သိန်း ပေါင်းများစွာ ပေးလျော်လိုက်ရတဲ့ သတင်းတွေ ၊ အလုပ်ခွင်ထဲမှာ မိန်းခလေးတစ်ယောက်ကို မသင့်တော်တဲ့စကားပြောမိလို့ မိန်းခလေး တစ်ယောက် ကာအိနြေ္ဒပျက်ပြားစေမှု (Sexual harassment) အမှုနဲ့ ထောင်ကျသွားသူတွေ ၊ နှစ်ပင်လိမ် အချစ်ဇာတ်လမ်းတွေကို အဖြူမတွေကို သွားစမိလို့ အချုပ်ထဲမှာ အိပ်လိုက်ရသူတွေ ၊ အိမ်မှာ မွေးထားတဲ့ တိရိစ္ဆာန်လေးတွေ ကို ရိုက်မိလို့ တိရိစ္ဆာန် ညှင်းဆဲမှု ( Animal Abuse) နဲ့ အရေးယူခံရတဲ့သူတွေ မျိုးစုံပါပဲ•••
သိထားသင့်ပါသည်။ အမေရိကန်သည် Right ဆိုတဲ့ အခွင့်အရေးတွေ များလွန်းလို့ သတိနှင့်နေထိုင်ရသောနိုင်ငံဖြစ်ပါသည်။ ကျွန်တော်တို့ မြန်မာ အိမ်ထောင်သည်ယောက်ကျား အချို့ သည် ဇနီးသည်နှင့် စကားများရန်ဖြစ် သည့်အခါ ကိုယ်ထိလက်ရောက် ကျူးလွန် တတ် သည့် အကျင့်ကြောင့် တရားရုံးရောက်ပြီး ထောင်ကျခံရ၊ မိသားစုနှင့် တကွဲတစ်ပြားဖြစ် သွားရတဲ့ မြန်မာမိသားစုတွေ ၊ မိမိ မိသားစုနှင့်တွေ့ချင်ပါလျက်
အထူးသဖြင့် မိန်းမကို ဘာသာ ရေးဖြင့် တင်းတင်းကြပ်ကြပ်ပိတ်ပင် ဆက်ဆံတတ်သည့် ဘာသာဝင်တစ်ချို့သည် အမေရိကန်ရောက်သည့်အခါ American Right နှင့် တဲ့တဲ့တိုးပါတော့သည်။
ကျွန်တော် လိုက်ကူညီပေးနေသော သူတစ်ယောက်ဆိုရင် သူ့ဇနီးကို စိတ်တိုပြီး
အမှတ်မထင်ရိုက်လိုက်မိတယ် ၊ ဇနီကလဲ မခံ ယောက်ကျားကို ပြန်ရိုက်တယ်၊ နောက် ဇနီးကပဲ ရဲကိုခေါ်တော့ ရဲရောက်လာပြီး ယောင်္ကျားကို ဖမ်းသွားပါတယ် ။ အမေရိကန်ထုံးစံအတိုင်းတရားရ
အဲဒီလောက်ကို အမေရိကန်ဥပဒေက မိန်းမတွေကို အကာအကွယ်ပေးပါတယ်။ အမေရိကန်မှာ ယောက်င်္ကျားတွေထက် မိန်းမတွေက အခွင့်အရေး (right) ပိုရကြလို့ ၁၉၇၀ ပြည့်လွန်နှစ်တွေမှာ Men's Right activists (အမျိုးသားအခွင့်အရေး လှုပ်ရှားမှု) ဆိုပြီး တောင်းဆိုမှုတွေတောင်ဖြစ်ခဲ
ထို့အတူပဲ မကြာသေးခင်က Philadelphia မြို့ မှ ဒုက္ခသည် မိသားစု တစ်စု
အဖြစ်က အမေရိကန်နိုင်ငံသို့ ပြောင်းရွှေ့ရောက်ရှိလာသည့် မြန်မာမိသားစု
တစ်ချို့အတွက် သင်ခန်းစာယူစရာပင်ဖြစ်ပါသည်
အလုပ်သွားနေချိန်တွင် ဇနီးဖြစ်သူသည် ကျောင်းနေအရွယ် ကလေး (၃)ယောက်အား ဂရုစိုက်ခြင်းမရှိပဲ ဖဲဝိုင်းတွင်သာ အချိန်ကုန်နေသဖြင့် နေ့စဉ်နံစော်နေသော အ၀တ်အစားများဖြင့်ကျောင်းကု
ကလေးကိုရိုက်ထားတာတွေ့လို့ ၊ ကလေးတွေကို အရွယ်ရောက်ပြီးသူ တစ်ဦးတစ်ယောက်မှ မရှိပဲ အိမ်မှာ ထားခဲ့လို့ စတဲ့ ပြသနာတွေကြောင့် လဲ မြန်မာနိုင်ငံမှ လာတဲ့ ကလေး အချို့ဟာ မိသားစုနှင့် ခွဲပြီး မိဘမဲ့ဂေဟာ မှာပဲ နေကြရပါတယ်။
တကယ်တော့ အမေရိကန်နိုင်ငံကို Freedom လွတ်လပ်ခြင်းနိုင်ငံလို့ ခေါ် ကြပေမဲ့ စည်းမဲ့ ကမ်းမဲ့ လွတ်လပ်လို့မရပါဘူး။
အလုပ်ရှင်က အသား အရောင်မတူတဲ့ အလုပ်သမားတစ်ယောက်ကို ဆဲမိလို့ အသားအရောင် ခွဲခြားတယ် ၊ လူမျိုးရေးခွဲခြားတယ်ဆိုတဲ့
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။