Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, August 31, 2015

ဂဏန်းမဆလာ

ဂဏန်းမဆလာ ပုစွန်ချိုချဉ်ကြော် ရေဘဝဲမရမ်းပြားအစပ်သုပ် ငုံးဥပဲပြားချဉ်စပ်ဟင်းရည်ချက်နည်းလေးတွေပါ
ဂဏန်းမဆလာ
~ဂဏန်းများကိုအခွံခွာ၍ထက်ခြမ်းခြမ်းကာလက်မများကိုဖြုတ်ပီးရေစင်အောင်ဆေးပါ
~ငရုတ်ပွခြောက်ကိုရေစိမ်၍အစေ့ထုတ်ကာကြက်သွန်ဖြူ ချင်း ကြက်သွန်နီတို့နှင့်ရောကာညက်အောင်ထောင်းပါ
~ဒယ်အိုးထဲတွင်ဆီထည့်၍ဆီပူလျှင်ထောင်းထားသောအနှစ်များကိုထည့်ဆီသတ်ပါ။အနံ့မွှေး၍ကြက်သွန်များကြွပ်လာလျှင်ကြက်ဥတစ်လုံးကိုဖောက်ထည့်၍မွှေပေးပါ
~ကြက်ဥများကျေသွားလျှင်နုပ်နုပ်လှီးထားသောခရမ်းချဉ်သီးနှင့်ငရုတ်သီးစိမ်းကိုထည့်ပေးပါ

~ခရမ်းချဉ်သီးကျေလျှင်အရသာမှုန့် တရုတ်မဆလာ ဆားအနည်းငယ်တို့ကိုထည့်ပီးအနံ့မွှေးလာလျှင်ဂဏန်းများကိုထည့်၍ချက်ပေးပါ
~ထို့နောက်ရေအနည်းငယ်ထည့်၍တည်ပေးပီးဆီပြန်လာလျှင်အရသာမြည်းကာမီးပိတ်ပေးလို့ရပါပီ

ပုစွန်ချိုချဉ်ကြော်
ချိုချဉ်ဆော့စ်ပြုလုပ်ပုံ
Tomato Ketchup. စားပွဲတင်ဇွန်း(၁)ဇွန်း
Chili Sauce. စားပွဲတင်ဇွန်း(၃)ဇွန်း
ပဲငံပြာရည်. စားပွဲတင်ဇွန်းဝက်
သံပုရာရည်. စားပွဲတင်ဇွန်း(၂)ဇွန်း
သကြား. စားပွဲတင်ဇွန်းဝက်
ဆား. အနည်းငယ်
ရေ. စားပွဲတင်ဇွန်း(၂)ဇွန်း
ပန်းကန်လုံးထဲတွင်ပါဝင်ပစ္စည်းများအားလုံးရောထည့်၍သကြားကျေသည်အထိမွှေပေးပါ
~ပုစွန်များကိုခေါင်းဖြုတ်အခွံခွာ၍အလယ်မှခွဲကာရေဆေးပီးအရသာမှုန့် ဆားတို့ဖြင့်နယ်ထားပါ
~ကြက်ဥနှင့်ဂျုံကိုခပ်ပျစ်ပျစ်ရော၍သမအောင်ခလောက်ထားပါ
~ထိုအနှစ်ထဲသို့ပုစွန်များထည့်၍ဆယ်ပီးဆီပူပူတွင်ရွှေညိုရောင်သမ်းသည်အထိကြော်ကာစစ်ထားပါ
~ထိုဆီထဲသို့ကြက်သွန်ဖြူချင်းဓားပြားရိုက်ထည့်ကာဆီသတ်ပီးမွှေးလာလျှင်ကြက်သွန်နီလေးစိတ်ကွဲ ခရမ်းချဉ်သီး ပန်းဂေါ်ဖီ ဘိုစားပဲသီး သခွားသီး နာနတ်သီး အရသာမှုန့် ဆားတို့ကိုထည့်၍(၂)မိနစ်ခန့်ကြော်ပေးပါ
~ထို့နောက်ပုစွန်နှင့်ချိုချဉ်ဆော့စ်ထည့်ပီးသမအောင်မွှေကာအရသာစိတ်ကြိုက်ဖြစ်လျှင်မီးပိတ်လို့ရပါပီ
ရေဘဝဲမရမ်းပြားအစပ်သုပ်
~ရေဘဝဲများကိုခေါင်းဖြုတ်၍အလယ်မှအမဲအဆံလေးများကိုထုတ်ကာလက်များကိုရေဖြင့်စင်အောင်ဆေးပါ
~ရေနွေးပွက်ပွက်ဆူထဲသို့ရှာလကာရည်အနည်းငယ်ထည့်ကာရေဘဝဲလက်များကို(၁၀)မိနစ်ခန့်ပြုတ်ပေးပါ
~ထို့နောက်ဆယ်ပီးအတုံးလေးများလှီးကာပန်းကန်တစ်ခုထဲသို့ထည့်ထားပါ
~ငရုတ်ဆုံထဲတွင်မရမ်းပြားခြောက် ရခိုင်ပုစွန်ငပိအနည်းငယ် ငရုတ်သီးစိမ်းတို့ကိုထည့်၍မညက်တညက်ထောင်းပေးပါ
~ထို့အနှစ်များကိုရေဘဝဲပန်းကန်ထဲသို့ထည့်ကာကြက်သွန်နီမထူမပါးလှီး နံနံပင် အရသာမှုန့် ငံပြာရည်အနည်းငယ်တို့နှင့်ရောနယ်ကာသုံးဆောင်လို့ရပါပီ
ငုံးဥပဲပြားချဉ်စပ်ဟင်းရည်
~ငုံးဥများကိုပြုတ်၍အခွံခွာထားပါ။ပဲပြားကိုအတုံးသေးလေးများတုံး၍အရသာမှုန့် ဆား ပဲငံပြာရည် ငရုတ်ကောင်းမှုန့်အနည်းငယ်တို့ဖြင့်နယ်ထားပါ။~မျှစ်ချဉ်ကိုအမြောင်းသေးလေးများလှီး၍မုန်ညင်းထုပ်၊မုန်လာဥနီ၊ပန်းဂေါ်ဖီ ရွှေပဲသီးစတဲ့အသီးအရွက်များကိုသေးသေးလှီးပီးရေဆေးပါ။မှိုခြောက်ကိုလည်းရေစိမ်ပီးညှပ်ထားပေးပါ။ခရမ်းချဉ်သီးကိုလေးစိတ်စိတ်ပါ
~စပါးလင်ကိုအရင်းပိုင်းဖြတ်၍အဖျားမှအရွက်များကိုရေဆေးပီးထုံးပေးပါ။အရင်းပိုင်းကိုပါးပါးလှီး၍ကြက်သွန်ဖြူနီချင်း၊ငရုတ်သီးပုတို့ဖြင့်ရော၍ညက်အောင်ထောင်းပါ
~ထောင်းထားသောအနှစ်ကိုဆီသတ်ပါ။မွှေးလာလျှင်နယ်ထားသောပဲပြားနှင့်ငုံးဥများကိုထည့်၍လုံးပေးပါ။ထို့နောက်မျှစ်ချဉ်၊စပါးလင်စည်းတို့ကိုထည့်၍ချက်ပေးပါ။ရေထည့်ပေးပီးပွက်လာလျှင်ခရမ်းချဉ်သီး၊မှိုခြောက်နှင့်အသီးအရွက်များထည့်ပါ
~အသီးအရွက်များနွမ်းလာလျှင်ငံပြာရည်၊အရသာမှုန့်၊ရှာလကာရည် ဆားတို့ထည့်၍အပေါ့အငံမြည်းပါ။အရသာစိတ်ကြိုက်ဖြစ်ပီဆိုလျှင်ကြက်သွန်မြိတ်ကိုလက်တဆစ်ခန့်လှီးပီးအုပ်ပေးပါ

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။