Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, August 25, 2015

ဟားဗတ်ဘွဲ့နှင်းသဘင်က ဘီလ်ဂိတ်ရဲ့ဟောပြောမှု (၂)


ဟားဗတ်ဘွဲ့နှင်းသဘင်က ဘီလ်ဂိတ်ရဲ့ဟောပြောမှု (၂)
-------------------------------------------------------------------

You graduates came to Harvard at a different time. You know more about the world’s inequities than the classes that came before. In your years here, I hope you’ve had a chance to think about how – in this age of accelerating technology – we can finally take on these inequities, and we can solve them.

ဒီနေ့မှာရောက်ရှိလာကြတဲ့ ကျောင်းသူကျောင်းသားတွေ ခင်ဗျားတို့နဲ့ကျွန်တော်က မတူတဲ့ခေတ်ကာလမှာ ဟားဗတ်ကိုရောက်ခဲ့ကြတယ်။ ခင်ဗျားတို့က အရင်ကျောင်းသားတွေထက် လောကကြီးရဲ့မတရား၊ မညီမျှတာတွေကို ပိုနားလည်ကြလိမ့်မယ်။ ဟားဗတ်မှာ ခင်ဗျားတို့ပညာသင်ကြားဆဲကာလမှာ ကိစ္စတစ်ရပ်ကို ခင်ဗျားတို့ဆွေးနွေးခဲ့ကြမယ်လို့ ကျွန်တော်မျှော်လင့်တယ်။ အဲဒီအရာက ခေတ်သစ်နည်းပညာတွေနဲ့ အလျှင်အမြန် တိုးတက်နေတဲ့ခေတ်မှာ ဒီလိုမညီမျှမှုတွေကို ကျွန်တော်တို့ ဘယ်လိုရင်ဆိုင်မလဲ၊ ဘယ်လိုဖြေရှင်းမလဲ ဆိုတာပဲဖြစ်တယ်။

Imagine, just for the sake of discussion, that you had a few hours a week and a few dollars a month to donate to a cause – and you wanted to spend that time and money where it would have the greatest impact in saving and improving lives. Where would you spend it?

ဆွေးနွေးရလွယ်ကူအောင် ဒီလိုစိတ်ကူးကြည့်ရအောင် .... တကယ်လို့ အပတ်စဉ်တိုင်း ခင်ဗျားရဲ့အချိန်အနည်းငယ်နဲ့ လစဉ်လတိုင်း ငွေတချို့ကိုခင်ဗျားလှူတန်းမယ်။ ဒီအချိန်၊ ဒီငွေတွေကို လူမှုကယ်ဆယ်ရေးနဲ့ ပြောင်းလဲတိုးတက်ရေး အထောက်အကူအပြုဆုံး နေရာမှာသုံးဖို့ ခင်ဗျားမျှော်လင့်ခဲ့မယ်ဆိုရင် ဘယ်လိုနေရာမျိုးကို ခင်ဗျားရွေးချယ်မလဲ၊

For Melinda and for me, the challenge is the same: how can we do the most good for the greatest number with the resources we have.

Melinda (ဘီလ်ဂိတ်ရဲ့ဇနီး)နဲ့ကျွန်တော်လည်း ဒီလိုပြဿနာကို ရင်ဆိုင်ခဲ့ရတယ်။ ကျွန်တော်တို့ပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာတွေကို ကျွန်တော်တို့ဘယ်လိုလုပ်မှ ပိုအထောက်အကူပြုနိုင်မလဲ၊

During our discussions on this question, Melinda and I read an article about the millions of children who were dying every year in poor countries from diseases that we had long ago made harmless in this country. Measles, malaria, pneumonia, hepatitis B, yellow fever. One disease I had never even heard of, rotavirus, was killing half a million kids each year – none of them in the United States.

ဒီပြဿာနာကို ဆွေးနွေးနေတဲ့အတောအတွင်းမှာ Melindaနဲ့ကျွန်တော် ဆောင်းပါးတစ်ပုဒ်ကိုဖတ်မိတယ်။ အဲဒီဆောင်းပါးက ဆင်းရဲတဲ့နိုင်ငံတွေကကလေးငယ်တွေဟာ အမေရိကန်မှာ လွန်ခဲ့တဲ့နှစ်တွေထဲက အန္တရာယ်မရှိနိုင်တော့ဘူးလို့ သတ်မှတ်ထားတဲ့ရောဂါတွေနဲ့ နှစ်စဉ်သန်းပေါင်းများစွာ သေဆုံးနေကြတယ်။ ဝက်သက်ရောဂါ၊ ငှက်ဖျားရောဂါ၊ အဆုတ်ရောဂါ၊ အသဲရောင်ရောဂါ၊ အသားဝါရောဂါနဲ့ ကျွန်တော်လုံးဝ မကြားခဲ့ဖူးတဲ့ လှည့်ပတ်ရောဂါပိုးကြောင့် ကလေးငယ်(၅)သိန်းလောက်က နှစ်စဉ်သေဆုံးနေရတယ်။ အမေရိကန်နိုင်ငံမှာတော့ သေဆုံးမှုလုံးဝမရှိခဲ့ဘူး။

We were shocked. We had just assumed that if millions of children were dying and they could be saved, the world would make it a priority to discover and deliver the medicines to save them. But it did not. For under a dollar, there were interventions that could save lives that just weren’t being delivered.

ကျွန်တော်တို့ အရမ်းတုန်လှုပ်သွားခဲ့တယ်။ ကလေးငယ်သန်းပေါင်းများစွာက သေမင်းလက်က လွတ်ဖို့ရုန်းကန်နေကြတယ်။ သူတို့ဟာ ကယ်တင်လို့ရနိုင်တဲ့သူတွေဖြစ်တယ်။ ဒါကြောင့် သူတို့ကိုကယ်တင်ဖို့ ကမ္ဘာကြီးကဦးစားပေးဆောင်ရွက်သင့်တယ်လို့ ကျွန်တော်တို့ထင်တယ်။ ဒါပေမယ့် ထင်သလိုမဖြစ်ခဲ့ဘူး။ (၁)ဒေါ်လာတန်ဖိုးတောင်မရှိတဲ့ အသက်ကယ်ဆေးတွေကို သူတို့လက်ထဲအရောက် မပို့နိုင်ခဲ့ကြဘူး။

If you believe that every life has equal value, it’s revolting to learn that some lives are seen as worth saving and others are not. We said to ourselves: "This can’t be true. But if it is true, it deserves to be the priority of our giving."

တကယ်လို့ သက်ရှိတိုင်းညီမျှတယ်လို့ ခင်ဗျားယုံကြည်တယ်ဆိုရင် တချို့သက်ရှိတွေ ကယ်တင်ခံနေရချိန်မှာ တချို့သက်ရှိတွေ လက်လွတ်ဆုံးရှုံးခံနေရတယ်ဆိုတာကို ခင်ဗျားဘယ်လိုနည်းနဲ့မှ လက်ခံနိုင်မှာမဟုတ်ဘူး။ "ဒါဟာမဖြစ်နိုင်ဘူး။ တကယ်ဖြစ်ခဲ့ရင်တောင် ဒါဟာကျွန်တော်တို့ ကြိုးစားလုပ်ကိုင်ရမယ့် ဦးစားပေးအရာဖြစ်တယ်"လို့ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုပြောမိတယ်။

So we began our work in the same way anyone here would begin it. We asked: "How could the world let these children die?"

ဒါကြောင့် လူတိုင်းသိနားလည်နိုင်တဲ့လုပ်ရပ်နဲ့ ကျွန်တော်တို့ အလုပ်စလုပ်ခဲ့ကြတယ်။ "ကလေးငယ်တွေသေသွားမှာကို လောကကြီးက ဒီအတိုင်းလက်ပိုက်ကြည့်နေတော့မှာလား"လို့ ကျွန်တော်တို့မေးခဲ့တယ်။

The answer is simple, and harsh. The market did not reward saving the lives of these children, and governments did not subsidize it. So the children died because their mothers and their fathers had no power in the market and no voice in the system.

အဖြေက အရမ်းရိုးရှင်းသလို အရမ်းလည်းစူးရှစေခဲ့တယ်။ စီးပွားရေးဈေးကွက်မှာ ကလေးငယ်တွေကိုကယ်တင်တဲ့အလုပ်က အကျိုးအမြတ်ရတဲ့အလုပ် မဟုတ်ခဲ့ဘူး။ အစိုးရကလည်း ထောက်ပံ့ကြေးတွေပံ့ပိုးမှာမဟုတ်ဘူး။ ဒီကလေးငယ်တွေ သေဆုံးရတာကလည်း သူ့မိဘတွေက စီးပွားရေးနယ်ပယ်မှာနေရာမရှိလို့၊ နိုင်ငံရေးမှာ အသံထွက်နိုင်လောက်တဲ့ အင်အားမရှိလို့ဖြစ်တယ်။

But you and I have both.

ဒါပေမယ့် ခင်ဗျားနဲ့ကျွန်တော်က စီးပွားရေးမှာရော နိုင်ငံရေးမှာပါအင်အားရှိတယ်။

We can make market forces work better for the poor if we can develop a more creative capitalism – if we can stretch the reach of market forces so that more people can make a profit, or at least make a living, serving people who are suffering from the worst inequities. We also can press governments around the world to spend taxpayer money in ways that better reflect the values of the people who pay the taxes.

ကျွန်တော်တို့က ဒီထက်ကောင်းတဲ့ဈေးကွက်နဲ့ ဆင်းရဲသားတွေအတွက်အလုပ်လုပ်နိုင်တယ်။ တကယ်လို့ ကျွန်တော်တို့က အရင်းရှင်စနစ်ကို ဒီထက်ပိုတီထွင်ဖန်ဆင်းနိုင်ခဲ့ရင် - ရောင်းဝယ်ဖောက်ကားမှုကို ကျွန်တော်တို့ပြောင်းလဲနိုင်ခဲ့ရင်၊ လူအများကိုအကျိုးအမြတ်ရစေခဲ့ရင် ဒါမှမဟုတ် အနည်းဆုံးတော့ စားဝတ်နေရေးဖူလုံစေခဲ့ရင် ဒါဟာဆိုးဝါးတဲ့မညီမျှခြင်းကြားမှာ ရှင်သန်နေသူတွေကို ကူညီရာရောက်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့က ကမ္ဘာပေါ်ကအစိုးရတွေကို သူတို့ကောက်ခံထားတဲ့အခွန်ငွေတွေကို အခွန်ဆောင်ထားတဲ့သူတွေအတွက် ပိုအကျိုးရှိစေတဲ့နေရာမှာ အသုံးပြုဖို့ ဖိအားပေးတောင်းဆိုနိုင်တယ်။

If we can find approaches that meet the needs of the poor in ways that generate profits for business and votes for politicians, we will have found a sustainable way to reduce inequity in the world. This task is open-ended. It can never be finished. But a conscious effort to answer this challenge will change the world.

တကယ်လို့ ဒီလိုနည်းကိုကျွန်တော်တို့ရှာနိုင်ခဲ့ရင် ဆင်းရဲသားတွေကိုကူညီနိုင်တဲ့အပြင် စီးပွားရေးသမားတွေကိုလည်း အကျိုးအမြတ်ရစေနိုင်တယ်။ နိုင်ငံရေးသမားတွေအတွက် မဲဆန္ဒတွေရစေနိုင်တယ်။ ဒီလိုဆိုရင် ကျွန်တော်တို့က ကမ္ဘာပေါ်မှာရှိတဲ့မညီမျှမှုတွေကို ဆက်လက်လျော့ချနိုင်တဲ့လမ်းစဉ်တစ်ခုကို ရှာဖွေတွေ့ရှိသွားမယ်။ ဒီလိုလုပ်ငန်းစဉ်က အဆုံးရှိနိုင်မှာမဟုတ်ဘူး။ အရာအားလုံးကို ပြီးပြည့်စုံနိုင်မှာမဟုတ်ပေမယ့် ပြည့်ဝတဲ့သိစိတ်နဲ့ ဒီပြဿနာတွေကို ကြိုးပမ်းဖြေရှင်းခဲ့ရင် ကမ္ဘာကြီးကိုပါ ပြောင်းလဲစေနိုင်ပါလိမ့်မယ်

I am optimistic that we can do this, but I talk to skeptics who claim there is no hope. They say: "Inequity has been with us since the beginning, and will be with us till the end – because people just … don’t … care." I completely disagree.

ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်က အကောင်းမြင်သူဖြစ်တယ်။ ဒါပေမယ့် မျှော်လင့်ချက်မဲ့ပြီး သံသယမကင်းသူတွေနဲ့လည်း ကျွန်တော်ဆုံခဲ့ဖူးတယ်။ "မညီမျှခြင်းက လူသားရယ်လို့ဖြစ်လာတဲ့ ကမ္ဘာဦးနေ့ကတည်းကရှိခဲ့တယ်။ လူသားတွေသေဆုံးတဲ့ ကမ္ဘာ့နောက်ဆုံးရက်အထိရှိနေဦးမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ လူသားတွေက ဒီကိစ္စကို နည်းနည်းမှဂရုမစိုက်ခဲ့လို့ဖြစ်တယ်"လို့ သူတို့ပြောတယ်။ ဒီလိုအမြင်ကို ကျွန်တော်လုံးဝသဘောမတူနိုင်ဘူး။

I believe we have more caring than we know what to do with.

ကျွန်တော်တို့ဂရုမစိုက်တာမဟုတ်ဘဲ ဘယ်လိုလုပ်ရမယ်ဆိုတာကို ကျွန်တော်တို့မသိလို့ဆိုတာကို ကျွန်တော်ယုံကြည်တယ်။

All of us here in this Yard, at one time or another, have seen human tragedies that broke our hearts, and yet we did nothing – not because we didn’t care, but because we didn’t know what to do. If we had known how to help, we would have acted.

အခု ဒီကျောင်းဝင်းထဲမှာရှိနေသူတွေအားလုံးလည်း တစ်ချိန်ချိန်မှာ လူသားတွေရဲ့အဖြစ်ဆိုးတွေကိုကြည့်ပြီး ပူဆွေးဝမ်းနည်းကြမှာပဲ။ ဒါပေမယ့် ကျွန်တော်တို့ကဘာမှမလုပ်ခဲ့ဘူး။ ဒါဟာ ကျွန်တော်တို့ဂရုမစိုက်လို့မဟုတ်ဘူး။ ကျွန်တော်တို့ ဘာလုပ်ရမယ်၊ ဘယ်လိုလုပ်ရမယ်ဆိုတာကို မသိလို့ဖြစ်တယ်။ တကယ်လို့ ဘယ်လိုလုပ်မှအကျိုးရှိမယ်ဆိုတာကို ကျွန်တော်တို့သိခဲ့ရင် ကျွန်တော်တို့ဆောင်ရွက်ကြမှာပဲ။

The barrier to change is not too little caring; it is too much complexity.

ကမ္ဘာကြီးကိုပြောင်းလဲဖို့ တားဆီးထားတဲ့ အတားအဆီးတံတိုင်းက လူတွေရဲ့လျစ်လျူရှူမှုမဟုတ်ဘူး။ ဒီကမ္ဘာကြီးက ရှုပ်ထွေးလွန်းလို့ဖြစ်တယ်။

To turn caring into action, we need to see a problem, see a solution, and see the impact. But complexity blocks all three steps.

ဂရုစိုက်မှုတွေကို လုပ်ဆောင်မှုအသွင်ပြောင်းအောင် ပြဿနာကိစ္စရပ်ကို ကျွန်တော်တို့အရင်ရှာဖွေမယ်၊ ဖြေရှင်းဖို့နည်းလမ်းတွေရှာမယ်၊ နောက် အကျိုးဆက်တွေကိုခန့်မှန်းမယ်။ ဒါပေမယ့် ကမ္ဘာကြီးရဲ့ရှုပ်ထွေးမှုကြောင့် ဒီလိုအဆင့်တွေလုပ်နိုင်ဖို့တောင် ကျွန်တော်တို့ခက်ခဲခဲ့တယ်။

Even with the advent of the Internet and 24-hour news, it is still a complex enterprise to get people to truly see the problems. When an airplane crashes, officials immediately call a press conference. They promise to investigate, determine the cause, and prevent similar crashes in the future.

အင်တာနက်နဲ့ (၂၄)နာရီလုံးတိုက်ရိုက်ထုတ်လွှင့်တဲ့ သတင်းဌာနတွေရှိပေမယ့် ပြဿနာရင်းမြစ်ကို လူတွေအမှန်တကယ်သတိထားနိုင်အောင် လုပ်နိုင်ဖို့ခဲယဉ်းခဲ့တယ်။ လေယာဉ်တစ်စင်းပျက်ကျတဲ့အချိန် အကြီးအကဲတွေက ချက်ချင်းဆွေးနွေးပွဲတစ်ရပ်ကျင်းပတယ်။ လေယာဉ်ပျက်ကျတာကို သူတို့စစ်ဆေးမယ်၊ အကြောင်းရင်း စိစစ်မယ်၊ နောက်နောင်မဖြစ်ပွားအောင် တားဆီးမယ်လို့ ကတိပေးကြတယ်။

But if the officials were brutally honest, they would say: "Of all the people in the world who died today from preventable causes, one half of one percent of them were on this plane. We’re determined to do everything possible to solve the problem that took the lives of the one half of one percent."

တကယ်လို့ အဲဒီအကြီးအကဲတွေက အမှန်ပြောရဲတယ်ဆိုရင် သူတို့က "ဒီကနေ့ ကမ္ဘာပေါ်မှာရှိတဲ့ ကာကွယ်တားဆီးလို့ရတဲ့ သေဆုံးမှုတွေထဲမှာ (ဝ.၅%)က လေယာဉ်ပျက်ကျတဲ့ထဲပါသွားခဲ့တယ်။ ဒီ(ဝ.၅%)သေဆုံးရတဲ့အကြောင်းရင်းကို ကျွန်တော်တို့ကြိုးပမ်းပြီးဖော်ထုတ်ပါမယ်" လို့ ပြောပါလိမ့်မယ်။

The bigger problem is not the plane crash, but the millions of preventable deaths.

ဒါပေမယ့် ပိုအရေးကြီးတဲ့အချက်က လေယာဉ်ပျက်ကျတဲ့ ပြဿနာမဟုတ်ဘဲ သန်းပေါင်းများစွာ သေကြေပျက်စီးမှာကို ကာကွယ်တားဆီးလို့ရတဲ့အချက်ပဲဖြစ်တယ်။

We don’t read much about these deaths. The media covers what’s new – and millions of people dying is nothing new. So it stays in the background, where it’s easier to ignore. But even when we do see it or read about it, it’s difficult to keep our eyes on the problem. It’s hard to look at suffering if the situation is so complex that we don’t know how to help. And so we look away.

ဘာကြောင့်သေဆုံးကြရတယ်ဆိုတာကိုသိဖို့ ကျွန်တော်တို့မှာအခွင့်အရေးနည်းခဲ့တယ်။ သတင်းဌာနတွေက သတင်းကြေညာတယ်။ သန်းပေါင်းများစွာသေဆုံးကြရမယ့်အဖြစ်က သတင်းမဟုတ်ပါဘူး။ တကယ်လို့ သတင်းဌာနတွေကမကြေညာခဲ့ရင် ဒီပြဿနာက အလွယ်တကူလျစ်လျူရှူခံရတယ်။ နောက်ပြီး ကျွန်တော်တို့က ဒီပြဿနာကိုမျက်မြင်ကိုယ်တွေ့ကြုံတယ် ဒါမှမဟုတ် သတင်းတွေကိုဖတ်ရူမိကြတဲ့အခါ ဆက်ကြည့်နိုင်စွမ်းမရှိခဲ့ကြဘူး။ တစ်ခြားလူ ဆင်းရဲဒုက္ခရောက်နေတာကို မကြည့်ရက်ခဲ့ကြဘူး။ နောက်ပြီး ပြဿနာရှုပ်ထွေးလွန်းတာကြောင့် သူတို့ကိုဘယ်လိုကူညီရမယ်ဆိုတာကို ကျွန်တော်တို့လုံးဝမသိခဲ့ဘူး။ ဒါနဲ့ပဲ ကျွန်တော်တို့ မျက်နှာလွှဲလိုက်ကြတယ်။

If we can really see a problem, which is the first step, we come to the second step: cutting through the complexity to find a solution.

ပြဿနာအရင်းအမြစ်ကိုကျွန်တော်တို့တကယ်သိခဲ့ရင် ပထမခြေလှမ်းစမယ်၊ နောက်ဒုတိယခြေလှမ်း ဆက်မယ်။ ဒီလိုနဲ့ ရှုပ်ထွေးတဲ့ပြဿနာကြားက ဖြေရှင်းနိုင်တဲ့နည်းကိုရှာဖွေကြမယ်။

Finding solutions is essential if we want to make the most of our caring. If we have clear and proven answers anytime an organization or individual asks "How can I help?," then we can get action – and we can make sure that none of the caring in the world is wasted. But complexity makes it hard to mark a path of action for everyone who cares — and that makes it hard for their caring to matter.

တကယ်လို့ ကျွန်တော်တို့ရဲ့ဂရုစိုက်မှုတွေ အကောင်အထည်ပေါ်အောင် ဖြေရှင်းနိုင်တဲ့နည်းကို ကျွန်တော်တို့မရမကရှာဖွေရမယ်။ တကယ်လို့ ကျွန်တော်တို့မှာ ရှင်းလင်းပြတ်သားပြီးသက်သေပြနိုင်တဲ့ အဖြေတစ်ခုရှိခဲ့ရင် တခြားအဖွဲ့အစည်းကဖြစ်ဖြစ်၊ လူတစ်ယောက်ပဲဖြစ်ဖြစ် သံသယအမေးနဲ့ ကျွန်တော်တို့ကို "ဘယ်လို အကူအညီပေးရမလဲ"လို့မေးတဲ့အခါ ကျွန်တော်တို့လုပ်ငန်းစလို့ရပါပြီ။ ကမ္ဘာပေါ်မှာရှိတဲ့လူတွေရဲ့ဂရုစိုက်မှုတွေ အလဟသမဖြစ်စေဘူးလို့ ကျွန်တော်တို့အာမခံလို့ရပြီ။ ဒါပေမယ့် ကမ္ဘာကြီးရဲ့ရှုပ်ထွေးခြင်းက မေတ္တာ၊ ကရုဏာရှိသူတိုင်း အကျိုးရှိရှိလုပ်ဆောင်နိုင်ဖို့ကိုခဲယဉ်းစေခဲ့တယ်။ ဒါကြောင့် လူသားတွေရဲ့ဂရုစိုက်မှုတွေ တစ်ခြားလူအပေါ်ထိရောက်ဖို့ဆိုတာခက်ခဲခဲ့တယ်။

Cutting through complexity to find a solution runs through four predictable stages: determine a goal, find the highest-leverage approach, discover the ideal technology for that approach, and in the meantime, make the smartest application of the technology that you already have — whether it’s something sophisticated, like a drug, or something simpler, like a bed net.

ရှုပ်ထွေးမှုကြားထဲက ဖြေရှင်းနည်းရှာတွေ့ဖို့ အဆင့်လေးဆင့်ကို ဖြတ်သန်းရပါတယ်။ တိကျတဲ့ပန်းတိုင်နဲ့ အကျိုးအရှိဆုံးလုပ်ဆောင်ချက်ကိုရှာမယ်၊ အဲဒီလုပ်ဆောင်ချက်နဲ့ကိုက်ညီမယ့် နည်းပညာတွေကို တီထွင်မယ်၊ တစ်ဆက်တည်းမှာပဲ အခုလက်ရှိနည်းပညာတွေကို ဉာဏ်နဲ့ယှဉ်သုံးမယ်။ အဲဒီလက်ရှိနည်းပညာတွေက ရှုပ်ထွေးဆန်းပြားတဲ့ဆေးဝါးတွေ ဖြစ်နိုင်သလို အရိုးရှင်းဆုံးက ခြင်ထောင်လည်းဖြစ်နိုင်ပါတယ်။

The AIDS epidemic offers an example. The broad goal, of course, is to end the disease. The highest-leverage approach is prevention. The ideal technology would be a vaccine that gives lifetime immunity with a single dose. So governments, drug companies, and foundations fund vaccine research. But their work is likely to take more than a decade, so in the meantime, we have to work with what we have in hand – and the best prevention approach we have now is getting people to avoid risky behavior.

အေအိုင်ဒီအက်စ်ကူးစက်ရောဂါက ဥပမာတစ်ခုဖြစ်တယ်။ ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ပန်းတိုင်က ဒီရောဂါဆိုးကိုလုံးဝပပျောက်အောင် တိုက်ဖျက်ဖို့ဖြစ်တယ်။ အကျိုးအရှိဆုံးလုပ်ဆောင်ချက်က ကာကွယ်တာဖြစ်တယ်။ အကောင်းဆုံးနည်းပညာက တစ်ကြိမ်ထိုးရုံနဲ့ တစ်သက်ထိုးစရာ မလိုတော့တဲ့ ဆေးမျိုးတီထွင်ရမယ်။ ဒါကြောင့် အစိုးရ၊ ဆေးကုမ္ပဏီ၊ ရံပုံငွေအဖွဲ့အစည်းတွေက ဆေးရှာဖွေရေးသုတေသနကို ကူညီထောက်ပံ့သင့်တယ်။ ဒါပေမယ့် ဒီလိုရှာဖွေရေးက ၁ဝနှစ်အတွင်းမှာတောင်ပြီးဆုံးနိုင်မှာမဟုတ်လို့ တစ်ဆက်တည်းမှာပဲ ကျွန်တော်တို့က လက်ရှိနည်းပညာတွေကိုပဲ အသုံးပြုကြရတယ်။ လက်ရှိအကောင်းဆုံး၊ အထိရောက်ဆုံး ကာကွယ်နိုင်တဲ့နည်းက အန္တရာယ်ကျရောက်စေနိုင်တဲ့အပြုအမူတွေကို လူသားတွေရှောင်ကြဉ်ဖို့ပဲဖြစ်တယ်။

----------

ကြိုးစားပြီး ဘာသာပြန်ခဲ့ပါတယ်... ကျွန်မက ကျွန်မပိုကျွမ်းကျင်တဲ့ တရုတ်ဘာသာကနေ ဘာသာပြန်ထားတာဖြစ်ပါတယ်။ ဘာသာပြန် အမှားအယွင်းများရှိခဲ့ရင် အချိန်မရွေး ထောက်ပြဝေဖန် အမှန်ပြုပြင်ပေးပါလို့ တောင်းဆိုပါတယ်။ ကျေးဇူး...

နိုင်းနိုင်းစနေ

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။