မိမိအိပ်တဲ့ပုံစံနဲ့ပတ်သတ်ြ ပီး မိမိရဲ့ပင်ကိုယ်ကိုသိနိုင်တ ယ်ဆိုတာ ဟုတ်ပါ့မလား။ ဟုတ်မဟုတ်အောက်ကအိပ်နည်းတွေ ကိုလေ့လာကြည့်ကြရအောင်။
အိပ်နည်းနဲ့ပတ်သတ်ပြီး မထင်မှတ်နိုင်လောက်တဲ့အရာထိ ကျွန်တော်တို့ရဲ့ ပင်ကိုယ်အမူအကျင့်တွေကို ထိုအိပ်နည်းတွေကပြောပြနိုင် မှာပဲဖြစ်ပါတယ်။ တစ်ညတစ်ညမှာ ကျွန်တော်တို့တွေဟာ အကြိမ်ပေါင်း ၄၀ ထက်မနည်း အမျိုးမျိုးပြောင်းလဲပြီးအိ ပ်တတ်ကြပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့တွေဟာ ကိုယ်ကြိုက်တဲ့နည်းနဲ့ကိုယ်အိပ်ကြတာပါပဲေ လ။ ကျွန်တော်တို့အကြိုက်ဆုံး ကျွန်တော်တို့ရဲ့အိပ်နည်းတွေကိုတော့ အိပ်ရာနိုးတဲ့အချိန်တွေမှာ အမြဲတွေ့လေ့တွေ့ထရှိတဲ့အိပ် နည်းပဲဖြစ်ပါတယ်။( နိုးစက်မှနိုးတဲ့ အိပ်နည်းကလွဲရင်ပေါ့။)
ကျွန်တော်တို့မှာ အိပ်နည်း ၄ နည်းရှိကြပါတယ်။ အဲဒီထဲမှ ကိုယ့်အကြိုက်ဆုံးအိပ်နည်းက ဘယ်ဟာလည်းဆိုတာနဲနဲလေးစဉ်းစားကြည့်ပါနော်...
၁-) ပလက်လန်ပြီးအိပ်ခြင်း
ဒီလိုအိပ်နည်းကတော့ သင်သက်တောင့်သက်သာဖြစ်နေတယ် လို့ဆိုနိုင်ပါတယ်။ ပြီးတော့ဒီလို အိပ်တတ်တဲ့သူတွေဟာ ဘယ်လိုအခြေအနေမျိုးမှာပဲရော က်နေပါစေမိမိကိုယ်ကို ယုံကြည်မှုပြည့်ဝပြီး အကောင်းဆုံး ဆုံးဖြတ်ချက်ချနိုင်သူလို့ဆိုနိုင်ပါတယ်။ အရာရာကို သင်ယူတတ်မြောက်လွယ်ပြီး အခြားသူများနဲ့လည်း လျှင်မြန်စွာမိတ်ဖွဲ့ပေါင်း သင်းဆက်ဆံနိုင်တဲ့လူမျိုးပဲ ဖြစ်ပါတယ်။ ပလက်လန်ပြီး ခြေဆံ့ လက်ဆံ့ကာအိပ်တတ်တဲ့သူတွေဟာ မိမိကိုယ်ကို ယုံကြည်မှုပြည့်ဝသည်ထက်ပြည့် ဝတဲ့လူမျိုးလို့ ဆိုနိုင်ပါတယ်။
၂-) ကွေးပြီးအိပ်စက်ခြင်း
ဒီလိုအိပ်နည်းကတော့ တစ်ခါတစ်လေ မိမိလက်ကိုပိုက်ပြီး အိပ်ခြင်းနဲ့ စောင်ကိုဖက်ပြီးအိပ်စက်ခြင်းတို့နဲ့တူညီနိုင်ပါတယ်။ ကုတင်ရဲ့ အစွန်းတစ်နေနေရာမှာ အိပ်တတ်ပြီး နံရံတောင့်မှာအိပ်လေ့အိပ်ထရှိတဲ့အိပ်ခြင်းမျိုးဖြစ်နိုင်ပါတယ်။ ဒီလိုမျိုးအိပ်တတ်တဲ့သူဟာ အရာရာကိုရင်ဆိုင်ရမှာကြောက် ပြီး ပြဿနာနဲ့ရင်ဆိုင်ဖြေရင်းရမှာကို သိပ်မလိုလားတဲ့လူမျိုးပဲဖြစ်ပါတယ်။ သူငယ်ချင်းအပေါင်းသင်းတွေကို အရမ်းကိုခုံမင်၍ သူငယ်ချင်းနဲ့ ချစ်သူရည်းစား ဂရုစိုက်နွေးထွေးမှုကိုနှစ် သက်ကျေနပ်တတ်တဲ့လူမျိုးပဲဖြ စ်ပါတယ်။
၃-) မှောက်လျှက်အနေအထားဖြင့်အိပ်စက်ခြင်း
ဒီအိပ်နည်းကတော့ များသောအားဖြင့်မှောက်လျှက် အိပ်ကာ လက်ကို ခေါင်းအုံးဘေးထားပြီးခြေဆန့် အိပ်တတ်တဲ့အမူအကျင့်ပဲမျိုးပဲဖြစ်ပါတယ်။ ဒီလိုအိပ်တတ်တဲ့လူမျိုးဟာ ကိုယ်ကိုယ်တိုင်ဆုံးဖြတ်တတ် တဲ့လူမျိုးဖြစ်ပြီး ကိုယ်ဆုံးဖြတ်လိုက်တဲ့အရာတွေသာအမှန်တွေဖြစ်ပြီး အရာရာကို ကိုယ်တိုင် ဆုံးဖြတ်ရမှကျေနပ်တဲ့လူမျိုးပဲဖြစ်ပါတယ်။ တစ်ခြားသူရဲ့ဆုံးဖြတ်ချက်ပေးမှုကိုသိပ်မလိုလားတဲ့လူမျိုးဖြစ်ပြီး မိမိလုပ်နေတဲ့အရာကို သူတစ်ပါးက ပြောင်းလဲပြင်ဆင်လိုက်ရင် လုံးဝမကြိုက်တဲ့လူမျိုးပြဲ ဖစ်ပါတယ်။ မိမိရဲ့ရည်ရွယ်ချက် ရည်မှန်းချက်ကို အကောင်အထည်ဖော်တတ်တဲ့လူမျိုးဖြစ်ပြီး မိမိမက်ထားတဲ့အိပ်မက်အတိုင်း လျှောက်လှမ်းပြီး အကောင်အထည်ဖော်တတ်တဲ့စိတ်ဓါ တ်ရှိတဲ့လူမျိုးပဲဖြစ်ပါတယ် ။
၎-) ကိုယ်ကိုစောင်း၍ ဘေးတစ်ခြမ်းစောင်းအိပ်ခြင်း
ဒီအိပ်နည်းကတော့ ကွေးပြီးအိပ်နည်းနဲ့တော့ဆင် ပါတယ်။ ဒါပေမယ့် အရမ်းတော့ မနီးစပ်ပါဘူး။ ခြေနဲ့လက်က နဲနဲဆန့်နေပါသေးတယ်။ ဒါပေမယ့်နည်းနည်းလေးတော့ ကွေးကောင်းကွေးနိုင်ပါတယ်။ သက်တောင့်သက်သာအိပ်နည်းဖြစ် ပြီး ဒီလိုအိပ်တတ်တဲ့လူမျိုးတွေဟာ ပွင့်လင်းမှန်ကန်တတ်တဲ့လူမျိုးဖြစ်ပြီး ယုံကြည်စိတ်ချလို့ရနိုင်တဲ့ လူမျိုးပဲဖြစ်ပါတယ်။ သူတို့တွေဟာ နေရာဌာနဒေသအလိုက် ရောက်ရာအရပ်မှာမိမိကိုယ်ကို ထိုနေရာနဲ့လိုက်လျှောညီထွေမှုရှိအောင်ပြုပြင်ပြီးနေတတ် တဲ့လူမျိုးပဲဖြစ်ပါတယ်။ ပြီးတော့ အင်အားသုံးစရာမလိုပဲအရာရာကို ကောင်းမွန်စွာစီမံခန့်ခွဲနိုင်တဲ့လူမျိုးပဲဖြစ်ပါတယ်။ တနည်းအားဖြင့် စည်းရုံးအားကောင်းတဲ့လူ လို့လည်းဆိုနိုင်ပါတယ်။
အားလုံးကိုလေးစားလျှက်...
J Jin Tai မှဖတ်မိသမျှပြန်ဆိုရေးသားသည်။
အိပ်နည်းနဲ့ပတ်သတ်ပြီး မထင်မှတ်နိုင်လောက်တဲ့အရာထိ
ကျွန်တော်တို့မှာ အိပ်နည်း ၄ နည်းရှိကြပါတယ်။ အဲဒီထဲမှ ကိုယ့်အကြိုက်ဆုံးအိပ်နည်းက
၁-) ပလက်လန်ပြီးအိပ်ခြင်း
ဒီလိုအိပ်နည်းကတော့ သင်သက်တောင့်သက်သာဖြစ်နေတယ်
၂-) ကွေးပြီးအိပ်စက်ခြင်း
ဒီလိုအိပ်နည်းကတော့ တစ်ခါတစ်လေ မိမိလက်ကိုပိုက်ပြီး အိပ်ခြင်းနဲ့ စောင်ကိုဖက်ပြီးအိပ်စက်ခြင်
၃-) မှောက်လျှက်အနေအထားဖြင့်အိပ
ဒီအိပ်နည်းကတော့ များသောအားဖြင့်မှောက်လျှက်
၎-) ကိုယ်ကိုစောင်း၍ ဘေးတစ်ခြမ်းစောင်းအိပ်ခြင်း
ဒီအိပ်နည်းကတော့ ကွေးပြီးအိပ်နည်းနဲ့တော့ဆင်
အားလုံးကိုလေးစားလျှက်...
J Jin Tai မှဖတ်မိသမျှပြန်ဆိုရေးသားသည
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။