Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, August 20, 2015

ပြောပြရင် ဒေါပွမှာလား

ပြောပြရင် ဒေါပွမှာလား
//////////////////////////////
တချိန်ကနိုင်ငံရေးကိုသုံးသပ်သူတွေက
လွှတ်တော် ဟာ
အမည်ခံ သက်သက်ပဲလို့ ဆိုခဲ့ကြသူတွေ
ရှိပါတယ်။
ထွက်ပေါ်လာမဲ့
အစိုးရသစ်က ဗိုလ်ချုပ်မှူးကြီး ကိုယ်တိုင် ခေါင်းဆောင်လုပ်ရင်လုပ်၊
မလုပ်ရင် သူ့သစ္စာခံတွေကို သူကောင်းပြု ခန့်ထားမှာ လို့လည်း ပြောခဲ့ကြတာ
ထင်ကြေးပေးခဲ့ကြတာကိုမှတ်မိကြပါသေးရဲ့
လား။
မြန်မာပြည်ကအာဏာရှင်တွေ
ပြောရရင်
ကွယ်လွန်သူ အာဏာရှင်ကြီး ဦးနေ၀င်း
က နိုင်ငံတော် အစည်း အဝေးတွေမှာ
သူများထက်မြင့်တဲ့ ထိုင်ခုံနဲ့
ထိုင်လေ့ရှိပါတယ်။

စစ်အာဏာရှင်ကြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ
မိသားစုဝင် တွေကတော့
သူများထက် ခေါင်းတလုံး
ပိုမြင့်ချင်ကြတယ်။
နိုင်ငံတော် ပွဲတွေဆို ရှေ့ဆုံးမှာ နေရာယူ
ကြတယ်၊၊
ပဒေသရာဇ် စိတ်ဝင်နေတဲ့ ဒီမိသားစုဟာ
ဘယ်လောက်အထိ ချမ်းသာ
ကြွယ်ဝတယ်ဆိုတာ မသိနိုင်
လောက်အောင်ပါပဲ။
လေ့လာ သုံးသပ်သူတွေ အဆိုအရ
နိုင်ငံတော် ဘဏ္ဍာငွေ ရှင်းတမ်းမှာ
တဒေါ်လာ ၆ ကျပ်နဲ့ စာရင်းပြထားလို့
ပိုနေတဲ့ ဘီလျံနဲ့ ချီတဲ့ ဂက်စ်ရောင်းရ
ငွေတွေဟာ စင်ကာပူ ဘဏ်တွေမှာ
စာရင်းဖွင့် အပ်ထားကြောင်း သိရတယ်။
အဲ့ဒီငွေတွေကို စာရင်းကိုင်ဖို့
ဒု ဗိုလ်ချုပ်ကြီး တင်အေးက တာဝန်ယူရတယ်။
တရုတ်ပြည် ပီကင်းနဲ့ ရှန်ဟိုင်းမှာလည်း
အိမ်တွေ ၀ယ်ထားတယ်လို့ ဆိုတယ်။
ပြည်တွင်းမှာကတော့ လက်ညှိုးညွှန်ရာ
အကုန်ပိုင်တယ် ဆိုတဲ့ အခြေအနေမျိုးပါ။
ကာကွယ်ရေး ၀န်ကြီးဋ္ဌာန
အသိုင်းအ၀ိုင်းတွေ အဆိုအရ
ဗိုလ်ချုပ်မှူးကြီး မပါဘဲ ဒေါ်ကြိုင်ကြိုင်နဲ့
သမီးတွေ မကြာခဏ တိုင်းခန်းလှည့်လည်
သလိုမျိုး ခရီးထွက် တတ်တယ်၊ သူတို့
ရောက်လာရင်လည်း ရောက်ရာ အရပ်က
တိုင်းမှူး တပ်မမှူးတွေက စိတ်ညစ်ရတယ်လို့ ဆိုတယ်၊၊
ဈေးတွေ၊ ရှော့ပင်းမောလ်တွေ၊ စူပါ
မားကက်တွေကို ရောက်ရင်လည်း
လက်ညှိုထိုးပြီး ယူကြသလို၊ စိန်၊ ရွှေ
လက်ဝတ်ရတနာ တွေကိုလည်း တိုင်းမှူး
တပ်မမှူး ကတော် တွေက ဗန်းနဲ့
ယူပြရတယ်။
သူတို့က ကြိုက်တာရွေးပြီး တခါယူရင်
အောက်ထစ် သိန်းနှစ်ထောင် ဖိုးလောက်
ယူတယ်။
အဲဒီလို ယူတာတွေကို တိုင်းမှူးတွေက
နောက်ကနေ လိုက်ရှင်းပေးရတယ်။
ဒီမိသားစု စိန်ကြိုက်တတ်ပုံကိုတော့
၂၀၀၆ ခုနှစ်မှာ လူတွေ ကျယ်ကျယ် ပြန့်ပြန့်
ကြည့်လိုက်ရတဲ့ သမီးတော် သန္တာရွှေ ရဲ့
မင်္ဂလာပွဲ မှတ်တမ်းတင် ဗီဒီယို အခွေမှာ
အမြည်းအစမ်း
သဘောတွေ့လိုက်ကြရပါတယ်။
ရှေးမြန်မာမင်းများထုံး နှလုံးမူသလားတော့
မသိဘူး။
မကွေး၊ မုံရွာ နယ်တွေဘက်မှာရှိတဲ့
လက်ယက်ရေနံတွင်းတွေ တူးဖော်ခွင့်၊
ကောလင်း၊ ၀န်းသို၊ မုံရွာနယ်က
ရွှေတူးဖော်ခွင့်တွေအားလုံးကို
ချုပ်ကိုင်ထားပြီး တခြားသူတွေကို
လုပ်ပိုင်ခွင့် ပြန်ချပေးတယ်။
လုပ်ပိုင်ခွင့် လိုင်စင်တွေကိုတော့
ဒေသဆိုင်ရာ တိုင်းမှူးတွေက
တဆင့်လျှောက်ရတယ်။
လိုင်စင်ကြေးကတော့ တဧက ကို
သိန်း ၃၀ ပေါက်ဈေး ရှိတယ်လို့ သိရတယ်။
လုပ်ပိုင်ခွင့် ဧက ၁၀၀၀ ဆိုရင် ကျပ်ငွေ
သိန်း တသောင်း။
အမေရိကန် ဒေါ်လာ ၁ သန်း နဲ့ ညီမျှတဲ့
ငွေကို နှစ်စဉ်ကြေး ပေးကြရတယ်။
သူတို့ဆီကနေ ပြန်ပြီး
လုပ်ပိုင်ခွင့်ယူတဲ့သူတွေထဲမှာတော့ မုံရွာမှာ
လက်ရှိ ရေနံ တူးနေတဲ့ မန္တလေးမြို့က
တရုတ်သူဌေး ဂရိတ်ဝေါလ် အုပ်စုလို့
နာမည်ကြီးတဲ့ ဟွန်ဒါ တင်မောင်က
အများဆုံး ယူထားတယ်။
နေပြည်တော်နဲ့ မေမြို့မှာလည်း
အကောင်းဆုံး အိမ်တွေ ခြံတွေကို
ပိုင်ဆိုင်ထားလို့ အားမရဘူး။
ရန်ကုန်မြို့က အင်းလျားကန်
အနီးတ၀ိုက်မှာရှိတဲ့ ကောင်းပေ့ညွန့်ပေ
ဆိုတဲ့ နိုင်ငံတော်နဲ့
စစ်တပ်ပိုင်မြေတွေကိုလည်း ယူထားပြီးပြီ
လို့ သိရတယ်။
ရန်ကုန် ပြည် လမ်းနဲ့ ကမ္ဘာအေး
ဘုရားလမ်းကြား၊ မရမ်းကုန်းမြို့နယ်
ပါရမီလမ်းမကြီးဘေးမှာရှိတဲ့ ကာကွယ်ရေး
ပစ္စည်း စက်ရုံ (ကပစ ၁၊ ကပစ ၄)
တပ်နေရာတွေကိုလည်း အခု
ဖယ်ရှားခိုင်းပြီး သူတို့မိသားစု
ယူထားတယ်လို့ သိရတယ်။
အလားတူပဲ ပြည်လမ်း ရိုးမရိပ်သာနားက
အင်းလျားလမ်းထိပ်မှာရှိတဲ့ အရင်
မိသားစုအမွေမှု ဖြစ်နေတဲ့အိမ်(မြို့နယ်
ငြိမ်ဝပ် ပိပြား ရေး ရုံးဟောင်း) ကို
ရဟတ်ယာဉ် ပျက်ကျလို့ ကွယ်လွန်ရသူ
ဗိုလ်ချုပ်ကြီးတင်ဦး ဇနီး ဒေါ်ခင်သန်းနွဲ့ကို
ပေးပေမယ့် မယူတဲ့ အတွက်
ဒေါ်ကြိုင်ကြိုင်က ယူပြီး ဦးတေဇက
နာမည်ခံပေး ထားရတယ်။
စီးပွားရေး အသိုင်းအ၀န်းမှာတော့
ဦးတေဇဟာ ဗိုလ်ချုပ်မှူးကြီး တို့ မိသားစု
စီးပွားရေး လုပ်ငန်းတွေကို
ဦးဆောင်လုပ်ပေးနေရတဲ့
ကိုယ်စားလှယ်လို့ ပြောနေကြတယ်။
ပုဂ္ဂလိက ဆေးရုံလုပ်ဖို့ ဦးတေဇ
ဝယ်ယူလိုက်တဲ့ အင်းလျားကန်ထိပ်က
ကန်သာယာဆေးရုံမှာလည်း
သမီးတွေရှယ်ယာ ငွေ ပါတယ်၊
ငွေဆောင်ကမ်းခြေနဲ့ ချောင်းသာက
ဦးတေဇပိုင် ဟိုတယ်တွေမှာလည်း ရှယ်ယာထည့်ထားတယ်လို့ သိရတယ်။
ဗိုလ်ချုပ်မှူးကြီးတို့ မိသားစု စီးပွားရေး
သောင်းကျန်းတာကတော့ နောက်ဆုံး
ဖိုးလပြည့်တောင် မကျန်ဘူးလို့ ဆိုရမယ်။
တရားဝင် ကုမ္ပဏီထောင်ပြီးတော့ စီး
ပွားရေး လုပ်တာမဟုတ်ဘဲ အဘိုး
အရှိန်အ၀ါနဲ့ မာဖီးယား ဆန်ဆန်
မျက်နှာပြပြီး ပွဲစားစီးပွားရေးမျိုး
လုပ်နေတာပါ။
သူ့လုပ်နည်းလုပ်ဟန်က
တချို့ကုမ္ပဏီတွေ တရားမ၀င်
ပစ္စည်းတွေသွင်းလာရင်
အကောက်ခွန်ဌာနက အစစ်အဆေးမခံရ
အောင် တရားဝင် အခွန်မဆောင်ရအောင်
ဆိပ်ကမ်းမှာရှင်းပေးတယ်။
ဝန်ဆောင်မှု အနေနဲ့ကတော့
ပစ္စည်းအမျိုးအစားပေါ် မူတည် ပြီး
ပိုက်ဆံယူတယ်။
ဒါ့အပြင် ရန်ကုန်မြို့က မြေနေရာတွေမှာ
အလုပ်လုပ်လိုတဲ့ လုပ်ငန်းရှင်တွေကို
ဝန်ကြီးတွေ ဌာနဆိုင်ရာတွေနဲ့
ဆက်သွယ်ပေးတဲ့ ပွဲစားမျိုးလည်း
လုပ်တယ်။
အထင်ရှားဆုံးကတော့ ပြည်လမ်းနဲ့
မနော်ဟရီလမ်း အတွင်းမှာရှိတဲ့
ထိုင်းသံရုံးဘေးက ဖျာပုံမမြနွယ်ခြံလို့
လူသိများတဲ့ မြေကွက်ကြီး ကို
ဆောက်လုပ်ရေး လုပ်ငန်း လုပ်ကိုင်တဲ့
နိုင်ဂရု(Naing Group)က
ကုလားသူဌေးတွေ ၀ယ်ယူရာမှာ
မြို့တော် စည်ပင်က အတည်မပြုပေးတဲ့
အတွက် ကုမ္ပဏီက ဖိုးလပြည့်ကို ကျပ်
သိန်း ၅၀၀၀ ပေးပြီး မြို့တော်ဝန်
ဦးအောင်သိန်းလင်းကို နားချပေးခိုင်း
တာပါ။
ဖိုးလပြည့်ဟာ စီးပွားရေးနဲ့ ပတ်သက်
လာရင် ဘယ်စစ်ဗိုလ်ချုပ်သားသမီးတွေကို
မှ ဗိုလ်မထားပါဘူး။
နေရာကောင်းမှာ ဆိုင်ဖွင့်ထား တဲ့
အတွင်းရေးမှူး(၁)သီဟသူရ
တင်အောင်မြင့်ဦး ရဲ့သား
ဗိုလ်ကြီး ဟောင်း တေဇာစောဦး
လုပ်ကိုင်နေတဲ့ “7 Lekker” ကော်ဖီ
ဆိုင်ကို နောက်လိုက်တွေ စေလွှတ်ပြီး
ဖျက်ဆီးပြခဲ့သလို သူပွဲစားလုပ်နေတဲ့
ပြည်သူ့ ဥယျာဉ်ထဲက မြေကွက်နဲ့
ပတ်သက်ပြီး ကာ ကွယ်ရေး ၀န်ကြီးဌာန
ပစ္စည်းဝယ်ယူရေး(ကက ၀ယ်)
ညွှန်ကြားရေးမှူးချုပ်ဟောင်း ဗိုလ်ချုပ်
ဝင်းလှိုင်ရဲ့သား ၀င်းထွေးလှိုင်က
ဝင်လာလို့ နောက်လိုက်တွေကို ရိုက်နှက်ဖို့
ခိုင်းစေခဲ့ဖူးပါတယ်။
အနိုင်ကျင့်တဲ့နေရာမှာတော့
အဘိုးခြေရာမီပါတယ်။
ဖိုးလပြည့်ဟာ သူ့မကောင်းကြောင်း
Facebookမှာ ရေးမိတဲ့ အမေရိကားနေ
သူငယ်ချင်းတယောက်ကို မြန်မာပြည်
ပြန်အလာ ရဲနဲ့ ဖမ်းခိုင်းပြီး
ဒုက္ခပေးခဲ့တာကြောင့် မိဘများ အခက်
ကြုံခဲ့ရတယ်။
၂၀၀၉ ခုနှစ် တုန်းကလည်း စင်ကာပူမှာ
ကျောင်းတက်နေတဲ့ သူငယ်ချင်းတယောက်
အလားတူမကောင်းကြောင်း ရေးမိတဲ့
အတွက် ရန်ကုန်မြို့က အဲ့ဒီ
သူငယ်ချင်းမိဘတွေရဲ့ အိမ်ကို ခဲနဲ့ထု၊
လူတွေကို ရဲနဲ့ဖမ်းခိုင်းပြီး
ဦးချတောင်းပန်ခိုင်းတဲ့အတွက် မိဘတွေမှာ
သား ဇော ကြောင့် ရှက်ရှက်နဲ့ပဲ
ဦးချတောင်းပန်ခဲ့ရတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက
ရန်ကုန်မြို့ လမ်း ၅၀ မှာရှိတဲ့
မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် ရုံး
ကားရပ်နားရာ နေရာမှာ နိုင်ငံခြား ရေး
ဝန်ကြီး ဦးဉာဏ်ဝင်းရဲ့ ကိုယ်ရေးအရာရှိ
ဗိုလ်ကြီးတဦး က ဖိုးလပြည့်ကားရှေ့မှာ
ပိတ်ရပ်မိတဲ့ အတွက် အိမ်ကို ခေါ်သွားပြီး
ဆုံးမသြ၀ါဒ ပေးခဲ့တာကို အဲဒီဗိုလ်ကြီး က
သတိအနေအထားနဲ့ နာယူရတယ်လို့လည်း
သိရပါတယ်။
အလားတူ အဲပုဂံရဲ့ နေပြည်တော်သွား
ပြည်တွင်းခရီးစဉ်တခုမှာ ဖိုးလပြည့်နဲ့
အပေါင်းအပါ အုပ်စုရောက်လာခဲ့လို့
အရင်ရောက်နှင့် နေပြီး ဗီအိုင်ပီ
အတန်းမှာ နေရာယူထားတဲ့
ဦးရွှေမန်းရဲ့သား အောင်သက်မန်း က
အောင့်သက်သက်နဲ့ ရိုးရိုးတန်းကို
ပြောင်းပေး လိုက်ရတယ်။
ဗိုလ်ချုပ်မှူးကြီး မိသားစုရဲ့
မတရားမှုတွေက ဒီလောက်နဲ့တင်
ရပ်မသွားပါဘူး။
အရည်အချင်း ပြည့်ဝ၏
မပြည့်ဝ၏ နောက်ထား။
အာဏာရှင်ကြီး ဦးနေ၀င်း
လက်ထက်ကတောင် မလုပ်ခဲ့တဲ့
စင်ကာပူ၊ တရုတ်နိုင်ငံက သံရုံး တွေမှာ
သမီးတွေကို အကြီးတန်း သံတမန်
ရာထူးတွေ ခန့်ထားခဲ့တယ်။
သမီးတွေကတော့ သံတမန်အလုပ်ထက်
သံရုံးက ကောက်ထားတဲ့ အခွန်ငွေတွေကို
အချိန် မှန်လာရောက် သိမ်းတဲ့ အလုပ်ကိုပဲ
လုပ်တယ်။
သားတွေဖြစ်တဲ့
ထွန်းနိုင်ရွှေ၊ ကြိုင်ဆန်းရွှေ တို့ကတော့
နေပြည်တော်က ဟိုတယ် လုပ်ငန်းတွေနဲ့
မြန်မာပြည်အနှံ့ လက်ညှိုးထိုး မလွဲအောင်
မှိုလိုပေါက်နေတဲ့ လောင်စာဆီ ဆိုင်တွေကို
ပိုင်ကြတယ်။
နာမည်ကြီး ဂျေဒိုးနတ်ဆိုလည်း
ထွန်းနိုင်ရွှေ ပိုင်တာပဲ။
ကျောက်မျက်ကုမ္ပဏီ မြန်မာ ဗွီအီးအက်စ်
ဆိုလည်း ကိုမိုးနီဆိုတဲ့ စီးပွားရေးသမား
တယောက်နဲ့ တွဲလုပ်တယ်။
ပဲခူးမှာလည်း သစ်အချောထည်
စက်ရုံထောင်ထားသေးတယ်။
ဗိုလ်ချုပ်မှူးကြီး မိသားစုက ဒီလို မြန်မာတပြည်လုံးမှာ ထင်သလို
ချယ်လှယ်ပိုင်ခွင့်၊
ထင်ရာဆိုင်းပိုင်ခွင့်ရှိနေတာဟာ
ရှေးဘ၀ ကုသိုလ် ကြောင့် ဒီဘ၀မှာ
အကျိုးပေးတာလို့ နှစ်နှစ်ကာကာ
ယုံကြည်နေကြပါတယ်။
ဒါပေမယ့် ရှေးကုသိုလ်ဟာ
ဗိုလ်ချုပ်မှူးကြီး ယူနီဖောင်း ချွတ်မချွတ်နဲ့
သက်ဆိုင်နေကြောင်း သူတို့
ကောင်းကောင်းကြီး
သဘောပေါက်နေကြတယ်။
ဒီနေ့အထိဗိုလ်ချုပ်မှုးကြီးရဲ့အရိုန်အဝါဟာ
သက်ရောက်မှုရှိနေသေးတယ်ဆိုတာကို
သူရဦးရွှေမန်းကိုကြံ့ခိုင်ရေးပါတီးဥက္ကဌအ
ဖြစ်ကဖြုတ်ချလိုက်တဲ့အချိန်မှာပေါ်လာပါ
တယ်။
သမ္မတကြီးနာမည်ခံ
ဦးသိန်းစိန်ဟာ
ဗိုလ်ချုပ်မှုးကြီးသန်းရွှေရဲ့စေလိုရာစေ
သက်မဲ့သမ္မတသာဖြစ်ပါကြောင်းတင်ပြ
လိုက်ရပါတယ်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။