Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, August 25, 2015

ဟားဗတ်ဘွဲ့နှင်းသဘင်က ဘီလ်ဂိတ်ရဲ့ဟောပြောမှု (၁)


ဟားဗတ်ဘွဲ့နှင်းသဘင်က ဘီလ်ဂိတ်ရဲ့ဟောပြောမှု (၁)
-------------------------------------------------------------------

၂ဝဝ၇ခုနှစ် ဇွန်လ(၇)ရက်နေ့ အမေရိကန်နိုင်ငံ ဟားဗတ်တက္ကသိုလ်မှာ ဘီလ်ဂိတ်ဟောပြောခဲ့တဲ့ ဟောပြောပွဲတစ်ခုဖြစ်ပါတယ်။ အဲဒီဟောပြောပွဲမှာ ဘီလ်ဂိတ်က သူ့ငယ်စဉ်ကျောင်းသားဘဝ၊ ကျောင်းကထွက်ခွါခဲ့တဲ့ အတွေ့အကြုံနဲ့ သူ့ရဲ့လူ့ဘဝအမြင်တွေကို ဟောပြောသွားခဲ့ပါတယ်။

President Bok, former President Rudenstine, incoming President Faust, members of the Harvard Corporation and the Board of Overseers, members of the faculty, parents, and especially, the graduates:



လေးစားရပါတဲ့ လက်ရှိပါမောက္ခBok၊ ယခင်ပါမောက္ခ Rudenstine၊ အသစ်တက်မယ့်ပါမောက္ခ Faust၊ ဟားဗတ်အဖွဲ့ဝင်ဝန်ထမ်းများ၊ ကြည့်ကြပ်ရေးမှူးများ၊ ဆရာ ဆရာမများ၊ မိဘများနဲ့ အထူးသဖြင့် ကျောင်းသား၊ ကျောင်းသူများ ....

I’ve been waiting more than 30 years to say this: "Dad, I always told you I’d come back and get my degree."

"အဖေ... ကျွန်တော့်ရဲ့ဘွဲ့လက်မှတ်ကို ကျွန်တော်အရပြန်လာယူမယ်လို့ ကျွန်တော်အမြဲပြောခဲ့တယ်"ဆိုတဲ့ နှစ်(၃ဝ)ကြာစောင့်ခဲ့ရတဲ့ စကားတစ်ခွန်းကို ကျွန်တော်ပြောခွင့်ရပါပြီ။

I want to thank Harvard for this timely honor. I’ll be changing my job next year … and it will be nice to finally have a college degree on my resume.

ဒီလိုအချိန်မှာ ကျွန်တော့်ကိုဘွဲ့ဂုဏ်ထူးတွေ ပေးခဲ့တဲ့ဟားဗတ်ကို ကျွန်တော်ကျေးဇူးတင်ချင်ပါတယ်။ နောက်တစ်နှစ်မှာ ကျွန်တော်အလုပ်ပြောင်းတော့မှာမို့ (ဆော့ဝဲလ်ကုမ္ပဏီမှ ပင်စင်ယူမှာကို ဆိုလိုတာဖြစ်တယ်) တက္ကသိုလ်ကဘွဲ့တစ်ခုကို ကျွန်တော့်ကိုယ်ရေးအကျဉ်းမှာ ရေးနိုင်ခဲ့ပါပြီ။

I applaud the graduates today for taking a much more direct route to your degrees. For my part, I’m just happy that the Crimson has called me "Harvard’s most successful dropout." I guess that makes me valedictorian of my own special class … I did the best of everyone who failed.

ဒီနေ့ ဒီနေရာမှာထိုင်နေကြတဲ့ ကျောင်းသားတွေအစား ကျွန်တော်ဝမ်းသာမိပါတယ်။ ခင်ဗျားတို့ရယူနိုင်ခဲ့တဲ့ဘွဲ့လက်မှတ်က ကျွန်တော့်ထက်ပိုလွယ်ကူခဲ့ပါတယ်။ ဟားဗတ်ကျောင်းသတင်းစာ Crimsonက ကျွန်တော့်ကို "ဟားဗတ်တက္ကသိုလ်သမိုင်းမှာ အအောင်မြင်ဆုံး (တစ်ဝက်တစ်ပျက်) ကျောင်းရပ်နားတဲ့ကျောင်းသား"လို့ ပြောခဲ့တယ်။ ဒါဟာ ကျွန်တော့်လိုကျောင်းသားတွေကို ကျွန်တော်ဟောပြောခွင့်ရစေတယ်လို့ ကျွန်တော်ထင်တယ်... ကျရှုံးသူတွေထဲမှာ ကျွန်တော်အကောင်းဆုံးလုပ်နိုင်ခဲ့လို့ပါပဲ။

But I also want to be recognized as the guy who got Steve Ballmer to drop out of business school. I’m a bad influence. That’s why I was invited to speak at your graduation. If I had spoken at your orientation, fewer of you might be here today.

ဒါပေမယ့် အားလုံးကို ကျွန်တော်အသိပေးရဦးမယ်။ ကျွန်တော့်ကြောင့် Steve Ballmer (ဆော့ဝဲလ်ကုမ္ပဏီမန်နေဂျာ)လည်း ဟားဗတ်စီးပွါးရေးကျောင်းကနေ ကျောင်းရပ်နားခဲ့တယ်။ ကျွန်တော်ဟာ သြဇာဆိုးလွှမ်းနိုင်သူဖြစ်တယ်။ ဒါကြောင့် ခင်ဗျားတို့ရဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားမှာ ဟောပြောဖို့ ကျွန်တော်ဖိတ်ကြားခံရတယ်။ တကယ်လို့ ခင်ဗျားတို့ရဲ့ကျောင်းဖွင့်ပွဲအခမ်းအနားမှာသာ ကျွန်တော်ဟောပြောခွင့်ရခဲ့ရင် ဒီကနေ့ဒီနေရာမှာ ဘွဲ့ယူမယ့်ကျောင်းသားတွေ ဒီထက်နည်းသွားနိုင်ပါမယ်။

Harvard was just a phenomenal experience for me. Academic life was fascinating. I used to sit in on lots of classes I hadn’t even signed up for. And dorm life was terrific. I lived up at Radcliffe, in Currier House. There were always lots of people in my dorm room late at night discussing things, because everyone knew I didn’t worry about getting up in the morning. That’s how I came to be the leader of the anti-social group. We clung to each other as a way of validating our rejection of all those social people.

ဟားဗတ်မှာပညာသင်ကြားခဲ့ရတဲ့ အတွေ့အကြုံက ကျွန်တော့်အတွက် ထူးခြားတဲ့အတွေ့အကြုံဖြစ်တယ်။ ကျောင်းဝင်းအတွင်းပညာရေးက အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်။ ကျွန်တော်ရွေးမထားတဲ့ဘာသာရပ်တွေကို ကျွန်တော်အမြဲ သွားနားထောင်ခဲ့တယ်။ ကျောင်းဝင်းပြင်ပနေထိုင်ရေးကလည်း အရမ်းမိုက်တယ်။ Radcliffeမှာ ကျွန်တော်လွတ်လွတ်လပ်လပ် နေချင်သလိုနေခဲ့တယ်။ ကျွန်တော့်အခန်းမှာ ညနက်သန်းခေါင်ယံအထိ ကိစ္စဝိစ္စတွေ ဆွေးနွေးကြသူတွေ မပြတ်ခဲ့ဘူး။ နောက်တစ်နေ့မနက်မှာ မနက်စောစောထဖို့ ကျွန်တော်ဘယ်တော့မှ မစဉ်းစားခဲ့ဘူးဆိုတာ သူတို့သိလို့ဖြစ်တယ်။ ဒါနဲ့ပဲ ကျွန်တော်က ကျောင်းမှာလူမှုရေးခေါင်းပါးတဲ့ ကျောင်းသားတွေရဲ့ အဖွဲ့ခေါင်းဆောင်ဖြစ်ခဲ့ရတယ်။ ကျွန်တော်တို့အတူတကွ ဖက်တွယ်နေထိုင်ကြပြီး လူမှုဆက်ဆံရေးကောင်းတဲ့ ကျောင်းသားတွေရဲ့ ဆန့်ကျင်ဘက်အလုပ်ကိုပဲ လုပ်ခဲ့ကြတယ်။

Radcliffe was a great place to live. There were more women up there, and most of the guys were science-math types. That combination offered me the best odds, if you know what I mean. This is where I learned the sad lesson that improving your odds doesn’t guarantee success.

Radcliffeက နေထိုင်လို့ကောင်းတဲ့ နေရာလေးပါ။ အဲဒီနေရာမှာ မိန်းကလေးတွေက ယောက်ျားလေးတွေထက်များတယ်။ ယောက်ျားလေးအများစုကလည်း သိပ္ပံပညာရပ်နဲ့ဆိုင်တဲ့ ကျောင်းသားတွေဖြစ်တယ်။ ဒီလိုအခြေအနေက ကျွန်တော့်အတွက် အခွင့်အရေးတွေ အများကြီးဖန်တီးပေးခဲ့တယ်။ ကျွန်တော်ပြောတာကို ခင်ဗျားတို့နားလည်ခဲ့ရင်ပေါ့။ ဒါပေမယ့် နှမြောစရာကောင်းတာက အဲဒီနေရာမှာ ဝမ်းနည်းခြင်းသင်ခန်းစာကို ကျွန်တော်သင်ယူခဲ့ရတယ်... "အခွင့်အရေးကောင်းတိုင်း သင်အောင်မြင်လိမ့်မယ်လို့ တထစ်ချပြောလို့ မရဘူး"။

One of my biggest memories of Harvard came in January 1975, when I made a call from Currier House to a company in Albuquerque that had begun making the world’s first personal computers. I offered to sell them software.

ဟားဗတ်မှာ ကျွန်တော်မေ့မရတဲ့ အကြောင်းအရာတစ်ခုက (၁၉၇၅)ခုနှစ် ဇန်နဝါရီလမှာဖြစ်ပွားခဲ့တယ်။ အဲဒီတုန်းက ကျွန်တော်အဆောင်ခန်းထဲကနေပြီး Albuquerqueမှာရှိတဲ့ ကုမ္ပဏီတစ်ခုဆီ ကျွန်တော်ဖုန်းဆက်နေခဲ့တယ်။ အဲဒီကုမ္ပဏီက ကမ္ဘာ့ပထမဦးဆုံး ကိုယ်ပိုင်ကွန်ပျူတာတစ်လုံးကို တီထွင်နေတဲ့ကုမ္ပဏီဖြစ်တယ်။ ကျွန်တော့်ဆော့ဝဲလ်တွေ သူတို့ကိုရောင်းဖို့ ကျွန်တော်စိတ်ကူးထားတယ်။

I worried that they would realize I was just a student in a dorm and hang up on me. Instead they said: "We’re not quite ready, come see us in a month," which was a good thing, because we hadn’t written the software yet. From that moment, I worked day and night on this little extra credit project that marked the end of my college education and the beginning of a remarkable journey with Microsoft.

ကျွန်တော်ဟာ အဆောင်နေကျောင်းသားတစ်ဦးဆိုတာကို သူတို့သိသွားပြီး ဖုန်းချလိုက်မှာကို ကျွန်တော်အရမ်းစိုးရိမ်ခဲ့တယ်။ ဒါပေမယ့် သူတို့က "ကျွန်တော်တို့အဆင်သင့်မဖြစ်သေးဘူး။ တစ်လနေပြီးမှ ကျွန်တော်တို့နဲ့ပြန်ဆက်သွယ်ပါ"လို့ ပြောခဲ့တယ်။ ဒါဟာ သတင်းကောင်းတစ်ခုပါ။ ဘာဖြစ်လို့လဲဆိုတော့ ဆော့ဝဲလ်ကို ကျွန်တော်တို့ရေးလို့မပြီးသေးလို့ပါပဲ။ အဲဒီအချိန်ကစပြီး ကျောင်းပြင်ပအလုပ်လေးတစ်ခုနဲ့ နေ့နေညည ကျွန်တော်အလုပ်လုပ်ခဲ့တယ်။ အဲဒီအတွက်နဲ့ ကျွန်တော်ရဲ့ကျောင်းသားဘဝကိုရပ်စဲခဲ့ပြီး ဆော့ဝဲလ်ကုမ္ပဏီဆီလှမ်းတဲ့ မညီညာတဲ့ခရီးကိုစခဲ့တယ်။

What I remember above all about Harvard was being in the midst of so much energy and intelligence. It could be exhilarating, intimidating, sometimes even discouraging, but always challenging. It was an amazing privilege – and though I left early, I was transformed by my years at Harvard, the friendships I made, and the ideas I worked on.

ဟားဗတ်နဲ့ပတ်သက်တဲ့ကျွန်တော့်အမှတ်တရတွေထဲမှာ အားအင်နဲ့အသိဉာဏ်ပညာတွေပြည့်ဝစေခဲ့တယ်။ ဟားဗတ်မှာနေထိုင်ရတဲ့ဘဝက လူတွေကိုပျော်ရွှင်စေသလို စိတ်ဖိအားတွေလည်းခံစားစေခဲ့တယ်။ တစ်ခါတလေ စိတ်ပျက်အားလျော့စေပေမယ့် စိန်ခေါ်မှုတွေ အမြဲပြည့်ဝနေခဲ့တယ်။ ဟားဗတ်မှာနေရတဲ့ဘဝက အထူးအခွင့်အရေးပဲ.... ကျွန်တော်ကစောပြီးခွဲထွက်သွားခဲ့ပေမယ့် ဒီနေရာမှာ ကျွန်တော်တွေ့ကြုံခဲ့ရတဲ့အတွေ့အကြုံ၊ ခင်မင်ရင်းနှီးခဲ့တဲ့ မိတ်ဆွေသူငယ်ချင်း၊ ဒီနေရာမှာ တွေးတောကြံဆခဲ့တာတွေက ကျွန်တော့်ကိုလုံးဝပြောင်းလဲစေခဲ့တယ်။

But taking a serious look back … I do have one big regret.

ဒါပေမယ့် အခုချိန်မှာ အတိတ်ကိုသေချာပြန်စဉ်းစားကြည့်လိုက်ရင် ကျွန်တော့်ကို နောင်တကြီးကြီးမားမား ရစေတဲ့ အရာတစ်ခုရှိခဲ့တယ်။

I left Harvard with no real awareness of the awful inequities in the world – the appalling disparities of health, and wealth, and opportunity that condemn millions of people to lives of despair.

ဟားဗတ်ကို ကျွန်တော်ခွဲထွက်ခဲ့တုန်းက ဒီလောကကြီး လုံးဝမတရားဘူးဆိုတာကို ကျွန်တော်မသိခဲ့ဘူး။ လူတွေရဲ့ကျန်းမာရေး၊ ကြွယ်ဝချမ်းသာမှုနဲ့ အခွင့်အရေးတွေရဲ့မညီမျှခြင်းက ကြောက်ခမန်းလိလိပါပဲ။ အဲဒီအရာတွေက လူတော်တော်များများကို မျှော်လင့်ချက်မဲ့တဲ့ ဘဝရောက်အောင် တွန်းပို့နိုင်ခဲ့တယ်။

I learned a lot here at Harvard about new ideas in economics and politics. I got great exposure to the advances being made in the sciences.

ဟားဗတ်မှာ စီးပွားရေးဆိုင်ရာ၊ နိုင်ငံရေးဆိုင်ရာအတွေးအခေါ်တွေ ကျွန်တော်အများကြီးသင်ယူခဲ့တယ်။ သိပ္ပံနည်းပညာရဲ့ဖွံ့ဖြိုးတိုးတက်မှု တော်တော်များများကိုလည်း ကျွန်တော်နားလည်ခဲ့တယ်။

But humanity’s greatest advances are not in its discoveries – but in how those discoveries are applied to reduce inequity. Whether through democracy, strong public education, quality health care, or broad economic opportunity – reducing inequity is the highest human achievement.

ဒါပေမယ့် လူသားတွေရဲ့အကြီးမားဆုံးတိုးတက်မှုက ဒီပညာရပ်တွေကိုရှာဖွေနိုင်ခဲ့လို့မဟုတ်ဘူး။ ဒီအရာတွေက လူသားတွေရဲ့မညီမျှမှုတွေကို လျော့နည်းအောင် အကူအညီပေးနိုင်လို့ဖြစ်တယ်။ ဘယ်လိုနည်းမျိုးဖြစ်ဖြစ် -- ဒီမိုကရေစီနိုင်ငံ၊ ပြည့်ဝတဲ့ပညာရေး၊ အရည်အချင်းစစ်မီတဲ့ကျန်းမာရေး၊ ပြီးတော့ ဖွံ့ဖြိုးတိုးတက်တဲ့စီးပွားရေးအခွင့်အရေး စတာတွေက မညီမျှမှုတွေကို လျော့နည်းစေတဲ့ လူသားတွေရဲ့အောင်မြင်မှုတစ်ရပ်ဖြစ်တယ်။

I left campus knowing little about the millions of young people cheated out of educational opportunities here in this country. And I knew nothing about the millions of people living in unspeakable poverty and disease in developing countries.

ကျောင်းဝင်းကနေ ကျွန်တော်ခွဲထွက်ခဲ့တဲ့အချိန် ဒီနိုင်ငံမှာ ပညာသင်ဖို့အခွင့်အလမ်းနည်းတဲ့လူငယ်တွေ သန်းပေါင်းများစွာ ရှိနေတယ်ဆိုတာကို ကျွန်တော်လုံးဝမသိခဲ့ဘူး။ ဖွံ့ဖြိုးတိုးတက်ဆဲနိုင်ငံတွေမှာ လူတွေဟာ ထုတ်ဖော်ပြောမပြနိုင်တဲ့ ဆင်းရဲမွဲတေမှုနဲ့ ရောဂါဘယတွေကြားမှာ ရှင်သန်နေရတယ်ဆိုတာကိုလည်း ကျွန်တော်မသိခဲ့ဘူး။

It took me decades to find out.

ဆယ်စုနှစ်ကြာမှ ဒီအရာတွေကို ကျွန်တော်သိရှိနားလည်ခဲ့ရတယ်။

----------

ကြိုးစားပြီး ဘာသာပြန်ခဲ့ပါတယ်... ကျွန်မက ကျွန်မပိုကျွမ်းကျင်တဲ့ တရုတ်ဘာသာကနေ ဘာသာပြန်ထားတာဖြစ်ပါတယ်။ ဘာသာပြန် အမှားအယွင်းများရှိခဲ့ရင် အချိန်မရွေး ထောက်ပြဝေဖန် အမှန်ပြုပြင်ပေးပါလို့ တောင်းဆိုပါတယ်။ ကျေးဇူး...

နိုင်းနိုင်းစနေ

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။