သင့်အတွက် ဂုဏ်သိက္ခာ
--------
ဆောင်းပါးရှင် - ဒေါက်တာခင်မောင်ညို
--------
“ဂုဏ်သိက္ခာဆိုတာ ကိုယ်တိုင် တည်ဆောက်ရတယ်။ ဘယ်သူကမှ လာလုပ်ပေးလို့ မရဘူး။ ဒါကို ပတ်ဝန်းကျင်က အသိအမှတ်ပြုလာတယ်။ ပြည်သူ က အသိအမှတ်ပြုလာရင် အကောင်းဆုံးပဲ”
ကျွန်တော့်ဆရာက ခေါင်းဆောင်နဲ့ပတ် သက်ပြီး ပြောဖူးတာပါ။ ကျွန်တော်တို့ ငယ်ငယ် က နိုင်ငံရေးနဲ့ ပတ်သက်ပြီး ပြောကြဆို ကြတာတွေကို ကြားရပါတယ်။ လွတ်လပ်ရေး ရပြီးကာစမှာ လူတိုင်း တက်ကြွနေတယ်။ လူတစ်ကိုယ် တိုက်တစ်လုံး ကားတစ်စီး ဝင်ငွေ တစ်လ ရှစ်ရာကို မျှော်လင့်နေကြတယ်။ အဲဒီ အချိန်က လူဦးရေကလည်း ၁၇ သန်းပဲ ရှိသေးတယ်။ ဘတ်ဂျက်ကလည်း ပိုငွေတွေပြတယ်။ ပြည်သူတွေကို နှစ်စဉ် အမြဲ ထုတ်ပြန် ကြေညာတယ်။
ကျွန်တော်တို့ လူငယ်တွေ ဘာလုပ်ရမလဲ။ ဘာရယ်မဟုတ်ပါဘူး။ လူထု အစည်းအဝေးပွဲ လို့ခေါ်တဲ့ ဟောပြောပွဲတွေကို သွားကြည့်ကြတယ်။ နားထောင်ကြတယ်။ နိုင်ငံရေး မဲဆွယ် တရားပွဲတွေလည်း သွားကြပါတယ်။ မဲဆွယ် တရားပွဲကျတော့ ဟောပြော ပွဲတွေနဲ့ မတူ ဘူး။ ဟောပြောသူဟာ တစ်ဖက် က (သူနဲ့မဲ ပြိုင်ဘက်) အကြောင်းကို အားမနာ လျှာမကျိုးပြောလေ့ရှိတယ်။
လူတွေက သဘောကျတယ်။ လက်ခုပ် တဖျောင်းဖျောင်းတီးကြတယ်။ လက်ခုပ်တီး တဲ့အထဲ ကျွန်တော်လည်း ပါခဲ့တာပါပဲ။ ဒါပေမဲ့ ကျွန်တော် အချက်နှစ်ချက် စဉ်းစားမိတယ်။ ပထမ အချက်က သူရဲ့အပြစ်တွေ ငယ်ကျိုး ငယ်နာတွေကိုပြောတာ တမင်သက်သက် ဂုဏ်သိက္ခာ ကျအောင်ပြောတာပဲ။ ဒါမျိုးဟာ လူသားအချင်းချင်းသိက္ခာကျအော င် မလုပ်သင့်ဘူးဆိုပြီး ကျွန်တော် သဘောမကျ ခဲ့ဘူး။ နောက်ကြီးလာတော့ လူသားအချင်းချင်း သိက္ခာ ကျအောင် ပြောဆိုခြင်း၊ ပြုမူခြင်း (Dehumanization) ဟာ လူ့အခွင့်အရေးကို ချိုးဖောက်တာနဲ့ ဆိုင်လေမလားလို့ စဉ်းစားလာတယ်။
နောက် ကျွန်တော်သတိထားမိတာက မိမိလုပ်တဲ့အရိပ်ဟာ မိမိနောက်က လိုက်တယ် ဆိုတာ ပါပဲ။ မကောင်းတာ လုပ်ထားမိတဲ့လူဟာ သူရဲ့မကောင်းကြောင်း ကို ရှေ့မှာဖြစ်ဖြစ် နောက်ကွယ် မှာဖြစ်ဖြစ် တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်မျိုးပြောကြမှာပါပဲ။ နာမည်ကြီးလာလို့ သိက္ခာချခံရတဲ့ လူတွေက လွဲရင် အများစုကို သိက္ခာနဲ့ပတ်သက်ပြီး လေ့လာတဲ့အခါ ဘယ်လိုဖြစ်ဖြစ် သူတို့ရဲ့ သိက္ခာဟာ သူတို့ရဲ့ လုပ်ရပ်ပေါ်တည်နေတယ် ဆိုတာကို သဘောပေါက်တယ်။ ဒါကြောင့် ငယ်ငယ် ကတည်း က မမှန်မကန်တာကို မလုပ် ဆုံးဖြတ်ခဲ့ ပါတယ်။ လူငယ်ဘာဝ မိမိ တတ်သလောက် မှတ်သလောက် အမှားအမှန် ကိုတော့ ဆင်ခြင်ပါတယ်။
ဒါကြောင့်လည်း အတန်းထဲမှာ ဂုဏ်သိက္ခာ နဲ့ပတ်သက်ပြီး ဆရာပြောတာတွေ ဘုန်းတော်ကြီးကျောင်းတွေမှာ ဆရာတော်တွေရဲ့ ဆိုဆုံးမတာတွေကို မှတ်သားမိခဲ့တယ်။
ယနေ့ခေတ်မှာတော့ မြန်မာပြည်သူပြည်သားတွေရဲ့ သိက္ခာနဲ့ပတ်သက်တဲ့ စံချိန်စံညွှန်း (Norm) ကို ကျွန်တော်တို့ စဉ်းစားနေကြတယ်ဆိုတာ သိကြမှာ ပါပဲ။ မြန်မာတွေ ရဲ့ ကိုယ်ကျင့် သိက္ခာနဲ့ပတ်သက်ပြီး ဆောင်ရန်ရှောင်ရန်တွေ ဟာ ရှေးတည်းကရှိပါတယ်။ ဒါကို သီလ လို့ခေါ်တယ်။ ကျွန်တော်တို့ဟာ ငါးပါး သီလကို စောင့်ထိန်းဖို့ လိုတယ်လို့ ဆိုတယ်။ သီလ ငါးပါးမှာ သူတစ်ပါးဥစ္စာကို ခိုးခြင်း၊ လိမ်ခြင်း၊ သူ့အသက်သတ်ခြင်း၊ အရက်သေစာ သောက် သုံးခြင်း၊ သူများသား မယားကို ပြစ်မှားခြင်းဆိုတဲ့ အချက် ၅ ချက် ပါဝင်တယ်။
ဒီအချက် ၅ ချက်ရှောင်တဲ့လူဟာ သူ တော်ကောင်းပါ။ အချက်တစ်ချက်ပဲ ရှောင်စရာ လိုတယ် ဆိုရင်တော့ သာမာန်လူတွေအ တွက် "သူများ သားမယား ကို ပြစ်မှားခြင်း" ဆိုတဲ့ အချက်ကို ရှောင်ဖို့ မခက်ခဲကြ ပါဘူး။ နောက်တစ်ချက် ကိုရှောင်မှဖြစ်မယ်ဆိုရင်တော့ သူ့အသက်သတ်ခြင်း ကို ရှောင်နိုင်ပါတယ်။ ပြီးတော့ "အရက်သေစာသောက်သုံးခြင်း" ဟာလည်း ရှောင်ရတာ မခက်ဘူး။
လိမ်တာ ကရော။ ကျွန်တော်တို့က ဖြူစင်သော လိမ် ခြင်း၊ ဒါမှမဟုတ် တစ်ဖက်သား ရဲ့အကျိုးကို မထိခိုက်စေသော လိမ်ခြင်းကို ပြုလုပ်နိုင် တယ်လို့ ဆိုတယ်။ ဒီယူဆချက်က မမှန်ပါဘူး။ လိမ် တာဟာ လိမ်တာပဲလို့ ကျွန်တော် သတ်မှတ်တယ်။ အထူးသဖြင့် ခေါင်းဆောင်ဖြစ် လာရင် သူတို့စကားဟာ အရေးကြီးတယ်။
ဒီတော့ သူတို့ဟာ ပေးထားတဲ့ကတိတွေ တည်ရတယ်။ ကတိမတည်တာ လိမ်ခြင်း ထဲမှာ ပါတယ်လို့ ကျွန်တော်ယူဆတယ်။ အ ချို့သူတွေကတော့ "ငွေမရှိကတိမတည်ဓ လို့ ပြောတယ်။ အမှန်တော့ ပညာမရှိလို့ ကတိ မတည် တာပါပဲ။ မပေးနိုင်တဲ့ ကတိကို မပေး ရပါဘူး။ ဒီတော့ မလိမ်ရတော့ဘူးပေါ့။
ဥပမာ ရူပဗေဒပညာရှင်ကြီး အိုင်းစတိုင်း ဟာ သူ့ကို အစ္စရေးနိုင်ငံ သမ္မတ လုပ်ဖို့ ကမ်းလှမ်းတာပဲ။ သူဟာ အစ္စရေးနိုင်ငံရဲ့ တာဝန်ကို မယူနိုင်ဘူး။ ကတိလည်း မပေးနိုင်ဘူး။ (သမ္မတဟာ ကျမ်းသစ္စာကျိန်ဆိုရတယ်) ရူပဗေဒ ပညာရပ်ကို ဇောက်ချပြီး တစိုက်မတ်မတ် လုပ်ဆောင်ဖို့ သူဆုံးဖြတ်ခဲ့တယ် ။
ခေါင်း ဆောင်တွေနဲ့ပတ်သက်ပြီး ကတိကဝတ်တွေ ဟာ သံခင်း တမန်ခင်းတွေ နဲ့ သက်ဆိုင်နေတော့ သိက္ခာနဲ့ပတ်သက်ပြီး အများကြီးတော့ မထိခိုက်ပါဘူး။ ဒါပေမဲ့ ဒီလို ကတိမတည်ရင်တော့ ပြည်သူတွေရဲ့ ယုံကြည်မှုနည်း လာမှာ ဖြစ် တယ်။
နောက်ဆုံးတစ်ခုကတော့ ခိုးခြင်းပါပဲ။ ဒါ ကို မြန်မာတွေက ပါဠိလို ပိုနားလည် တယ်။ အဒိန္နဒါနာကံလို့ဆိုတယ်။ ( ငါးပါးသီလဆို တာ ကံငါးပါးစောင့်ထိန်း တာပါ ) ဗုဒ္ဓဘာသာ ဝင်တွေအတွက် ခိုးခြင်းဆိုတာ အထူးအရေး ကြီးတယ်။ ရဟန်းတွေ အတွက် ပါရာဇိကကံ ဆိုတာရှိတယ်။ အဲဒါက ရဟန်းအဖြစ် က ရွေ့ လျောခြင်းပေါ့။ ရဟန်းက အထူးထူးစောင့် ထိန်းမှုလုပ်ရတယ်။ ၂၇၀ သော သိက္ခာပုဒ် ကို စောင့်ထိန်းရတယ်။
ဒီတော့ ငါးပါးသီလနဲ့ပတ်သက်ပြီးပြော ရရင် ရဟန်းဟာ (လိမ်ပြောခြင်း၊ အရက်သေ စာသောက်သုံးခြင်း၊ သူ့အသက်သတ်ခြင်း) တို့ကြောင့် ရဟန်း ဘ၀မှ လျောမကျဘူး။ မေ ထုံမှီဝဲတာနဲ့ ခိုးတာနှစ်ခုသာ ပါရာဇိက ကံ ဖြစ်လာ တယ်။ ရဟန်းတွေဟာ မေထုံမှီဝဲခြင်း ပြုလို့မရတော့ ဒီ(ကာမေသုမိစ္ဆာ)ကံကို ကျူး လွန်လို့ကတော့ ရဟန်းအဖြစ် ရွေ့လျောစေ တာ အသေအချာပဲပေါ့။ ဒါပေမဲ့ ကျန်တဲ့သုံး ခု ခိုးခြင်း (တစ်မတ်ထက်တန်ဖိုးရှိတဲ့ ပစ္စည်း တစ်စုံတစ်ရာ)ကို ခိုးမယ်ဆိုရင် ဒါမှမဟုတ် ပိုင်ရှင်ရှာမတွေ့အောင် နေရာရွှေ့ထားရင် သူ ရဟန်း ဘ၀က လျောကျသွားပါတယ်။ ဒီတော့ ခိုးမှုဆိုတာ အင်မတန် အရေးကြီးတယ် လို့ သိ နိုင်ပါတယ်။ ကျွန်တော်တို့ လူသားတွေရဲ့တိုး တက်မှုဟာ ကိုယ်ရဲ့ ဉာဏ်စွမ်းအသုံးချနိုင်ခွင့် ဟာ အရေးပါလှတယ်။ ကိုယ်ရှာတာကို ကိုယ် ခံစားရတဲ့ အခွင့်အရေးကိုရမှ တိုးတက်တယ်။ ဒါပေမဲ့ လူတွေဟာ တစ်ကိုယ်ကောင်းဆန် လေ့မရှိပါဘူး။ ကိုယ်ရတော့လည်း မျှပေး တာပါပဲ။
ဒါပေမဲ့ တစ်စုံတစ်ရာမရဘဲ မကြိုးစား ချင်ဘူး။ မလုပ်လည်း ဒီလခ၊ လုပ်လည်းဒီ လခပဲဆိုတော့ ရုံးကိုလာပြီး အိပ်နေကြသူတွေ အများကြီးပဲ။ မဆလ လက်ထက်ကို ကြည့်ပါ။ ရုံးတိုင်း ရုံးတိုင်းမှာ အလုပ်မလုပ်ပဲနေကြ တယ်။ သူတို့ဟာ ပုဒ်မလေးဆိုတဲ့အတိုင်း ပေးမှလုပ်တယ်။ ဒါပေမဲ့ တစ်စုံတစ်ခု ရရင် တော့ ရုံးပိတ်ရက်မှာလည်း ကြိုးစားလုပ်ကြ တယ်။ အရင်ခေတ်က စာပေစိစစ်ရုံးကိုကြည့် ပါ။ သူတို့ဟာ အလုပ်လာရက်မှန်တဲ့အပြင် စနေ၊ တနင်္ဂနွေတောင် အလုပ်လာလုပ်လေ့ ရှိကြတယ်။ ဒါမှမဟုတ် ကမ်းနားဆင်း ခွင့်ရ တဲ့ ကပ်စတန်(အကောက်ခွန်) ဝန်ထမ်းတွေ ကို ကြည့်ပါ။ သူတို့ဟာ စနေ၊ တနင်္ဂနွေ လည်း ရုံးတက်ကြတယ်။
အလုပ်လုပ်သူတွေအတွက် အထူးတ လည် အလေးမထားတာကြောင့် ကွန်မြူနစ် စနစ်ဟာ တိုးတက်မှုနည်းခဲ့ပါတယ်။ ဒီတော့ ဆက်ပြီးစဉ်းစားကြည့် ရင် မိမိပိုင်ပစ္စည်းကို အခိုးခံနေရရင် အလုပ်လုပ်ချင်စိတ်ရှိပါ့မလား။ အစိုးရတွေက ပုဂ္ဂလိကပိုင်ပစ္စည်းတွေကို ဥပ ဒေအရ တိတိကျကျ အကာအကွယ်ပေးတဲ့ အမေရိကန်လို နိုင်ငံတွေ၊ စင်ကာပူလိုနိုင်ငံ တွေဟာ တိုးတက်တာပါပဲ။
ဒီတော့ လူတွေဟာ ခိုးလို့မရပါဘူး။ ခိုး တဲ့ထဲမှာ မတရား သိမ်းပိုက်တာတွေ ပါတယ်။ လာဘ်ယူတာတွေ အကျင့်ပျက်တာတွေ ပါ တယ်။ ဒီလူတွေကို ကာကွယ်စောင့်ရှောက် နေရင် တိုင်းပြည်ကြီးဟာ ချွတ်ခြုံကျသွားမှာ အသေအချာ ပါပဲ။ ဒီလိုခိုးတဲ့ သူတွေကိုအား ပေးအားမြှောက်ပေးသလို မဖြစ်အောင် လုပ်ဖို့ လိုတယ်။ အခွင့်အာဏာနဲ့ ရသမျှ အိပ်ထဲမ ထည့်ဖို့လိုတယ်။
နိဂုံး
အထူးသဖြင့် အုပ်ချုပ်ရေးကို ဆောင်ရွက် နေတဲ့အစိုးရဟာ ပွင့်လင်းမြင်သာဖို့ လိုတယ်။ သူတို့ သုံးနေတဲ့ပိုက် ဆံတွေအားလုံးဟာ ပြည်သူတွေရဲ့ပိုက်ဆံပါ။ သူ ဘယ်လိုသုံးတယ်၊ ဘာတွေလုပ်တယ်ဆိုတာ ပြည်သူ ကသိသင့်ပါတယ်။ ဒါကို Transparency လို့ခေါ်တယ်။ အစိုးရတွေဝန်ထမ်းတွေ ဘာကိုသုံးနေကြ လဲ။ မော်တော်ကားကအစ၊ လွှတ်တော်အဆောက်အဦ လမ်းတံတားတွေ၊ ဝန်ထမ်းတွေ သူတို့သုံးနေတာအားလုံး ပြည်သူတွေရဲ့ပစ္စည်း ပါ။ သူတို့မှာ လုပ်ပိုင်ခွင့် အခွင့်အာဏာသာ ရှိတာပါ။ ဒါလည်း ပြည်သူက အပ်နှင်းထား တာပါ။ နိုင်ငံကို တည်ဆောက်နေတဲ့ခေါင်း ဆောင်တွေအတွက် လုပ်ရ ကိုင်ရ လွယ်အောင် လို့ သူတို့ကို ကိုယ်စားလှယ်ခန့်ထားတာပါ။ အစိုးရတွေ ဟာ ပြည်သူ့ကိုယ်စားလှယ်ပါ။ ဝန်ထမ်းတွေဟာလည်း ပြည်သူ့ကို အလုပ် အကျွေးပြုဖို့ ပြည်သူက ခန့်ထားတာပါ။ ပြည် သူက အားကိုးထိုက်တဲ့ လူတွေဖြစ်ဖို့ လိုတယ်။ ပွင့်လင်းမြင်သာပြီး သိက္ခာနဲ့ဆောင်ရွက်သူတွေ ဖြစ်ဖို့ လိုတယ်။ ပြည်သူတွေယုံကြည်မှ သာယာဖွံ့ဖြိုးမှာပါ။
သိက္ခာရှိရှိ ဆောင်ရွက်သူတွေ ကို ပြည်သူကလေးစားပါတယ်။ ဆင်ခြင် စဉ်းစားပြီး ပြည်သူကို ငဲ့ညှာကြဖို့ပါ။ သင့်အတွက် ဂုဏ်သိက္ခာရှိလာမယ်။ ဒီမိုကရေစီကို ပြည်သူတွေမျှော်နေကြပါတယ်။
ဒေါက်တာခင်မောင်ညို
--------
ဆောင်းပါးရှင် - ဒေါက်တာခင်မောင်ညို
--------
“ဂုဏ်သိက္ခာဆိုတာ ကိုယ်တိုင် တည်ဆောက်ရတယ်။ ဘယ်သူကမှ လာလုပ်ပေးလို့ မရဘူး။ ဒါကို ပတ်ဝန်းကျင်က အသိအမှတ်ပြုလာတယ်။ ပြည်သူ က အသိအမှတ်ပြုလာရင် အကောင်းဆုံးပဲ”
ကျွန်တော့်ဆရာက ခေါင်းဆောင်နဲ့ပတ် သက်ပြီး ပြောဖူးတာပါ။ ကျွန်တော်တို့ ငယ်ငယ် က နိုင်ငံရေးနဲ့ ပတ်သက်ပြီး ပြောကြဆို ကြတာတွေကို ကြားရပါတယ်။ လွတ်လပ်ရေး ရပြီးကာစမှာ လူတိုင်း တက်ကြွနေတယ်။ လူတစ်ကိုယ် တိုက်တစ်လုံး ကားတစ်စီး ဝင်ငွေ တစ်လ ရှစ်ရာကို မျှော်လင့်နေကြတယ်။ အဲဒီ အချိန်က လူဦးရေကလည်း ၁၇ သန်းပဲ ရှိသေးတယ်။ ဘတ်ဂျက်ကလည်း ပိုငွေတွေပြတယ်။ ပြည်သူတွေကို နှစ်စဉ် အမြဲ ထုတ်ပြန် ကြေညာတယ်။
ကျွန်တော်တို့ လူငယ်တွေ ဘာလုပ်ရမလဲ။ ဘာရယ်မဟုတ်ပါဘူး။ လူထု အစည်းအဝေးပွဲ လို့ခေါ်တဲ့ ဟောပြောပွဲတွေကို သွားကြည့်ကြတယ်။ နားထောင်ကြတယ်။ နိုင်ငံရေး မဲဆွယ် တရားပွဲတွေလည်း သွားကြပါတယ်။ မဲဆွယ် တရားပွဲကျတော့ ဟောပြော ပွဲတွေနဲ့ မတူ ဘူး။ ဟောပြောသူဟာ တစ်ဖက် က (သူနဲ့မဲ ပြိုင်ဘက်) အကြောင်းကို အားမနာ လျှာမကျိုးပြောလေ့ရှိတယ်။
လူတွေက သဘောကျတယ်။ လက်ခုပ် တဖျောင်းဖျောင်းတီးကြတယ်။ လက်ခုပ်တီး တဲ့အထဲ ကျွန်တော်လည်း ပါခဲ့တာပါပဲ။ ဒါပေမဲ့ ကျွန်တော် အချက်နှစ်ချက် စဉ်းစားမိတယ်။ ပထမ အချက်က သူရဲ့အပြစ်တွေ ငယ်ကျိုး ငယ်နာတွေကိုပြောတာ တမင်သက်သက် ဂုဏ်သိက္ခာ ကျအောင်ပြောတာပဲ။ ဒါမျိုးဟာ လူသားအချင်းချင်းသိက္ခာကျအော
နောက် ကျွန်တော်သတိထားမိတာက မိမိလုပ်တဲ့အရိပ်ဟာ မိမိနောက်က လိုက်တယ် ဆိုတာ ပါပဲ။ မကောင်းတာ လုပ်ထားမိတဲ့လူဟာ သူရဲ့မကောင်းကြောင်း ကို ရှေ့မှာဖြစ်ဖြစ် နောက်ကွယ် မှာဖြစ်ဖြစ် တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်မျိုးပြောကြမှာပ
ဒါကြောင့်လည်း အတန်းထဲမှာ ဂုဏ်သိက္ခာ နဲ့ပတ်သက်ပြီး ဆရာပြောတာတွေ ဘုန်းတော်ကြီးကျောင်းတွေမှာ
ယနေ့ခေတ်မှာတော့ မြန်မာပြည်သူပြည်သားတွေရဲ့ သိက္ခာနဲ့ပတ်သက်တဲ့ စံချိန်စံညွှန်း (Norm) ကို ကျွန်တော်တို့ စဉ်းစားနေကြတယ်ဆိုတာ သိကြမှာ ပါပဲ။ မြန်မာတွေ ရဲ့ ကိုယ်ကျင့် သိက္ခာနဲ့ပတ်သက်ပြီး ဆောင်ရန်ရှောင်ရန်တွေ ဟာ ရှေးတည်းကရှိပါတယ်။ ဒါကို သီလ လို့ခေါ်တယ်။ ကျွန်တော်တို့ဟာ ငါးပါး သီလကို စောင့်ထိန်းဖို့ လိုတယ်လို့ ဆိုတယ်။ သီလ ငါးပါးမှာ သူတစ်ပါးဥစ္စာကို ခိုးခြင်း၊ လိမ်ခြင်း၊ သူ့အသက်သတ်ခြင်း၊ အရက်သေစာ သောက် သုံးခြင်း၊ သူများသား မယားကို ပြစ်မှားခြင်းဆိုတဲ့ အချက် ၅ ချက် ပါဝင်တယ်။
ဒီအချက် ၅ ချက်ရှောင်တဲ့လူဟာ သူ တော်ကောင်းပါ။ အချက်တစ်ချက်ပဲ ရှောင်စရာ လိုတယ် ဆိုရင်တော့ သာမာန်လူတွေအ တွက် "သူများ သားမယား ကို ပြစ်မှားခြင်း" ဆိုတဲ့ အချက်ကို ရှောင်ဖို့ မခက်ခဲကြ ပါဘူး။ နောက်တစ်ချက် ကိုရှောင်မှဖြစ်မယ်ဆိုရင်တေ
လိမ်တာ ကရော။ ကျွန်တော်တို့က ဖြူစင်သော လိမ် ခြင်း၊ ဒါမှမဟုတ် တစ်ဖက်သား ရဲ့အကျိုးကို မထိခိုက်စေသော လိမ်ခြင်းကို ပြုလုပ်နိုင် တယ်လို့ ဆိုတယ်။ ဒီယူဆချက်က မမှန်ပါဘူး။ လိမ် တာဟာ လိမ်တာပဲလို့ ကျွန်တော် သတ်မှတ်တယ်။ အထူးသဖြင့် ခေါင်းဆောင်ဖြစ် လာရင် သူတို့စကားဟာ အရေးကြီးတယ်။
ဒီတော့ သူတို့ဟာ ပေးထားတဲ့ကတိတွေ တည်ရတယ်။ ကတိမတည်တာ လိမ်ခြင်း ထဲမှာ ပါတယ်လို့ ကျွန်တော်ယူဆတယ်။ အ ချို့သူတွေကတော့ "ငွေမရှိကတိမတည်ဓ လို့ ပြောတယ်။ အမှန်တော့ ပညာမရှိလို့ ကတိ မတည် တာပါပဲ။ မပေးနိုင်တဲ့ ကတိကို မပေး ရပါဘူး။ ဒီတော့ မလိမ်ရတော့ဘူးပေါ့။
ဥပမာ ရူပဗေဒပညာရှင်ကြီး အိုင်းစတိုင်း ဟာ သူ့ကို အစ္စရေးနိုင်ငံ သမ္မတ လုပ်ဖို့ ကမ်းလှမ်းတာပဲ။ သူဟာ အစ္စရေးနိုင်ငံရဲ့ တာဝန်ကို မယူနိုင်ဘူး။ ကတိလည်း မပေးနိုင်ဘူး။ (သမ္မတဟာ ကျမ်းသစ္စာကျိန်ဆိုရတယ်) ရူပဗေဒ ပညာရပ်ကို ဇောက်ချပြီး တစိုက်မတ်မတ် လုပ်ဆောင်ဖို့ သူဆုံးဖြတ်ခဲ့တယ် ။
ခေါင်း ဆောင်တွေနဲ့ပတ်သက်ပြီး ကတိကဝတ်တွေ ဟာ သံခင်း တမန်ခင်းတွေ နဲ့ သက်ဆိုင်နေတော့ သိက္ခာနဲ့ပတ်သက်ပြီး အများကြီးတော့ မထိခိုက်ပါဘူး။ ဒါပေမဲ့ ဒီလို ကတိမတည်ရင်တော့ ပြည်သူတွေရဲ့ ယုံကြည်မှုနည်း လာမှာ ဖြစ် တယ်။
နောက်ဆုံးတစ်ခုကတော့ ခိုးခြင်းပါပဲ။ ဒါ ကို မြန်မာတွေက ပါဠိလို ပိုနားလည် တယ်။ အဒိန္နဒါနာကံလို့ဆိုတယ်။ ( ငါးပါးသီလဆို တာ ကံငါးပါးစောင့်ထိန်း တာပါ ) ဗုဒ္ဓဘာသာ ဝင်တွေအတွက် ခိုးခြင်းဆိုတာ အထူးအရေး ကြီးတယ်။ ရဟန်းတွေ အတွက် ပါရာဇိကကံ ဆိုတာရှိတယ်။ အဲဒါက ရဟန်းအဖြစ် က ရွေ့ လျောခြင်းပေါ့။ ရဟန်းက အထူးထူးစောင့် ထိန်းမှုလုပ်ရတယ်။ ၂၇၀ သော သိက္ခာပုဒ် ကို စောင့်ထိန်းရတယ်။
ဒီတော့ ငါးပါးသီလနဲ့ပတ်သက်ပြီးပြော
ဒါပေမဲ့ တစ်စုံတစ်ရာမရဘဲ မကြိုးစား ချင်ဘူး။ မလုပ်လည်း ဒီလခ၊ လုပ်လည်းဒီ လခပဲဆိုတော့ ရုံးကိုလာပြီး အိပ်နေကြသူတွေ အများကြီးပဲ။ မဆလ လက်ထက်ကို ကြည့်ပါ။ ရုံးတိုင်း ရုံးတိုင်းမှာ အလုပ်မလုပ်ပဲနေကြ တယ်။ သူတို့ဟာ ပုဒ်မလေးဆိုတဲ့အတိုင်း ပေးမှလုပ်တယ်။ ဒါပေမဲ့ တစ်စုံတစ်ခု ရရင် တော့ ရုံးပိတ်ရက်မှာလည်း ကြိုးစားလုပ်ကြ တယ်။ အရင်ခေတ်က စာပေစိစစ်ရုံးကိုကြည့် ပါ။ သူတို့ဟာ အလုပ်လာရက်မှန်တဲ့အပြင် စနေ၊ တနင်္ဂနွေတောင် အလုပ်လာလုပ်လေ့ ရှိကြတယ်။ ဒါမှမဟုတ် ကမ်းနားဆင်း ခွင့်ရ တဲ့ ကပ်စတန်(အကောက်ခွန်) ဝန်ထမ်းတွေ ကို ကြည့်ပါ။ သူတို့ဟာ စနေ၊ တနင်္ဂနွေ လည်း ရုံးတက်ကြတယ်။
အလုပ်လုပ်သူတွေအတွက် အထူးတ လည် အလေးမထားတာကြောင့် ကွန်မြူနစ် စနစ်ဟာ တိုးတက်မှုနည်းခဲ့ပါတယ်။ ဒီတော့ ဆက်ပြီးစဉ်းစားကြည့် ရင် မိမိပိုင်ပစ္စည်းကို အခိုးခံနေရရင် အလုပ်လုပ်ချင်စိတ်ရှိပါ့မလာ
ဒီတော့ လူတွေဟာ ခိုးလို့မရပါဘူး။ ခိုး တဲ့ထဲမှာ မတရား သိမ်းပိုက်တာတွေ ပါတယ်။ လာဘ်ယူတာတွေ အကျင့်ပျက်တာတွေ ပါ တယ်။ ဒီလူတွေကို ကာကွယ်စောင့်ရှောက် နေရင် တိုင်းပြည်ကြီးဟာ ချွတ်ခြုံကျသွားမှာ အသေအချာ ပါပဲ။ ဒီလိုခိုးတဲ့ သူတွေကိုအား ပေးအားမြှောက်ပေးသလို မဖြစ်အောင် လုပ်ဖို့ လိုတယ်။ အခွင့်အာဏာနဲ့ ရသမျှ အိပ်ထဲမ ထည့်ဖို့လိုတယ်။
နိဂုံး
အထူးသဖြင့် အုပ်ချုပ်ရေးကို ဆောင်ရွက် နေတဲ့အစိုးရဟာ ပွင့်လင်းမြင်သာဖို့ လိုတယ်။ သူတို့ သုံးနေတဲ့ပိုက် ဆံတွေအားလုံးဟာ ပြည်သူတွေရဲ့ပိုက်ဆံပါ။ သူ ဘယ်လိုသုံးတယ်၊ ဘာတွေလုပ်တယ်ဆိုတာ ပြည်သူ ကသိသင့်ပါတယ်။ ဒါကို Transparency လို့ခေါ်တယ်။ အစိုးရတွေဝန်ထမ်းတွေ ဘာကိုသုံးနေကြ လဲ။ မော်တော်ကားကအစ၊ လွှတ်တော်အဆောက်အဦ လမ်းတံတားတွေ၊ ဝန်ထမ်းတွေ သူတို့သုံးနေတာအားလုံး ပြည်သူတွေရဲ့ပစ္စည်း ပါ။ သူတို့မှာ လုပ်ပိုင်ခွင့် အခွင့်အာဏာသာ ရှိတာပါ။ ဒါလည်း ပြည်သူက အပ်နှင်းထား တာပါ။ နိုင်ငံကို တည်ဆောက်နေတဲ့ခေါင်း ဆောင်တွေအတွက် လုပ်ရ ကိုင်ရ လွယ်အောင် လို့ သူတို့ကို ကိုယ်စားလှယ်ခန့်ထားတာပါ။ အစိုးရတွေ ဟာ ပြည်သူ့ကိုယ်စားလှယ်ပါ။ ဝန်ထမ်းတွေဟာလည်း ပြည်သူ့ကို အလုပ် အကျွေးပြုဖို့ ပြည်သူက ခန့်ထားတာပါ။ ပြည် သူက အားကိုးထိုက်တဲ့ လူတွေဖြစ်ဖို့ လိုတယ်။ ပွင့်လင်းမြင်သာပြီး သိက္ခာနဲ့ဆောင်ရွက်သူတွေ ဖြစ်ဖို့ လိုတယ်။ ပြည်သူတွေယုံကြည်မှ သာယာဖွံ့ဖြိုးမှာပါ။
သိက္ခာရှိရှိ ဆောင်ရွက်သူတွေ ကို ပြည်သူကလေးစားပါတယ်။ ဆင်ခြင် စဉ်းစားပြီး ပြည်သူကို ငဲ့ညှာကြဖို့ပါ။ သင့်အတွက် ဂုဏ်သိက္ခာရှိလာမယ်။ ဒီမိုကရေစီကို ပြည်သူတွေမျှော်နေကြပါတယ်။
ဒေါက်တာခင်မောင်ညို
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။