Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, October 9, 2014

ထိုင်းနိုင်ငံ ကော့တောင်ကျွန်းက လူသတ်မှုရဲ့ အဂတိတရားကို ဖေါ်လိုက်ပြီ


ထိုင်းနိုင်ငံ ကော့တောင်ကျွန်းက လူသတ်မှုရဲ့
အဂတိတရားကို ဖေါ်လိုက်ပြီ
==================

အခု တလော ထိုင်းနိုင်ငံ ကော့တောင်လို့ခေါ်တဲ့ လိပ်ကျွန်းပေါ်က ဗြိတိသျှလူမျိုးနှစ်ဦး အဓမ္မ အကြမ်းဖက် သတ်ဖြတ်ခံရမှုက ကမ္ဘာကျော် သတင်းကြီးဖြစ်နေခဲ့ပြီး လူသန်းပေါင်းများစွာ စိတ်ဝင်စားနေခဲ့ကြပါတယ်။

သတ်ခံခဲ့ရသူတွေကို မြန်မာပြည်သားနှစ်ဦးက စနစ်တကျ စီမံသတ်ဖြတ်ခဲ့တယ်လို့ အချို့သော ထိုင်းသတင်း မီဒီယာတွေမှာ တဖက်သတ် ဖေါ်ပြနေသလို အလယ်ကျကျ ဖေါ်ပြတတ်ကြတဲ့ မတီချွန် ထိုင်းသတင်းစာကြီးမှာတော့ တရာခံ ဘယ်သူဘယ်ဝါဆိုတာ စွပ်စွဲဖို့ မဖြစ်နိုင်သေးကြောင်းကို သေမှုသေခင်း ဆောင်းပါးရှည်ကြီးကို အပိုင်း(၇) ပိုင်းခွဲခြားပြီး ဆက်တိုက်ဖေါ်ပြနေခဲ့ပြန်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ... 

စာရေးသူလဲ မြန်မာပြည်ဖွား မြန်မာပြည်သားတစ်ယောက်ဖြစ်နေခဲ့တာမို့ ယခုကိစ္စကိုတော့ လက်ပိုက်ပြီး ကြည့်နေလို့ မဖြစ်တဲ့အဆုံး နီးနီးစပ်စပ် ဖြစ်နိုင်ချေ မဖြစ်နိုင်ချေတွေကို စုံစမ်းဖို့ လွန်ခဲ့တဲ့ အောက်တိုဘာ (၄) ရက်နေ့က အမေရိကန်ပြည်ထောင်စုမှာ အခြေစိုက်တဲ့ အမေရိကန် လူ့အခွင့်ရေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့က အာရှရေးရာ ဆိုင်ရာ သောမတ် ကိုအကူညီတောင်းခံပြီး ထိုင်းနိုင်ငံမှာ ၇ှိတဲ့ သက်ဆိုင်ရာ သေမှုသေခင်းတွေနဲ့ ပတ်သက်ပြီး ကျွမ်းကျင်လှတဲ့ ထိုင်းမှုခင်း ဆရာဝန်မကြီး “ ဒေါက်တာ ပွန်သစ်” ကို စကိုက်ပေါ်ကနေ မေးမြန်းပြီး အနီးစပ်ဆုံးခန့်မှန်းချေကို ရယူကြည့်ခဲ့ကြောင်း ကို တင်ပြပါရစေ..

ဒေါက်တာ ပွန်သစ် ဆိုတဲ့ ဆရာဝန်အမျိုးသမီးဟာ ထိုင်းနိုင်ငံတင်မက အခြားသော နိုင်ငံတွေရဲ့ သေမှုသေခင်းတွေကို လက်ခံပြီး ဆန်းစစ်၍ အမှုမှန်ဖေါ်ထုတ်ခဲ့တာမို့ ထိုင်းနိုင်ငံမှတင်မကပဲ ပတ်ဝန်းကျင် အာစီယံနိုင်ငံတွေမှာလည်း အတော် ထင်ရှားခဲ့တဲ့ ဆရာဝန်ကြီးတစ်ယောက်ဖြစ်နေပါတယ်။

အခု ဒေါက်တာ ပွန်သစ် ပြောဆိုချက်လေးကို ကြည့်ပြီး မာဖီးယား ခရိုနီတို့ အားကောင်းကောင်းနဲ့ လွှမ်းမိုးထားတဲ့ ထိုင်းနိုင်ငံရဲ့ ဥပဒေ၀န်ထမ်းလို့ခေါ်တဲ့ ရဲအရာ၇ှိတွေ ၇ဲတပ်ဖွဲ့ဝင်တွေ၇ဲ့ လုပ်ပုံကိုင်ပုံ အမှားယွင်းတွေကို ထောက်ပြထားပါတယ်။

ဒေါက်တာ ပွန်သစ် အကျယ်တ၀င့် ထောက်ပြလိုက်တာက အမှုစတင်ဖြစ်ပေါ်လာချိန်ကစပြီး ယနေ့အချိန်ထိ အမှုနဲ့ပတ်သက်တဲ့ လုပ်ထုံးလုပ်နည်းအရ ထိုင်းနိုင်ငံ ရဲချုပ်အပါဝင် သက်ဆိုင်ရာ ရဲအရာရှိတွေ အားလုံး တစ်ဦးတစ်ယောက်မှ မှုခင်း ဆရာဝန်တွေကို ခေါ်ယူပြီး စစ်ဆေးမှု ပြုလုပ်ခဲ့တာ မရှိပါဘူးလို့ ဆိုပါတယ်။

ပြီးတော့ သင်ကာမကင်းတဲ့ တရာခံတွေကို စစ်ဆေးရာမှာ ဥပဒေအရ ခွင့်ပြုထားတဲ့ သက်ဆိုင်ရာ ဥပဒေကွပ်ကဲမှု အဖွဲ့တွေ မပါဝင်ခဲ့ပါဘူး ဆိုလိုချင်တာက သက်ဆိုင်ရဲ ရဲတပ်ဖွဲ့ ၊ မှုခင်း ဆရာဝန်များ ပြီးတော့ သက်သေ အထောက်ထား စနစ်တကျ မှတ်တမ်းတင် သိမ်းဆည်းသော မှုခင်း မှတ်တမ်းအရာ၇ှိအဖွဲ့ စတာတွေ မပါပဲ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ် လို့ ဆရာဝန်ကြီး ဒေါက်တ ပွန်သစ်က ပြတ်ပြတ်သားသားပင် ပြောဆိုပါတယ်။

ဒေါက်တာပွန်သစ်ပြောဆိုပုံက………

“နောက်ပြီး အမှုကို လူတွေ အများကြီးလိုက်ဖမ်းပြီး ကြောက်၇ွံ့တတ်သူ မျက်နှာငယ်သူ နောက်ခံ အသိုင်းဝိုင်းအားနည်းသူတွေကို ဖိအားပေး စစ်ဆေးပြီး ဒီလူတွေပါလို့ ထုတ်ပြခဲ့တယ် ခိုင်လုံတဲ့ သက်သေ အချက်လက် ဆိုတာ ရေရေရာရာ မရှိဘူး”

“အနီးစပ်ဆုံးဖြစ်နိုင်တဲ့ DNA စစ်ဆေးချက်ဆိုတာကလည်း သတ်မှတ်ထားတဲ့ မှုခင်းဆိုင်ရာ ဆေးစစ်မှု လုပ်ထုံးလုပ်နည်းတွေနဲ့ လားလားကြီး မကိုက်ညီပဲ လုပ်ခဲ့ကြတယ် ..ဆိုလိုချင်တာက သွေးစစ်တယ်ဆိုတာတခုတည်းနဲ့ လက်ခံရမလား အလောင်းက အဓမ္မပြုကျင့်ခံရတာလဲ ပါဝင်ပတ်သက်နေတော့ ဆီး သလိပ်နဲ့ သုတ်ရည် ပြီးတော့ အသားစ အပါဝင် အားလုံးကို စစ်ရမယ် ကျမ ပြောချင်တာက အချို့အမှုတွေမှာ တကယ် သတ်ဖြတ်တာ မလုပ်တဲ့သူကခံ၇တဲ့ အကြောင်းတရားတွေ၇ှိဘူးတယ်။

သတ်သူက သတ်သွားပြီး အဲဒီအသေကောက်ဆီကနေ ကျလာတဲ့သွေးတချို့ ဘေးက လူဆီကို သွယ်ဝိုက်တဲ့နည်းတွေနဲ့ ရောက်ရှိသွားတာမျိုးတွေ တွေ့ဘူးပါတယ် ဥပမာအရ ပြောရရင် သေသူရဲ့သွေးစတွေ ရေးထဲမှာမျောလာပြီး ခပ်လှမ်းလှမ်းက မသက်ဆိုင်သူမှာ အဲဒီရေကို သောက်တာ မျက်နှာ သစ်တာ ချေဆေးမိတာ ကနေပြီး သတ်တဲ့တရားခံ အဖြစ်စွပ်စွဲခံရတာတွေလဲ ကျမ တို့ အများကြီး ကြုံခဲ့ဘူးပြီးပါပြီ”

“အခုက မှုခင်းဆရာဝန်တွေ၇ဲ့ ခွင့်ပြုချက်မပါပဲ အလောင်းကို နေရာရွေ့ပြောင်းတာ အလောင်းကို ဆေးကြော သန့်ရှင်းမှု လုပ်ခဲ့တာတွေကို ကျမကတော့ လက်မခံနိုင်ပါဘူး။
အခု ဖမ်းဆီးခံထားရတဲ့ တရားခံလို့ဆိုပြီး ရဲအဖွဲ့တစ်ခုတည်းကနေ စွပ်စွဲပြောဆိုနေတဲ့အချက်နဲ့ သူတို့နှစ်ဦးရဲ့ ထုတ်ဖေါ်ပြဆိုချက်တွေကို တိတိပပ ဖွင်ချမပြပဲ မှုခင်းဖွင့်ပြီး တရားရုံးကို တင်သွင်းဖို့ သတင်းစာရှင်းလင်းပွဲလုပ်တာကိုက ကလိမ်ကကျစ် မမှန်မကန်တဲ့ လုပ်ထုံးလုပ်နည်းဖြစ်နေပါတယ်..

သတင်းစာရှင်းလင်းပွဲကလဲ အတော်ကို ရီစရာကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်ပြောသလိုမျိုးလို့ ကျမ ထင်ပါတယ် အကြောင်းက ရဲတဖွဲ့တည်းကပဲ အမှုလိုက် ရဲတဖွဲ့တည်းကပဲ အမှုမှန်တယ်ဆိုပြီး ဖေါ်ပြ ရဲတစ်ဖွဲ့တည်းကပဲ သတင်းစာရှင်းလင်းပွဲလုပ်ပြီး အဲဒီရဲတဖွဲ့တည်း ပြောတာကိုပဲ လိုက်ပြီး အတည်ပြုပြောဆို ရေးသားနေကြတဲ့ သတင်းမီဒီယာတွေကိုလဲ ကျမ အံသြရပါတယ်။

“အမှန်ပြောရရင် အခုလိုမှုခင်းဟာ ရဲတစ်ဖွဲ့တည်း လုပ်လို့မရဘူး မှုခင်းဆိုင်ရာ စစ်ဆေးတဲ့ တာဝန်ခံ ဆရာဝန်ပါရမယ် ပြီးတော့ မှုခင်းဆိုင်ရာ မှတ်တမ်းသိမ်းယူတဲ့ မှတ်တမ်းထိန်း အရာ၇ှိနဲ့ သူ့ရဲ့သတ်မှတ်လက်ခံတွေ့ရှိတဲ့ သက်သေ အထောက်ထားတွေကိုလဲ တင်ပြရမှာ ဖြစ်ပါတယ်။။။”

“ကျမ အရေးကြီးဆုံး ဟာနေတဲ့ ဟာကွက်တခုကို ပြောချင်တာက မှုခင်းဖြစ်ပွားရာနဲ့ ပတ်သက်တဲ့ (ဘားဆိုင်) ပိုင်ရှင်နဲ့ သူ့ရဲ့ မိသားစုကို စစ်ဆေးဖို့လိုပါတယ် အခု မျက်မြင်တချို့ တင်ပြလာတဲ့ အချက်အရ (အဲဒီဘားဆိုင်) ပိုင်ရှင်သားက ကောင်မလေးကို လိုက်ပိုးပြီး အတင်းချစ်ကြိုက်ချင်နေတာ လွန်ခဲ့တဲ့ (၂)ရက်လောက်ကတည်းကပါတဲ့ ... ။

ဒါကိုလဲ မှန်မမှန် ကျမပြောခဲ့တဲ့ သက်ဆိုင်ရာ အဖွဲ့တွေ အားလုံး စုပေါင်းပြီး စစ်ဆေးရမှာဖြစ်ပါတယ် …ခုတော့ အဲဒီအချက်ကြီးကို ချန်ခဲ့ပြီး သန့်ရှင်းရေးသမားလေး ပြီးတော့ တောက်တိုမယ်ရ ကူလုပ်နေတဲ့ ခလေးတွေကို နမော်နမဲ့စွဲချက်တင်တာကတော့ ရီစရာဇာတ်လမ်းတပုဒ်ကို ဖန်တီးထုတ်လုပ်လိုက်ပါတယ်လို့ပဲ နောက်ဆုံးပြောပါရစေ”

စာဖတ်သူများ အားလုံး ရှင်းသွားမည်ထင်ပါသည်…စာရေးသူအဖို့မှာလည်း အထက်ဖေါ်ပြပါ နည်းလမ်းမှလွဲ၍ အရာ ထိုထက် ခိုင်လုံသော အချက် လက် အကြောင်းကျိုးဆက်စပ်မှုများအား ကြိုးစားအားထုတ်၍ တင်ပြရန် အခွင့်မသာသေးပါကြောင်း …………

မှတ်ချက်။ ။ စာရေးသူ ထိုင်းစကား ထိုင်းသဒ္ဒါကို ကောင်းစွာတတ်မြောက်ကြောင်း ပြောပါရစေ....

စာဖတ်သူများအား ကျေးဇူးတင်ပါသည်

နှစ်သက်လျင် ရှယ်သွားနိုင်ကြပါသည်

ဂိုလ်ရှယ်လေး
==========

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။