Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, October 7, 2014

နောက်ကျမှလာသူတွ ပျော်ချိန်နည်းသွားမယ်ဆိုတဲ့ လက်မှတ်တစ်စောင် သုံးသိန်းတန် ဖြူဖြူကျော်သိန်း စတိတ်ရှိုး


နောက်ကျမှလာသူတွ ပျော်ချိန်နည်းသွားမယ်ဆိုတဲ့ လက်မှတ်တစ်စောင် သုံးသိန်းတန် ဖြူဖြူကျော်သိန်း စတိတ်ရှိုး
==============================================
Flower News ဂျာနယ်၊ အတွဲ (၁၀)၊ အမှတ် (၃၉)။

- သုသော်ဒီ တွေ့မေးရေးသည်။

ဖြူဖြူကျော်သိန်းရဲ့ Love of Musicals အမည်ရ တစ်ကိုယ်တော်ရှိုးပွဲကို လာမယ့်နိုဝင်ဘာ ၁ရက်မှာ ကျင်းပ သွားမယ်လို့ သိရပါတယ်။

တေးသံရှင်ဖြူဖြူကျော်သိန်းရဲ့ အနု ပညာသက်တမ်း ၁ဝနှစ်အတွင်းမှာ အဆိုပါ Love of Musicals ရှိုးပွဲကတော့ (၅)ကြိမ်မြောက်ပြု လုပ်ခြင်းဖြစ်ပြီး ထူးခြားဆန်းသစ်မှုတွေနဲ့အတူ လာ ရောက်ကြည့်ရှုမယ့် ပရိသတ်ဦးရေကိုပါ သတ်မှတ်ထားတယ် လို့ အဆိုတော်ဖြူဖြူကျော်သိန်းက ပြောပါတယ်။

ဘယ်လိုဆန်းသစ် မှုတွေနဲ့ တင်ဆက်သွားမလဲဆိုတာနဲ့ အတူ Love of Musicals ရဲ့သတ်မှတ်မှုတွေအကြောင်းကိုမေးမြန်းတင်ဆက် လိုက်ပါတယ်။

Love of Musicals ထဲမှာ ဘာတွေပါဝင်မလဲ။ နာမည်ပေးဖြစ် တာကရော အဓိပ္ပာယ်တစ်ခုခု ရှိနေမလား။

Musicals ဆိုတာက ဂီတပြဇာတ်သီချင်းလေး တွေပေါ့။ အဲဒီသီချင်းလေးတွေကို အစ်မကြိုက်တယ်။ ဆို လေ့လည်းရှိတယ် ဆိုတော့ Producer ကလည်း မြန်မာပရိ သတ်တွေကြား ထဲမှာMusicals သီချင်း တွေကို ပရိသတ်ရှေ့မှာ မိတ် ဆက်ပေးချင်တယ်။ ဒီပွဲကို Yoshio Entertainment က လုပ်မှာ။

လက်မှတ်ဈေးက ဘယ်လိုရှိလဲ။ လူဦးရေ ၃ဝဝစာပဲ လက်မှတ်ရောင်း တယ်ဆိုတာကရော။

ဟုတ်တယ်။ လက်မှတ်က သုံးသိန်း၊ နှစ်သိန်း၊ တစ်သိန်းပေါ့။ လက်မှတ်ရောင်းမှာတော့ လူ ၃ဝဝ စာပဲပေါ့။ ခုံတန်းက ၁၂တန်းပဲရှိတာ ဆိုတော့ နီးနီးကပ်ကပ်ပဲနေရတာပေါ့။ လက်မှတ် ၃ဝဝပဲ စီစဉ်ဖြစ်တာက စီစဉ်သူက တသီးတသန့်နဲ့ ရှိုးတစ်ခုပဲ လုပ်ချင်တယ်ဆိုတာနဲ့ လုပ်ဖြစ်သွား တာ။ အစ်မကတော့ အနုပညာပိုင်းပဲတာဝန်ယူပါတယ်။ လက်မှတ်တွေကိုတော့ Hot Line ကနေပဲ ရောင်းသွားမှာ။

သီချင်းတွေကရော ဘယ်နှပုဒ်လောက် ဆိုဖြစ်မလဲ။

Musicals သီချင်းတွေက သုံးပုံတစ်ပုံ လောက်ပါမယ်။ အစ်မရဲ့ပေါက်ထားတဲ့ သီချင်း တွေထဲက ပါလေ့ပါထရှိတဲ့ သီချင်းတွေလည်း ပါမယ်။ မိန်းကလေးတစ်ယောက် အသည်းကွဲ နေတယ် သီချင်းခွေထဲက သီချင်းတွေရော ပြီး တော့ အသစ်ထွက်တော့မယ့် သီချင်းခွေထဲက သီချင်းတွေလည်း ပါလိမ့်မယ်။ ပွဲခေါင်းစဉ်နဲ့ လိုက်ဖက်မယ့် သီချင်းတွေကို ပုံစံတစ်မျိုးပြောင်း ပြီးဆိုရမယ်။ အားလုံးကို ဝင်ကြေးနဲ့တန်အောင် ပြင်ဆင်ထားတယ်။ အပိုင်းသုံးပိုင်းနဲ့ ဝတ်စုံသုံးစုံ လဲပါ့မယ်။

ပွဲမှာရော ဝင်ကြေးနဲ့တန်အောင် ပရိသတ်တွေ အတွက် ဘယ်လိုအစီအစဉ်တွေ ပါဦးမလဲ။

ပွဲမစခင်မှာ Coutile Section ပါလိမ့် မယ်။ ပါတီသဘောမျိုးပေါ့။ ပွဲချိန် ၆နာရီကနေ ၇နာရီထိကတော့ စားစရာတွေနဲ့ သောက်စရာ တွေ ပေးလိမ့်မယ်။ ၈ နာရီအတိမှာ သီချင်းစဆို မယ်။ အားလုံးက အချိန်အတိအကျပဲ။ လူစုံမှစ မယ်ဆိုတာမျိုး မဟုတ်ဘူး။ အားလုံးကို အချိန်အတိ အကျနဲ့ပဲပေါ့။ နောက်ကျမှလာတဲ့သူကတော့ သူ့အတွက် ပျော်ရမယ့်အချိန် နည်းသွားမှာပေါ့။

တစ်ကိုယ်တော်ရှိုးပွဲ ငါးပွဲလုပ်ဖူးသမျှထဲမှာ ဒီပွဲ က မဖြူကို ဘယ်လောက်ထိစိတ်လှုပ်ရှားစေလဲ

ပြောရမယ်ဆိုရင် ဒီလိုပွဲမျိုး တစ်ခါမှ အစ်မ မလုပ်ဖူးတဲ့အတွက် အရမ်းစိတ်လှုပ်ရှား တယ်။ ဒီပွဲက တီဗွီရိုက်ကူးရေး တစ်ခုမှမပါဘူး။ အခွေလည်းထုတ်မှာမဟုတ်ဘူး။ အစ်မပရိသတ် ထောင်ချီရှေ့မှာလည်း ဆိုဖူးတယ်။ သောင်းချီရှေ့ မှာလည်း ဆိုဖူးတယ်။ အခု လူ ၃ဝဝဆိုပေမယ့် လူ ၃ဝဝဆိုတဲ့ စိတ်မျိုးမရှိဘူး။ စိတ်အရမ်းလှုပ် ရှားတယ်။ အစ်မ သေချာလေးပြင်ဆင်ထားတယ်။ ပွဲပုံစံပေါ်ကြည့်ပြီးတော့ Version လေးတွေကွာ တာပေါ့။ စိတ်လှုပ်ရှားစရာကောင်းတယ်။ တစ်ပွဲနဲ့ တစ်ပွဲတော့ မတူဘူးပေါ့။ ဒီပွဲမှာ အရင်က မဆို ဖူးတဲ့သီချင်းတွေကို မြည်းစမ်းပြီး ဆိုခွင့်ရတယ်။ ကိုယ့်ရဲ့အရည်အသွေးလည်း တက်တာပေါ့။ ပရိသတ်တွေကိုလည်း ထူးခြားတဲ့ပွဲတစ်ပွဲမို့လို့ အတူတူပျော်ကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။ ။

#TheFlowerNews

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။