Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, October 18, 2014

စစ်သားဆန်၏ မဆန်၏


စစ်သားဆန်၏ မဆန်၏
===========

(၁)

စစ်ဗိုလ်တစ်ယောက် တိုက်ပွဲကျသွားလို့..
သူ့ရဲ့ဇနီးကို ၀ိုင်းပြီါ်အားပေးနေကြတယ်..

ဒါကို ဓာတ်ပုံရိုက်ပြီး..
ဇာတ်နာပြတဲ့သူတွေလဲရှိတယ်၊

အသုဘပူဆွေးမှုတစ်ခုကို..
ဝါဒဖြန့်ချီမှုအတွက်အသုံးချတတ်ပြီး..

အမှန်တကယ်အပြင်မှာဖြစ်နေတဲ့..
စစ်တပ်ရဲ့အနေအထားကိုကြတော့..
ချီးချမ်းပြီးမဖေါ်ထုတ်ရဲတာကိုတွေ့လို့ပဲဖြစ်တယ်၊

တကယ်သတ္တိရှိရင်....
စစ်တပ်ထဲမှာ..
အေက်ခြေစစ်သားတွေနစ်နာနေတာကို..၊
အထုပ်ဖြေစရာတွေအများကြီးရှိနေပါတယ်၊

ဖွဘုတ်အကောင့်ပေါင်းများစွာကိုင်ထားတဲ့
စစ်သားတွေရှိတယ်၊

ကိုယ့်အောက်လက်ကိုအမှန်တကယ်သာသနားရင်
ပို့စ်တွေမြင်ကောင်းမှာတောင်မဟုတ်ဘူး..



အခုကျတော့..

ပါးစပ်နဲ့ဝေဘန်သူကိုရန်ရှာပြီး..
အမှန်တကယ်ဆီဆွတ်ပြီး သွင်းနေတဲ့သူကိုကျတော့..
ကောင်းလှချည်ရဲ့ဆိုတဲ့ အချိုးမျိုးဖြစ်နေတာကိုက..

ရွံစရာဖြစ်နေတယ်..၊

---------------------

(၂)

အဲဒီမြင်ကွင်းကို မြင်တော့ စိတ်မကောင်းဘူး..
ဘာလို့စိတ်မကောင်းသလဲဆိုတော့...

ထုံးစံအတိုင်းဖြစ်မှာစိုးလို့..၊

ဘယ်လိုထုံးစံအတိုင်းလဲဆိုတော့..
အဲဒီစစ်ဗိုလ်လေးရဲ့မိသားစုဟာ..

သူ့အရှေ့မှာ သေခဲ့ ကြတဲ့..စစ်ဗိုလ်တွေ..၊
စစ်သားတွေလိုပဲ...

ဘ၀အာမခံချက်မရတော့ဘူး..၊

သူတို့ကိုအမိန့်ပေးပြီး မြှောက်ပေးပြီး..
တိုက်ပွဲဝင်ခိုင်းခဲ့တဲ့ အာဏာရှင်တွေက..

သူ့မိသားစုကို တံတွေးနဲ့တောင်လှည့်မထွေးတော့တဲ့
အနေအထားမျိုးတွေ မကြာခင်ဖြစ်လာမယ်..၊

သေသွာြး့ပီဆိုတော့...အသုံးမလိုတော့ဘူးလေ..၊

ဘ၀ကို သူ့မိသားစုဟာ...
ကြုံသလိုဖြတ်သန်းရဦးမယ်..၊

ဒါတောင်စစ်ဗိုလ်မို့လို့...

တိုက်ပွဲကျရဲဘော်တွေ တပ်ကြပ်တွေရဲ့ ကျန်ရစ်သူ
မိသားစု ၊ သားသမီတွေဆိုရင် ပိုဆိုးတယ်၊

လင်သေလို့ ၊ဘ၀ပျက်ရရအလုပ်ဝင်လုပ်တဲ့..
တပ်ကြပ် တွေ၊ရဲဘော် တွေရဲ့ မိန်းမတွေ၊

ဖခင်မရှိလို့ ပညာတစ်ပိုင်းတစ်စနဲ့ ကျောင်းထွက်ပြီး
ကြုံရာအလုပ်လုပ်တဲ့ လူငယ်တွေ သားသမီးတွေ၊

သေဆုံး ၊ ဘ၀ဆုံးခဲ့ကြတဲ့ အောက်ခြေစစ်သားတွေရဲ့..၊
သမီး မိန်းကလေးတစ်ချို့ဆိုရင်..
ရန်ကုန်မြို့လယ်ခေါင်က ကေတီဗီမာဆပ်တွေမှာ..
Fancy နာမည်လှလှလေးတွေနဲ့ ...၊

ဒါဟာ တကယ်ကိုအပြင်မှာဖြစ်နေတာ..၊

--------------------

(၃)

တကယ်ဆို..
စစ်တပ်ထဲမှာ စစ်ဗိုလ်အချင်းချင်း
စည်းရုံးသလိုလိုပါလိုလိုနဲ့..
ထိရင်နာကြသလိုလို တွေ့ရတယ်၊

တကယ်တော့..
ထိရင်နာကြတယ်ဆိုတာလဲ..
အပေါ်ယံသဘောပါ..၊

ကိုယ်ကြိုးစီးပွားနဲ့ယှဉ်လာရင်..
ဗိုလ်ချုပ်တွေဖြစ်နေတာတောင်
ဇာတ်တူသားစားနေကြ၊
အဆင်းမှာဘီးတပ်ကြ
ချွန်တွန်းလုပ်ကြဆဲပါပဲ..၊

ဗိုလ်ချုပ်ဆန်းဆင့် ဘာအပြစ်မှမရှိပဲ..
သောက်မင်ကပ်ပုဒ်မနဲ့
ထောင် ၁၃ နှစ်ကျသွားတာပဲကြည့်..၊

ရဲဘော်တွေ ၊ အောက်ခြေတွေဆိုရင်ပြောမနေနဲ့.၊
ဟန်ဆောင်နာကျင်ပြတာကလွဲရင်..
ကိုယ်နင်းတဲ့ ခြေသုတ်ခုံတစ်ခုလိုသဘောထားကြတယ်၊
ကိုယ့်ဖိနပ်ပြောင်ဖို့ နင်းတဲ့ခြေသုတ်ခုံဖြစ်နေတယ်

ဘာလို့လဲဆိုတော့...
ရဲဘော်တွေ ၊တပ်ကြပ်တွေကိုစတေးပြီး
မြှောက်ပေးပြီး ၊ အသေခံခိုင်းပြီး.၊
ရာထူးတွေသာယူသွားကြတာ..

အောက်ခြေတွေ တိုက်ပွဲမှာကျဆုံးရင်..၊
ခြေပြတ်လက်ပြတ်ဖြစ်ရင်..၊
ကျန်ရစ်သူမိသားစုကို ဂရုတစ်စိုက် စောင့်ရှောက်မှုဟာ..
ဆင့်ပါးစပ် နှမ်းပက်သလောက်တောင်မကြားဖူးဘူး၊

ဗိုလ်ချုပ်တွေဘ၀နဲ့ ...
ဒေါ်လာဘီလျံချီပြီးချမ်းသာသွားတဲ့သူတွေ..

သုံးပွင့်လောက်နဲ့ တပ်ကထွက်ပြီး..
သိန်းပေါင်း..သိန်းသောင်းချီချမ်းသာနေတဲ့သူတွေ..

မိုးကျရွှေကိုယ်ဘ၀ရောက်ပြီးမှ..
သိန်းပေါင်းများစွာချမ်းသာသူတွေ..

ဘဘတွနဲ့ပလဲနံပသင့်ပြီး..
လက်နက်နဲ့ ငြိမ်းချမ်းရေး အလဲပြလို့
ဘိန်းငွေမဲကို ငွေဖြူခ၀ါချပြီး..
စီးပွားရေးဟန်ဆောင်လုပ်ခဲ့ကြလို့..
နိုင်ငံတော်သူဌေးဖြစ်နေတဲ့ခရိုနီကြီးတွေ..

ရိုက်သတ်လို့ကို မကုန်နိုင်ဘူး..၊

ဒါပေမဲ့..နင်းပြားဖြစ်နေတဲ့..
ကျဆုံး ဒဏ်ရာရနေတဲ့..
အောက်ခြေစစ်သားတွေရဲ့ဘ၀တွေကို..
ထူထောင်ဖို့...အတွက်..

ဘယ်ခွေးသူတောင်းစားကမှ..
ဖေါင်ဒေးရှင်းတွေထောင်ပြီး..
ဒေါ်လာသန်းချီရင်းနှီးမြုပ်နှံပြီး..
လူသိရှင်ကြား...ကြေငြာပြီး..
လုပ်ကိုင်တာမတွေ့သေးဘူး..၊

အဲဒီအနေအထားကို..
ကြိုက်တဲ့ စစ်တပ်မှာလေ့လာကြည့်ရင်
တွေ့နိုင်တယ်..၊

ကြိုက်သလို လက်ညှိုးထိုးပြလို့ရတယ်..၊

-------------------

(၄)

ဆိုလိုတဲ့သဘောက...

စစ်သားစစ်တိုက်လို့သေလို့..
ကျန်ရစ်သူမိသားစုပူဆွေးတာဟာ..
ရှေးဘုရင်တွေလက်ထက်ကတည်းကရှိတယ်.၊

အခုလဲ ရှိတယ်..၊
နောင်လဲ ရှိနေဦးမှာပဲ..၊

စစ်သားစစ်စစ်ဖြစ်တဲ့..
ကျွန်တော်တို့အဖိုးတွေ လက်ထက်..
ဗကပအပါဝင် ၊ ရောင်စုံလက်နက်ကိုင်တွေနဲ့..
တိုက်တဲ့ခေတ်တွေတုန်းကဆိုရင်..
ပိုဆိုးခဲ့ကြတယ်..

တစ်ရက်ထဲမှာ စစ်သားမိန်းမ ၁၀၀ လောက်
မုဆိုးမဖြစ်တာတွေလဲရှိတယ်၊
သားသမီး ၂၀၀ လောက် အဖေမဲ့ဖြစ်သွားတယ်၊

ဒါဟာ..လက်နက်ကိုင် ပြီး သူပြိုင်ကိုယ်ပြိုင်တိုက်တဲ့..
စစ်ပွဲမြေပြင်မှာကျဆုံးတာပဲဖြစ်တယ်၊

ကိုယ့်ဘက်ကျသလို့ သူ့ဘက်လဲကျမှာပဲ..

ဒါဟာ..ကမ္ဘာ့အံ့ဖွယ်တစ်ခုမဟုတ်ပါဘူး..
စစ်သားစစ်မှန်ရင်..ခံယူချက်နဲ့ ဖြေသိမ့်လို့ရတဲ့ကိစ္စပါ..၊

ဒါပေမဲ့ အဲဒီခေတ်မှာ
သေချာတာတစ်ခုကတော့..
ကျန်ရစ်သူမိသားစုဟာ..
အဲဒီခေတ်ကရဲဘော်တစ်ယောက်ရဲ့
လစာ၊ ရပိုင်ခွင့်တွေနဲ့ စောင့်ရှောက်မှုတွေကို...
ထိထိရောက်ရောက်ခံစားရတယ်..၊

မှတ်မှတ်ရရ အဲဒီတုန်းက ကာကွယ်ရေးဦးစီးချုပ်က
ဗိုလ်ချုပ်ကြီးတင်ဦးဖြစ်တယ်၊

အဲဒီတော့...သဘောပေါက်သင့်ပြီ..၊

---------------------

(၅)
ဘာပဲပြောပြော...
တိုက်ပွဲကျတာ ဒဏ်ရာရတာတွေဟာ..

ဒီလိုမျိုး တစ်ဘက်မှာလဲဖြစ်မှာပဲ၊
တိုင်းရင်းသာလက်နက်ကိုင်တွေမှာလဲရှိခဲ့မှာပဲ..၊

ဒါတွေဟာ
ငြိမ်းချမ်းရေးမရလို့..ဖြစ်နေတာ..၊
တိုင်းရင်းသားအချင်းချင်း..
လက်နက်ကိုင်တိုက်နေလို့ဖြစ်တာ၊

ပြည်တွင်း ငြိမ်ချမ်းရေးမရနေသမျှ ..
ဒါမျိုးတွေအမြဲရှိနေဦးမှာပ

တိုင်းရင်းသားစည်းလုံးညီညွတ်မှုမှရိနေသမျှ..
ဟိုဘက်ဒီဘက် ဒါမျိုးတွေဖြစ်နေမှာ..

ဒါကိုသင်ခန်းစာယူသုံးသပ်ရမဲ့အစား..

မျိုးနှစ်တွေ...ကုလားမုဒိန်းမှုကိုဖြန့်ဝေသလိုမျိုး..
ခပ်ညံ့ညံ့ ဦးနှောက်လိုမျိုးသုံးပြီး..

တိုက်ပွဲကျ စစ်သားတွေရဲ့ ဓာတ်ပုံတွေတင်ပြီး.။
ဇတ်နာပြနေသလိုမျိုး...လုပ်ပြနေတာကိုက
လွဲမှားနေလိုဖြစ်နေတယ်..၊

ပြီးတော့..
တင်တဲ့သူကစစ်သားတွေဖြစ်နေတာကိုက..
ဟာသမြောက်စရာဖြစ်နေတယ်..၊

စစ်သားမဆန်သလိုဖြစ်နေတယ်..၊

စစ်သားသေလို့ စစ်သားမိန်းမပူဆွေးတာကို..
စစ်သားတွေကိုယ်တိုင်ကိုက...
ဝါဒဖြန့်တဲ့လက်နက်တစ်ခုလို...
အသုံးချနေတာကိုတွေ့ပြီး..

ကျွန်တော့အဖို့ပြောတဲ့စကားကိုသတိရတယ်..၊

သန်းရွှေခေတ်ကစစ်ဗိုလ်လေးတွေက...၊
တ်ေတော် အသဲငယ်တာပဲ...တဲ့.၊
စစ်သားသေတာကို ဗန်းပြပြီး...
မျက်ရည်ချု တဲ့အလုပ်ပဲရတယ်...တဲ့၊
စစ်တပ်ကြီး ဘာတွေဖြစ်ကုန်ပြီလဲ...တဲ့၊

ဒါဟာ...

ကာကွယ်ရေးဦးစီးချုပ် ...
ဗိုလ်ချုပ်ကြီးတင်ဦးလက်ထက်မှာ
တပ်ရင်းမှုးလုပ်ခဲ့တဲ့..

ကျွန်တော့အဖိုးရဲ့..
စစ်သားခံယူချက်နဲ့ ..
ဝေဘန်တဲ့စကားဖြစ်မှာပါ၊

( Pa Yit)

Photo Credit - Ye Moe

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။