"""ဘယ်ဘက်ကလဲ. . ."""
အင်္ဂလိပ်တွေဟာ နှစ်ပေါင်း ၆၀ ကျော် ဗမာပြည်ကို ကျွန်ပြု ကိုလိုနီလုပ် အုပ်ချုပ်ခဲ့တယ်။
အင်္ဂလိပ်ဝင်လာတဲ့အချိန်က စ ပြီး၊ လွတ်လပ်ရေး တင်းတင်းရတဲ့ အချိန်အထိ၊ ရ ရာ လက်နက်ကိုင်စွဲပြီး၊ ပုန်ကန်တော်လှန်ခဲ့တဲ့သူတွေ ၊ နည်းအမျိုးမျိုးနဲ့ ဆန့်ကျင်ခဲ့ကြသူတွေ၊
စာပေနယ်က ဆန့်ကျင်ရေးသားခဲ့ကြတဲ့ စာပေသမားတွေ၊
အနုပညာနယ်က ဆန့်ကျင်ဖန်တီးခဲ့ကြတဲ့ အနုပညာသမားတွေ၊
သာမန်ပြည်သူတွေအနေနဲ့လဲ အင်္ဂလိပ်ကို ဆန့်ကျင်၊ ခုနက သူပုန်သူကန်တွေကို အားပေးထောက်ခံခဲ့တဲ့ ပြည်သူတွေ ရှိသလို၊
ကိုယ်ကျိုးစီးပွားအတွက် အင်္ဂလိပ်မင်းတွေ လို့ ခေါ်ပြီး၊ အင်္ဂလိပ်ဆီမှာ အမှုထမ်း၊
အင်္ဂလိပ် တွေဆီက လခစားပြီး၊ အင်္ဂလိပ်တွေအလိုကျ ဗမာ ဗမာချင်း ဖိနှိပ်ခဲ့တဲ့ သူတွေ ရှိတယ်။
အင်္ဂလိပ်တွေ အလိုကျ ရေးသား၊ ထောက်ခံ၊ ဖန်တီးခဲ့တဲ့ စာပေအနုပညာသမားတွေလဲ
ရှိတယ်။
ပြည်သူတွေထဲမှာလဲ ကိုယ့်တမိသားစု ကြီးပွားရာကြီးပွားကြောင်း၊ အင်္ဂလိပ်တွေကို ပင်းသင်း၊ ပေါင်းသင်းခဲ့တဲ့ သူတွေ ရှိတယ်။
ခုခေတ် ဘယ်လိုကောင်တွေက စစ်ထဲဝင်၊ ဘယ်လိုကောင်တွေ က စစ်ဗိုလ်မယားလုပ်၊ ဘယ်လိုကောင်တွေက စစ်အုပ်စုနဲ့ပင်းသင်းပြီး၊ ကိုယ်ကျိုးစီးပွားရှာနေကြသလဲ၊
နှိုင်းယှဉ်ပြီး မြင်ကြည့်။
အင်္ဂလိပ်ကိုလဲ ဘယ်လိုနည်းနဲ့မှ နိုင်အောင်တော့ မတိုက်နိုင်ခဲ့ဘူး။
ဒုတိယကမ္ဘာစစ်ဖြစ်သွားလို့သာ ၊ ဂျပန်နဲ့ စစ်ခင်းတဲ့ ကမ္ဘာစစ်အခြေအနေကြောင့်သာ၊
ပြောင်းလဲလာတဲ့ ကမ္ဘာ့အပြောင်းအလဲမို့သာ၊ အဘက်ဘက် အခြေအနေတွေနဲ့
လွတ်လပ်ရေး ကို ရလာခဲ့တယ်။
ဒါပေမယ့် သမိုင်း ဆိုတာ အနိုင်အရှုံးနဲ့ ပြောင်းပြန်ဇောက်ထိုး ရေးလို့ မရဘူး။
တချိန်က ဘာမှ အနာဂတ်မရှိတဲ့ ကောင်တွေ၊ ဘာမှ စဉ်းစားဆင်ခြင်ဉာဏ်မရှိဘဲ၊ မျက်စိမှိတ်ဆန့်ကျင် နေတဲ့ ကောင်တွေ ဆိုတဲ့
ဒို့ဗမာအစည်းအရုံး သခင်တွေဟာ ဘယ်လို သမိုင်းကျန်ခဲ့၊ ချန်ခဲ့၊
အလိုတော်ရိတွေဟာ
ဘယ်လို သမိုင်းကျန်ခဲ့၊ ချန်ခဲ့သလဲ။
ခုချက်ချင်းအနီးအနားက သမိုင်းစာအုပ် ပြေးလှန်လိုက်စမ်းပါ။
ခင်ဗျားတို့
မျိုးနဲ့ ရိုးနဲ့
သူခိုးဓါးပြဘ၀ က ကျွတ်မယ် မထင်နဲ့။
ကိုလိုနီခေတ် အဖိအနှိပ်ခံတဲ့ကြားက စာပေသမားတွေ၊ အနုပညာသမားတွေက သမိုင်းကို
လက်ဆင့်ကမ်းသယ်၊ လွတ်လပ်ရေးနဲ့အတူ သမိုင်းစစ် ကို ဖေါ်ထုတ်ခဲ့တယ်။
ခင်ဗျားတို့ သမိုင်းက
လိပ်ဖြစ်တောင် ခေါင်းမပြူဝံ့တဲ့ သမိုင်း ဖြစ်ဦးမယ်။
--------------------------
ချိုတူးဇော်
အင်္ဂလိပ်တွေဟာ နှစ်ပေါင်း ၆၀ ကျော် ဗမာပြည်ကို ကျွန်ပြု ကိုလိုနီလုပ် အုပ်ချုပ်ခဲ့တယ်။
အင်္ဂလိပ်ဝင်လာတဲ့အချိန်က စ ပြီး၊ လွတ်လပ်ရေး တင်းတင်းရတဲ့ အချိန်အထိ၊ ရ ရာ လက်နက်ကိုင်စွဲပြီး၊ ပုန်ကန်တော်လှန်ခဲ့တဲ့သူတွေ
စာပေနယ်က ဆန့်ကျင်ရေးသားခဲ့ကြတဲ့ စာပေသမားတွေ၊
အနုပညာနယ်က ဆန့်ကျင်ဖန်တီးခဲ့ကြတဲ့ အနုပညာသမားတွေ၊
သာမန်ပြည်သူတွေအနေနဲ့လဲ အင်္ဂလိပ်ကို ဆန့်ကျင်၊ ခုနက သူပုန်သူကန်တွေကို အားပေးထောက်ခံခဲ့တဲ့ ပြည်သူတွေ ရှိသလို၊
ကိုယ်ကျိုးစီးပွားအတွက် အင်္ဂလိပ်မင်းတွေ လို့ ခေါ်ပြီး၊ အင်္ဂလိပ်ဆီမှာ အမှုထမ်း၊
အင်္ဂလိပ် တွေဆီက လခစားပြီး၊ အင်္ဂလိပ်တွေအလိုကျ ဗမာ ဗမာချင်း ဖိနှိပ်ခဲ့တဲ့ သူတွေ ရှိတယ်။
အင်္ဂလိပ်တွေ အလိုကျ ရေးသား၊ ထောက်ခံ၊ ဖန်တီးခဲ့တဲ့ စာပေအနုပညာသမားတွေလဲ
ရှိတယ်။
ပြည်သူတွေထဲမှာလဲ ကိုယ့်တမိသားစု ကြီးပွားရာကြီးပွားကြောင်း၊
ခုခေတ် ဘယ်လိုကောင်တွေက စစ်ထဲဝင်၊ ဘယ်လိုကောင်တွေ က စစ်ဗိုလ်မယားလုပ်၊ ဘယ်လိုကောင်တွေက စစ်အုပ်စုနဲ့ပင်းသင်းပြီး၊ ကိုယ်ကျိုးစီးပွားရှာနေကြသလ
နှိုင်းယှဉ်ပြီး မြင်ကြည့်။
အင်္ဂလိပ်ကိုလဲ ဘယ်လိုနည်းနဲ့မှ နိုင်အောင်တော့ မတိုက်နိုင်ခဲ့ဘူး။
ဒုတိယကမ္ဘာစစ်ဖြစ်သွားလို့သာ
ပြောင်းလဲလာတဲ့ ကမ္ဘာ့အပြောင်းအလဲမို့သာ၊ အဘက်ဘက် အခြေအနေတွေနဲ့
လွတ်လပ်ရေး ကို ရလာခဲ့တယ်။
ဒါပေမယ့် သမိုင်း ဆိုတာ အနိုင်အရှုံးနဲ့ ပြောင်းပြန်ဇောက်ထိုး ရေးလို့ မရဘူး။
တချိန်က ဘာမှ အနာဂတ်မရှိတဲ့ ကောင်တွေ၊ ဘာမှ စဉ်းစားဆင်ခြင်ဉာဏ်မရှိဘဲ၊ မျက်စိမှိတ်ဆန့်ကျင် နေတဲ့ ကောင်တွေ ဆိုတဲ့
ဒို့ဗမာအစည်းအရုံး သခင်တွေဟာ ဘယ်လို သမိုင်းကျန်ခဲ့၊ ချန်ခဲ့၊
အလိုတော်ရိတွေဟာ
ဘယ်လို သမိုင်းကျန်ခဲ့၊ ချန်ခဲ့သလဲ။
ခုချက်ချင်းအနီးအနားက သမိုင်းစာအုပ် ပြေးလှန်လိုက်စမ်းပါ။
ခင်ဗျားတို့
မျိုးနဲ့ ရိုးနဲ့
သူခိုးဓါးပြဘ၀ က ကျွတ်မယ် မထင်နဲ့။
ကိုလိုနီခေတ် အဖိအနှိပ်ခံတဲ့ကြားက စာပေသမားတွေ၊ အနုပညာသမားတွေက သမိုင်းကို
လက်ဆင့်ကမ်းသယ်၊ လွတ်လပ်ရေးနဲ့အတူ သမိုင်းစစ် ကို ဖေါ်ထုတ်ခဲ့တယ်။
ခင်ဗျားတို့ သမိုင်းက
လိပ်ဖြစ်တောင် ခေါင်းမပြူဝံ့တဲ့ သမိုင်း ဖြစ်ဦးမယ်။
--------------------------
ချိုတူးဇော်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။