Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, October 4, 2014

အမေ့ လက်ရေး

အမေ့ လက်ရေး
__________

မြောက်ပိုင်းရှမ်းပြည်နယ်အစွန်အဖျားက ကြီးပြင်းခဲ့တဲ့အမေ
မြန်မာစကား ကောင်းကောင်းမပြောတတ်ဘူး။ တောင်ကြီးကိုရောက်တော့
မြန်မာစကားကို မဖြစ်မနေ အမေပြောရတယ်။ တောင်ကြီးကနေ အင်းသားရွာ တစ်ရွာမှာအခြေချတော့ အမေရဲ့မြန်မာစကားမှာ မပီကလာ အင်းသားသံတွေ ညှပ်ပါနေတယ်။ အမေ မြန်မာစာမတတ်ပါဘူး။ ဒါပေမဲ့ ကျွန်မတို့ စာကျက်ရင် ဘေးမှာထိုင်ပြီး ညနက်သန်းခေါင်အထိ အမေအဖော်ပြုတတ်တယ်။ ကျွန်မတို့ရွတ်ဖတ်တဲ့ မြန်မာစာတွေကို အမေ ဂရုတစိုက် နားထောင်တတ်တယ်။ တရုတ်စာကိုတော့ အမေ အတော်အသင့် ရေးနိုင်ဖတ်နိုင်တယ်။ ငယ်ငယ်တုန်းက ကျွန်မတို့ကို တရုတ်စာသင်၊ စာပြပေးပေမယ့် အမေ့လက်ရေးကို ကျွန်မ သေချာမမှတ်မိဘူး။ အိမ်က ပြက္ခဒိန်ပေါ်မှာ ပျိုးနုတ်၊ ကောက်စိုက်တဲ့ရက်ကို အမေရေးမှတ်တတ်ပေမယ့် အမေ့လက်ရေးကို ကျွန်မ အမှုမဲ့အမှတ်မဲ့ပဲထားခဲ့မိတယ်။

ကျွန်မ တောင်ကြီးရောက်တော့ ရွာနဲ့လည်း သိပ်မဝေး၊
နေ့ချင်းသွားပြန်လို့ရတဲ့အတွက် အမေ့ကိုလွမ်းရင် ရွာပြန်၊ အမေကလည်း ကျွန်မတို့ကိုလာကြည့်နဲ့ စာတတန်၊ ပေတတန် မဆက်သွယ်ဖြစ်ခဲ့တော့ နဂိုကတည်းက အမှတ်မထားမိတဲ့အမေ့လက်ရေးက ကျွန်မနဲ့ ပိုစိမ်းသွားတော့တယ်။

ကံကောင်းထောက်မလို့ နိုင်ငံခြားမှာ ပညာဆက်သင်ခွင့်ရမှ အမေ့လက်ရေးကိုဖတ်ဖို့ ကျွန်မအခွင့်ကြုံလာခဲ့တယ်။ ရွာမှာ ဖုန်းမရှိတဲ့အတွက်၊ ဖုန်းပြောဖို့ရက်ချိန်းတွေ ယူနေရတဲ့အတွက် အမေက သူပြောချင်တာကိုရေးပြီး ကျွန်မဆီ ပို့ခဲ့တယ်။ ရေးကျင့်မရှိတာ ကြာလို့ပဲလား... အဖတ်ပဲရှိပြီး အရေးမရှိတဲ့ အတွက်ကြောင့်လား၊ စားဝတ်နေရေးနဲ့ လုံးချာလိုက်နေရလို့ စာဖတ်ချိန်နည်းခဲ့တဲ့ အတွက်ကြောင့်လား.. ကွေးကွေးကောက်ကောက် စာလုံးတွေ၊ အစက်တွေလိုပြီး အစက်တွေပိုနေတဲ့ စာလုံးအမှားတွေနဲ့ အမေ့လက်ရေးကိုမြင်စက ကျွန်မ မနည်းဖတ်ယူခဲ့ရတယ်။

အမေပေးပို့လိုက်တဲ့စာတိုင်းမှာ ကျန်းမာရေးကို ဂရုစိုက်ဖို့၊ စာကြိုးစားဖို့၊ နောက်ဆံမတင်းဘဲ ပညာကိုဆုံးခန်းတိုင် သင်ယူဖို့၊ ငွေလိုရင် ဆွေမျိုးတွေဆီက ခဏယူသုံးပါ၊ အမေ မရရအောင်ရှာပြီး ဆပ်မယ်ဆိုတဲ့ အကြောင်းတွေပဲဖြစ်တယ်။ အမေ့စာကိုဖတ်ပြီး အမေ့ကို သတိရစိတ်နဲ့ ခဏလောက် ကျွန်မဝမ်းနည်းသွားမိတယ်။ ပြီးရင် စာကို စာအိတ်ထဲပြန်ထည့်ပြီး တစ်နေရာရာမှာ သိမ်းထားလိုက်တယ်။ အမှုမဲ့ အမှတ်မဲ့ပါပဲ။

အမေဆုံးပြီး နှစ်နှစ်အကြာမှာ ကျွန်မ အိမ်တစ်ခေါက် ပြန်ဖြစ်ခဲ့တယ်။
ခြေရာလက်ရာမပျက် သော့ခတ်ထားတဲ့အမေ့အခန်းကို ကျွန်မအလွမ်းပြေ ဝင်ကြည့်ဖြစ်ခဲ့တယ်။ အမေရဲ့ဘီရိုထောင့်တစ်နေရာမှာ ဗလာစာအုပ်တစ်အုပ်ကိုတွေ့တော့ ကျွန်မ စိတ်ဝင်စားပြီး ယူကြည့်မိတယ်။ ကျွန်မနာမည်နဲ့ အစချီထားတဲ့ တစ်ဝက်တစ်ပျက် ရေးလက်စ စာတွေ၊ ဖျက်ရာ ပြင်ရာ ဗလာပွနဲ့ စာတိုလေးတွေက ဗလာစာအုပ်နဲ့ အပြည့်ပါပဲ။ ကျွန်မဆီ စာတစ်စောင်ရေးဖို့ အမေဘယ်လောက် အချိန်ယူ အားစိုက်ခဲ့ရတယ်ဆိုတာ ရေးရာ၊ ခြစ်ရာတွေ ပွနေတဲ့ ဗလာစာအုပ်လေးကသက်သေပါ။ ကျွန်မရဲ့လက်တွေ စာရွက်ကို အဆက်မပြတ်လှန်နေသလို ပါးပြင်ပေါ်က မျက်ရည်တွေလည်း အဆက်မပြတ် စီးဆင်းလို့နေတယ်။

ဖတ်ပြီး အမှတ်တမဲ့ ခေါက်သိမ်းထားခဲ့တဲ့ အမေရဲ့မညီမညာ လက်ရေးတွေမှာ ခွန်အားဘယ်လောက်ပါခဲ့သလဲ...အချိန်ဘယ်လောက် ယူခဲ့ရသလဲ... ဘယ်လောက် အားစိုက်ခဲ့ရသလဲ.. ကျွန်မ မသိခဲ့ပါဘူး။

အခုတော့ ဝါကျင်ကျင် စာရွက်ပေါ်မှာ မင်ရောင်ဖျော့နေပြီဖြစ်တဲ့ အမေ့လက်ရေးတွေက အမေ မရှိတော့တဲ့နောက် အမေ့ကိုယ်စား ကျွန်မကို ပြောဆိုဆုံးမနေသလိုပါပဲ။
လဲကျသွားချိန် ပြန်ထဖို့ ကျွန်မကို ခွန်အားတွေပေးနေခဲ့တယ်။
အားငယ်ချိန် အားတင်းထားနိုင်ဖို့ စိတ်ဓာတ်တွေ ဖြည့်ပေးနေခဲ့တယ်။
ကျေးဇူးပါ အမေ... ကျေးဇူးဆိုတဲ့စကားတစ်ခွန်းနဲ့ မလုံလောက်မှန်းသိပေမဲ့ အမေ့ကို ကျွန်မ အရမ်းကျေးဇူးတင်မိပါတယ်။

မျက်စိနှစ်ကွင်း အလင်းရအောင်
ကျွန်မရဲ့မီးအိမ်ကို ထွန်းညှိခဲ့သူဟာ အမေပါ။
စိတ်ဓာတ်တွေ လဲပြိုမသွားအောင်
ကျွန်မရဲ့ဝိညာဉ်ကို ပဲ့ကိုင်ခဲ့သူဟာ အမေပါ။
လမ်းခရီးဆုံးထိ လျှောက်လှမ်းနိုင်အောင်
အားအင်တွေဖြည့်ပေးခဲ့တာ အမေပါ...အမေ။

နိုင်းနိုင်းစနေ (Monday, November 05, 2007)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။