လွတ်လပ်စွာရွေးချယ်ခွင့်ကို တန်ဖိုးထားတဲ့ဂီတသမား
Side Effect တွေထဲက အဆိုသမား၊ ဂစ်တာသမား၊ သူ့အမည်ကဆန်းသည် Darko.C ၊ သူ့အတွေးတွေက သူများနဲ့မတူ။ သူကလေးဘဝကတည်းက သူ့အဖေဖွင့်သည့် သီချင်းတွေ နားထောင်ရင်း ဂီတက သူ့သွေးကြောထဲ စီးဝင်ကွန့်မြူးခဲ့သည်။ သူ့အဖေက ဂစ်တာတီးကာ မြန်မာပြည်သိန်းတန်၊ မင်းမင်းလတ်တို့ သီချင်းတွေ ဆိုတတ် သည့် အတွက် သီချင်းတွေကို သူနားရည်ဝခဲ့သည်။ အဒေါ်တွေနဲ့ အနေနီးသူပီပီ စိုးလွင်လွင်၊ ညီထွဋ်တို့သီချင်းတွေကို သူ ကျွမ်းရင်းခဲ့သည်။ အဲသည်နောက်. . .
ကျွန်တော့်ကို လှုပ်နိုးလိုက်သလို ရူးသွပ်သွားစေတဲ့သူက မောင်မောင်ဇော်လတ်ဗျ။ The Ants ရောင်စုံချောကလက် ၊ သူက own tune လည်း ဖြစ်တယ်။ သီချင်းတွေ ကလည်းမိုက်တယ်။ သူ့သီချင်းတွေနားထောင်ပြီး ကိုယ်တိုင်ဖန်တီးလို့ ရတယ်ဆိုတဲ့အတွေးလေး ဝင်လာတယ်။ကျောင်းသားဘဝမှာ သီချင်းတွေစရေးတယ်။ သူငယ်ချင်း တစ်ယောက်အတွက် ကျွန်တော့်သီချင်းတွေချည်းပဲ ၁၂ ပုဒ်၊ ယုံကြည်မှုနဲ့ပဲလုပ်ဖြစ်တယ်။ drums က ဗီနို၊ ကိုယ့်သီချင်းကိုယ်ဖန်တီးပေးရမယ်ဆိုတော့ ဂစ်တာကို ကျွန်တော်ပဲတီးတယ်။ ကိုယ့်သီချင်းကို သူများတွေနဲ့လုပ်တဲ့အခါ တကယ်တမ်း ကိုယ့် band မဟုတ်တော့၊ ကိုယ်လိုချင်တဲ့ ပုံစံမသွားဘူး။ မျှော်လင့်မ ထား တာတွေ ဖြစ်လာတယ်။
သူ့သီချင်းတွေက ရိုးသည်၊ ရိုးပေမယ့်သာမန် မြင်ကြားနေကျ ပုံစံလည်းမဟုတ်။ သူ့သီချင်းတွေအကြောင်း သူတစ်ပါးကို သူရှင်းပြတတ်ပုံမရ။ သူ့စိတ်ထဲ မတင်မကျ။ သူ့ သီချင်းတွေ သမားရိုးကျပုံစံခွက်ထဲ လိမ့်ဝင်သွားခဲ့ရင် ဒီစိုးရိမ်စိတ်က သူ့သွေးကြောတွေကို ဆူပွက်ရုန်းကြွလာ စေခဲ့သည်။ သူကောင်းစွာ သဘောပေါက်သွားသည်။ ကိုယ်ပိုင် band နဲ့တီးမှ ကိုယ်လိုချင်တဲ့ ပုံစံအပြည့်အဝပုံဖော်နိုင်မ ည်လို့ တွေးတတ်လာသည်။
နဂိုကတည်းက ကိုယ်တိုင်ရေး၊ တီး၊ ဆိုကြတဲ့ နိုင်ငံခြားက band တွေကို သဘောကျနေခဲ့တာ။ ကျွန်တော့်သီချင်းကို ကျွန်တော်ဆိုတာ အကောင်းဆုံးပဲလို့ ယူဆလိုက် တယ်။ ကိုအယ်ဖြူကို ကြည့် သူကဆိုတဲ့အခါ အသက်ဓာတ်ပါတယ်။ သူ့အသံကြီးက သာယာနာပျော်ဖွယ်တော့ မဟုတ်ဘူး။ ချိုပျစ်ပျစ်လည်း မဟုတ်ဘူး။ ဒါပေမဲ့ သူ့ အသံမှာ soul အသက်ဝိညာဉ်တစ်ခု ပါနေတယ်။ ရေးတဲ့အကြောင်း၊ စကားလုံး lyrics တွေအပေါ် သူ့ရဲ့ခံစားချက်ကို ကြိုက်တယ်။ သူ့ကိုကြည့်ပြီး ကိုယ့်မြူး ဇစ်ကိုယ်လုပ်မယ်ဆိုရင် ဘယ်လိုပဲ ဖြစ်ဖြစ် ပိုကောင်းလိမ့်မယ်လို့ ယုံကြည်သွားတယ်။ UFL ကျောင်းသားဘဝမှာ band စလုပ်လိုက်တယ်။ bass ဇော်ထက်၊ ဂစ်တာနဲ့ vocal က ကျွန်တော်ပဲ။ drums ချမ်းငြိမ်းမိုး၊ နောက် bass သမားထွက်သွားတယ် စင်ကာပူမှာ ကျောင်းသွားတက်တာ။ နောက် drums လည်း ထွက်သွားတယ်။ drums ဆယ်ထူး မရှိတော့ Jozeff.k ကျွန်တော့်ညီ ဝင်လာတယ်။
player အပြောင်းအလဲတွေရှိပေမယ့် ကိစ္စမရှိ။ ဘယ်သူဘယ်ဝါပဲ ဖြစ်ပစေ၊ သူတို့သွားချင်တာက band name Side Effect ။ band name ကိုပဲ အဓိကထားချင်သည်။ လူကိုပဲ သတ်သတ်ကြီး သိနေမှာကို သူလုံးဝ သဘောမကျ။ ခံစားချက်ပေါ့ဗျာ။ band name က လူနာမည်တွေရဲ့နောက်မှာ ကွင်းစကွင်းပိတ်ကြီးနဲ့ ဖြစ်နေမှာကို ကျွန်တော် မကြိုက်ဘူးဗျ။ band name ကိုပဲ ရှေ့ထွက်စေချင်တာ။ ဦးဆောင် အဆိုသမား၊ အဖွဲ့ ဂစ်တာသမား ဆိုပေမယ့် ကျွန်တော့်ကိုပဲ သိနေတာမျိုး မလိုချင်ဘူး။ ကျွန်တော်လိုချင်တာ Side Effect ကို သိသွား တာပဲ။
ဒီလိုနဲ့ ၂ဝ၁ဝ ကစပြီး နောက်ပိုင်းတီးလာတဲ့သီချင်း တွေမှာ ဂစ်တာအပိုင်းတွေကို Darko.C က အိမ်မှာပဲ အသံဖမ်းသည်။ guitar left တွေ right တွေ parts တွေ ခွဲတီးသည်။ ဒရမ်သမား ဂျိုးဇက်ဖ်က ဂစ်တာဝင်တီးလာသည်။ ဒီအတိုင်း မဖြစ်သေး။ လူထပ်ခေါ်မှ ဖြစ်တော့မည်။ bass သမား သိန်းလွင်ရောက်လာတယ်။ ဒီနှစ်ထဲမှာပဲ ဂျိုးဇက်ဖ်က band ကနေထွက်သွား ပြန်တယ်။ အခု နောက်ဆုံးဝင်လာတာ ဣဒ္ဓိ၊ composer ဦးသစ်မင်းရဲ့သားပေါ့။ No U trun မဖွဲ့ခင်ကတည်းက သူနဲ့ကခင်နေ တာကြာပြီ။ band ကို အဲဒီလို ရင်းနှီးသူတွေနဲ့ပဲ လုပ်ချင်တယ်။ နီးနီးကပ်ကပ် လူရင်းတွေဆိုတော့ စိတ်ပိုင်းဆိုင်ရာပါ ချိတ်ဆက်မိတယ်ဗျ။ စင်ပေါ်မှာပဲ ဖြစ် ဖြစ်၊ စင်အောက်မှာပဲဖြစ်ဖြစ်ပေါ့ဗျာ စိတ်တူကိုယ်တူ ချိတ်ဆက်မိနေတာ သဘောကျတယ်။ အမြဲတမ်း စိတ်ရောကိုယ်ပါ သက်သောင့်သက်သာ ရှိတယ်။ ယုံကြည်မှုတွေ မှာလည်း ပိုအားကောင်းလာတယ်ဗျ။
၂ဝ၁ဝ မှာ Side Effect ပွဲဦးထွက် album ထုတ်သည်။ ကိုယ့်ငွေနဲ့ကိုယ် စိုက်ထုတ်လုပ်ကြတဲ့ album ၊ website ကနေ နိုင်ငံတကာက ဝိုင်းဝန်းပံ့ပိုးသူတွေရဲ့ အကူအညီ ကို ယူရသည်။ fund ငွေ ဒေါ်လာသုံးသောင်းရခဲ့ပြီးမှ မရလိုက်တာလည်း ရှိဖူးသည်ဟု ရင်ဖွင့်သည်။ ကိုယ့်ငွေရယ်လို့ ဟုတ်တိပတ်တိမပါဘူးဗျ။ website ကနေ album ထုတ်ဖို့ဆိုပြီး ဝိုင်းလှူ ကြတာ။ အဲဒီကိစ္စ ဖြစ်သွားပြီးနောက်ပိုင်း ဒီမှာရှိတဲ့ မိတ်ဆွေအများစုနိုင်ငံခြားသားတွေပေါ့ သူတို့က ဝိုင်းပြီးစုပေးကြတယ်။ အဲဒီကနေ album လုပ်ဖြစ်သွားတယ်။ title က မိုးညအိပ်မက်များ။ အဲဒီ album က အခုမရှိတော့ဘူး။ copy ချပ်ရေ တစ်ထောင်ပဲထုတ်တာဆိုတော့၊ ကုန်သွားပြီဗျ။
၂ဝ၁၂ ဒီဇင်ဘာမှာ ဂျာမနီကို Side Effect တွေသွားသည်။ သီချင်းသုံးပုဒ် recording လုပ်ခဲ့သည်။ သီချင်းသုံးပုဒ်ပဲပါတဲ့ album ။ ပြီးခဲ့သည့် ဇူလိုင်က recording ဖမ်းပေးတဲ့ producer က သူ့ record label ကနေ ထုတ်ဝေဖြန့်ချိပေးခဲ့သည်။ အဲဒါက နိုင်ငံတကာ world wide ဖြန့်ခဲ့တာဗျ။ အဲဒီသုံးပုဒ်လုံး အခုထွက်မယ့် album သစ်မှာ ပြန်ပါမယ်။ title က The Change ၊ ပြီးခဲ့တဲ့ ဇူလိုင်က album အသစ်အတွက် ပြင်သစ်မှာသွင်းဖြစ်ခဲ့တယ်။ Europe ကို တစ်ခေါက်ထပ်သွားရမယ်ဆိုတော့ အခါ အခွင့်သင့်တာနဲ့ ၈ ပုဒ်သွင်းဖြစ်ခဲ့တာ။ အချိန်ကတစ်ပတ်ပဲရတယ်။ The Lady ရိုက်တဲ့ ပြင်သစ်ဒါရိုက်တာ။ သူ့ studio မှာ သွားသွင်းတယ်။ ဒီ ၈ပုဒ်နဲ့ ဂျာမနီမှာ သွင်းခဲ့တဲ့ ၃ပုဒ်။ ၁၁ ပုဒ်ကို နောက်နှစ်ထဲမှာပဲ album ထုတ်မယ်။ mixdown ကို NY ပဲ လုပ်မယ်။
Side Effect တွေကို ပြည်တွင်းကထက် ပြည်ပက ဂီတပရိသတ်တွေက လက်ခံမှုအတိုင်းအဆက ပိုများသည်လို့ ဆိုနိုင်သည်။ အင်ဒိုနီးရှား ဘာလီကို ၂ဝ၁၁မှာ သွားဖြစ် သည်။၂ဝ၁၂ ဒီဇင်ဘာမှာ ဂျာမနီ၊ ၂ဝ၁၃ ဇူလိုင်မှာ ဂျာမနီနဲ့ ပြင်သစ် အဲဒီလို show တွေဆိုဖြစ်ခဲသလို ပြင်သစ်မှာတော့ show မဆိုဘဲ၊ recording ဖမ်းခဲ့ရုံ သက်သက်သာ။ နောက်ဆုံး show က မလေးရှားမှာ music festival တစ်ခု။ ပြီးတော့ မကြာခင်မတ်လမှာ US, NY မှာလုပ်တ show …Texas မှာ ၆ ရက်ကနေ ၁၆ ရက်နေ့ထိ ရှိမည်လို့ သိရသည်။ show တွေ ဆိုနေရသည့် Side Effect တွေကို မေးချင်သေးသည်က band အလိုက် လေ့ကျင့်မှုအပိုင်း။
၁၉၈ဝ ဝန်းကျင်လောက်ကပေါ့။ Black Track ဆိုတဲ့ band အမေရိကန့် hard core band တစ်ခုအကြောင်း။ သူတို့ band ဖွဲ့ဖြစ်ရတဲ့အကြောင်းပြောထားတာ။ သူတို့ ဘညေိ စထောင်တော့ တီးတတ်တဲ့သူ၊ တီးနိုင်တဲ့သူကိုမရှာဘူးတဲ့ ။ စိတ်ပါတဲ့သူကိုပဲ ရှာတယ်တဲ့ဗျာ။ studio မှာလည်း တစ်ပတ် ၆ ရက် တစ်နေ့ ၅ နာရီကျင့်တယ်တဲ့။ အဲဒါကို သဘောကျသွားတာ။ သူတို့ ဒီလိုလေ့ကျင့်လို့လည်း show တွေမှာ ဆိုတဲ့အခါ ဘယ်လိုပဲမူးမူးဘယ်လိုပဲရူးရူး အမြဲကောင်းနေတာ တွေ့ရတယ်။ ကျွန်တော် တို့ဆီမှာ အဲဒါတွေလိုနေတာ။ သူတို့အဲဒီတုန်းက နာမည်ကြီး band မဟုတ်ဘဲနဲ့တောင် ဒီလိုပုံစံလေ့ကျင့်ကြတယ်ဆို တာကို လေးစားသွားတယ်။ ကျွန်တ်ာတို့ဆီမှာ အဲဒီလောက်တော့ လုပ်လို့မရဘူး။ အဓိကက ကိုယ်ပိုင် studio မရှိတဲ့ ပြဿနာ။ ငှားပြီးတီးရတာ နေ့တိုင်းသွားတီးရင်မွဲသွား မယ်။ဘာပဲဖြစ်ဖြစ် ကျွန်တော့် member တွေကို ပြောရတယ်။ ငါတို့လည်း show ရှိရှိ၊ မရှိရှိ တစ်ပတ်တစ်ရက်၊ တစ်ရက် သုံးနာရီတော့ကျင့်ကြမယ်ဆြို ပီး စနေနေ့တိုင်း ကျင့်ဖြစ်ခဲ့ကြတယ်။
ှ
Side Effect တွေ သီချင်းကျင့်တယ်ဆိုတာ သီချင်းရအောင်တိုက်ခြင်းမဟု တ်။ မသိစိတ်ရဲ့အတွင်းသားထဲထိ ထိုးထွင်းဝင်ရောက် သွားအောင် လေ့ကျင့်မှု ယူခြင်း ဖြစ်ေ နပြန်သည်။ လူဆိုတာက အာရုံလွင့်ပျံ့တတ်တော့ တီးနေရင်းနဲ့ သိစိတ်က လွင့်ပြီး တစ်နေရာရာ ရောက်သွားရင်တောင် စင်ပေါ်မှာ အမှားအယွင်း အတိမ်း အစောင်း မရှိဘဲ မသိစိတ်က အလို အလျောက် ဆက်ပြီး မှန်မှန်ကန်ကန် လိမ့်ဆင်း သွားနိုင်တဲ့ ပုံစံမျိုးပေါ့။ အဲဒီလောက်ထိ ရသွား အောင် ကျွန်တော်တို့ကျင့် တာဗျ။ ဘာလို့ဆို သီချင်းအသစ်တွေဆိုရင်လည်း စိတ်က လှုပ်ရှား နေတတ်တယ်။ ထပ်တလဲလဲ သီဆိုတီးခတ် လေ့ကျင့်ထားတဲ့ သီချင်းမျိုးကျတော့ ဘယ် လောက်ပဲ စိတ်လှုပ်ရှားလှုပ်ရှား လွတ်လပ်ပေါ့ပါး ပြီး စိတ်နဲ့လူနဲ့ တစ်သားတည်း ကျတယ်။ စိုးရိမ် ကြောင့်ကြစိတ်ကင်းကင်းနဲ့ ဆိုသွားနိုင်တာမျိုး ပေါ့ဗျာ။
Side Effect တွေရဲ့ သီချင်းပုံဖော်မှုက စိတ်ဝင်စားစရာ။ သီချင်းရိုးရိုးတွေကိုပဲ သမားရိုးကျပုံစံခွက်ထဲက အတွေးဆန့်ထွက်ကာ ဖြန့်ကျက်ရက်ဖွဲ့ထားသည်။ သီချင်းရေး တာက ပုံသေမရှိဘူး။ စိတ်ပိုင်းဆိုင်ရာခံစားမှု အခြေအနေနဲ့ ဆိုင်တယ်။ တစ်ခါတလေ Melody က အရင်ထွက်ကျလာတယ်။ အဲဒီ့ Melody တစ်စက chrous လည်း ဖြစ်နိုင်သလို verse လည်းဖြစ်နိုင်တယ်။ အဲဒါကို chord ဆွဲတယ်ရှာတယ် ထည့်တယ်။ ပြောင်းကြည့်တယ်။ ပြီးရင်ဆွဲဆန့်ခေါ်သွားလိုက် တယ်။ တစ်ခါတလေ ကျတော့လည်း guitar riff တွေအမျိုးမျိုးလျှောက်တီးကြ ည့်နေရင်းနဲ့ ခေါင်းထဲမှာ melody တွေ ရေးရေးလေး လိမ့်ဆင်းကျလာတယ်။ အဲဒါကို chords တွေ melody တွေ တစ်ခါတည်း ဖမ်းပြီးချထားလိုက်တယ်။ ပြီးမှ စကားလုံးရှာပြီး ဖြည့်တယ်။ တစ်ခါတလေကျတော့လည်း ထူးဆန်းတယ်ဗျ။ အကြောင်းအရာကြီးတစ်ခုက ဘွားခနဲအာရုံထဲ ပေါ်လာတယ်။ စာသားစကားလုံးတွေပေါ့။ ဒီအတိုင်းကြီးအသားလွတ်တော့ မဟုတ်တတ်ဘူးဗျ။ စကားလုံးတွေနောက်မှာ melody မသိမသာလေး ကပ်ခိုတွယ်ပြီး ထွက် ကျလာတတ်တယ်။ ဒါကို အဲဒီအကြောင်းအရာကို ဘယ်လိုတင်ပြမလဲစဉ်းစားပြီး verse တို့၊ chorus တို့လုပ်တယ်။
စကားလုံးတွေကို lyrics ပုံစံရေးဖွဲ့ရာမှာ ဖန်တီးမှုတွေအားကောင်းမောင်း သန်ရှိစေဖို့ နောက်ကွယ်မှာ အကြောင်းရင်းခံတစ်ခုခု ခြေခြေ မြစ်မြစ် ပံ့ပိုးနေပုံရသည်။ စကားလုံးတွေ အား ကောင်းဖို့ဆိုတဲ့စကားကို ကြားတော့ မျက်နှာပြုံးချိုချိုနဲ့ အဆိုသမား Darko က ဟက်ဟက် ပက်ပက်ရယ်ရင်းပြောသည်။
အား…ခင်ဗျားမေးမှပဲ ကျွန်တော့်သီချင်းတွေ စကားလုံးအားကောင်းရဲ့လား ကျွန်တော်တောင်မသိဘူးဗျ။ အဓိကအကြောင်းရင်းကတော့ စာဖတ်တာများလို့ထင်ပါရဲ့ဗျာ ။ ကျွန်တော်က post modern စာပေတွေ စိတ်ဝင်စားတယ်။ ဇော်ဇော်အောင်၊ နေမျိုး၊ မြတ်သစ်တို့ကို အကုန်ဖတ်လေ့ရှိတယ်ဗျာ။ ခုနောက်ပိုင်း သူတို့ စာပေအသစ်တွေ များများစားစား မတွေ့ရတော့ဘူး။ ကျွန်တော်က အဓိပ္ပာယ်တစ်ခုဆို အဲဒီနေရာမှာပဲ ရပ်တန့်မနေချင်ဘူး။ ဖြာထွက်ပြီး စဉ်းစားရတာမျိုး သိပ်ကြိုက်တာဗျ။ အတွေးကို တံခါးပိတ်မထားဘဲ ဖွင့်ထုတ် ခုန်ပေါက်ဖြန့်ကျက် ဆန့်ထွက်သွားတာမျိုး။ စာအုပ်တွေအဖတ်များပေမဲ့ သူများသီချင်းတွေ နားထောင်တာမျိုးတော့ ရှားတယ်။ စကား လုံးပိုင်းဆိုင်ရာမှာ လွှမ်းမိုးမှုခံရမှာစိုးလို့။ ကျွန်တော်ကိုယ်တိုင် ကျွန်တော့်အထဲကနေ တစ်ခါတစ်ခါပြေးမလွတ်ဘူး။ ဒီစကားလုံးကိုပဲထပ်တလဲလဲ သုံးဖြစ်သွားတာ ရှိတတ် တယ်။ မနည်းကို ရှောင်ရတယ်။
ဒီ vocal နဲ့ ဂစ်တာသမားက အားလပ်ချိန်မှာ စာဖတ်သည်၊ movie ကြည့်သည်။ contemporary art, performance art , traditintional art တွေကို စိတ်ဝင်တစား ကြည့် လေ့ရှိသည်။ သူ့အဖွဲ့သားတွေနဲ့ ဂီတအကြောင်း ကွဲလွဲမှုတွေကို အငြင်းအခုံအဆွေးအနွေး လုပ်လေ့ရှိသည်။ ဒါပေမဲ့ အကြာကြီးမဟုတ်။ Side Effect အတွက် ငါတို့ band အတွက်လို့စဉ်းစားလိုက်ချိန် မှာတစ်ယောက်ရဲ့အသည်းနှလုံးကို တစ်ယောက်လှမ်းမြင်သွားကာ အတိုက်အခံ စကားလုံးပြင်းပြင်းတွေ လွင့်စဉ်ထွက်ပြေးကုန် သည်။ ဒါဖြင့် Side Effect မဟုတ်သည့် တခြား Band တွေအကြားမှာရော ဘယ်လိုစကားလုံး အသံတွေ ကြားရနိုင်မလဲ။
ဆင်ခြေပေးနေသံတွေ ကြားကြားနေရတယ်ဗျ။ ကိုယ်တကယ်လုပ်ချင်တာကတခြား၊ အခြေအနေအရ ဒါပဲလုပ်နေရတယ်ဆိုတာမျိုး။ ဒါတွေ ကြားရင်စိတ်မကောင်းဘူး။ ကျွန်တော်တော့ လွတ်လပ်စွာရွေးချယ်ခွင့်ကို အင်မတန်တန်ဖိုးထားတယ်။ ကျွန်တော်တို့ဆို လူအများရဲ့ရွေးချယ်ခြင်းခံရ တဲ့ band တော့မဟုတ်ဘူးဗျ။ ကျွန်တော်တို့ လည်း ကိုယ်ရွေးချယ်တာ ကိုယ်နှစ်သက်တာကိုပဲ ရင်ခုန်ပြီးလုပ်တယ်။ show တွေဆိုပြီဆိုရင် မနက်ဖြန်သေသွားရင် ဘယ်လိုလုပ်မလဲ၊ အဲဒီအတွေးကို ခေါင်းထဲထည့်ပြီး တီးတယ်ဆိုတယ်ဗျာ။ show သေးသေးလေးလည်း ဒီလိုပဲတီးတယ်၊ နိုင်ငံခြားမှာလုပ်တဲ့ show လည်း ဒီလိုပဲတီးတယ်။ 50th st Bar မှာလည်း ဒီပုံစံပဲ။ performance ဘာမှ ပြောင်းမသွားဘူး။ တခြား band တွေလည်း သူတို့နှစ်သက်ရာသူတို့ ‘ရွေးချယ်ပြီးကြပြီ’ လို့ပဲ ယူဆပါတယ်ဗျာ။
#Zigzag : Yati Magazine
February 25th, 2014
Photo : #Side_Effect's official page
Side Effect တွေထဲက အဆိုသမား၊ ဂစ်တာသမား၊ သူ့အမည်ကဆန်းသည် Darko.C ၊ သူ့အတွေးတွေက သူများနဲ့မတူ။ သူကလေးဘဝကတည်းက သူ့အဖေဖွင့်သည့် သီချင်းတွေ နားထောင်ရင်း ဂီတက သူ့သွေးကြောထဲ စီးဝင်ကွန့်မြူးခဲ့သည်။ သူ့အဖေက ဂစ်တာတီးကာ မြန်မာပြည်သိန်းတန်၊ မင်းမင်းလတ်တို့ သီချင်းတွေ ဆိုတတ် သည့် အတွက် သီချင်းတွေကို သူနားရည်ဝခဲ့သည်။ အဒေါ်တွေနဲ့ အနေနီးသူပီပီ စိုးလွင်လွင်၊ ညီထွဋ်တို့သီချင်းတွေကို သူ ကျွမ်းရင်းခဲ့သည်။ အဲသည်နောက်. . .
ကျွန်တော့်ကို လှုပ်နိုးလိုက်သလို ရူးသွပ်သွားစေတဲ့သူက မောင်မောင်ဇော်လတ်ဗျ။ The Ants ရောင်စုံချောကလက် ၊ သူက own tune လည်း ဖြစ်တယ်။ သီချင်းတွေ ကလည်းမိုက်တယ်။ သူ့သီချင်းတွေနားထောင်ပြီး ကိုယ်တိုင်ဖန်တီးလို့ ရတယ်ဆိုတဲ့အတွေးလေး ဝင်လာတယ်။ကျောင်းသားဘဝမှာ သီချင်းတွေစရေးတယ်။ သူငယ်ချင်း တစ်ယောက်အတွက် ကျွန်တော့်သီချင်းတွေချည်းပ
သူ့သီချင်းတွေက ရိုးသည်၊ ရိုးပေမယ့်သာမန် မြင်ကြားနေကျ ပုံစံလည်းမဟုတ်။ သူ့သီချင်းတွေအကြောင်း သူတစ်ပါးကို သူရှင်းပြတတ်ပုံမရ။ သူ့စိတ်ထဲ မတင်မကျ။ သူ့ သီချင်းတွေ သမားရိုးကျပုံစံခွက်ထဲ လိမ့်ဝင်သွားခဲ့ရင် ဒီစိုးရိမ်စိတ်က သူ့သွေးကြောတွေကို ဆူပွက်ရုန်းကြွလာ စေခဲ့သည်။ သူကောင်းစွာ သဘောပေါက်သွားသည်။ ကိုယ်ပိုင် band နဲ့တီးမှ ကိုယ်လိုချင်တဲ့ ပုံစံအပြည့်အဝပုံဖော်နိုင်မ
နဂိုကတည်းက ကိုယ်တိုင်ရေး၊ တီး၊ ဆိုကြတဲ့ နိုင်ငံခြားက band တွေကို သဘောကျနေခဲ့တာ။ ကျွန်တော့်သီချင်းကို ကျွန်တော်ဆိုတာ အကောင်းဆုံးပဲလို့ ယူဆလိုက် တယ်။ ကိုအယ်ဖြူကို ကြည့် သူကဆိုတဲ့အခါ အသက်ဓာတ်ပါတယ်။ သူ့အသံကြီးက သာယာနာပျော်ဖွယ်တော့ မဟုတ်ဘူး။ ချိုပျစ်ပျစ်လည်း မဟုတ်ဘူး။ ဒါပေမဲ့ သူ့ အသံမှာ soul အသက်ဝိညာဉ်တစ်ခု ပါနေတယ်။ ရေးတဲ့အကြောင်း၊ စကားလုံး lyrics တွေအပေါ် သူ့ရဲ့ခံစားချက်ကို ကြိုက်တယ်။ သူ့ကိုကြည့်ပြီး ကိုယ့်မြူး ဇစ်ကိုယ်လုပ်မယ်ဆိုရင် ဘယ်လိုပဲ ဖြစ်ဖြစ် ပိုကောင်းလိမ့်မယ်လို့ ယုံကြည်သွားတယ်။ UFL ကျောင်းသားဘဝမှာ band စလုပ်လိုက်တယ်။ bass ဇော်ထက်၊ ဂစ်တာနဲ့ vocal က ကျွန်တော်ပဲ။ drums ချမ်းငြိမ်းမိုး၊ နောက် bass သမားထွက်သွားတယ် စင်ကာပူမှာ ကျောင်းသွားတက်တာ။ နောက် drums လည်း ထွက်သွားတယ်။ drums ဆယ်ထူး မရှိတော့ Jozeff.k ကျွန်တော့်ညီ ဝင်လာတယ်။
player အပြောင်းအလဲတွေရှိပေမယ့် ကိစ္စမရှိ။ ဘယ်သူဘယ်ဝါပဲ ဖြစ်ပစေ၊ သူတို့သွားချင်တာက band name Side Effect ။ band name ကိုပဲ အဓိကထားချင်သည်။ လူကိုပဲ သတ်သတ်ကြီး သိနေမှာကို သူလုံးဝ သဘောမကျ။ ခံစားချက်ပေါ့ဗျာ။ band name က လူနာမည်တွေရဲ့နောက်မှာ ကွင်းစကွင်းပိတ်ကြီးနဲ့ ဖြစ်နေမှာကို ကျွန်တော် မကြိုက်ဘူးဗျ။ band name ကိုပဲ ရှေ့ထွက်စေချင်တာ။ ဦးဆောင် အဆိုသမား၊ အဖွဲ့ ဂစ်တာသမား ဆိုပေမယ့် ကျွန်တော့်ကိုပဲ သိနေတာမျိုး မလိုချင်ဘူး။ ကျွန်တော်လိုချင်တာ Side Effect ကို သိသွား တာပဲ။
ဒီလိုနဲ့ ၂ဝ၁ဝ ကစပြီး နောက်ပိုင်းတီးလာတဲ့သီချင်း
၂ဝ၁ဝ မှာ Side Effect ပွဲဦးထွက် album ထုတ်သည်။ ကိုယ့်ငွေနဲ့ကိုယ် စိုက်ထုတ်လုပ်ကြတဲ့ album ၊ website ကနေ နိုင်ငံတကာက ဝိုင်းဝန်းပံ့ပိုးသူတွေရဲ့ အကူအညီ ကို ယူရသည်။ fund ငွေ ဒေါ်လာသုံးသောင်းရခဲ့ပြီးမှ မရလိုက်တာလည်း ရှိဖူးသည်ဟု ရင်ဖွင့်သည်။ ကိုယ့်ငွေရယ်လို့ ဟုတ်တိပတ်တိမပါဘူးဗျ။ website ကနေ album ထုတ်ဖို့ဆိုပြီး ဝိုင်းလှူ ကြတာ။ အဲဒီကိစ္စ ဖြစ်သွားပြီးနောက်ပိုင်း ဒီမှာရှိတဲ့ မိတ်ဆွေအများစုနိုင်ငံခြားသ
၂ဝ၁၂ ဒီဇင်ဘာမှာ ဂျာမနီကို Side Effect တွေသွားသည်။ သီချင်းသုံးပုဒ် recording လုပ်ခဲ့သည်။ သီချင်းသုံးပုဒ်ပဲပါတဲ့ album ။ ပြီးခဲ့သည့် ဇူလိုင်က recording ဖမ်းပေးတဲ့ producer က သူ့ record label ကနေ ထုတ်ဝေဖြန့်ချိပေးခဲ့သည်။ အဲဒါက နိုင်ငံတကာ world wide ဖြန့်ခဲ့တာဗျ။ အဲဒီသုံးပုဒ်လုံး အခုထွက်မယ့် album သစ်မှာ ပြန်ပါမယ်။ title က The Change ၊ ပြီးခဲ့တဲ့ ဇူလိုင်က album အသစ်အတွက် ပြင်သစ်မှာသွင်းဖြစ်ခဲ့တယ်။
Side Effect တွေကို ပြည်တွင်းကထက် ပြည်ပက ဂီတပရိသတ်တွေက လက်ခံမှုအတိုင်းအဆက ပိုများသည်လို့ ဆိုနိုင်သည်။ အင်ဒိုနီးရှား ဘာလီကို ၂ဝ၁၁မှာ သွားဖြစ် သည်။၂ဝ၁၂ ဒီဇင်ဘာမှာ ဂျာမနီ၊ ၂ဝ၁၃ ဇူလိုင်မှာ ဂျာမနီနဲ့ ပြင်သစ် အဲဒီလို show တွေဆိုဖြစ်ခဲသလို ပြင်သစ်မှာတော့ show မဆိုဘဲ၊ recording ဖမ်းခဲ့ရုံ သက်သက်သာ။ နောက်ဆုံး show က မလေးရှားမှာ music festival တစ်ခု။ ပြီးတော့ မကြာခင်မတ်လမှာ US, NY မှာလုပ်တ show …Texas မှာ ၆ ရက်ကနေ ၁၆ ရက်နေ့ထိ ရှိမည်လို့ သိရသည်။ show တွေ ဆိုနေရသည့် Side Effect တွေကို မေးချင်သေးသည်က band အလိုက် လေ့ကျင့်မှုအပိုင်း။
၁၉၈ဝ ဝန်းကျင်လောက်ကပေါ့။ Black Track ဆိုတဲ့ band အမေရိကန့် hard core band တစ်ခုအကြောင်း။ သူတို့ band ဖွဲ့ဖြစ်ရတဲ့အကြောင်းပြောထာ
ှ
Side Effect တွေ သီချင်းကျင့်တယ်ဆိုတာ သီချင်းရအောင်တိုက်ခြင်းမဟု
Side Effect တွေရဲ့ သီချင်းပုံဖော်မှုက စိတ်ဝင်စားစရာ။ သီချင်းရိုးရိုးတွေကိုပဲ သမားရိုးကျပုံစံခွက်ထဲက အတွေးဆန့်ထွက်ကာ ဖြန့်ကျက်ရက်ဖွဲ့ထားသည်။ သီချင်းရေး တာက ပုံသေမရှိဘူး။ စိတ်ပိုင်းဆိုင်ရာခံစားမှု အခြေအနေနဲ့ ဆိုင်တယ်။ တစ်ခါတလေ Melody က အရင်ထွက်ကျလာတယ်။ အဲဒီ့ Melody တစ်စက chrous လည်း ဖြစ်နိုင်သလို verse လည်းဖြစ်နိုင်တယ်။ အဲဒါကို chord ဆွဲတယ်ရှာတယ် ထည့်တယ်။ ပြောင်းကြည့်တယ်။ ပြီးရင်ဆွဲဆန့်ခေါ်သွားလိုက်
စကားလုံးတွေကို lyrics ပုံစံရေးဖွဲ့ရာမှာ ဖန်တီးမှုတွေအားကောင်းမောင်း
အား…ခင်ဗျားမေးမှပဲ ကျွန်တော့်သီချင်းတွေ စကားလုံးအားကောင်းရဲ့လား ကျွန်တော်တောင်မသိဘူးဗျ။ အဓိကအကြောင်းရင်းကတော့ စာဖတ်တာများလို့ထင်ပါရဲ့ဗျာ
ဒီ vocal နဲ့ ဂစ်တာသမားက အားလပ်ချိန်မှာ စာဖတ်သည်၊ movie ကြည့်သည်။ contemporary art, performance art , traditintional art တွေကို စိတ်ဝင်တစား ကြည့် လေ့ရှိသည်။ သူ့အဖွဲ့သားတွေနဲ့ ဂီတအကြောင်း ကွဲလွဲမှုတွေကို အငြင်းအခုံအဆွေးအနွေး လုပ်လေ့ရှိသည်။ ဒါပေမဲ့ အကြာကြီးမဟုတ်။ Side Effect အတွက် ငါတို့ band အတွက်လို့စဉ်းစားလိုက်ချိန်
ဆင်ခြေပေးနေသံတွေ ကြားကြားနေရတယ်ဗျ။ ကိုယ်တကယ်လုပ်ချင်တာကတခြား၊
#Zigzag : Yati Magazine
February 25th, 2014
Photo : #Side_Effect's official page
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။