Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, October 31, 2014

အရှက်ကုန် ကိုယ်ကျိုးစီးပွားကာကွယ်သူများ


အရှက်ကုန် ကိုယ်ကျိုးစီးပွားကာကွယ်သူများ
------------------------------------------------
ကိုယ်ကျိုးစီးပွားဆိုသည်မှာ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ နိုင်ငံ စသည်ဖြင့်တွင်ရှိကြသည်ချည်းဖြစ်ပါသည်။ လောကပါလတရားများကိုဆန့်ကျင် ထိခိုက်ခြင်းမရှိဘဲ မိမိနှင့် သက်ဆိုင်ရထိုက်သည့် ကိုယ်ကျိုးစီးပွားကိုရယူခြင်းဖြင့်သာ မိမိတို့၏ လူသားဆန်မှုကို ဖော်ပြရာရောက်ပါမည်။ လူသားစင်စစ်ဖြစ်ပါလျှက် လောကပါလတရား၏ပြဋ္ဌာန်းချက်ထက်ကျော်လွန်ဆန့်ကျင်သော ကိုယ်ကျိုးစီးပွားများကို ရယူထားသည့်အပြင် ထိုသို့ရယူထားရာတွင်လည်းကျန်သူ၊ ကျန်အဖွဲ့အစည်း၊ ကျန်တိုင်းပြည်နိုင်ငံတို့၏တရားသဖြင့်ရပိုင်ခွင့်ရှိမှုကို မလေးစားစော်ကား၊ ဥပဒေကိုမျက်ကွယ်ပြုပြီးမှ အစွမ်းကုန်ဆန့်ကျင်ပြီးမှ ရယူပိုင်ဆိုင်ထားခဲ့သည်ဆိုလျှင်ကား.....။

လက်ရှိဗမာပြည်၏ အုပ်ချုပ်သူများနှင့် စစ်တပ်သည် နှစ်ငါးဆယ်ကျော်ကြာ လောကပါလတရားနှင့်ဆန့်ကျင်ပြီး မိမိတို့မတရားရယူထားသော ကိုယ်ကျိုးစီးပွားများကို အရှက်ကုန် အသားကုန်ကာကွယ်နေရသည်၏ အဖြစ်ကို ပြည်သူတို့အနေဖြင့် မကြည့်ချင်မြင်လျှက်သား ဖြစ်နေသောကြောင့်ဖြစ်ပါသည်။

အနည်းဆုံးတော့ အောက်ပါအချက်တွေကိုတော့ ပြောနိုင်ပါသည်။

(၁)ဒေါ်အောင်ဆန်းစုကြည် အဆိုပြုထားသည့် လေးပွင့်ဆိုင်တွေ့ဆုံရန်ကိစ္စကိုငြင်းဆန်နေခြင်း...။

(၂)ကမ္ဘာ့အရှည်ကြာဆုံးပြည်တွင်းစစ်ရပ်စဲရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးသမားများနှင့် ငြိမ်းချမ်းရေးရရန် စေတနာမှန်ဖြင့်မကြိုးပမ်းပါဘဲ ဟန်ပြငြိမ်းချမ်းရေးကြိုးပမ်းနေခြင်း...။

(၃)စစ်တပ်အကျိုးစီးပွားကိုအဓိကဖော်ဆောင်နေသူ ဦးပိုင်ကုမ္ပဏီနှင့်ပတ်သက်သမျှကို ဆက်ဆက်ထိမခံဖြစ်နေခြင်း...။

(၄)စစ်ဗိုလ်ချုပ်များနှင့် အဓိကစီးပွားဖက် ခရိုနီများကို ဥပဒေဘောင်ကျော်ကာ ထင်တိုင်းစီးပွားရေးရမ်းကားခွင့်ပေးထားခြင်း...။

(၅)စစ်တပ်အနေဖြင့် ပြည်သူ၊ တိုင်းရင်းသားများနှင့် တိုင်းရင်းသားတော်လှန်ရေးသမားများအပေါ်ခွဲခြားဆက်ဆံခြင်း Discriminatoin တို့ဖြစ်ပါသည်။

(၁)ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီသည် အမျိုးသားရင်ကြားစေ့ရေးဆိုသည်ကို တစ်လျှောက်လုံးတင်လာခဲ့ခြင်းဖြစ်ပြီး၊ စစ်အစိုးရအပေါ် အလျှော့ပေးဆက်ဆံ၍ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကိုမေ့ပစ်ခဲ့ကာ မတရားသည့် မိမိတို့မထောက်ခံသည့် နာဂစ်ဖွဲ့စည်းပုံအရပြုလုပ်သည့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲဝင်ပြီး အမျိုးသားရင်ကြားစေ့ရေး၊ မျက်နှာချင်းဆိုင်တွေ့ဆုံရေးအတွက် ကြိုးပမ်းခဲ့ပါသည်။ သို့သော်လည်း အစိုးရဖက်မှ မတုန့်ပြန်သည့်အဆုံး လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး တောင်းဆိုပြန်သ်ာလည်း စစ်အစိုးရဖက်မှ တွေ့ဆုံခွင့်မပေးခဲ့ပါ။ ကလေးစကားနှင့်ပြောရလျှင် သုံးယောက်နှင့်တစ်ယောက် ရင်ဆိုင်စကားပြောဖို့ပင်မဝံ့သူများပါ။ ကိုယ့်အခြေခံရပ်တည်ချက်က အမှန်ဆိုလျှင်ဖြင့် သူတကာနှင့်ရင်ဆိုင်ပြောရဲ ရှင်းရဲရပါမည်။ နိုင်ငံ့မျက်နှာ ဦးထိပ်တကယ်ထားရိုးအမှန်ဆိုလျှင်ဖြင့် ယခုလိုမဖြစ်သင့်တော့ပါ။ ယခုမူ ဆင်ဖြူမျက်နှာ ဆင်မည်းမကြည့်ဝံ့သည့်ပုံစံမျိုး၊ လူတောမတိုးသည့်လုပ်ရပ်မျိုးဖြင့် တုန့်ပြန်ရင်ဆိုင်နေပုံမျိုးမှာ ဆင်ခြင်တုံတရားရှိသူ၊ နိုင်ငံ့အကျိုးဆောင်သူတို့လုပ်ရပ်မဟုတ်ပါဘဲ၊ ခေါင်းမာ မိုက်ကန်းသည့် အာဏာရှင်စရိုက်ရှိသူတို့၏ လုပ်ရပ်မျိုးသာဖြစ်ပါသည်။ အမြဲတမ်း အပေါ်စီး အထက်စီးမှ ပြောဆိုနေထိုင်လိုသူများအဖို့ ယခုကဲ့သို့ အပေးအယူမဟုတ်ဆိုသည့်တိုင် လူကြီးလူကောင်းဆန်ဆန် ညှိနှိုင်းပြောဆိုတက်သည့် အလေ့အကျင့် အတက်ပညာကို နှစ်ငါးဆယ်လွန်မြောက်သည့်တိုင် မတက်မြောက် မယဉ်ပါးသေးဟု သုံးသပ်နိုင်သည့်အတွက်ဖြစ်ပါသည်။

(၂)တစ်တိုင်းပြည်လုံးမှပြည်သူများ တစ်လျှောက်လုံးတောင်းဆိုနေသည့် ပြည်တွင်းငြိမ်းချမ်းရေးရဖို့အတွက် စစ်အစိုးရမှ စိတ်ကောင်းစေတနာဖြင့် တိုင်းရင်းသားအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးနေသည်ကိုမတွေ့ရပါ။ အဘယ့်ကြောင့်ထိုသို့ပြောနိုင်သနည်းဆိုမူ (၁၇) နှစ်ကြာအပစ်ရပ်ထားသည့် KIA နှင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးနေသည့် ကာလအတွင်းမှာပင် ပြန်လည်၍တိုက်ပွဲများဖြစ်ပွားလာခဲ့ရာတွင် လေကြောင်းထိုးစစ်များဖြင့် တိုက်ပွဲဝင်ခဲ့သည်အထိ တွေ့မြင်ရသောကြောင့်ဖြစ်ပါသည်။ ယခုထိတိုင်လည်း SSA"DKBA"TNLA တို့နှင့် တိုက်ပွဲများမပြတ်ဖြစ်ပွားနေဆဲဖြစ်ပါသည်။ အင်အားကြီးသူက သဘောထားကြီးမည်ဟု ခံယူထားပုံမရဘဲ သဘောထားသေးသိမ်ပုံမှာ ယောက်ျားရင့်မာကြီးတွေမှ ဟုတ်ပါလေစဟု ထင်ရသည်အထိပင်။ ဖက်ဒရယ်တပ်မတော်ဆိုသည်နှင့်တီဆားနှင့်တို့သလိုဖြစ်နေပုံမျိုးမြင်နေရသည်မှာ စစ်သားများမှဟုတ်ပါလေစဟုတွေးမိရပါတော့သည်။ တစ်နိုင်ငံလုံးမှာ လက်နက်ဆိုရင်ငါတို့ပဲကိုင်မယ် မင်းတို့အရပ်သားကတော့ အင်္ဂလိပ်ကိုလိုနီခေတ်တုံးကလို အရိုးအသွားခြောက်လက်မကျော်တဲ့ ဓါးမြောင်ဆိုရင် မကိုင်နဲ့ဆိုနေပုံမျိုးပါ။ ဆိုခဲ့ပါ စိတ်ဓာတ်မျိုးနှင့်တော့ ငြိမ်းချမ်းရေးကတော့မဖြစ်နိုင်ဟုပင် ကောက်ချက်ချရပါတော့မည်။ ငြိမ်းချမ်းရေးကျားမြီးကိုဆွဲမိပြီးမှ မလွှတ်ရဲ မကိုင်ရဲ ဖြစ်နေပုံမျိုးမြင်နေရပါသည်။ ငြိမ်းချမ်းရေးအတွက် ကုန်ကျစရိတ်များကို အဓိကစိုက်ထုတ်နေသည်မှာ နော်ဝေ၊ ဗြိတိန်၊ သြစတေးလျနှင့် အီးယူတို့ဖြစ်ပြီး ယခုလိုငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တုန့်ဆိုင်းနှောင့်နှေးကြန့်ကြာနေရခြင်းအတွက် ကြာလျှင် စေတနာရှိသူများပင် စေတနာကွက်သွားနိုင်ပါသည်။ အစိုးရဖက်မှဝန်ကြီးက ငြိမ်းချမ်းရေးရဖို့ အိမ်ရောင်းကားရောင်းပြီး ဆောင်ရွက်နေပါသည်ဆိုတော့ ရယ်စရာဟာသများဖြင့် ဖျော်ဖြေနေသည်ဟုပင် ထင်ရပါတော့သည်။

(၃)စစ်တပ်၏စီးပွားရေးလုပ်ငန်းကို တရားဝင်အနေဖြင့် လုပ်ကိုင်နေသည်မှာ ဦးပိုင်နှင့် စီးပွားရေးကော်ပိုရေးရှင်းတို့ဖြစ်သည်။ ဦးပိုင်က လက်ရှိစစ်သားနှင့် စစ်ပြန်အတွက်၊ စီးပွားရေးကော်ပိုရေးရှင်းက လက်ရှိစစ်သားအတွက်အကျိုးစီးပွားများကို ဖော်ဆောင်နေကြပေသည်။ တစ်ပြည်လုံးရှိ ဘီယာ၊ စီးကရက်လုပ်ငန်းများ၊ ကျောက်စိမ်းကျောက်မျက်ထွက်ရှိရာဒေသများမှ ကျောက်မျက်လုပ်ကွက်များ၊ (ကိုယ်တိုင်မလုပ်ရဲသော်ငြား လုပ်ကွက်လိုင်စင်များကို အခြားသူများ၊ ခရိုနီများသို့ တစ်ဆင့်ရောင်းချထား)၊ သတ္ထုတူးဖော်ရေးလုပ်ငန်းကြီးများ၊ (အထင်ရှားဆုံးက လက်ပံတောင်းတောင်ကြေးနီမိုင်းလုပ်ငန်း)၊ ကြယ်ငါးပွင့်ပင်လယ်ကူးသင်္ဘောလုပ်ငန်း၊ စီးပွားရေးကော်ပိုရေးရှင်း၏ တယ်လီဖုန်းလုပ်ငန်းများ စသည်စသည်လုပ်ငန်းများအပြင် အခြား ပြည်သူတို့အသေးစိတ်မသိသည့် လုပ်ငန်းများရှိပါသေးသည်။ ထိုစီးပွားရေးလုပ်ငန်းများတွင် စစ်တပ်၏အဓိကစီးပွားဖက်မှာ တရုတ်တို့ပင်ဖြစ်သည်။ တရုတ်နိုင်ငံဆိုသည်မှာ စီးပွားရေးလုပ်ငန်းများတွင် ကျင့်ဝတ်သိက္ခာမဲ့သည့်အကြောင်းကို ကမ္ဘာတစ်လွှားကျော်ကြားသည့် မကောင်းသတင်းများအရ ထင်ရှားလှပါသည်။ ထိုထင်ရှားလှသည့်သူကိုမှ စီးပွားဖက်အဖြစ် စစ်တပ်ကရွေးချယ်ထားပြန်ရာ ယခင် စစ်အစိုးရ၏အကြီးအကဲဆိုသူက နာမည်ဆိုးနှင့်ကျော်ကြားလှသည့် ဧရာဝတီမြစ်ဆုံစီမံကိန်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း၊ ဗမာပြည်ဖြတ် ဓာတ်ငွေ့နှင့်ရေနံပိုက်လိုင်းစီမံကိန်း၊ တစ်ဆက်တည်း မီးရထားလမ်း၊ ကားလမ်းစီမံကိန်း၊ သံလွင်မြစ်ပေါ်မှ ရေကာတာကြီးများ စီမံကိန်းကြီးများနှင့် ယခုထိတိုင် ပေါ်ထွက်မလာသေးသည့် အခြားစီမံကိန်းကြီးများအပါအဝင် စီမံကိန်းကြီးများမှာ သူ့လက်ထက်ကတည်းကပင် တရုတ်တို့နှင့် သဘောတူလက်မှတ် ထိုးထားခဲ့ပြီးဖြစ်ပါသည်။ ပြည်သူတို့က မခံမရပ်နိုင်၍ အော်ဟစ်ဆန္ဒပြလည်း တရုတ်တို့ကရယ်ကြဲကြဲလုပ်နေမည်သာဖြစ်ပေသည်။ အဘယ့်ကြောင့်ဆိုမူ ဆန္ဒပြရွာသူရွာသား၊ ဘုန်းကြီးရဟန်း၊ ကျောင်းသားများပါမကျန် နှိပ်ကွပ်ပြနေသည်ကလက်တွေ့ပင်မဟုတ်ပါလား။

ထို့ကြောင့် စစ်တပ်၏လုပ်နေပုံမှာ သူတို့အကျိုးစီးပွားအတွက် တိုင်းပြည်၏သယံဇာတများကို ဦးနှောက်မဲ့သည့်လူမိုက်လိုအကြံတုံး ဉာဏ်တုံးဘဝမို့၊ ဘာမျှမလုပ်တက် မကိုင်တက်နှင့် သူခိုးဈေးနှင့်ရောင်း၍ အပြစ်ရှိသည်ကတစ်မျိုး၊ သူ၏စီးပွားဖက်တရုတ်တို့ စိတ်ငြိုငြင် စိတ်ကွက်မည်စိုး၍ ပြည်သူတို့ကိုနှိပ်ကွပ်နေ၍ အပြစ်ရှိသည်ကတစ်မျိုးဖြင့် အပြစ်ပြီးအပြစ်ထပ်နေပါတော့သည်။ ထိုသို့ စစ်တပ်က သူတို့နှင့်မဆိုင်သည့် စီးပွားရေးလုပ်ငန်းများဖြင့် စီးပွားရေးသောင်းကျန်းနေကြသည်မှာ ကိုယ်ဟာစစ်သားဖြစ်ခြင်းဆိုသည့် အဖြစ်မှန်ကိုပင် မေ့နေကြပြီလားဟုမေးရပါတော့မည်။ ထို့ကြောင့်ပင် ဦးပိုင်ကုမ္ပဏီကိုထိလိုက်သည်နှင့် တရုတ်ကိုထိလိုက်သည်နှင့် သူတို့အကျိုးစီးပွားကိုတိုက်ရိုက်ဖျက်ဆီး ခံရသည့်ပမာ ဆက်ဆက်ထိမခံဖြစ်နေကြသည်မှာ ရွံစရာပင်ကောင်းလှပါသည်။ လက်ပံတောင်းဒေသခံများကို ကူညီနေသည့် ဗကသ ကျောင်းသားခေါင်းဆောင်များကိုလည်း ဖမ်းဆီးနှိပ်ကွပ်နေပုံမှာ ၆၂ ခုနှစ်ကတည်းကရှိခဲ့သော မပြေနိုင်သေးသည့်အငြှိုးများနှင့် အတိုးအရင်းပေါင်း၍ ကြွေးဆပ်နေသည့်အလားပင်။ စစ်တပ်နှင့်ဦးပိုင်က တရုတ်အကျိုးစီးပွားကို အသက်နဲ့လဲကာကွယ်နေသလိုပင် အစိုးရကြီးကလည်းမထူးပါ။ ကလေးမုန့်များနှင့် အစားအသောက်များတွင် တားမြစ်ဓာတုဗေဒဆေးဝါးများပါနေ၍ ပြောသံဆိုသံများထွက်ပေါ်လာသည့်အခါ တရုတ်ဆိုသည့် စကားလုံးမသုံးဖို့ တားမြစ်နေပုံမျိုးကလည်း မထူးပါ။ တရုတ်ကိုကျေးဇူးရှင်မို့ ကြောက်နေရသည်ဆိုလျှင် အဆိုပါစကားမှာ စစ်တပ်နှင့် အစိုးရတို့အဖို့သာသက်ဆိုင်ပါမည်။ ကျန်ပြည်သူအားလုံးနှင့် မဆိုင်ရေးချမဆိုင်ဖြစ်ပါသည်။ တရုတ်နှင့် ပြည်သူတို့အဖို့မူ ဆားပေး၍ဆီရသောဆက်ဆံရေးသာဖြစ်ပြီး၊ အဆိုပါဆက်ဆံရေးတွင်ပင် တရုတ်က ဖျံကျလွန်း၍ တူတူတန်တန်ဆက်ဆံရေးဟုပင် ဆို၍မရပါ။ ထို့ကြောင့် ပြည်သူတို့အဖို့မူ တရုတ်မှာကျေးဇူးရှင်မဟုတ်ဘဲမိမိတို့သယံဇာတများကို အိမ်တွင်းမှ ဓားရိုးကမ်းသူနှင့်ပေါင်းစားနေသော လူလည်များသာဖြစ်ပါသည်။ ထို့ပြင် စစ်တပ်ကိုယ်စားပြု ဦးပိုင်၏ စီးပွားရေးလုပ်ကွက်များကိုလည်းကြည့်ပါဦး၊ အဆင့်မြင့်နည်းပညာမပါ၊ မိမိလူ့စွမ်းအားအရင်းအမြစ်တွေကိုလည်း အကျိုးရှိရှိအသုံးမချနိုင်ပါပဲ သဘာဝပတ်ဝန်းကျင်များကို အဆိုးရွားဆုံးပျက်စီးစေသည့်လုပ်ငန်းများဖြစ်သည့် သယံဇာတတူးဖော်ထုတ်လုပ်သည့် လုပ်ငန်းများတွင်သာ အဓိကလုပ်နေကြခြင်းဖြစ်ပါသည်။ စီးပွားရေးကို တူတူတန်တန်မလုပ်နိုင်ဘဲ အလွယ်လမ်းလုပ်သည့် ကြွက်ပျင်းများသာဖြစ်ပါတော့သည်။

(၄)ပြီးခဲ့သည့် စစ်အစိုးရတစ်ခေတ်လုံး ဗိုလ်ချုပ်ဆိုသူများသည် မိမိပိုင်ရာနယ်မြေအတွင်း ခရိုနီများလုပ်ကိုင်သော လုပ်ငန်းကြီးများမှ အကျိုးအမြတ်များစွာရခဲ့ပါသည်။ ခရိုနီများသည် မိမိတို့ပိုင်ရာ ဗိုလ်ချုပ်များရှိနေရာ ဘယ်ခရိုနီကတော့ ဘယ်ဗိုလ်ချုပ်ရဲ့ လက်စွဲပဲဆိုတာမျိုးတွေက မထူးဆန်းလှသော အကြောင်းအရာများသာဖြစ်ပါသည်။ သက်ဆိုင်ရာလုပ်ငန်းအလိုက် တင်ဒါများရအောင် ဗိုလ်ချုပ်များက ဖန်တီးပေးခြင်းဖြင့် ဗိုလ်ချုပ်များအတွက်လည်း ခရိုနီများက စည်းစိမ်ဥစ္စာများကို ရှာဖွေပေးအပ်ခဲ့ကြပါသည်။ မကြာသေးမီက ကုလသမဂ္ဂအဖွဲ့အစည်းတစ်ခုအတွက် အိမ်တစ်လုံးကိုတစ်လကျပ်သိန်းရှစ်ရာနှင့် အငှားချခဲ့သော ဗိုလ်ချုပ်သည် အာဏာလက်မဲ့ ဗိုလ်ချုပ်ပြုတ်တစ်ဦးဖြစ်ပါသည်။ ထိုအိမ်သည်ပင် သူ၏ ဘယ်နှစ်လုံးမြောက်အိမ်ဆိုသည်လဲမသိပါ။ ဆိုလိုသည်မှာ အာဏာလက်မဲ့အပြစ်နှင့် ပြုတ်သွားရပါသည်ဆိုသော ဗိုလ်ချုပ်သည်ပင် ထိုမျှပိုင်ဆိုင်လျှင် အာဏာလက်ရှိ၊ အာဏာလက်မရှိ၊ အပြစ်လည်းမရှိခဲ့သူများဆိုလျှင် အဘယ်မျှပိုင်ဆိုင်ကြပါသနည်း။ သူတို့မှလွဲ၍ ဖန်တီးပေးခဲ့ကြသော ခရိုနီများသာသိကြပါလိမ့်မည်။ ခရိုနီများကလည်း အခွန်ကိုမဆောင်ကြခြင်းဖြင့် ပြည်သူတို့၏အကျိုးစီးပွားကိုဆန့်ကျင်ကြသလို၊ သေချာပေါက်မြတ်စွန်းသည့်လုပ်ငန်းများကိုသာ အမြဲလုပ်ကိုင်ခဲ့ကြသော်လည်း တစ်ခါတစ်ရံ အရှုံပေါ်တော့မည့် အရိပ်အယောင်မြင်လျှင် အစိုးရကိုပြန်အပ်သည်မျိုးကိုလည်း လုပ်တက်ကြပါပေသည်။ ထိုအခါ အစိုးရက တင်ဒါစည်းကမ်းများအရ အရေးယူဖို့ဝေးစွ၊ သူတို့ပြန်အပ်သည့်အတိုင်း လက်ခံလိုက်သည်ချည်း။ ဥပမာအားဖြင့် အေးရှားဝေါလ်၏ ရန်ကုန်လေဆိပ်အဆင့်မြင့်မွန်းမံသည့်ကိစ္စတွင် မြင်နိုင်ပါသည်။ လုပ်ငန်းကရှုံးမည့်အရိပ်အခြည်ပေါ်သည်နှင့် အစိုးရသို့မူလလုပ်ငန်းများ ပြန်အပ်သည်ကိုတွေ့ရသည်။ မူလက နိုင်ငံတကာမှကုမ္ပဏီများနှင့် ယှဉ်ပြိုင်တင်ဒါဆွဲခဲ့သည်ဖြစ်ရာ တိုင်းပြည်ဘက်မှ ဆုံးရှုံးနစ်နာရသည်မှာ မနည်းလှပေ။ ထိုသို့သောအဖြစ်များမည်မျှထိရှိနေသည်မသိ။ ထိုခရိုနီဆိုသူများမှာလည်း စစ်အုပ်စုနှင့် အလွမ်းသင့်ကြသူများပင်ဖြစ်ရာ သူတို့၏အကျိုးစီးပွားမှလွဲ၍ဘာကိမျှမကြည့်ဘဲ လုပ်ခဲ့ကြသည့်ဖြစ်ရပ်များကြောင့် သူတို့တွင်သာ ထားစရာမရှိအောင် ချမ်းသာသွားကြလင့်ကစား နဂိုကတည်းကမှ ဆင်းရဲသားတို့၏ ပြည်သူ့ဘဏ္ဍာများမှာမူ ဘယ်ရွေ့ဘယ်မျှ ဆုံးရှုံးနစ်နာခဲ့ကြရသည်လဲ။ မည်သူမျှမသိနိုင်။

(၅)စစ်တပ်အနေဖြင့် ပြည်သူ၊ တိုင်းရင်းသားနှင့် တိုင်းရင်းသားတော်လှန်ရေးသမားများအပေါ် ခွဲခြားဆက်ဆံနေပုံမှာလည်း ဘေးကကြည့်နေရသည့်ပြည်သူများအဖို့ မြင်ပြင်းကပ်စရာကောင်းလှသည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် တိုင်းရင်းသားများဘက်မှ ခေါင်းဆောင်များကိုယ်တိုင်တက်ရောက် နေသော်ငြား စစ်တပ်ဖက်ကမူ တတိယတန်းအဆင့်ခေါင်းဆောင်လောက်သာ တက်ရောက်ပြီး မူလသဘောတူထားပြီးသားများကိုနောက်တစ်ပတ်ပြန်ဖျက်ခြင်းဖြင့် ပွဲဖျက်နေသည်ကိုတွေ့နေရသည်။ ထိုကဲ့သို့လုပ်နေပုံမှာ တိုင်းရင်းသားများကို တန်းတူဆက်ဆံနေခြင်းမဟုတ်ဘဲ အဆင့်နှိမ့်ဆက်ဆံနေခြင်းသာဖြစ်ရာ ကြာလျှင် နှိမ့်ချဆက်ဆံခံရသူများဘက်မှ မကျေနပ်မှုများဖြစ်လာပြီးပေါက်ကွဲလျှင် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်ပြားရပေဦးမည်။ စစ်တပ်က တမင်လုပ်နေသလားဟုပင် ထင်မိသည်။ ငြိမ်းချမ်းရေး မရမှ စစ်တပ်ရဲ့အခန်းကဏ္ဍမြင့်မားမှာ၊ တိုင်းပြည်နဲ့မလျော်တဲ့ စစ်တပ်ဖွဲ့စည်းပုံကြီးလည်းမဖျက်ရမှာ၊ ဒါမှ ရာထူးနေရာတွေအများကြီးဖန်တီးနိုင်ပြီး ကိုယ်ကျိုးစီးပွားတွေမပျက်သုဉ်းမှာဟုများ ယုံကြည်ယူဆပြီး လုပ်ဆောင်နေကြသလားမသိပါ။ ဘေးကကြည့်နေရသည်ကတော့ ဤအတိုင်းပဲမြင်နေရပါသည်။

(ခြုံငုံသုံးသပ်ချက်)

ထိုထိုသောကောက်ချက်များအရပင် စစ်တပ်သည် တိုင်းပြည်နိုင်ငံ့အရေးကိုမကြည့် ပြည်သူလူထုအကျိုးစီးပွားကိုမျက်ကွယ်ပြုပြီး မိမိကိုယ်ကျိုးစီးပွားကိုသာအရှက်ကုန်ကာကွယ်နေသည်ကို အထင်းသားမြင်နိုင်ပါသည်။

ယခုလည်းလာပြန်ချေသေးသည်။ ၂၀၁၅ ရွေးကောက်ပွဲလုပ်လျှင် ရှုံးတော့မည်ကိုသိနေသော စစ်တပ်နှင့် ဘောင်ဘီချွတ်ပါတီသည် ရွေးကောက်ပွဲကိုမလုပ်ရဲတော့ပါ။ မလုပ်ရဲကြောင်းကို ကြိုကန်သည့်အနေဖြင့် သမ္မတကအပစ်ရပ်လက်မှတ်မထိုးနိုင်လျှင် ၂၀၁၅ ရွေးကောက်ပွဲမသေချာဟုပင်ပြောနေပေပြီ။ ကာချုပ်ကလည်း ငြိမ်းချမ်းရေးလုပ်ငန်းများတွင် UNFC ကနှောင့်ယှက်နေသယောင်ပြောနေပေပြီ။ ဘာကိုဆိုလိုချင်သနည်း။ အဖြေကရှင်းသည်။ ၂၀၀၈ ဖွဲ့စည်းပုံက စစ်တစ်ပိုင်းအစိုးရကို အခိုင်အမာအုတ်မြစ်ချပြီးပြီ။ ဘယ်အရပ်သားအစိုးရမှ စစ်တပ်ကိုပြန်ကန်လို့မရအောင် လုံခြုံအောင် ၂၀၀၈ ဖွဲ့စည်းပုံမှာ အသေပြဋ္ဌာန်းထားပြီးပြီ။ သို့တိုင် ၂၀၁၅ ရွေးကောက်ပွဲမလုပ်ရဲပါ။ သူတို့ဘောင်းဘီချွတ်ပါတီရှုံးမည်မှန်းကိုသိသည်။ NLD တက်လာလျှင် ဘယ်လိုမျက်နှာနှင့်ဆက်ဆံရမှန်း မသိသည့်အတွက် ၂၀၁၅ ရွေးကောက်ပွဲမလုပ်ချင်ကြောင်း ရမည်ရှာနေခြင်းဖြစ်ပါသည်။
ဖဆပလ အစိုးရလက်ထက် ပြည်တွင်းစစ်မီးအရှိန်မြင့်နေသည့်အချိန်ကပင် ရွေးကောက်ပွဲများလုပ်နိုင်ခဲ့သည့်အစဉ်အလာ၊ ကျွန်တော်တို့တပ်က ကလေးတွေဟာ ရှေ့တန်းမှာပင်ပင်ပန်းပန်းတိုက်နေရပါတယ်ဆိုတဲ့ အာဏာရှင်နေဝင်းရဲ့ခေတ် တစ်ပြည်လုံး အမည်းရောင်၊ အညိုရောင်၊ အဖြူရောင်ဆိုပြီး လုံခြုံရေးအဆင့်တွေခွဲနေရတဲ့အချိန်ကာလမှာတောင်မှ ရွေးကောက်ပွဲတွေမပြတ်လုပ်နေနိုင်ပါသေးတယ်။ ၂၂ နှစ်ကြာ နဝတ နအဖတို့၏ အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကြီးကို တည်ဆောက်ပြီးပါပြီဆိုသည့်အချိန်ကျမှ ၂၀၁၅ ရွေးကောက်ပွဲမသေချာပုံပြောနေခြင်းများမှာ ပြည်သူတို့ကို ၁၉၉၀ ရွေးကောက်ပွဲပုံစံတစ်မျိုးဖြင့် ရင်ဆိုင်ရန်ပြင်ဆင်နေခြင်းသာဖြစ်တော့သည်။ တကယ်တန်းက ၂၀၁၅ နောက်ပိုင်း စစ်တပ်၏အကျိုးစီးပွားများအတွက် မသေချာတော့ဟုသူတို့မြင်နေ၍သာဖြစ်သည်။ ထို့ကြောင့်ပင် မရှက်မကြောက် ယခုလို ပြောဆိုလုပ်ကိုင်နေခြင်းသာဖြစ်သည်။

ထိုကဲ့သို့ မရှက်မကြောက် ပြောနေ လုပ်နေသူများအတွက် ပြည်သူတို့၏တန်ပြန် တုန့်ပြန်လာမှုများကို ယခုသော် မြင်တွေ့လာရပြီဟု ပြောလိုပါသည်။ ယခင်စစ်အစိုးရလက်ထက်မှ မတရားသိမ်းဆည်းခံရသော မြေသိမ်းခံတောင်သူလယ်သမားများနှင့် ပြည်သူတို့၏တိုက်ပွဲမှာ လောလောဆယ်တွင် သိမ်းဆည်းခံမြေများပြန်မရသေး၊ အနိုင်မရသေးသော်ငြား ထင်ရှားသော သဘောတရားတစ်ရပ်ကိုမူ ပြန်လည်ဖော်ဆောင်လာနိုင်ခဲ့သည်ကို မြင်တွေ့နေရပါသည်။ ၄င်းသည်ပင်အရှုံးထဲမှအမြတ်၊ အတန်ကြာ ပျောက်ကွယ်ခဲ့သော ဓမ္မ၏ ပြန်လည်စတင်ပေါ်ထွန်းလာမှုဖြစ်ပါသည်။ ဆိုလိုချင်သည်မှာ ယခင်စစ်အစိုးရလက်ထက် ပြည်သူတို့၏ အခွင့်အရေးဆုံးရှုံးမှု၊ တရားမဲ့ပြုကျင့်ခံရမှုတို့အတွက် ယခင်စစ်အစိုးရ၏အမွေခံ လက်ရှိအစိုးရထံမှ ပြန်လည်တောင်းဆိုရယူတော့မည်ဆိုသည့် ပြည်သူတို့၏ခိုင်မာသည့် သန္နိဋ္ဌာန်များကို မြင်တွေ့နေရ၍ဖြစ်ပါသည်။ ၈၈ အရေးအခင်းမှသည် နောက်ဆုံး ဒီပဲယင်း၊ ရွှေဝါရောင်နှင့် နာဂစ်အထိ အစိုးရ၏တာဝန်မယူမှု၊ တာဝန်မဲ့မှု၊ တာဝန်မခံမှု၊ တရားပျက်ကွက်မှု၊ တရားမဲ့ပြုကျင့်မှုတို့အတွက်မိမိတို့နစ်နာခဲ့သမျှကို ပြန်လည်တောင်းဆိုလာကြရတော့မည့်အချိန်ကား မဝေးတော့ပြီ။ ထိုအခါ စစ်တပ်၏ကိုယ်ကျိုးစီးပွားနှင့် ထိပ်တိုက်တွေ့ရပေတော့မည်။ စစ်တပ်အတွက်လည်း ကိုယ်စိုက်ခဲ့သမျှပြန်ရိတ်သိမ်းရမည့်အဖြစ်အတွက် ဝမ်းနည်းစရာမရှိဟုထင်ပါသည်။

ထိုကဲ့သို့ ကိုယ်ကျိုးစီးပွားကို အသည်းအသန်ကာကွယ်နေရသူများအတွက် ၂၀၁၅ ရွေးကောက်ပွဲကို ရင်မဆိုင်ချင်ရသော နောက်ထပ်အကြောင်းတစ်ရပ်ရှိနေပါသေးသည်။ အဆိုပါရွေးကောက်ပွဲတွင် လက်ရှိအာဏာရ ဘောင်းဘီချွတ်တို့ကြီးစိုးရာပါတီမှာ အရှုံးနှင့်ရင်ဆိုင်ရတော့မည်။ အာဏာကိုစွန့်ရတော့မည်မှာ သေချာလွန်းမက သေချာနေပါသည်။ အဆိုပါ ပါတီရှုံးပါက ဘာတွေဖြစ်လာမည်နည်း။ ပြိုကွဲမှာသေချာပါသည်။ လက်ရှိတွင် ပါတီဦးဆောင်သူ၊ အခွင့်အရေးရသူ၊ နေရာယူထားသူတို့မှာ ဘောင်းဘီချွတ်များသာဖြစ်ကြပြီး လုံချည်ဝတ်များမှာ အသုံးချခံသက်သက်သာဖြစ်နေ၍ ရှုံးခဲ့လျှင် အလျော်အစားကြီးမားပေလိမ့်မည်။ စစ်တပ်အတွက်မူ ထိုသို့သော အတွေ့အကြုံရှိခဲ့ဖူးပေသည်။ သူထောင်ခဲ့သော မဆလပါတီ၏ ပါတီညီလာခံတွင် ဘောင်းဘီချွတ်များက ပါတီတွင်းဦးဆောင်မှုရယူရန် ကြိုးပမ်းလာရာမှ အာဏာရှင်နေဝင်းက ပါတီသန့်စင်ရေးလုပ်ပြီးနှိပ်ခဲ့ဖူးကြောင်း သမိုင်းမှာရှိခဲ့ဖူးပါသည်။ ယခု ကြံ့ဖွတ်ပါတီအတွက်မူ ထိုသို့သော အနေအထားအထိပင်ရောက်စရာ အကြောင်းမရှိပါ။ အဘယ့်ကြောင့်မူ သေချာပေါက် ပါတီပြိုကွဲမည့်အရိပ်အယောင်များကို မြင်နေရ၍ဖြစ်ပါသည်။ ဤအချက်သည်လည်း စစ်တပ်အကျိုးစီးပွားကို အကြီးအကျယ်ထိခိုက်တော့မည်ဖြစ်ရာ ၂၀၁၅ ရွေးကောက်ပွဲကို ကြောက်တောက်တောက် ရွံ့တွန့်တွန့်ဖြစ်နေရသည်မှာ ဆန်းတော့မဆန်းလှ။
သူတို့ကြောက်ရွံ့တုန်လှုပ်နေချေပြီ။

၂၀၁၅ ရွေးကောက်ပွဲကိုဖျက်ဖို့ ကြံစဉ်လုပ်ကိုင်နေရခြင်းမှာသူတို့ရဲ့ စစ်အုပ်စုအကျိုးစီးပွားကို အရှက်ကုန်ကာကွယ်နေခြင်း၏ နောက်ဆုံးလုပ်ရပ်ဖြစ်သည့်အပြင် အပေါ်လွင်ဆုံးနှင့် အထိရောက်ဆုံးကာကွယ်မှုအဖြစ် ပေါ်ထွန်းလာမည်ဖြစ်ရာ ပြည်သူတို့အနေဖြင့် မပြတ်သတိဖြင့် စောင့်ကြည့်ကန့်ကွက်နေရပေမည်။ ၂၀၁၅ ရွေးကောက်ပွဲမဖြစ်စေမည့်၊ မလုပ်မည့်အကြောင်းပြချက်အားဖယ်ရှားရေးနှင့် မဖြစ်မနေလုပ်ပေးစေရေးအတွက် ပြည်သူတို့က မပြတ်တောင်းဆို ဆန္ဒဖော်ထုတ်ဖို့အရေးမှာ ပြည်သူတို့အရေးပင်ဖြစ်ပါတော့သည်။
------------------------------
လေးစားစွားဖြင့်
Ko Soe Win

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။