( လက်ပံတောင်းတိုက်ပွဲကို ဆင်နွှဲနေတဲ့ ဒေသခံတွေနဲ့ ဗကသကျောင်းသားတွေ လေ့လာဖတ်ရှုသင့်တဲ့ ဆောင်းပါး၊ )
မြစ်ကိုရှင်သန်ပါစေ (သို့) အာလတာရေကာတာ ဆန့်ကျင်ရေး အာခံမှု
အောင်စံအေးရေးသည်။
ဟောင်ကောင်ကျောင်းသားလှုပ်ရှားမှုပြန်လည်စတင်တော့မှာပါ။ တိုင်းပြည်တခုရဲ့ ဖွံဖြိုးတိုးတက်မှု ဒါမှမဟုတ်ပြုပြင်ပြောင်းလဲ မှု၊ ဒါမှမဟုတ် မတရားမှုတွေကို ဆန့်ကျင်ဘို့ဆိုတာ ကျောင်းသားလူငယ်တွေရဲ့လှုပ်ရှားမှုက ရှေ့တန်းမှာ ပါတယ်ဆိုတာကို နော်ဝေ အာလတာ ရေကာတာဆန့်ကျင်ရေး လှုပ်ရှားမှုကိုဖော်ပြရင်းသက်သေပြုလိုက်ပါတယ်။
နော်ဝေနိုင်ငံက ကမ္ဘာမှာ ဆဌမအမြောက် ရေအားစွမ်းအင်အသုံးပြုဆုံးနိုင်ငံဖြစ်ပါတယ်။ ဒီနိုင်ငံက သူတို့ရဲ့ ရေအားလျှပ်စစ်ကို နိုင်ငံရဲ့လျှပ်စစ်စွမ်းအင်၈၀%အထိသုံးထားတယ်ဆိုပါတယ်။ ဒီရေအားလျှပ်စစ်တွေထဲက နော်ဝေရဲ့ အကြီးဆုံးရေအားလျှပ်စစ်ထု တ်လုပ်တဲ့ အာလတာရေကာတာ ကို ဆန့်ကျင်လှုပ်ရှားခဲ့ကြတဲ့ လူငယ်ကျောင်းသားတွေနဲ့ပြည်သူတွေရဲ့ အကြောင်းတစိပ်တပိုင်းကို ဖော်ပြလိုပါတယ်။
နော်ဝေအစိုးရပိုင် နော်ဝေရေစွမ်းအင် အရင်းအမြစ်ဌာနက အာလတာ(Alta river)မြစ်ပေါ်မှာရေကာတာကြီး ဆောက်ပြီး ရေအားလျှပ်စစ်ထုတ်ယူဘို့ကို ၁၉၆၈ ခုနှစ်မှာစတင်ခဲ့ပါတယ်။ ဒီမြစ်က နော်ဝေနိုင်ငံမြောက်ပိုင်းက ဌာနေတိုင်းရင်းသားဖြစ်တဲ့ ဆာမိ (Sami)တိုင်းရင်းသားတွေနေတဲ့ဒေသမှာရှိတာပါ။ အဲဒီအချိန်က ဆာမိတွေက အနှိမ်ခံတွေပါ။ သူတို့ဟာ နော်ဝေတွေထက်စောပြီး အဲဒီဒေသမှာနေထိုင်ခဲ့ကြပြီး ဖွံ့ဖြိုးမှုနောက်ကျတဲ့ လူမျိုးတွေပါ။
သူတို့ရဲ့ကိုယ်ပိုင်စကား ကိုတောင် လွတ်လွတ်လပ်လပ်ပြောခွင့် မရတဲ့ အခြေနေပါ။ သူတို့ရဲ့ ယဉ်ကျေးမှုဖွံ့ဖြိုးအောင်လည်း ဘာတခုမှဆောင်ရွက်ခွင့်မရခဲ့ ကြပါဘူး။ တနည်းပြောရရင် နော်ဝေမှုပြု(Norwegianizati on)ခံနေရတဲ့အချိန်ပါ။
အာလတာမြစ်ပေါ်မှာရေကာတာစပြီး တည်ဆောက်တဲ့အချိန် အစပိုင်းမှာ ဆာမိတွေက ကန့်ကွက်ကြပါတယ်။ အထူးသဖြင့် သမင်ကြီးတွေမွေးတဲ့သူတွေက သူတို့တွေရဲ့ စားကျက်မြေတွေဆုံးရှုံးတော့ မဲ့အကြောင်း ပါလီမန်ကိုတင်ပြခဲ့ပေမဲ့ ပါလီမန်က ပါယ်ချခဲ့ပါတယ်။ အဲဒီအချိန်မှာ နော်ဝေပါလီမန်မှာကြီးစိုးေ နတာက လေဘာပါတီပါ။ အုဗာနော်လီ (Odvar Nordli) ၀န်ကြီးချုပ်ဖြစ်နေတဲ့ကာလပါ ။
ဒါအပြင်ဒီမြစ်က နော်ဝေနိုင်ငံမှာ ဆော်လမွန်ငါးတွေ အမြောက်အများ ဖမ်းလို့ရနိုင်တဲ့မြစ်ပါ။ ခုတော့ အတော်ကို နည်းပါးသွားပါပြီ။ ပြီးတော့ဒေသခံ ဆာမိတွေရဲ့ နယ်တွေရေမြုပ်သွားမှာဖြစ်လို့ သူတို့တွေရွှေ့ပြောင်းကြရမှာပါ။ ဒါကြောင့်ဆာမိတွေက ငါတို့က အရင်အခြေချခဲ့သူတွေ မရွှေ့ပြောင်းနိုင်ဘူးလို့ ပြောခဲ့ကြတာဖြစ်ပါတယ်။
၁၉၇၈ မှာတော့ ကျောင်းသားလူငယ်တွေဦးဆောင်ြ ပီး ရေကာတာတည်ဆောက်မှု ဆန့်ကျင်ရေးအဖွဲ့ (Alta)တည်ထောင်ပြီး လှုပ်ရှားမှုတွေကို စတင်ခဲ့ကြပါတယ်။ သူတို့ရဲ့ အဓိက ရည်ရွယ်ချက် (၃)ခုရှိပါတယ်။ (၁) ဆာမိတွေရဲ့ရပိုင်ခွင့်ကို အသိမှတ်ပြုရေး၊(၂) သမင်ကြီးတွေ သက်ရှင်နေထိုင်ခွင့်ရရေးနဲ့  ( ၃) သဘာဝပါတ်ဝန်းကျင်ထိမ်းသိမ်း ရေးပဲဖြစ်ပါတယ်။
သူတို့တွေကိုင်ခဲ့တဲ့ ဆောင်ပုဒ်ကတော့ နော်ဝေလို La elva leve ( Let the River of Life) မြစ်ကိုရှင်သန်ပါစေ တဲ့
ဒီအဖွဲ့မှာ လူပေါင်းနှစ်သောင်းလောက်အဖွဲ့ဝင်အဖြစ်ပါခဲ့ပြီး လူတစ်သောင်းလောက်က လှုပ်ရှားမှုမှာ ထဲထဲဝင်ဝင်ပါခဲ့ကြတာပါ။
အများစုကတော့ ကျောင်းသားလူငယ်တွေပါ။ သူတို့က ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှုကို ရေကာတာပြန်တည်ဆောက်တဲ့ ၁၉၇၉ မှာ စတင်ခဲ့ကြပါတယ်။ အစပိုင်းမှာ သူတို့က လက်မှတ်တွေကောက်ခံပြီး ရေကာတာတည်ဆောက် မှုကို ရပ်တန့်ဘို့ ပါလီမန်ကိုတင်ပြခဲ့ကြပါတယ် ။ နောက်ပိုင်းမှာတော့ သူတို့တွေက သံကြိုးတွေချည်ပြီး ရေကာတာ တည်ဆောက်မဲ့ နေရာနဲ့ပစ္စည်းတွေသယ်ယူတဲ့လမ်းပေါ်မှာ ပိတ်ဆို့ဆန္ဒပြကြပါတယ်။။
သူတို့အဲဒီလိုဆန္ဒပြနေတဲ့ အချိန်မှာပဲ ဆာမိတွေက အော်စလိုက ပါလီမန်ရှေ့မှာ အစာငတ်ခံ ဆန္ဒပြကြပါတယ်။ ဒါကြောင့် အုဗာနော်လီအစိုးရက ပါလီမန်မှာ ပြန်ပြီးစဉ်းစား ပါ့မယ် ပြောပြီး ရေကာတာတည်ဆောက်မှုကို ခေတ္တရပ်ဆိုင်းထားလိုက်ပါတ ယ်။
ဒါပေမဲ့ တကယ်တော့ သူတို့ကြီးစိုးနေတဲ့ပါလီမ န်က ရေကာတာတည်ဆောက်မှုကို အတည်ပြုပေးလိုက်ပြန်ပါတယ်။ ဒါကြောင့်ရေကာတာတည်ဆောက်မှုကို ၁၉၈၁ မှာပြန်စပါတယ်။ ကျောင်းသားတွေက ပုံမှန်လမ်းပိတ်ဆို့ဆန္ဒပြ ယုံမကတော့ပဲ သပိတ်စခန်းတွေဖွင့်လို့ ဆန္ဒပြကြပါတော့ တယ်။ အဲဒီသပိတ်စခန်းထဲမှာ ဒက်စီကာ(Detsika)စခန်းကတော့ နာမည် အကြီးဆုံးပါ။ ဒီစခန်းကို ကမ္ဘာ့နိုင်ငံပေါင်း(၂၀)က ဒီရေကာတာအတွက် ၀ိုင်းဝန်း ကန့်ကွက် ဆန္ဒပြနေကြတဲ့ ကျောင်းသား လူငယ်ပေါင်း ၆၅၀၀ လာရောက်လည်ပါတ် ခဲ့ပါတယ်။ ဒီလိုဝိုင်းဝန်းဆန္ဒပြရတဲ့ အကြောင်းထဲမှာ ဆာမိအမျိုးသမီးနှစ်ဦးက အီတလီက ပုတ်ရဟန်းမင်းကြီးဆီမှာ အရေးယူဆောင်ရွက်ပေးဘို့ အသနားခံစာ( Petition letter)တင်သွင်းခဲ့တဲ့ အကြောင်းကြောင့် တကမ္ဘာလုံးက ပိုမိုအာရုံစိုက်မိ လာကြပြီး အာလတာ ရေကာတာအတွက် ကမ္ဘာတလွှားက ပူးပေါင်းကန့်ကွက်ခဲ့ကြတာလည်းဖြစ် ပါ တယ်။
ဒီလိုကျောင်းသားတွေလူငယ်တွေ၊ ဆာမိတွေရဲ့ အာလတာရေကာတာကို ကန့်ကွက် ဆန္ဒပြမှုတွေဟာ ဒုတိယ ကမ္ဘာစစ်အတွင်းက ဂျာမန်နာဇီတွေကို နော်ဝေတွေဆန့်ကျင်လှုပ်ရှာခဲ့ မှု နောက်ပိုင်း (ဒီနေ့အထိ)အကြီးမားဆုံး ဖြစ်သလို နော်ဝေအစိုးရရဲ့ အရေးယူခံရမှုကလည်း အကြီးကျယ်ဆုံးပါပဲ။
တဖက်မှာလည်းရေကာတာ တည်ဆောက်မှုဆန့်ကျင်ရေးသမားေ တွက အစိုးရအနေနဲ့ ရေကာတာတည်ဆောက်မှုကို ရပ်တန့်ဘို့ တရားရုံးတော်မှာ တရားစွဲဆိုခဲ့ပါတယ်။ဒါပေမဲ့ လည်း နော်ဝေတရားရုံးက ဒီရေကာတာတည်ဆောက်မှုဟာ တရားဝင်တယ်လို့ဆုံးဖြတ်လိုက် ပါတယ်။ တရားရုံးဆုံးဖြတ်ချက်ကျပြီးတာနဲ့ ထုံးစံအတိုင်းပါပဲ နော်ဝေအစိုးရက ဒီဆန္ဒပြသူတွေကို အကြမ်းဖက်ဖြိုခွဲပါတော့တယ်။
မူလက အူဗာနော်လီက စစ်တပ်ကို သုံးဘို့လုပ်ခဲ့ပါတယ်။ စစ်ရဟတ်ယဉ်တချို့၊ စစ်သားတွေပါတဲ့ကားကြီးတချို့ ၊ စစ်ရေယဉ်တစင်းတို့ကို လွှတ်ပြီးမှ ရဲတပ်အင်အားကိုပဲ သုံးဘို့ပြောင်းပြီးဆုံး ဖြတ်လိုက်ပါတယ်။
အဲဒီအချိန်က နော်ဝေတနိုင်ငံလုံးရဲ့ ရဲအင်အား ၁၀%ကို အသုံးပြုခဲ့ပါတယ်။ ရဲတွေက ဆန္ဒပြသူတွေကို အကြမ်းဖက်ဖမ်းပြီး ပြင်းပြင်းထန်ထန်ဖြိုခွင်းခဲ့ ပါတော့တယ်။ (သေကျေခဲ့မှုတော့မရှိခဲ့ပါ) ဆန္ဒပြပွဲကို ဦးဆောင်ခဲ့တဲ့ ကျောင်းသားတွေကိုလည်း ဒါဏ်ငွေ ကရိုနာ တစ်သောင်း၊ တချို့ကို နှစ်သောင်း ဒါမှမဟုတ် ထောင်ဒါဏ်(၃)လ အပစ်ပေးခဲ့ပါတယ်။ ဒီငွေပမာဏက ကျောင်းသားတယောက်အတွက် အလွန်များပြားပါတယ် ဒါကြောင့်ကျောင်းသားတွေက ထောင်ဒါဏ်ကိုပဲ ရွေးချယ်ခဲ့ကြပါတယ်။
၁၉၈၂ မှာတော့ ရေကာတာဆန့်ကျင်ရေး စခန်းတွေအားလုံဖျက်သိမ်းခံ ရပြီး လှုပ်ရှားမှုတွေ ပြီးဆုံးသွားပါတော့တယ်။ ရေကာတာကိုလည်း ၁၉၈၇ မှာဖွင့်လှစ်နိုင်ခဲ့ပြီး လျှပ်စစ်ဓါတ်အား ၁၅၀ မီဂါဝပ်ထုတ်ယူနိုင်တဲ့ နော်ဝေရဲ့ အကြီးဆုံးရေကာတာကြီးကို တည်ဆောက်နိုင်သွားခဲ့ ပါတော့တယ်။ ( နော်ဝေအစိုးရက ဒီလျှပ်စစ်တွေကို သူ့ပြည်သူတွေအတွက် တကယ် အသုံးပြုတာပါ။)
ဒါပေမဲ့ ဆန္ဒပြသူတွေ ရှုံးနိမ့်သွားတာမဟုတ်ပါဘူး သူတို့ရဲ့လှုပ်ရှားမှုတွေကြောင့် ကမ္ဘာက ဆာမိလူမျိုးတွေရဲ့ အခြေနေကို သိသွားကြပြီးနော်ဝေကို ဖိအားပေးလာကြပါတယ်။ ဌာနေတိုင်းရင်းသားတွေရဲ့ကိုယ်ပိုင်အခွင့်ရေးတွေကို လေးစားအသိမှတ်ပြုဘို့၊ သူတို့ရဲ့ နယ်မြေတွေကို သူတို့ကိုယ်တိုင်ဆုံးဖြ တ်ခွင့်ပေးဘို့၊ အထူးသဖြင့် မြစ်တွေ၊ တောင်တွေ၊ သဘာဝပါတ်ဝန်းကျင်တွေနဲ့ ပါတ်သက်ရင်သူတို့ကို ဆုံးဖြတ်ခွင့်ပေးဘို့တို က်တွန်း လာကြ ပါတော့တယ်။
၁၉၈၉ မှာတော့ ဆာမိလူမျိုးတွေကို ကိုယ်ပိုင်ပါလီမန်တည်ထောင်ခွင့်ပြုပေးလိုက် ရပါတော့တယ်။ အခုဆိုရင်တော့ ဆာမိတွေဟာ အရင်ထက်စာရင်အများကြီး လုပ်ပိုင်ခွင့် ရှိသွားကြပါပြီ။ သူတို့ရဲ့နယ်မြေတွေမှာ တိုးရစ်နယ်မြေတည်ဆောက်ချင် တာတွေကို ငြင်းပယ်ခွင့်ရခဲ့ပါပြီ။ ဆာမိစကားကလည်း နော်ဝေနိုင်ငံရဲ့ တရားဝင်ဘာသာစကားဖြစ်နေပါပြီ ။
သူတို့ဟာ အာလတာရေကာတာတည်ဆောက်မှု ဆန့်ကျင်ရေးတိုက်ပွဲကို ဆုံးရှုံးခဲ့ပေမဲ့ ဆာမိအခွင့်အရေး စစ်ပွဲကြီးကိုတော့ အနိုင်ရခဲ့တယ်ဆိုရပါလိမ့် မယ်။ ဒါဟာ အာလတာရေကာတာ တည်ဆောက်ရေးကို ဆန့်ကျင်ကန့်ကွက်ခဲ့တဲ့ ကျောင်းသားလူငယ်တွေအနစ်နာခံ ခဲ့ရမှုရဲ့ အသီးအပွင့်လို့ဆိုရင်းလည်းမှားမယ် မထင်ပါဘူး။
(ဤဆောင်းပါးဖြင့် မြန်မာပြည်မှ မြစ်ဆုံစီမံကိန်းတိုက်ဖျက်ခဲ့သူများ၊ လက်ပံတောင်းအရေးဆောင်ရွက်နေ သူများ၊ လယ်မြေသိမ်းခံရမှုဆောင်ရွက်ေ နသူများ အပါအ၀င် စစ်အုပ်စုဗိုလ်ကျမှုအား တတ်စွမ်းသမျှ တိုက်ပွဲဝင်နေကြသည့် ကျောင်းသားလူငယ်ပြည်သူ အပေါင်းအား ဦးညွတ်ဂုဏ်ပြုလိုက်ပါတယ်။
ကိုးကား
http://www.aftenposten.no/ nyheter/iriks/ article1280217.ece
://www.nrk.no/http://en.
wikipedia.org/wiki/ Folkeaksjonen_mot_utbygging _av_Alta-Kautokeinovassdra get http://www.mdg.no/ kandidat/rasmus-hansson/
ပုံများကို အင်တာနက်နှင့် NRK မှရယူပါသည်။
အောင်စံအေး
မြစ်ကိုရှင်သန်ပါစေ (သို့) အာလတာရေကာတာ ဆန့်ကျင်ရေး အာခံမှု
အောင်စံအေးရေးသည်။
ဟောင်ကောင်ကျောင်းသားလှုပ်ရှ
နော်ဝေနိုင်ငံက ကမ္ဘာမှာ ဆဌမအမြောက် ရေအားစွမ်းအင်အသုံးပြုဆုံ
နော်ဝေအစိုးရပိုင် နော်ဝေရေစွမ်းအင် အရင်းအမြစ်ဌာနက အာလတာ(Alta river)မြစ်ပေါ်မှာရေကာတာကြီး
သူတို့ရဲ့ကိုယ်ပိုင်စကား
အာလတာမြစ်ပေါ်မှာရေကာတာစပြီး
ဒါအပြင်ဒီမြစ်က နော်ဝေနိုင်ငံမှာ ဆော်လမွန်ငါးတွေ အမြောက်အများ ဖမ်းလို့ရနိုင်တဲ့မြစ်ပါ။
၁၉၇၈ မှာတော့ ကျောင်းသားလူငယ်တွေဦးဆောင်ြ
သူတို့တွေကိုင်ခဲ့တဲ့ ဆောင်ပုဒ်ကတော့ နော်ဝေလို La elva leve ( Let the River of Life) မြစ်ကိုရှင်သန်ပါစေ တဲ့
ဒီအဖွဲ့မှာ လူပေါင်းနှစ်သောင်းလောက်အဖွ
အများစုကတော့ ကျောင်းသားလူငယ်တွေပါ။ သူတို့က ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှာ
သူတို့အဲဒီလိုဆန္ဒပြနေတဲ့ အချိန်မှာပဲ ဆာမိတွေက အော်စလိုက ပါလီမန်ရှေ့မှာ အစာငတ်ခံ ဆန္ဒပြကြပါတယ်။ ဒါကြောင့် အုဗာနော်လီအစိုးရက ပါလီမန်မှာ ပြန်ပြီးစဉ်းစား ပါ့မယ် ပြောပြီး ရေကာတာတည်ဆောက်မှုကို ခေတ္တရပ်ဆိုင်းထားလိုက်ပါတ
ဒါပေမဲ့ တကယ်တော့ သူတို့ကြီးစိုးနေတဲ့ပါလီမ
ဒီလိုကျောင်းသားတွေလူငယ်တေ
တဖက်မှာလည်းရေကာတာ တည်ဆောက်မှုဆန့်ကျင်ရေးသမားေ
မူလက အူဗာနော်လီက စစ်တပ်ကို သုံးဘို့လုပ်ခဲ့ပါတယ်။ စစ်ရဟတ်ယဉ်တချို့၊ စစ်သားတွေပါတဲ့ကားကြီးတချို
အဲဒီအချိန်က နော်ဝေတနိုင်ငံလုံးရဲ့ ရဲအင်အား ၁၀%ကို အသုံးပြုခဲ့ပါတယ်။ ရဲတွေက ဆန္ဒပြသူတွေကို အကြမ်းဖက်ဖမ်းပြီး ပြင်းပြင်းထန်ထန်ဖြိုခွင်းခ
၁၉၈၂ မှာတော့ ရေကာတာဆန့်ကျင်ရေး စခန်းတွေအားလုံဖျက်သိမ်းခံ
ဒါပေမဲ့ ဆန္ဒပြသူတွေ ရှုံးနိမ့်သွားတာမဟုတ်ပါဘူး
၁၉၈၉ မှာတော့ ဆာမိလူမျိုးတွေကို ကိုယ်ပိုင်ပါလီမန်တည်ထောင
သူတို့ဟာ အာလတာရေကာတာတည်ဆောက်မှု ဆန့်ကျင်ရေးတိုက်ပွဲကို ဆုံးရှုံးခဲ့ပေမဲ့ ဆာမိအခွင့်အရေး စစ်ပွဲကြီးကိုတော့ အနိုင်ရခဲ့တယ်ဆိုရပါလိမ့်
(ဤဆောင်းပါးဖြင့် မြန်မာပြည်မှ မြစ်ဆုံစီမံကိန်းတိုက်ဖျက
ကိုးကား
http://www.aftenposten.no/
://www.nrk.no/http://en.
wikipedia.org/wiki/
ပုံများကို အင်တာနက်နှင့် NRK မှရယူပါသည်။
အောင်စံအေး
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။