Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, October 24, 2014

Helen Adams Keller (June 27, 1880 – June 1, 1968)


Helen Adams Keller (June 27, 1880 – June 1, 1968)
_______________

Helen Keller ဟာ အလင်းမမြင်၊ အသံမကြားတဲ့ အမှောင်လောကမှာသာ စမ်းတဝါးဝါးရှင်သန်ခဲ့ရသူဖြစ်တယ်။ ဒါပေမယ့် သူ့ရဲ့မဆုတ်မနစ်ဇွဲလုံ့လနဲ့အရှုံးမပေးတဲ့စိတ်ဓာတ်က ထူးဆန်းအံ့သြမှုတွေကို ဖန်ဆင်းပေးခဲ့ပါတယ်။

၁၉၆၈ခုနှစ် ဇွန်လ၁ရက်နေ့ညနေမှာ Helen Kellerဟာ အိပ်စက်ရင်းနဲ့ ကွယ်လွန်သွားခဲ့တယ်။ သူကွယ်လွန်ချိန် အသက်၈၇နှစ်ဖြစ်ပါတယ်။ Kellerဟာ မွေးဖွားပြီး ၁၉လသားအရွယ်တည်းက မျက်မမြင်၊ ဆွံ့အနားမကြားသူဖြစ်ခဲ့တယ်။ ဒါတောင် သူတစ်သက်ကို ထူးခြားဆန်းကြယ်မှုအပြည့်နဲ့ ဖြတ်သန်းခဲ့ပါတယ်။

Helen Kellerကို ၁၈၈ဝခုနှစ် အမေရိကန်နိုင်ငံ Alabamaပြည်နယ်မြောက်ပိုင်းက Tuscumbiaဆိုတဲ့မြို့မှာ မွေးဖွားခဲ့တယ်။ သူတစ်နှစ်ခွဲသားအရွယ်မှာ အပြင်းဖျားနာခဲ့လို့ မျက်မမြင်၊ နားမကြားသူဖြစ်ခဲ့ရတယ်။ တစ်ဆက်တည်းမှာပဲ စကားပြောနိုင်တဲ့စွမ်းရည်လည်း ဆုံးရှုံးခဲ့တယ်။ အဲဒီလို အမှောင်ဘဝ အထီးကျန်ကမ္ဘာထဲမှာ ဖြတ်သန်းရင်း စာဖတ်၊ စကားပြောတဲ့အလုပ်ကို သူသင်ယူတတ်မြောက်ခဲ့တယ်။ အဲဒီနောက် ထူးကဲတဲ့အဆင့်နဲ့ Radcliffe Collegeကနေ ဘွဲ့ရခဲ့တယ်။ သူဟာ စာပေကျမ်းဂန်နှံ့စပ်သူဖြစ်တဲ့အပြင် အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမဏီ၊ လက်တင်၊ ဂရိစတဲ့ ဘာသာစကား၅မျိုးတတ်တဲ့ နာမည်ကြီးစာရေးဆရာ၊ ပညာရေးပညာရှင်ဖြစ်ခဲ့တယ်။ အမေရိကန်နိုင်ငံနဲ့ ကမ္ဘာ့အရပ်ရပ်ကို သူလှည့်လည်ပြီး မျက်မမြင်ကျောင်းတွေအတွက် ရန်ပုံငွေရှာခဲ့တယ်။ သူ့တစ်ဘဝလုံးကိုလည်း မျက်မမြင်သူတွေအတွက် လူမှုဖူလုံရေးအထောက်အပံ့နဲ့ ပညာရေးမှာ ပေးဆပ်ခဲ့တယ်။ နိုင်ငံတကာက ပြည်သူလူထုရဲ့ အားပေးထောက်ခံမှုကို သူရခဲ့သလို နိုင်ငံတော်တော်များများက ဆုပေးချီးမြှင့်ခြင်းကိုလည်း ခံခဲ့ရတယ်။

ဆွံ့အနားမကြားသူတစ်ယောက်အတွက် အမှောင်လောကကိုဖယ်ရှားပြီး အလင်းဆီရောက်နိုင်ဖို့ အရေးကြီးဆုံးအချက်က စာတတ်ဖို့ပဲဖြစ်တယ်။ စာတတ်ရာကနေ စာဖတ်တတ်ဖို့အထိ သာမန်လူထက် အင်အားပိုစိုက်ထုတ်ရမယ်ဆိုတာကို Kellerသိခဲ့တယ်။ သူဟာ လက်ညိုးကိုအသုံးပြုပြီး ဆရာမAnne Sullivanရဲ့နှုတ်ခမ်းကိုထိပြီး လည်ချောင်းရဲ့တုန်ခါမှု၊ နှုတ်ခမ်းရဲ့လှုပ်ရှားမှုနဲ့ မျက်နှာအမူအရာကို သင်ယူခဲ့တယ်။ ဒါပေမယ့် ဒါတွေဟာ အတိအကျမဖြစ်ခဲ့ပါဘူး။ စကားလုံးတစ်ခု ဒါမှမဟုတ် စကားတစ်ခွန်းကို ကောင်းစွာအသံထွက်နိုင်ဖို့ Keller အကြိမ်ကြိမ်လေ့ကျင့်ခဲ့တယ်။ အရှုံးရှေ့မှာ သူဒူးမထောက်ခဲ့ပါဘူး။

၇နှစ် ကျောင်းစနေတဲ့အရွယ်ကနေ Radcliffe Collegeမှာ ကျောင်းပြီးတဲ့အထိ ၁၄နှစ်အတွင်း Kellerဟာ ဆွေမျိုးသားချင်း၊ မိတ်ဆွေအပေါင်းအသင်းနဲ့ ကျောင်းနေဖက်သူတွေဆီ စာတွေအမြဲရေးပို့ခဲ့တယ်။ ရေးတဲ့စာတွေထဲမှာ သူကြားရတဲ့အရာတွေ ဒါမှမဟုတ် သူ့ခံစားချက်တွေ ဒါမှမဟုတ် သူနားထောင်ရတဲ့ပုံပြင်တွေကို စိတ်ဝင်တစားရေးသားထားပါတယ်။

သူကောလိပ်တက်စက ပြဌာန်းစာအုပ်တော်တော်များများမှာ မျက်မမြင်စာအုပ်မရှိခဲ့ပါဘူး။ တစ်ယောက်ယောက်က စာအုပ်ပါအကြောင်းအရာကို သူ့လက်ပေါ် ချရေးပေးခဲ့ရပါတယ်။ ဒါကြောင့် ပညာသင်ယူဖို့ တခြားကျောင်းသားတွေထက် သူအချိန်တွေပိုပေးခဲ့ရတယ်။ တခြားကျောင်းသားတွေ ကျောင်းဝင်းပြင်ပမှာ ကစားပျော်ပါးနေချိန် သူက စာသင်ခန်းထဲမှာပဲ စာတွေကိုကြိုးစားသင်ယူနေခဲ့ရပါတယ်။

အမှောင်ထဲကနေ Kellerလျှောက်လှမ်းထွက်ပြီး ပညာရေးမှာ ထူးချွန်ထက်မြက်သူဖြစ်ခဲ့တာက သူကိုယ်တိုင်ကြိုးစားမှုအပြင် ဆရာမSullivanရဲ့သင်ပြမှုကြောင့်လည်း ပါပါတယ်။ Keller က “ကျွန်မတို့အိမ်ကို ဆရာမSullivanရောက်လာတဲ့နေ့ဟာ ကျွန်မတစ်သက်တာရဲ့ အရေးပါဆုံးနေ့တစ်နေ့ပါပဲ။ သူ့ကြောင့် ကျွန်မရဲ့စိတ်ဓာတ်ခွန်အားတွေ တိုးမြင့်ခဲ့ပါတယ်” လို့ပြောခဲ့ပါတယ်။ ဆရာမ Sullivanက Kellerကို စာတတ်အောင်သင်ပေးခဲ့တယ်။
အရာဝတ္ထုတိုင်းရဲ့အမည်ကို သိစေခဲ့တယ်။ ပြီးတော့ “မေတ္တာတရား”ဆိုတဲ့ စကားလုံးရဲ့အဓိပ္ပာယ်ကိုလည်းသိအောင် သင်ပေးခဲ့ပါတယ်။

Kellerဟာ ငယ်ငယ်က အပြင်းအထန်ဖျားနာပြီးနောက် မှုန်တေတေ၊ ရိုင်းစိုင်းစိုင်းနေတတ်သူဖြစ်တယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ပညာတတ်ယဉ်ကျေးသူတစ်ဦးဖြစ်ခဲ့တယ်။ ဒီလိုထူးခြားဆန်းကြယ်မှုထဲမှာ သူ့ကိုသင်ပြတဲ့ ဆရာမရဲ့အားထုတ်မှု၊ ပေးဆပ်မှုတွေလည်း ပါပါတယ်။ ဆရာမSullivanဟာ Kellerကို ဘာပဲသင်ပေးသင်ပေး ကောင်းတဲ့ပုံပြင်နဲ့ ဥပမာပေးသင်ကြားသလို ကဗျာတစ်ပုဒ်နဲ့လည်း ရှင်းပြတတ်တယ်။ သူဟာ အတွေ့အကြုံပြည့်ဝတဲ့ ဆရာမတစ်ဦးဖြစ်တာကြောင့် Kellerကို အခန်းထဲပိတ်လှောင်ထားတာမျိုး၊ ကြက်တူရွေးနှုတ်တိုက်ရွတ်သလိုမျိုး သင်မပေးခဲ့ပါဘူး။

Kellerဟာ ခိုင်မြဲတဲ့ဇွဲနဲ့ ကိုယ့်ရဲ့ခန္ဓာကိုယ်ချွတ်ယွင်းမှု၊ စိတ်ဓာတ်ချွတ်ယွင်းမှုကို အံတုခဲ့တယ်။ မြင်းစီး၊ နှင်းလွှာလျောစီး၊ စစ်တုရင်ထိုးတာတွေသင်ယူပြီးဘဝကိုကျေကျေနပ်နပ် ဖြတ်သန်းခဲ့တယ်။ ပြဇာတ်တွေကို သူခုံမင်ခဲ့တယ်။ ရှေးဟောင်းပြတိုက်တွေ လှည့်လည်ကြည့်ရှုရတာကို သူနှစ်သက်ခဲ့တယ်။ အဲဒီထဲကနေ သင်ယူနိုင်တာတွေကို သူသင်ယူခဲ့တယ်။ Kellerဟာ အသက် ၂၁နှစ်အရွယ်မှာ ဆရာမနဲ့ပူးပေါင်းပြီး သူ့ရဲ့ပထမဆုံးစာအုပ်ဖြစ်တဲ့ “The Story of My Life” စာအုပ်ကိုထုတ်ဝေခဲ့တယ်။ နှစ်ပေါင်း၆ဝကျော်အတွင်းမှာစာအုပ်ပေါင်း ၁၄အုပ်ကို သူရေးသားထုတ်ဝေနိုင်ခဲ့တယ်။

Kellerဟာ ဘဝရဲ့စိန်ခေါ်မှုကို ရင်ဆိုင်ခဲ့ရတယ်။ ချစ်ခြင်းမေတ္တာနဲ့ လောကကြီးကို သူပွေ့ဖက်ခဲ့တယ်။ လူတကာအံ့သြရလောက်တဲ့ စိတ်ဓာတ်ခွန်အားနဲ့ အခက်အခဲတွေကို သူတွန်းလှန်နိုင်ခဲ့တယ်။ အမှောင်ထဲကနေ လူ့ဘဝရဲ့အလင်းကို သူရှာဖွေတွေ့ရှိခဲ့တယ်။ အဲဒီနောက် ကြင်နာတဲ့လက်အစုံကို ကမ္ဘာတစ်ခွင်ဆီ သူဆန့်ထုတ်ခဲ့ပါတယ်။

စိတ်ကူးအိပ်မက်မရှိသူက ဘဝဟာ ဆင်းရဲပင်ပန်းလွန်းတယ်၊ လျှောက်လှမ်းစရာ လမ်းမရှိဘူးလို့ ထင်တတ်ကြတယ်။ စိတ်ကူးအိပ်မက်ရှိသူက ကမ္ဘာကုန်ကျယ်သရွေ့ စိတ်ကူးအိပ်မက်ကို ဖြန့်ကျက်တယ်။ နည်းလမ်းတချို့၊ လမ်းကြောင်းတချို့နဲ့ ကိုယ့်ကြိုးစားအားထုတ်မှုကိုအရင်းစိုက်ပြီး အကောင်အထည်ဖော်တယ်။ စိတ်ကူးအိပ်မက်ရဲ့ အလေးနက်ဆုံးအဓိပ္ပာယ်က လူတွေကို ဦးတည်ရာတစ်ခုရှိစေတယ်၊ ပစ်မှတ်တစ်ခုရှိစေတယ်။ ဘဝလမ်းကြောင်းပေါ်မှာ လူတွေကို မရေမရာ ဝေဝေဝါးဝါးမဖြစ်စေဘူး။ စိတ်ကူးအိပ်မက်က လူကိုကြီးကျယ်မြင့်မြတ်စေတယ်။ လူတွေ ကြီးကျယ်မြင့်မြတ်ရခြင်းကလည်း စိတ်ကူးအိပ်မက်ကို လက်တွေ့ကျကျ မဖြစ်မနေ အကောင်အထည်ဖော်လို့ပဲဖြစ်တယ်။

ထင်ရှားသူတို့၏ ဘဝပုံပြင်စာအုပ်မှ

နိုင်းနိုင်းစနေ

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။