ပုံမကျတဲ့ သရုပ်ဆောင်တွေ
ဒီပုံကိုမြင်လိုက်တာနဲ. အတော့ကိုစိတ်အနှောင့်အယှက်ြ ဖစ်ရပါတယ်။ တစ်ခါတည်းလည်း ပြောထားပါရစေ ကျုပ် ကွန်မြူနစ်မဟုတ်ဘူးဆိုတာကို။ ငယ်ငယ်ကတော့ မဆလအစိုးရဝါဒဖြန်.စာတွေချည့် လက်လှမ်းမှီခဲ့ရတယ်ဆိုတော့ ဗကပဆိုတာ ရွံစရာပေါ့။ မိဘရိုသေစရာမလို၊ ဘာသာတရားနတ္တိ၊ ရက်စက်ကြမ်းကြုတ်တတ်တဲ့ သူတွေစသဖြင့်ပေါ့။
ဒါပေမယ့် အဲဒီဗကပကဘဲ တည်ထောင်စမျိုးချစ်ဗမာ့တပ်မ တော်ကို သဘောတရားရေးရာတွေသင်ပေးခဲ့လို.တက်မဲ့လှေလိုမဖြစ်ခဲ့တဲ့အကြောင်း၊ ဗိုလ်ကျော်ဇော သခင်ဇင် စတဲ့ပုဂ္ဂိုလ်တွေ သူတို.ကိုးကွယ်လက်စဘာသာတရား တွေကို ဆက်ကိုးကွယ်ကြတဲ့အကြောင်းတွေ၊ လုံတိတ်ခေါ်မြကြီးဟာ စစ်ထောက်လှမ်းရေးရဲ.ဆဲလ်တစ် ခုဖြစ်တဲ့အကြောင်းစတာတွေ တဖြည်းဖြည်းနဲ.သိလာရတဲ့နောက်ပိုင်း
- ၆၂ မှာ သမဂ္ဂကိုဒိုင်းနမိုင်းနဲ.ဖြို ကျောင်းသားတွေကိုသတ်တာ ဗကပ မဟုတ်
- ၇၄ ဦးသန်.အရေးအခင်းမှာ ကျောင်းသားတွေကိုသတ်တာ ဗကပ မဟုတ်
- ၈၀ မှာ ဆရာ-ဒကာစီမံချက်နဲ. ဗမာပြည်သံဃာထုကိုသပ်လျှိုတာ ဗကပ မဟုတ်
- ၈၈မှာ ကျောင်းသားနဲ.ပြည်သူတွေကို သေနတ်နဲ.ပစ်သတ်တာ ဗကပ မဟုတ်
- ၂၀၀၃ မှာ ဒီပဲရင်းအကြမ်းဖက်မှုကျူးလွ န်ခဲ့တာ ဗကပ မဟုတ်
- ၂၀၀၇ မှာ မေတ္တာပို.တဲ့ ရန်ကုန်-မန္တလေး သံဃာထုကိုဖြိုခွဲတာ ဗကပ မဟုတ်
- ၂၀၀၈ နာဂစ်မှာ လူတွေသေအောင်လွှတ်ထားတာ ဗကပ မဟုတ်
- တစ်လျှောက်လုံး တိုင်းပြည်ဘဏ္ဍာခိုးတာ ဗကပ မဟုတ်
- တစ်လျှောက်လုံး သိမ်ဖြို၊ ကျောင်းသိမ်းတာ ဗကပ မဟုတ်
- တစ်လျှောက်လုံး မနောတိုင်ဖြို၊ ဘုရားကျောင်းဖြို၊ ဗလီဖြို မီးရှို.တာ ဗကပ မဟုတ်
ဆိုတာတွေကို ထင်ထင်ရှားရှားတွေ.လာရပါပြီ ။ လက်သည်အစစ်ဟာ အာဏာကို လုံးဝလက်မလွှတ်လိုတဲ့ စစ်ဘီလူးဆိုတာလည်း ထင်ရှားနေပါပြီ။ တိုက်ပွဲဖြစ်လို. တပ်ကဘဲသေသေ တိုင်းရင်းသားဘဲသေသေ ဗမာနိုင်ငံသားသေတာပါဘဲ။ တရားသောစစ်တွေ ဘာတွေလည်း လာလုပ်မနေပါနဲ.။ ဗကပ နဲ. တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကြောင့် သေကြေကြရတဲ့ လူထုထက် ဗမာပြည်စစ်အုပ်စုခိုင်းလို. ဘာမှနားမလည်ဘဲ တိုက်ဆိုတိုင်း တိုက်ကြ သတ်ကြတဲ့ ဗမာစစ်တပ်ကြောင့် သေကြေကြရတဲ့ လူထုကပိုများမှာမုချပါ။
ဒါကိုတောင် အမောင်တောင်မှန်း မြောက်မှန်းမသိတဲ့ အခုလိုအနုပညာရှင်တွေကိုမြင် လိုက်ရတော့ အော့နှလုံးနာမိပါတယ်။ ကိုယ့်ကိုအတင်းအကြပ်ခိုင်းလာရင် အနိမ့်ဆုံးအဆင့်အနေနဲ. အသံထွက်လို.ရနေပြီဖြစ်တဲ့ ဒီလိုခေတ်ကြီးမှာတောင် အခုလိုမျိုးပါဝင်သရုပ်ဆောင် တာဟာ ပါချင်လို.ပါတာဘဲဆိုတာထက်ဆီ လျော်ကောင်းမွန်တဲ့အဖြေ ဘာတစ်ခုမှထပ်စဉ်းစားလို.မရပါဘူး။ ရပ်တည်မှုမမှန်ဘဲ ဆိတ်လစေ့လို ကြုံရာပြေးကပ်တတ်တဲ့စိတ်ထား မျိုး ဗမာပြည်သားတွေမှာ တွေ.နေသမျှကာလပါတ်လုံး ဒီမိုကရေစီဆိုတာ အလှမ်းဝေးနေဦးမှာပါ။ လျှာအရိုးမရှိတိုင်း ဒီမိုကရေစီဘယ်လိုဘဲအော်နေနေ ၊ ရင်ထဲနှလုံးသားထဲကယုံကြည်မှုမရှိတဲ့ ဘယ်အယူဝါဒမဆို မိမိရဲ.သဏ္ဍန်မှာ မရှင်သန်နိုင်ဘူး ဆိုတာလောက်ကိုတော့ဖြင့် သိသင့်ပါတယ်ဗျာ။
ဗမာပြည်သားတွေ ကိုယ့်ယုံကြည်ချက်ကို ကိုယ့်ဖာသာချနင်းရလောက်တဲ့အ ထိ အောက်တန်းမကျစေချင်တော့ပြါေ ကာင်း ... ။ ။
(မှတ်ချက်။ ။ မူရင်းဓာတ်ပုံပိုင်ရှင်နဲ. ဆရာချို Cho Tu Zalကိုခရက်ဒစ်ပေးပါသည်။)
ဒီပုံကိုမြင်လိုက်တာနဲ. အတော့ကိုစိတ်အနှောင့်အယှက်ြ
ဒါပေမယ့် အဲဒီဗကပကဘဲ တည်ထောင်စမျိုးချစ်ဗမာ့တပ်မ
- ၆၂ မှာ သမဂ္ဂကိုဒိုင်းနမိုင်းနဲ.ဖြိ
- ၇၄ ဦးသန်.အရေးအခင်းမှာ ကျောင်းသားတွေကိုသတ်တာ ဗကပ မဟုတ်
- ၈၀ မှာ ဆရာ-ဒကာစီမံချက်နဲ. ဗမာပြည်သံဃာထုကိုသပ်လျှိုတာ
- ၈၈မှာ ကျောင်းသားနဲ.ပြည်သူတွေကို သေနတ်နဲ.ပစ်သတ်တာ ဗကပ မဟုတ်
- ၂၀၀၃ မှာ ဒီပဲရင်းအကြမ်းဖက်မှုကျူးလွ
- ၂၀၀၇ မှာ မေတ္တာပို.တဲ့ ရန်ကုန်-မန္တလေး သံဃာထုကိုဖြိုခွဲတာ ဗကပ မဟုတ်
- ၂၀၀၈ နာဂစ်မှာ လူတွေသေအောင်လွှတ်ထားတာ ဗကပ မဟုတ်
- တစ်လျှောက်လုံး တိုင်းပြည်ဘဏ္ဍာခိုးတာ ဗကပ မဟုတ်
- တစ်လျှောက်လုံး သိမ်ဖြို၊ ကျောင်းသိမ်းတာ ဗကပ မဟုတ်
- တစ်လျှောက်လုံး မနောတိုင်ဖြို၊ ဘုရားကျောင်းဖြို၊ ဗလီဖြို မီးရှို.တာ ဗကပ မဟုတ်
ဆိုတာတွေကို ထင်ထင်ရှားရှားတွေ.လာရပါပြီ
ဒါကိုတောင် အမောင်တောင်မှန်း မြောက်မှန်းမသိတဲ့ အခုလိုအနုပညာရှင်တွေကိုမြင်
ဗမာပြည်သားတွေ ကိုယ့်ယုံကြည်ချက်ကို ကိုယ့်ဖာသာချနင်းရလောက်တဲ့အ
(မှတ်ချက်။ ။ မူရင်းဓာတ်ပုံပိုင်ရှင်နဲ. ဆရာချို Cho Tu Zalကိုခရက်ဒစ်ပေးပါသည်။)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။