တောင်ကြီးသားတို့ရဲ့  ချယ်ရီနွေဦး
====================
ဒီအခွေလေးကတော့ခင်များတို့ နဲ့အဆင်ပြေမယ်ထင်ပါတယ် ။ တောင်ကြီးသားတွေရဲ့ ဒုတိယမြောက် စုစည်းမှုလို့လည်းပြောလို့ ရတာပေါ့ဗျာ ။ ဒီအခွေထဲမှာ ဂီတအမျိုးအစားရသ စုံလင်စွာ ခံစားခွင့်ရမှာပါ ။ ပျောက်ကောင်တွေလို ပျောက်ကွယ်နေတဲ့ လူဟောင်းတွေပါသလို သွေးသစ်တွေနဲ့ လတ်ဆတ်လန်းဆန်း နေတဲ့ လူငယ်တွေလည်း ပါပါတယ်။
ဘာပဲဖြစ်ဖြစ် ရေခံမြေခံကောင်းတဲ့ တောင်ကြီးသားတွေရဲ့ စည်လုံးမှုကလည်း လေးစားဖို့ကောင်းသလို အတုယူဖို့လည်း ကောင်းပါတယ်။ ဒီအခွေလေးဟာ ဆင်လည်း ဆင်အလျှောက် ဆိတ်လည်း ဆိတ်အလျှောက် ကြိုးစားအားထုတ်ထားတဲ့ အခွေလေးပါ ။ ဒီအခွေလေးထဲမှာ တေးရေးအင်အားကလည်း အဟောင်းတွေထဲက ခင်များတို့ချစ်တဲ့ ကိုအယ်ဖြူ နဲ့အိုက်ပီး ပါသလို လူငယ်တေးရေးအသစ်တွေရဲ့ လတ်ဆတ်တဲ့ လက်ရာတွေကို လည်း မြင်တွေ့ ခွင့် ရပါလိမ့်မယ် ။ တီးဝိုင်းကတော့ ROS လို့ခေါ်တဲ့( Rose Of Sharon ) နဲ့ PTL စတူဒီယိုမှာ သွင်းထားတာပါ။
ကဲဗျာ ဒီအခွေရဲ့ပထမဆုံးအပုဒ်အနေနဲ့  ခင်များတို့ ခံစားခွင့်ရမှာက တေးရေး ကိုအယ်ဖြူရဲ့ လက်ရာတပုဒ် ဖြစ်တဲ့ ‘ နှင်းဆီ့ဝေး ’ ကို ဘိုဖြူက ပိရိသေသပ်စွာနဲ့ခင်များတို့ နားထောင်ချင်အောင် စပြီးဆွဲခေါ်သွား ပါလိမ့်မယ်။ ဘောလုံးစကားနဲ့ပြောရရင် အဖွင့်တိုက်စစ်ကောင်းတယ်ပေါ့ ဗျာ။
(၂) အပုဒ်အနေနဲ့ ငြိမ်ချက်သားကောင်းနေတဲ့ အောလ်တာ တိုက်စစ်မှုး လှိုင်ဦးမော်က ရိုးရိုးရှင်းရှင်းလေးနဲ့ သူ့ပုံစံ အတိုင်း ကိုယ်တိုင်ရေး ကိုယ်တိုင်ဆိုထားတဲ့ ‘ ရင်ထဲပြောပါ ’ သီချင်းနဲ့ထပ်ပြီးစွဲခေါ်သွားပါလိမ့်မယ် ။
(၃) အပုဒ်အနေနဲ့ မတွေ့ရတာကြာပြီဖြစ်တဲ့ တေးရေး - အိုက်ပီးရဲ့လက်ရာတပုဒ်ဖြစ်တဲ့ ‘ ကြယ်ပြာလေး နဲ့ဝေးတဲ့နောက် ’ သီချင်းကို ကိုအောင်က အကောင်းဆုံးသီဆိုပြီး ခင်များတို့ ရင်ဘတ်တခုလုံးကို သိမ်းပိုက် သွားပါလိမ့်မယ် ။
(၄) ‘ကောင်းကင်နဲ့မြေကြီး’ ရေး/ ဆို ပူစူး ကနေသူ့ ဟန်အတိုင်းရိုးရိုးသားသား ကြိုးစားချပြသွားပါ တယ် ။ သူလည်း ပရိတ်သတ်နဲ့အခိုင်အမာရှိပြီးသားသူဆိုတော့ သူပရိတ်သတ်တွေအတွက်အဆင်ပြေမ ယ့် သီချင်းတပုဒ်ပါ ။
(၅) ‘ကမ္ဘာမြေအတွက်သီချင်း’ တေးရေး အောင်ကိုမြင့် နောက်တက်တဲ့တေးရေးလူငယ်အသစ် တွေထဲ က လက်စလက်နကောင်းတဲ့သူတယောက်ပါ ။ ဒါပေမဲ့ ဒီသီချင်း cho ပိုဒ်တွေမှာ သံပြိုင်ဆိုသွားတဲ့ဟန်တွေ က တော့ ကိုအယ်ဖြူရဲ့ အငွေ့အသက်တွေနဲ့ သိပ်မလွတ်ကင်းသလိုပါပဲ ။ ဘာပဲဖြစ်ဖြစ် ဒီ group song လေးကလဲ ခင်များတို့ ရင်ဘတ်ထဲကိုအလံစိုက်သွားဦး မှာ သေချာပါတယ် ။
(၆) ‘ဆန့်ကျင်ဘက်နေ့စွဲများ’ ရေး/ ဆို ကတော့ခင်များတို့ မျှော်လင့်တောင့်တနေတဲ့ ကိုအယ်နောင်းပါ။ တစ်ခွေလုံးမှာ မြူးဇစ်ပုံစံ အထူးခြားဆုံးပါ ။ တစ်ပုဒ်ဆို တစ်ပုဒ်မှန်း သိသိသာသာ ခင်များတို့ ကျေနပ်အောင် ချွေးသိပ်ပေးပါလိမ့်မယ် ။ ဒီသီချင်းနဲ့အတူ ကျွန်တော်တို့တတွေ စသိခဲ့ကျတဲ့ အနောက်တောင်မုတ်သုန်ထဲက အယ်နောင်းကို မြင်တွေ့ခွင်ရပါလိမ့်မယ် ။ ခိုင်မြဲခြင်းထဲက အယ်နောင်းမဟုတ်တာတော့သေချာပါတယ် ။ ကျွန်တော်တို့ မြင်ချင်တွေ့ချင်နေတဲ့ အယ်နောင်းပေါ့ဗျာ။
(၇) ‘မင်းအချစ်ကြောင့်’ ဆိုတဲ့ သီချင်းလေးကိုတော့ တေးရေး wave ဆိုတဲ့ အသစ်တစ်ယောက်ရဲ့လက်ရာကို ယုံယုံကြည်ကြည်နဲ့သီဆိုပေးတဲ့ ကိုဟန်ထွန်းရဲ့စိတ်ဓာတ်ကိုေ တာ့လေးစားရပါမယ်။ သီချင်းက နဲနဲပျော့နေပေ မယ့် ဟန်ထွန်းရဲ့လိမ္မာပါးနပ်တဲ့ဆိုဟန်နဲ့ သာသာယာယာပဲ ထိန်းဆိုသွားခဲ့ပါတယ်။ ဟန်ထွန်းပရိတ်သတ်တွေ အတွက်တော့ ကျေနပ်နှစ်သိမ့်နိုင်လိမ့်မ ယ်လို့ ထင်ပါတယ်။
(၈) ‘စိတ်လျှော့’ ဆိုတဲ့ သီချင်းကတော့ တေးရေး - အောင်ကိုမြင့်ရဲ့ ဒုတိယမြောက်လက်ရာပါ ။ တေးဆို သအို ရဲ့ အဆိုပညာ ၊ အသံပါဝါနဲ့ အလွန်လိုက်ဖက်တဲ့သီချင်းလေး တစ်ပုဒ်ပါ ။ အောင်ကိုမြင့် စစ်စစ်ရဲ့လက်ရာကို အတိုင်းသား နားဆင်ကြည့်နိုင်ပါတယ် ။
(၉) ‘အသက်မဲ့ကမ္ဘာသား’ တေးရေး / ဆို - အစိုင်း နောက်တက်တဲ့တောင်ကြီးသားတွေထဲ မှာ သူလဲသီချင်း ရေးကောင်းသလို သီချင်းဆိုလည်း ကောင်းတဲ့လူတစ်ယောက်ပါ ။ သူလည်း သူ့ပရိတ်သတ်နဲ့သူ အခိုင်အမာရှိ တဲ့ ခေသူမဟုတ်သူ ဆိုပါတော့ ။
ဒီ အယ်လ်ဘမ်ရဲ့နောက်ဆုံးအပုဒ်ကိုတော့ တေးရေး Fish ဆိုတဲ့ နောက်တက်လူငယ်တေးရေးဆရာလေးက အကောင်ဆုံးရေဖွဲ့ ထားပြီး group လိုက်သီဆိုထားတဲ့ 'ငါတို့ မိသားစု' ဆိုတဲ့ သီချင်းကောင်းလေးနဲ့ သိမ်းထားပါတယ်။ ဒီချယ်ရီနွေဦး ဆိုတဲ့ တေးစီးရီး အယ်လ်ဘမ်လေးဟာ ခင်များတို့ အတ္တတွေသိပ်မကြီးပဲ အယ်နောင်း၊ ကိုအောင် ၊ ဘိုဖြူနဲ့ လှိုင်ဦးမော်တို့ကို လက်ခံသလို သအို၊ အစိုင်းနဲ့ ပူစူး တို့ကိုလည်း အသိအမှတ်ပြုမယ်ဆိုရင် လုံးဝအဆင်ပြေတဲ့ အယ်လ်ဘမ်လေး တစ်ချပ်ပါ။ သီချင်းချစ်သူ ပရိသတ်များ အနေနဲ့ ဒီအယ်လ်ဘမ်လေးဟာ ခင်များတို့ရဲ့သီချင်း ခွေထားတဲ့ စင်ပေါ်မှာ ရှိကိုရှိရမယ့် အယ်လ်ဘမ်လေးတစ်ချပ်ဖြစ်တယ် ဆိုတာကတော့ သေချာပါတယ်ဗျာ ။
ခင်မင်စွာဖြင့်
ကိုထိုက် (ပခုက္ကူ )
*** p.s. ချယ်ရီနွေဦး တေးအယ်လ်ဘမ် review လေးအား တကူးတက ရေးပေးတဲ့ ကိုထိုက်ကြီး (ပခုက္ကူ) ကို စကော်ပီယံအဖွဲ့ သားများက ကျေးဇူးအထူးပါလို့ ***
သီချင်း အမြည်းနားဆင်ချင်ရင်တော့ ဒီလင့်လေးတွေကနေတဆင့် နားဆင်နိုင်ပါတယ်။
https://soundcloud.com/ myomin-aung/sets/ cherry-nwae-oo
http://www.youtube.com/ watch?v=Rp1leN75r2I&list=PL 5Y7h_4aSSwR6U_DAL3L6KnQALt 15cNyj
credit: myomin-aung@soundclould & yadanar10@youtube
====================
ဒီအခွေလေးကတော့ခင်များတို့ နဲ့အဆင်ပြေမယ်ထင်ပါတယ် ။ တောင်ကြီးသားတွေရဲ့ ဒုတိယမြောက် စုစည်းမှုလို့လည်းပြောလို့ ရတာပေါ့ဗျာ ။ ဒီအခွေထဲမှာ ဂီတအမျိုးအစားရသ စုံလင်စွာ ခံစားခွင့်ရမှာပါ ။ ပျောက်ကောင်တွေလို ပျောက်ကွယ်နေတဲ့ လူဟောင်းတွေပါသလို သွေးသစ်တွေနဲ့ လတ်ဆတ်လန်းဆန်း နေတဲ့ လူငယ်တွေလည်း ပါပါတယ်။
ဘာပဲဖြစ်ဖြစ် ရေခံမြေခံကောင်းတဲ့ တောင်ကြီးသားတွေရဲ့ စည်လုံးမှုကလည်း လေးစားဖို့ကောင်းသလို အတုယူဖို့လည်း ကောင်းပါတယ်။ ဒီအခွေလေးဟာ ဆင်လည်း ဆင်အလျှောက် ဆိတ်လည်း ဆိတ်အလျှောက် ကြိုးစားအားထုတ်ထားတဲ့ အခွေလေးပါ ။ ဒီအခွေလေးထဲမှာ တေးရေးအင်အားကလည်း အဟောင်းတွေထဲက ခင်များတို့ချစ်တဲ့ ကိုအယ်ဖြူ နဲ့အိုက်ပီး ပါသလို လူငယ်တေးရေးအသစ်တွေရဲ့ လတ်ဆတ်တဲ့ လက်ရာတွေကို လည်း မြင်တွေ့ ခွင့် ရပါလိမ့်မယ် ။ တီးဝိုင်းကတော့ ROS လို့ခေါ်တဲ့( Rose Of Sharon ) နဲ့ PTL စတူဒီယိုမှာ သွင်းထားတာပါ။
ကဲဗျာ ဒီအခွေရဲ့ပထမဆုံးအပုဒ်အနေနဲ
(၂) အပုဒ်အနေနဲ့ ငြိမ်ချက်သားကောင်းနေတဲ့ အောလ်တာ တိုက်စစ်မှုး လှိုင်ဦးမော်က ရိုးရိုးရှင်းရှင်းလေးနဲ့ သူ့ပုံစံ အတိုင်း ကိုယ်တိုင်ရေး ကိုယ်တိုင်ဆိုထားတဲ့ ‘ ရင်ထဲပြောပါ ’ သီချင်းနဲ့ထပ်ပြီးစွဲခေါ်သွာ
(၃) အပုဒ်အနေနဲ့ မတွေ့ရတာကြာပြီဖြစ်တဲ့ တေးရေး - အိုက်ပီးရဲ့လက်ရာတပုဒ်ဖြစ်တ
(၄) ‘ကောင်းကင်နဲ့မြေကြီး’ ရေး/
(၅) ‘ကမ္ဘာမြေအတွက်သီချင်း’ တေးရေး အောင်ကိုမြင့် နောက်တက်တဲ့တေးရေးလူငယ်အသစ်
(၆) ‘ဆန့်ကျင်ဘက်နေ့စွဲများ’ ရေး/
(၇) ‘မင်းအချစ်ကြောင့်’ ဆိုတဲ့ သီချင်းလေးကိုတော့ တေးရေး wave ဆိုတဲ့ အသစ်တစ်ယောက်ရဲ့လက်ရာကို ယုံယုံကြည်ကြည်နဲ့သီဆိုပေးတ
(၈) ‘စိတ်လျှော့’ ဆိုတဲ့ သီချင်းကတော့ တေးရေး - အောင်ကိုမြင့်ရဲ့ ဒုတိယမြောက်လက်ရာပါ ။ တေးဆို သအို ရဲ့ အဆိုပညာ ၊ အသံပါဝါနဲ့ အလွန်လိုက်ဖက်တဲ့သီချင်းလေး
(၉) ‘အသက်မဲ့ကမ္ဘာသား’ တေးရေး /
ဒီ အယ်လ်ဘမ်ရဲ့နောက်ဆုံးအပုဒ်က
ခင်မင်စွာဖြင့်
ကိုထိုက် (ပခုက္ကူ )
*** p.s. ချယ်ရီနွေဦး တေးအယ်လ်ဘမ် review လေးအား တကူးတက ရေးပေးတဲ့ ကိုထိုက်ကြီး (ပခုက္ကူ) ကို စကော်ပီယံအဖွဲ့ သားများက ကျေးဇူးအထူးပါလို့ ***
သီချင်း အမြည်းနားဆင်ချင်ရင်တော့ ဒီလင့်လေးတွေကနေတဆင့် နားဆင်နိုင်ပါတယ်။
https://soundcloud.com/
http://www.youtube.com/
credit: myomin-aung@soundclould & yadanar10@youtube
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။