Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, October 7, 2014

လှေးနှင့် တူကြသူများ

လှေးနှင့် တူကြသူများ
______________

လူအများက "ငါတို့ မတီထွင်၊ မဆန်းသစ်နိုင်ဘူး" လို့ အမြဲဆိုညည်းကြတယ်။ တကယ်တော့ သူတို့မှာ တီထွင်ဆန်းသစ်နိုင်တဲ့အရည်အချင်းတွေ မရှိလို့ မဟုတ်ဘူး။ အဲဒီ တီထွင်ဆန်းသစ်တာကို မပြောခင် ဉာဏ်စမ်းလေးတစ်ခု အရင် စမ်းသပ်ကြည့်ရအောင်...

ဉာဏ်စမ်းက "မီးခြစ်ဆံ ၆ချောင်းနဲ့ တြိဂံ ၄ခုရအောင် စီပါ။ မီးခြစ်ဆံကို မချိုးရ" 

တကယ်လို့ ငါးမိနစ်ကြာတဲ့အထိ တြိဂံ ၄ခုရအောင် သင်မစီနိုင်ခဲ့ရင် စိတ်ပျက်အားငယ်မသွားပါနဲ့။ လေ့လာဆန်းစစ်ချက်အရ လူအများစုလည်း ရအောင်မစီနိုင်ကြောင်း တွေ့ခဲ့ရတယ်။ ဉာဏ်စမ်းအဖြေကို မပြောခင် ခုန်နိုင်တဲ့သန်း (လှေး) အကြောင်းကို ကျွန်မတို့ အရင်ပြောရအောင်.. လှေးတွေက တွားသွားသတ္တဝါတွေမဟုတ်ဘဲ ခုန်ပြီးသွားတယ်ဆိုတာ အားလုံးသိပြီးဖြစ်ပါတယ်။ လှေးတွေတစ်ခါခုန်ရင် သူတို့ရဲ့ခန္ဓာကိုယ်အရပ်ရဲ့ အဆတစ်ရာအမြင့်ထိ ခုန်နိုင်ကြသတဲ့... ဒါပေမယ့် ဂျာမဏီနိုင်ငံက "Hans" ဆပ်ကပ်အဖွဲ့မှာရှိတဲ့ လှေးတွေက မခုန်နိုင်ကြတဲ့အပြင် ကစားစရာကားတွေကိုတောင် ဆွဲနိုင်ခဲ့ကြသတဲ့။ (အဲဒီရှိုးကိုကြည့်ဖို့ မှန်ဘီလူးလိုလိမ့်မယ်)

ဘာကြောင့် ဒီလိုထူးဆန်းတဲ့ ဖြစ်ရပ်မျိုးပေါ်ခဲ့သလဲ။

တကယ်တော့ ဆပ်ကပ်ဆရာတစ်ဦးက လှေးတွေကို အထူးလေ့ကျင့်ပေးခဲ့လို့ဖြစ်တယ်။ ပထမဆုံး ဆပ်ကပ်ဆရာက လှေးတွေကို မှန်ဘောင်တစ်ခုထဲ ထည့်မွေးထားပြီး အဲဒီမှန်ဘောင်ကို လှေးခုန်နိုင်တဲ့ အမြင့်ထက်နိမ့်အောင် လုပ်ထားတယ်။ လှေးတွေက တစ်ချက်ခုန်တိုင်း မှန်ဘောင်နဲ့ သွားသွားဆောင့်လို့ တဖြည်းဖြည်း အမြင့်ကြီးမခုန်ရဲတော့ဘူး။
နောက်တော့ ဆပ်ကပ်ဆရာက မှန်ဘောင်ကို နိမ့်လိုက်ပြန်တယ်။ လှေးတွေက နာကျင်မှာကြောက်ပြီး မှန်ဘောင်ထိအောင် မခုန်ရဲပြန်ဘူး။ မှန်ဘောင်နိမ့်လေ၊ လှေးတွေမခုန်ရဲလေနဲ့ နောက်ဆုံး တွားသွားတဲ့အဆင့်ကို ရောက်သွားခဲ့ကြတယ်။ ဒီလိုလေ့ကျင့်မှုကြောင့် ခုန်တတ်တဲ့လှေးတွေဟာ နဂိုမွေးရာပါ ခုန်နိုင်တဲ့အရည်အချင်းတွေ ဆုံးရှုံးသွားခဲ့ရတယ်။

ဉာဏ်စမ်းက အင်မတန်လွယ်ပါတယ်။ ပုံမှာမြင်ရတဲ့အတိုင်း မီးခြစ်ဆံတချို့ကို တြိဂံပုံဖြစ်အောင်ထောင်ပြီးစီလိုက်ရင် လိုချင်တဲ့တြိဂံ ၄ခုကို ရပါလိမ့်မယ်။

မူရင်းစာမှာက ဒီလိုဆက်ရေးထားပါတယ်။ စီမရတဲ့ လူတချို့က အဖြေကို သိပြီးနောက် "မီးခြစ်ဆံတွေထောင်ပြီးစီလို့ရတယ်လို့ ဘာလို့မပြောလဲ" လို့ အတွန့်တက်ကောင်းတက်လိမ့်မယ်။ ပုစ္ဆာမှာလည်း "မထောင်ရ" လို့ ရေးမထားပါဘူး။ တကယ်တော့ လူအများက ကိုယ့်ကို ကန့်သတ်လိုက်ကြတာပါ။ ကိုယ့်အတွေးကိုချုပ်ထားပြီးမီးခြစ်ဆံခြောက်ချောင်းကို အလဲလိုက် တောင်ရွေ့မြောက်ရွေ့
ရွေ့ခဲ့ကြတယ်။ ထောင်ပြီးစီဖို့ မတွေးခဲ့ဘူး၊ မရဲခဲ့ဘူး။ ဒီအဖြစ်က မှန်ဘောင်နဲ့ အဖိခံရတဲ့ လှေးနဲ့ ဘာများကွာခြားတော့မလဲ...

ကျွန်မတို့က ဘယ်လိုကြောင့် ဆန်းသစ်တီထွင်တဲ့ အရည်အချင်းတွေ ဆုံးရှုံးခဲ့ရသလဲ၊ အောက်ကပုံပြင်က ကျွန်မတို့ကို အဖြေတချို့ပေးလိမ့်မယ် ထင်ပါတယ်။

"ဝါရှင်တန်" ငယ်ငယ်တုန်းက ချယ်ရီပင်ခုတ်လှဲခဲ့ဖူးတယ်ဆိုတဲ့ ပုံပြင်ကို ဆရာမပြောပြတော့ သူငယ်တန်းကလေးတွေက စိတ်ဝင်တစား နားထောင်ခဲ့ကြတယ်။ ပုံပြင်ပြီးလို့ ဆရာမက "ကလေးတို့.. ဝါရှင်တန်ကို သူ့ဖေဖေက ဘာကြောင့် ခွင့်လွှတ်ခဲ့သလဲ" လို့ မေးကြတယ်။ ကလေးတစ်ယောက်က ချက်ချင်းလက်ထောင်ပြီး "သူ့လက်ထဲမှာ ပုဆိန်ကိုင်ထားသေးလို့ပါ" လို့ ဖြေခဲ့တယ်။ သူ့အဖြေကို ကလေးတွေက တဝါးဝါး အော်ရယ်ခဲ့ကြတယ်။ ဆရာမက ခေါင်းခါပြီး "မဟုတ်ဘူး.. သူ့ဖေဖေ သူ့ကိုခွင့်လွှတ်ခဲ့တာက ဝါရှင်တန်ဟာ ရိုးသားတဲ့ ကလေးတစ်ယောက်ဖြစ်လို့ပါပဲ" လို့ ပြောလိုက်တယ်။

ကလေးငယ်တွေးတာလည်း မမှားပါဘူး။ တကယ်လို့ ဖခင်က ခွင့်မလွှတ်ဘဲ ဝါရှင်တန်ကို ဆူမယ်၊ ဆဲမယ်၊ ရိုက်ခဲ့မယ်ဆိုရင် ဝါရှင်တန်က အရိုက်ခံရလို့ ဒေါသစိတ်ကိုမထိန်းနိုင်ဘဲ လက်ထဲက ပုဆိန်နဲ့ လျှောက်မရမ်း၊ လျှောက်မခုတ်နိုင်ဘူးလို့ ပြောနိုင်မလား။
"သူ့လက်ထဲမှာ ပုဆိန်ကိုင်ထားသေးလို့ပါ" ဆိုတဲ့အဖြေက ဆန်းသစ်တဲ့အဖြေ ဖြစ်တယ်ဆိုပေမယ့် လူ့ဘောင်မှာ လက်ခံအသိအမှတ်ပြု မခံခဲ့ရပါဘူး။

တစ်ချိန်က ကျွန်မတို့လည်း ကလေးဖြစ်ခဲ့ဖူးပါတယ်။ မေးခွန်းတချို့ကိုဖြေဖို့ မတူတဲ့အတွေး၊ မတူတဲ့အမြင်တွေရှိပေမယ့် လူကြီးတွေက မျက်မှောင်ကြုတ်ပြီး ဒီလိုမဟုတ်ဘူး.... ဟိုလိုမဟုတ်ဘူးနဲ့ နောက်ဆုံးတော့ "ဝါရှင်တန်က ရိုးသားတဲ့ကလေးငယ်ဖြစ်လို့" ဆိုတဲ့ အဖြေပဲဖြေဆိုခဲ့ရတော့တယ်။ ဒီလိုလေ့ကျင့်သင်ကြားမှုတွေ ရှိခဲ့ပြီးတဲ့နောက် ကျွန်မတို့လည်း ဆပ်ကပ်မှာမွေးထားတဲ့လှေးလို တီထွင်ဥာဏ်၊ ဆန်းသစ်နိုင်တဲ့ အရည်အချင်းတွေ ဆုံးရှုံးသွားခဲ့ရတော့တယ်။

ကျွန်မတို့ရဲ့ တီထွင်ဆန်းသစ်နိုင်စွမ်းကိုဖိထားတဲ့ မှန်ဘောင်က (invisible) မမြင်ရတဲ့မှန်ဘောင်ဖြစ်တယ်။ ဒါတွေက ကျွန်မတို့ သင်ယူခဲ့တဲ့ပညာရေး၊ ရိုးရာအယူအဆတွေနဲ့လည်း သက်ဆိုင်ပါလိမ့်မယ်။ ဒါမှမဟုတ် တစ်သတ်မတ်တည်းတွေးတောတတ်တဲ့ အလေ့အကျင့်၊ ပတ်ဝန်းကျင်ကြောင့်လည်း ဖြစ်ပါလိမ့်မယ်။ ဒါတွေက လှောင်အိမ်တစ်ခုနဲ့ တူခဲ့ပါတယ်။ တွေးတောမှုတွေ၊ စဉ်းစားတီထွင်ဉာဏ်တွေ ကန့်သတ်ခံရပြီး သတ်မှတ်ထားတဲ့ ဘောင်ထဲ၊ အကန့်ထဲမှာပဲ တွေးတောခွင့်ရခဲ့တယ်။ ကျွန်မတို့မှာ နဂိုတည်းက ကျယ်ပြန့်တဲ့ကောင်းကင်ကြီးနဲ့ ဆန်းသစ်မှုတွေပြည့်နေတဲ့ စိတ်ဝိညာဉ်တစ်ခု ရှိတယ်ဆိုတာကို မေ့ထားလိုက်ကြတယ်။

ဆန်းသစ်တီထွင်သူတွေက လှောင်အိမ်ထဲက လွတ်အောင်ရုန်းသူ၊ မှန်ဘောင်ထဲက ခုန်ထွက်သူတွေဖြစ်တယ်။ လူနဲ့လှေး မတူတဲ့အချက်တစ်ခုက လေ့ကျင့်ခံရပြီးတဲ့လှေးတွေဟာ ထပ်ခုန်ဖို့ မကြိုးစားတော့ဘူး။ လူတွေမှာတော့ တွေးတောဆင်ခြင်တတ်တဲ့ ဦးနှောက်ရှိပါသေးတယ်။ လှောင်အိမ်ထဲက လွတ်အောင်ရုန်းဖို့၊ ဘောင်ထဲကနေ ခုန်ထွက်နိုင်ဖို့ အရင်ဆုံး ကိုယ်လှောင်ခံထားရတယ်ဆိုတာကိုသိရပါတယ်။ ဒါမှ မြင်နိုင်စွမ်းမရှိတဲ့ဘောင်ထဲကနေ ကိုယ်အလွတ်ရုန်းနိုင်မှာဖြစ်ပါတယ်။

-----
မူရင်းရေးသားသူ -- Wáng yì jiā
မူရင်းလင့် -- http://share.youthwant.com.tw/D31012260.html

နိုင်းနိုင်းစနေ (Saturday, April 18, 2009)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။