မိတ်ကပ်မကြိုက်တဲ့ သီချင်းများ - ဝေလ
-------------------------- -------------
အခုတလော မြှီးကောင်ပေါက်မလေးတွေနဲ့ လူငယ်တွေကြားမှာ သူ့သီချင်းတွေက အလွန်ရေပန်းစားနေပါတယ် ။ အစက သူခွေကာဗာကြီးပြီး ဘာလဲဟ ပုံစံက Rapper အထာနဲ့ အယ်လ်ဘမ် Title ကလဲ ‘မိတ်ကပ်မကြိုက်သောသီချင်းများ’ ဆိုတော့ ဘယ်လိုကြီးမှန်းလဲ မသိဘူးပေါ့။ ကိုယ်နားထောင်ချင်တဲ့ ပုံစံမျိုးတွေမဟုတ်လောက် ဘူးဆိုပြီး အဲဒီအခွေကိုဝယ်ဖို့ မပြောနဲ့ တို့တောင် မကြည့်ခဲ့ပါဘူး။ ပြီးမှ သူငယ်ချင်းတယောက်က မိုက်တယ်ဟ နားထောင်ကြည့်ဆိုတာနဲ့ စမ်းကြည့်လိုက်တာ အားပါး ဂွတ် တယ်ဗျ။
ဝေလက သူရဲ့ မိတ်ကပ်မကြိုက်တဲ့ သီချင်းများကို Blaze , Big Bag , Conqueror , Runner စတဲ့ စတဲ့ Music Band တွေနဲ့ အပီအပြင်ကျဲ ထားပါတယ်။ သူရဲ့ မိတ်ကပ်မကြိုက်တဲ့ အခွေထဲကသီချင်းအားလုံးကို သူတစ်ယောက်ထဲရေးဆိုထားတာဆို တော့ သူရဲ့သီချင်းရေးနိုင်အားနဲ့ သူရဲ့ရေးဟန်ကလဲ စိတ်ဝင်စားဖို့  ကောင်းနေပါတယ်။ ဒီခွေထဲက သီချင်း တော်တော်များများကို Blaze Band က တီးခတ်ထားတာပါ။
ဝေလက သူရဲ့ မိတ်ကပ်မကြိုက်တဲ့ အခွေကို ‘အသည်းကွဲသမား’ ဆိုတဲ့ သီချင်းနဲ့ စဖွင့်ထားပါတယ်။ Blaze က သီချင်းပုံစံနဲ့ လိုက်ဖက်စွာ လက်စွမ်းပြ တီးခတ်ထားပါတယ်။
‘ပြတ်တုန်းလတ်တုန်း ၂၃’
ဒီသီချင်းကတော့ ခင်ဗျားတို့လဲ ကြားဖူးမှာပါ။ အခုတလော FM ရေဒီယို တွေမှာ အလုအယက်အပြိုင်အဆိုင် အသည်းအသန်လွှင့်နေတဲ့ ဟစ်အဖြစ်ဆုံးသီချင်းပါ။
‘ခင်လေ့းစိမ်းတယ်’
ကျွန်တော် သဘောအကျဆုံး သီချင်းလေးတပုဒ်ပေါ့။ သီချင်းလေးနဲ့အတူဇာတ်လမ်းလေးတပုဒ်ကို မြင်ယောင်မိသလို ကျေးလက်ရနံ့လေးကိုပါရှုရှိုက် ခွင့်ရခဲ့တဲ့အတွက် ဝေလကိုလေးစားပါတယ်။
‘သောကလက်စွပ်’
ဒီသီချင်းကတော့ ကျွန်တော်တို့လို လူလွတ်ကြီးတွေအဖို့ ကျက်သီး ထစရာ သံဝေဂ ယူစရာသီချင်းပါ။ အလွန်စန်းပွင့်တဲ့ လူတယောက် အိမ်ထောင်ကျပြီး ငါးပါးမှောက်တဲ့အကြောင်းရေး ထားတာ တော်တော်လေး ခိုက်ဖို့ ကောင်းပါတယ်။
‘ကားစုတ်ကြီး’
တော်တော်သဘောကျဖို့ ကောင်းတဲ့ သီချင်းပါ။ Runner Band က လက်စွမ်းပြထားပြီးတော့ မျက်နှာများ တတ်တဲ့ မိန်းမတစ်ယောက်ကို ကားစုတ်ကြီးနဲ့ ခိုင်းနှိင်းထားတာ တော်တော်မိုက်ပါတယ်။
‘မိတ်ကပ်မကြိုက်သောသီချင်းများ’
Conqueror Band ကတီးခတ်ထားပြီး ဒီအယ်လ်ဘမ်လေးရဲ့  Title သီချင်းတပုဒ်ဖြစ်သလို ပေါက်သီချင်း တပုဒ်လဲဖြစ်ပါတယ်။ ဂီတလောကမှာ လက်ရှိဖြစ်ပျက်နေတဲ့ အကြောင်းအရာလေးတွေကို အပြုသဘောနဲ့ သရော်ဟန်လေး မွှမ်းထားတာတော့ တည့်တည့်ကြီးကိုထိပါတယ်ဗျာ။
‘ရင်ထဲမင်းရှိပါတယ်’
ဒီသီချင်းကတော့ ကိုယ်ကအဘက်ဘက်ကပြည့်စုံရက်နဲ့ ကောင်မလေးက ငြင်းလွှတ်တာကြောင့် စိတ်တိုရတဲ့ အကြောင်းလေးပါ။ BigBag တို့ တီးပေးထားတာပေါ့။
‘အရူးမလုပ်နဲ့’
အပုန်းကောင်းတဲ့ မိန်းကလေးတယောက် လိုက်ရှာနေရတဲ့ အကြောင်းနဲ့ ဘေးကဝိုင်းကြပ်လို့  ဒုက္ခရောက်ရ တဲ့ အကြောင်း လှလှပပလေးဖွဲ့ သွားတာပါ။ (Blaze Band)
‘ဒုက္ခိတ ဒုက္ခ’
ကိုယ့်အပေါ်စိတ်ကုန်နေတဲ့ ချစ်သူကြောင့် စိတ်လေနေတဲ့ အကြောင်းလေးရေးထားမိုက်ပါတယ်။
နောက်ဆုံးအပုဒ် ကိုတော့ ‘VIRUS’ ဆိုတဲ့ သီချင်းလေးနဲ့သိမ်းထားပါတယ် ။ ဒီသီချင်းကို Big Bag အဖွဲ့က အကောင်းဆုံးလက်စွမ်းပြပြီးေ တာ့ တီးခတ်ပေးထားပါတယ်။ Featuring အနေနဲ့ အောင်ဖြိုးနဲ့ ညလင်းထည် တို့ ၂ ယောက်က အားဖြည့်ကူညီထားပါတယ်။တစ်ခွေလုံးမှာ အထူးခြားဆုံးသီချင်းလို့ ပြောလို့ ရမယ့် HIV ရောဂါဝေဒနာရှင်တွေအတွက် အကျိုးပြု သီချင်းလေး တပုဒ်ပါ။ စကာလုံးသံစဉ်ကအစစွဲငြိဖို့ ကောင်းတဲ့ သီချင်း လေးပါ ။
ဝေလရဲ့မိတ်ကပ်မကြိုက်တဲ့ အယ်လ်ဘမ်လေးဟာ သံစဉ်ခပ်ဆန်းဆန်း စကားလုံးအကြောင်းအရာ အားကောင်းကောင်းနဲ့ ဖန်တီးထားတဲ့ သပ်သပ်ရပ်ရပ်ရှိတဲ့အခွေလေးမို့ ခင်များတို့ အနေနဲ့နားမထောင်ရသေး ရင်လည်း နဲနဲပါးပါးမြည်းစမ်းကြည့်ကြ ပါဦးလို့ လက်တို့ လိုက်ပါတယ် ။
ဝေလက သူသီချင်းတွေကို မိတ်ကပ်မကြိုက်တဲ့ သီချင်းတွေလို့  ပြောပေမယ့် အခုလက်ရှိအနေထားအရ မိတ်ကပ်တင်မဟုတ်ပါဘူး မြှီးကောင်ပေါက် နှုတ်ခမ်းနီမလေးတွေနဲ့ ခေတ်လူငယ်တွေရဲ့ ရင်ဘတ်ထဲမှာ သဲသဲလှုပ်နေရာယူထားတယ် ဆိုတာကတော့ သေချာနေပါပြီဗျာ။ ဒါကြောင့်လဲ နားထောင်ကြည့်ကျဖို အကြံပေးပါရစေ။ ခင်များတို့ အတွက် အရသာသစ်တစ်ခု ပေးမယ်ဆိုတာတော့အသေအချာပေါ့ ဗျာ။
ခင်မင်စွာဖြင့်
ကိုထိုက် ( ပခုက္ကူ )
နားဆင်ကြည့်ဖို့ - https://soundcloud.com/ myanmarmp3net/xpljfqral7xt
*** Thz ကိုထိုက် ***
--------------------------
အခုတလော မြှီးကောင်ပေါက်မလေးတွေနဲ့ လူငယ်တွေကြားမှာ သူ့သီချင်းတွေက အလွန်ရေပန်းစားနေပါတယ် ။ အစက သူခွေကာဗာကြီးပြီး ဘာလဲဟ ပုံစံက Rapper အထာနဲ့ အယ်လ်ဘမ် Title ကလဲ ‘မိတ်ကပ်မကြိုက်သောသီချင်းမ
ဝေလက သူရဲ့ မိတ်ကပ်မကြိုက်တဲ့ သီချင်းများကို Blaze , Big Bag , Conqueror , Runner စတဲ့ စတဲ့ Music Band တွေနဲ့ အပီအပြင်ကျဲ ထားပါတယ်။ သူရဲ့ မိတ်ကပ်မကြိုက်တဲ့ အခွေထဲကသီချင်းအားလုံးကို သူတစ်ယောက်ထဲရေးဆိုထားတာဆို
ဝေလက သူရဲ့ မိတ်ကပ်မကြိုက်တဲ့ အခွေကို ‘အသည်းကွဲသမား’ ဆိုတဲ့ သီချင်းနဲ့ စဖွင့်ထားပါတယ်။ Blaze က သီချင်းပုံစံနဲ့ လိုက်ဖက်စွာ လက်စွမ်းပြ တီးခတ်ထားပါတယ်။
‘ပြတ်တုန်းလတ်တုန်း ၂၃’
ဒီသီချင်းကတော့ ခင်ဗျားတို့လဲ ကြားဖူးမှာပါ။ အခုတလော FM ရေဒီယို တွေမှာ အလုအယက်အပြိုင်အဆိုင် အသည်းအသန်လွှင့်နေတဲ့ ဟစ်အဖြစ်ဆုံးသီချင်းပါ။
‘ခင်လေ့းစိမ်းတယ်’
ကျွန်တော် သဘောအကျဆုံး သီချင်းလေးတပုဒ်ပေါ့။ သီချင်းလေးနဲ့အတူဇာတ်လမ်းလေ
‘သောကလက်စွပ်’
ဒီသီချင်းကတော့ ကျွန်တော်တို့လို လူလွတ်ကြီးတွေအဖို့ ကျက်သီး ထစရာ သံဝေဂ ယူစရာသီချင်းပါ။ အလွန်စန်းပွင့်တဲ့ လူတယောက် အိမ်ထောင်ကျပြီး ငါးပါးမှောက်တဲ့အကြောင်းရေး
‘ကားစုတ်ကြီး’
တော်တော်သဘောကျဖို့ ကောင်းတဲ့ သီချင်းပါ။ Runner Band က လက်စွမ်းပြထားပြီးတော့ မျက်နှာများ တတ်တဲ့ မိန်းမတစ်ယောက်ကို ကားစုတ်ကြီးနဲ့ ခိုင်းနှိင်းထားတာ တော်တော်မိုက်ပါတယ်။
‘မိတ်ကပ်မကြိုက်သောသီချင်းမ
Conqueror Band ကတီးခတ်ထားပြီး ဒီအယ်လ်ဘမ်လေးရဲ့  Title သီချင်းတပုဒ်ဖြစ်သလို ပေါက်သီချင်း တပုဒ်လဲဖြစ်ပါတယ်။ ဂီတလောကမှာ လက်ရှိဖြစ်ပျက်နေတဲ့ အကြောင်းအရာလေးတွေကို အပြုသဘောနဲ့ သရော်ဟန်လေး မွှမ်းထားတာတော့ တည့်တည့်ကြီးကိုထိပါတယ်ဗျာ။
‘ရင်ထဲမင်းရှိပါတယ်’
ဒီသီချင်းကတော့ ကိုယ်ကအဘက်ဘက်ကပြည့်စုံရက်န
‘အရူးမလုပ်နဲ့’
အပုန်းကောင်းတဲ့ မိန်းကလေးတယောက် လိုက်ရှာနေရတဲ့ အကြောင်းနဲ့ ဘေးကဝိုင်းကြပ်လို့  ဒုက္ခရောက်ရ တဲ့ အကြောင်း လှလှပပလေးဖွဲ့ သွားတာပါ။ (Blaze Band)
‘ဒုက္ခိတ ဒုက္ခ’
ကိုယ့်အပေါ်စိတ်ကုန်နေတဲ့ ချစ်သူကြောင့် စိတ်လေနေတဲ့ အကြောင်းလေးရေးထားမိုက်ပါတယ
နောက်ဆုံးအပုဒ် ကိုတော့ ‘VIRUS’ ဆိုတဲ့ သီချင်းလေးနဲ့သိမ်းထားပါတယ်
ဝေလရဲ့မိတ်ကပ်မကြိုက်တဲ့ အယ်လ်ဘမ်လေးဟာ သံစဉ်ခပ်ဆန်းဆန်း စကားလုံးအကြောင်းအရာ အားကောင်းကောင်းနဲ့ ဖန်တီးထားတဲ့ သပ်သပ်ရပ်ရပ်ရှိတဲ့အခွေလေးမ
ဝေလက သူသီချင်းတွေကို မိတ်ကပ်မကြိုက်တဲ့ သီချင်းတွေလို့  ပြောပေမယ့် အခုလက်ရှိအနေထားအရ မိတ်ကပ်တင်မဟုတ်ပါဘူး မြှီးကောင်ပေါက် နှုတ်ခမ်းနီမလေးတွေနဲ့ ခေတ်လူငယ်တွေရဲ့ ရင်ဘတ်ထဲမှာ သဲသဲလှုပ်နေရာယူထားတယ် ဆိုတာကတော့ သေချာနေပါပြီဗျာ။ ဒါကြောင့်လဲ နားထောင်ကြည့်ကျဖို အကြံပေးပါရစေ။ ခင်များတို့ အတွက် အရသာသစ်တစ်ခု ပေးမယ်ဆိုတာတော့အသေအချာပေါ့
ခင်မင်စွာဖြင့်
ကိုထိုက် ( ပခုက္ကူ )
နားဆင်ကြည့်ဖို့ - https://soundcloud.com/
*** Thz ကိုထိုက် ***
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။