ပန်းကလေးများပွင့်ပါစေ ( လူငယ်နှင့် နိုင်ငံရေး)
-------------------------- --------------------------
ကျွန်တော်အခုခေတ်လူငယ်လေးတွေကို လျှော့မတွက်ပါ။ တော်တော် တော်ကြ
တတ်ကြပါတယ်။ ကျွန်တော်တော်တို့ထက် အဆများစွာ တော်နေတတ်နေသူ ညီလေး၊ညီမလေးတွေ အသိအမြင်၊ အတွေးအခေါ် ရင့်ကျက်နေတာ ဘာဆေးများစား
ထားကြသလဲတောင် မြင်မိပါတယ်။ ကျွန်တော်ရှက်ရှက်နဲ့ ၀န်ခံမိပါတယ်။ ကျွန်တော်
ဒီညီလေးညီမလေးတွေလောက် မတတ်ပါဘူး။
တစ်ဘက်ကလည်း ပြန်လည် မေးခွန်းထုတ်မိတာ ဒီအသုံးမကျတဲ့ ပညာရေးစနစ်ထဲမှာ
ညီမလေးတွေ၊ ညီလေးတွေ အများထက်ကို ထူးပြီးတော်နေတာ ဘာလို့ပါလိမ့်ပေါ့။ စာ
ဖတ်ကြတယ်။ တွေးခေါ်ကြတယ်။ ညီလေးတို့ ဘာ့ကြာင့် စာဖတ်ကြသလဲ အမိုက်ခံ
မေးဖူးတယ်။ အလိမ်မခံရအောင် ကိုကြီးရတဲ့။ ကျွန်တော်တို့ကို စစ်အာဏာရှင်တွေ
ဘာမှမတတ်ဘဲ လိမ်ခံခဲ့ရတာ ကြာပြီတဲ့။ (စကားချပ်) မသိတာမှမဟုတ်တာ သိသိကြီး
နဲ့မေးတာ။ ကျွန်တော်ပြောတဲ့ ညီလေးညီမလေးတွေကို လက်ချိုးရေလိုက်တော့ တစ်
ယောက်၊ နှစ်ယောက်၊ သုံးယောက် လက်ဆယ်ချောင်းမပြည့်ဘူး။
မေးပါရစေ...... ကျွန်တော်တို့ မြန်မာပြည်မှာ သန်းပေါင်း ၅၀ကျော်ရှိတယ်။ တော်သူ
ထက်မြက်သူ လူငယ်တွေ အတွေးအမြင်ကောင်းသူတွေကို လက်ချိုးရေနေရတယ်။ ဖြစ်
တော့ မဖြစ်သင့်ဘူးထင်ပါတယ်။ လူငယ်တွေကိုအပြစ်တင်တာ မဟုတ်ပါ။ ဘယ်လိုမိ
ဘ၊ ဘယ်လိုဆရာတွေက ဒီလူငယ်လေးတွေကို ပြုစုပျိုးထောင်ပေးနေလဲ စဉ်းစားစရာ။
တိုင်းပြည်ဟာမွဲပါတယ်။ LCDနိုင်ငံစာရင်းဝင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကလေး
တွေ လူငယ်လေးတွေကို မိဘတွေက အကြောက်တရားပဲ သင်ပေးကြတော့တယ်။ ဒါ
ဟာ တိုင်းပြည်မျိုးဆက်ပြတ်ထွက် ခြင်း လက္ခဏာပါပဲ။ တိုင်းပြည်တိုးတက်ဖို့ အမှန်ကို
ရပ်တည်နိုင်ဖို့ မကြောက်ဖို့ မိဘတွေ၊ ဆရာတွေတာဝန်ပါ။
မိဘကစပြီး မှန်လားမမှန်လားမသိ ဥပဒေ ပုဒ်မဆိုကြောက်၊ ဆရာဆရာမတွေလည်း ရာထူးပြုတ်မှာကြောက်၊ တစ်ဆွေလုံးတစ်မျိုးလုံးကလည်းကြောက် ဒီပတ်ဝန်ကျင်မှာ ကြီးပြင်းလာတဲ့ကလေးက အခြောက်မိန်းမလျာလေးဖြစ်နေမှာပေါ့။
မေးကြတဲ့အမေးတွေမှာ ဒေါ်အောင်ဆန်းစုကြည်လွန်ရင် မျိုးဆက်ပြတ်တဲ့ သဘော
တရား ကြုံရလိမ့်မယ်လို့ နိုင်ငံရေး ပညာရှိကြီးတွေကပြောကြတယ်။ ကိုယ်တိုင်က
ငကြောက်။ သားသမီးကျတော့ ဂွင်ရအောင် ဗိုလ်သင်တန်းတက်ခိုင်း။ နိုင်ငံရေးဆိုတာ
နိုင်ငံကောင်းဖို့လေ။ နိုင်ငံရေးမျိုးဆက်ပြတ်လိမ့် မယ် ဝေဖန်သူတွေကိုတိုင်က အသုံးတ
စက်မှမကျ။ ကိုယ့်သားသမီး ကိုယ့်တပည့်တွေ ဗိုလ်ချုပ်အောင်ဆန်းလို ရဲဘော်သုံးကျိပ်
လိုဖြစ်စေချင်သူတွေမရှိ။ တိုင်းပြည်ဘာ့ကြောင့် ဆင်းရဲသွားတယ်။ လူစဉ်မမှီတယ် က
လေးတွေ လူငယ်လေးတွေကိုပြောပြပါ။
ဘာ့ကြောင့်လဲဆိုတော့ကျွန်တော်တို့ နိုင်ငံဟာ ကျွန်တော်တို့သေလို့ ပွဲပြတ်သွားတာ
မဟုတ်ဘူး။ နောင်လာမဲ့ သာသမီး၊ မြေး၊ မြစ် တီ၊ ကျွတ်တွေ နေခဲ့ရမှာ။ တိုင်းပြည်က
စုတ်ပြတ်သတ်နေရင် နောင်မျိုးဆက် ကလေးတွေ ဒီနိုင်ငံဒီမြေပေါ်မှာ ရဲရဲရင့်ရင့်
ဘယ်လို လျှောက်ရဲကြမလဲ။
လူငယ်တွေကို မကြောက်ကြပါစေနဲ့။ ကြောက်တတ်အောင်လည်း မသင်ပေးကြပါနဲ့။
လူငယ်တွေဟာ သမာသမတ်ကျပြီး မှန်ကန်တဲ့လမ်းကြောင်းပေါ် ရောက်အောင် ဆွဲ
ခေါ်ရမှာ မိဘဆရာတွေတာဝန်လို့ မှတ်ယူမိပါတယ်။
(မင်းဇင်)
--------------------------
ကျွန်တော်အခုခေတ်လူငယ်လေးတေ
တတ်ကြပါတယ်။ ကျွန်တော်တော်တို့ထက် အဆများစွာ တော်နေတတ်နေသူ ညီလေး၊ညီမလေးတွေ အသိအမြင်၊ အတွေးအခေါ် ရင့်ကျက်နေတာ ဘာဆေးများစား
ထားကြသလဲတောင် မြင်မိပါတယ်။ ကျွန်တော်ရှက်ရှက်နဲ့ ၀န်ခံမိပါတယ်။ ကျွန်တော်
ဒီညီလေးညီမလေးတွေလောက် မတတ်ပါဘူး။
တစ်ဘက်ကလည်း ပြန်လည် မေးခွန်းထုတ်မိတာ ဒီအသုံးမကျတဲ့ ပညာရေးစနစ်ထဲမှာ
ညီမလေးတွေ၊ ညီလေးတွေ အများထက်ကို ထူးပြီးတော်နေတာ ဘာလို့ပါလိမ့်ပေါ့။ စာ
ဖတ်ကြတယ်။ တွေးခေါ်ကြတယ်။ ညီလေးတို့ ဘာ့ကြာင့် စာဖတ်ကြသလဲ အမိုက်ခံ
မေးဖူးတယ်။ အလိမ်မခံရအောင် ကိုကြီးရတဲ့။ ကျွန်တော်တို့ကို စစ်အာဏာရှင်တွေ
ဘာမှမတတ်ဘဲ လိမ်ခံခဲ့ရတာ ကြာပြီတဲ့။ (စကားချပ်) မသိတာမှမဟုတ်တာ သိသိကြီး
နဲ့မေးတာ။ ကျွန်တော်ပြောတဲ့ ညီလေးညီမလေးတွေကို လက်ချိုးရေလိုက်တော့ တစ်
ယောက်၊ နှစ်ယောက်၊ သုံးယောက် လက်ဆယ်ချောင်းမပြည့်ဘူး။
မေးပါရစေ...... ကျွန်တော်တို့ မြန်မာပြည်မှာ သန်းပေါင်း ၅၀ကျော်ရှိတယ်။ တော်သူ
ထက်မြက်သူ လူငယ်တွေ အတွေးအမြင်ကောင်းသူတွေကို လက်ချိုးရေနေရတယ်။ ဖြစ်
တော့ မဖြစ်သင့်ဘူးထင်ပါတယ်။ လူငယ်တွေကိုအပြစ်တင်တာ မဟုတ်ပါ။ ဘယ်လိုမိ
ဘ၊ ဘယ်လိုဆရာတွေက ဒီလူငယ်လေးတွေကို ပြုစုပျိုးထောင်ပေးနေလဲ စဉ်းစားစရာ။
တိုင်းပြည်ဟာမွဲပါတယ်။ LCDနိုင်ငံစာရင်းဝင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကလေး
တွေ လူငယ်လေးတွေကို မိဘတွေက အကြောက်တရားပဲ သင်ပေးကြတော့တယ်။ ဒါ
ဟာ တိုင်းပြည်မျိုးဆက်ပြတ်ထွက်
ရပ်တည်နိုင်ဖို့ မကြောက်ဖို့ မိဘတွေ၊ ဆရာတွေတာဝန်ပါ။
မိဘကစပြီး မှန်လားမမှန်လားမသိ ဥပဒေ ပုဒ်မဆိုကြောက်၊ ဆရာဆရာမတွေလည်း ရာထူးပြုတ်မှာကြောက်၊ တစ်ဆွေလုံးတစ်မျိုးလုံးကလည်
မေးကြတဲ့အမေးတွေမှာ ဒေါ်အောင်ဆန်းစုကြည်လွန်ရင် မျိုးဆက်ပြတ်တဲ့ သဘော
တရား ကြုံရလိမ့်မယ်လို့ နိုင်ငံရေး ပညာရှိကြီးတွေကပြောကြတယ်။ ကိုယ်တိုင်က
ငကြောက်။ သားသမီးကျတော့ ဂွင်ရအောင် ဗိုလ်သင်တန်းတက်ခိုင်း။ နိုင်ငံရေးဆိုတာ
နိုင်ငံကောင်းဖို့လေ။ နိုင်ငံရေးမျိုးဆက်ပြတ်လိမ်
စက်မှမကျ။ ကိုယ့်သားသမီး ကိုယ့်တပည့်တွေ ဗိုလ်ချုပ်အောင်ဆန်းလို ရဲဘော်သုံးကျိပ်
လိုဖြစ်စေချင်သူတွေမရှိ။ တိုင်းပြည်ဘာ့ကြောင့် ဆင်းရဲသွားတယ်။ လူစဉ်မမှီတယ် က
လေးတွေ လူငယ်လေးတွေကိုပြောပြပါ။
ဘာ့ကြောင့်လဲဆိုတော့ကျွန်တေ
မဟုတ်ဘူး။ နောင်လာမဲ့ သာသမီး၊ မြေး၊ မြစ် တီ၊ ကျွတ်တွေ နေခဲ့ရမှာ။ တိုင်းပြည်က
စုတ်ပြတ်သတ်နေရင် နောင်မျိုးဆက် ကလေးတွေ ဒီနိုင်ငံဒီမြေပေါ်မှာ ရဲရဲရင့်ရင့်
ဘယ်လို လျှောက်ရဲကြမလဲ။
လူငယ်တွေကို မကြောက်ကြပါစေနဲ့။ ကြောက်တတ်အောင်လည်း မသင်ပေးကြပါနဲ့။
လူငယ်တွေဟာ သမာသမတ်ကျပြီး မှန်ကန်တဲ့လမ်းကြောင်းပေါ် ရောက်အောင် ဆွဲ
ခေါ်ရမှာ မိဘဆရာတွေတာဝန်လို့ မှတ်ယူမိပါတယ်။
(မင်းဇင်)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။