ရင်ထဲမှာ နေလို့မကောင်းဘူး အောင့်အောင့်နေလို့ပါဆိုပြီး ဆရာဝန်ဆီကို လာရတဲ့လူတွေ မနည်းပါဘူး။ ဒီလို ရင်ဘတ်အောင့်တာလာပြကြသူတွေထဲမှာ ၄ ပုံ ၃ ပုံလောက်ကတော့ ကျွန်တော် ကျွန်မ နှလုံး ရောဂါ ဖြစ်နေပြီလား မသိဘူးလို့လည်း ပြောကြတာ ကြားရမှာပါ။ ဒါကြောင့် ရင်ဘတ်အောင့်တယ်ဆိုတဲ့ ပြသနာဟာ မိမိကိုယ်တိုင် ပြင်းပြင်းထန်ထန် မဖြစ်ဖူးဘူးဆိုရင်တောင် အနည်းအကျဉ်း တစ်ခါ နှစ်ခါတော့ ကြုံဖူးကြမဲ့ ပြသနာပါ။ တစ်ချို့လည်း ပြန်ကောင်းသွားလို့၊ တစ်ချို့ကတော့ မသက်သာလို့ ဆရာဝန်ဆီရောက်လာရတာပါပဲ။ ဒီတော့ ရင်ဘတ်အောင့်တတ်သူများ ရင်ဘတ်အောင့်ရခြင်း အကြောင်းလေးများကို ဘုမသိ ဘမသိ မဖြစ်ရလေအောင် ဒီဆောင်းပါးလေးနဲ့ အကျဉ်းချုံး ရှင်းပြလိုက်ပါတယ်။
ရင်ဘတ်အောင့်ရခြင်း လက္ခဏာဟာ တစ်ချို့အတွက်တော့ ဘာမှ မဖြစ်ပဲ ပြန်ကောင်းသွားတတ်ပေမဲ့ တစ်ချို့အတွက်တော့ အသက်အန္တရာယ်ပေးတတ်ပါတယ်။ ဘာမှ မဖြစ်ရင်တော့ ကောင်းတာပေါ့လေ။ ဖြစ်ရင်လည်း မလွယ်တဲ့ လက္ခဏာမျိုးပါ။
-------------------------- -------------------------- ----------
ရင်ဘတ်အောင့်ရခြင်း အကြောင်းအရာများ
ရင်ဘတ်အောင့်တယ်ဆိုတာဟာ အဓိကသက်ဆိုင်နိုင်တဲ့ အရာများကတော့ နံပါတ် ၁ နှလုံး၊ နံပါတ်၂ အဆုတ်ပါ။ ဒီနှစ်မျိုးမကပဲ နောက်ဖြစ်နိုင်တာလေးတွေကတော့  ကြွက်သား၊ အရိုး သို့မဟုတ် အကြောနဲ့ ဆိုင်နေနိုင်ခြင်း နဲ့ အစာအိမ်အူလမ်းကြောင်းဆိုင်ရာနဲ့ပတ်သတ်နေနိုင်ခြင်းပါ။
နှလုံး နှင့်ဆိုင်သော ပြသနာများ
(၁) ရင်ဘတ်အောင့်တယ်ဆိုတာ Angina ခေါ် နှလုံး သွေးငတ်လို့ ဖြစ်လာတဲ့ အောင့်ခြင်း ဖြစ်နိုင်ပါတယ်။ သွေးထဲမှာ အဆီဓာတ်များတဲ့သူတွေ ပိုဖြစ်တတ်တာ တွေ့ရပါတယ်။ သွေးကြောနံရံတွေမှာ အဆီတွေနဲ့ သွေးကြောအခေါင်းပေါက်ဟာ ကျယ်သင့်သလောက် မကျယ်တော့တဲ့အခါ နှလုံးဆီကို ရောက်တဲ့ သွေးနဲ့ oxygen နဲလာတဲ့ အတွက်ဖြစ်တတ်တာမျိုးပါ။ ဒီလို angina ကတော့ များသောအားဖြင့် စိတ်ဆင်းရဲ စရာ သို့မဟုတ် စိတ်လှုပ်ရှားစ၇ာ ကြုံလာတဲ့အခါမျိုး၊ ရာသီဥတု အေးအေးဟာ လေအေးအေးကို ဆန်တက်ပြီး လမ်းလျှောက်တဲ့အခါမျိုးမှာရ တတ်ပါတယ်။ ဒီလိုအောင့်တာဟာ တစ်ခန ၁၅ မိနစ် မိနစ် ၂၀လောက်ထိအောင့်တတ်ပေမဲ့ အနားယူလိုက်ရင် သို့မဟုတ် ရင်ဘတ်အောင့်တာပျောက်စေတဲ့ Nitrol ပါသော ငုံဆေး၊ ဖျန်းဆေး၊ သောက်ဆေး အစရှိသည်တို့နဲ့ ပြန်သက်သာနိုင်ပါတယ်။ ဒီလို ပြန်သက်သာတဲ့ အတွက် နှလုံးအတွက် အန္တရာယ်ဖြစ်ရလောက်အောင် မဖြစ်ပါဘူး။
(၂) ဒီလို မှမဟုတ်ပဲ လှုပ်လှုပ်ရှားရှားတောင် မလုပ်ရပါပဲနဲ့ ဒီတိုင်း ထပြီးအောင့်တတ်ပါတယ်။ အောင့်တော့လည်း ဆက်တိုက်ဒီလိုပဲ နာရီနဲ့ချီပြီး Nitrol နဲ့လည်း မပျောက်၊ နားလိုက်လည်း မပျောက် နာရီနဲ့ ချီပြီး သို့မဟုတ် တစ်နေ့လုံး ရင်ဘတ်ကို ဖိခံထားရသလို အောင့်အောင့်နေတယ်ဆိုရင်တော့  အင်မတန် သတိထားစရာဖြစ်ပါတယ်။ ရင်ဘတ်အောင့်ရုံတင်မဟုတ်ပဲ လက်မောင်း အတွင်းဘက်တွေ ( အထူးသဖြင့် ဘယ်ဘက် ) အောင့်နေမယ်။ လည်ပင်းနဲ့ မေးရိုးတွေထိပါအောင့်တတ်တဲ့ သူတွေရှိပါတယ်။ ဒီ Angina ကတော့ နှလုံးသွေးကြောပိတ်ပြီး Heart attack (နှလုံးကြွက်သားပုပ်ခြင်း Myocardial infarction) ရတဲ့အထိဖြစ်နိုင်ပါတယ်။ ဆီးချိုရှိတဲ့သူ မဟုတ်ဘူးဆိုရင်တော့ ဒီလို ပြင်းထန်စွာ ရင်ဘတ်အောင့်တာဟာ ချွေးဆီးများပြန်လာခြင်း ပျို့အန် နုံးခြင်း စသည်တို့ပါဖြစ်တတ်တာကို တွေ့ရပါတယ်။ ဒီလို Angina ဟာ နှလုံးသွေးကြောပိတ်တာဖြစ်လို့ အရေးပေါ် ဆေးရုံမှာ စစ်ခြင်းများပြုလုပ်ပြီး ကုသမှုခံယူဖို့လိုအပ်ပါတယ်။ ပိတ်နေတဲ့ သွေးကြောကို အချိန်မှီ ပြန်ဖွင့်ပေးဖို့လိုအပ်ပါတယ်။ Heart attack ရတတ်သူတွေကတော့ ဆေးလိပ်သောက်သူများ၊ သွေးအဆီဓာတ်များသူများ၊ ဆီးချိုရှိသူများ၊ အ၀လွန်သူများနဲ့ မျိုးရိုးရှိသူများပါ။ ဒီလူတွေကလွဲ၇င် တခြားလူတွေမရဘူးလားတော့လည်း မဟုတ်ပါဘူး။ ဖြစ်နိုင်ပါတယ်။ နေထိုင်စားသောက်ပုံ လူနေမှုစရိုက်နဲ့ ဆိုင်ပါတယ်။
(၃) နောက်ဖြစ်တတ်တဲ့ နှလုံးရောဂါတွေကတော့ နှလုံး ကြွက်သားများ ယောင်ယမ်းခြင်း (Myocarditis)၊ နှလုံး ကို အုပ်ပေးထားသော အမြှေးပါး ယောင်ယမ်းခြင်း (Pericarditis)
(၄) နှလုံးကြွက်သားများ ထူနေသော နှလုံးရောဂါများ (cardiomyopathies)
(၅) နှလုံး ပုံမှန်အလုပ်လုပ်နိုင်စွမ်း အား ကျဆင်းလာခြင်း (Heart failure)
(၆) နာတာရှည် နှလုံးရောဂါများ (ဥပမာ နှလုံး အဆို့ရှင် တစ်ခုခု ကျဉ်းခြင်း) နှင့်
(၇) နှလုံး သွေးလွှတ်ကြောမကြီး ကွဲထွက်ခြင်း (Aortic dissection) စသည်တို့ဖြစ်ပါတယ်။
နှလုံနဲ့ ပတ်သတ်လာတဲ့အခါ အသက်ကို ထိခိုက်နိုင်တဲ့အတွက် စနစ်တကျ ဆေးစစ်ပြီး ဆေးကုသမှုခံယူတာ အကောင်းဆုံးပါ။
နံပါတ် (၂) ကတော့ ရင်ဘတ်အောင့်ပြီဆိုတာနဲ့ နှလုံး တစ်ခုထဲ တွေးစရာတော့ မဟုတ်ပါဘူး။ နောက်ဖြစ်နိုင်ခြေက အဆုတ်မကောင်းတာပါ။
- အဆုတ်အမြှေးယောင်ခြင်း၊ ရေ၀င်ခြင်း၊ လေ၀င်ခြင်း
- အဆုတ်သွေးကြောလေးများပိတ်ခြ င်း
- အဆုတ်ပိုးဝင်ခြင်း(Infectio ns)၊
- အဆုတ်ထဲတွင် ပြည်တည်ခြင်း
- ပန်းနာရင်ကြပ်ဖြစ်ခြင်း အစရှိသည်တို့ဖြစ်တတ်ပါတယ်။
ဒါကတော့ ဖြစ်လေ့ဖြစ်ထရှိတာပါ။ နောက် အဆုတ်နဲ့ ပတ်သတ်လို့ အခြား အကြောင်းအရာများလည်း ရှိနေနိုင်ပါတယ်။ နှလုံး heart attack လောက် အရေးပေါ်မဟုတ်ဘူးဆိုပေမဲ့ ဂရုတစိုက် ဆေးကုသပေးဖို့လိုပါတယ်။
နောက်ဆုံး ဒီ အဆုတ်နဲ့ နှလုံးလို ကြီးကြီးမားမား ပြသနာ မဟုတ်ပဲနဲ့ ရင်ဘတ်အောင့်အောင့်နေတာမျိုးတွေကတော့ ရံဖန်ရံခါ လူငယ်တွေမှာလည်း ဖြစ်တတ်တဲ့ နံရိုးကကြွက်သားများ နာကျင်တဲ့အခါမျိုး ဖြစ်တတ်ပါတယ်။ Musculoskeletal pain လို့ပဲ လွယ်လွယ်ခေါ်ကြပါတယ်။ ကြွက်သားသုံးရတဲ့ exercise အစရှိသည်တို့ကြောင့်လည်း ဖြစ်တတ်ပါတယ်။ သို့သော်လည်း virus ကြောင့်ဖြစ်တဲ့ Herpes Zoster လို ရေယုံပေါက်တဲ့ အခါမှာတော့ ရင်ဘတ်ထဲမှာ နာပြီးတော့ ရေယုံဖုများထွက်လာတာမျိုးလည်း ရှိနိုင်ပါတယ်။
အစာအိမ်နဲ့အူလမ်းကြောင်းဖြစ်နိုင်တာလေးတွေကတော့ အစာရေမျိုပြွန်နဲ့ ဆိုင်တဲ့ ရောဂါများကြောင့်လည်း ဖြစ်နိုင်ပါ။ အစာအိမ် အက်စစ်ဓာတ်များတတ်တဲ့ အစာအိမ်ရောဂါတွေမှာအထူးသဖြင့် ပိုဖြစ်တတ်ပါတယ်။ ရင်ဘတ်အောင့်တာထက် ရင်ပူတယ်ဆိုရင်တော့ ပိုမှန်ပါလိမ့်မယ်။ အစာအိမ်က အက်ဆစ်တွေဟာ အစာပြွန်ထဲကို ပြန်ဆန်တက်တဲ့အတွက်ကြောင့် ဖြစ်တတ်တာပါ။ သက်ဆိုင်ရာ ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ပြသတိုင်ပင်သင့်ပါ တယ်။
ဒီလောက်ဆိုရင်တော့ ရင်ဘတ်အောင့်ရင်ဘယ်လိုအခါမှာ အရေးကြီးတယ်၊ မကြီးဘူးဆိုတာကို ဆင်ခြင်ကြည့်လို့ရနိုင်ပြီလို့ထင်ပါတယ်။ ကျန်းမာရေး ဗဟုသုတအတွက်ရည်ရွယ်လို့ အားလုံးအပြည့်အစုံမဖော်ပြနိုင်ပေမဲ့ ဖြစ်နိုင်ချေလေးများကိုပဲ မျှဝေပေးလိုက်ပါတယ်။
အားလုံးကျန်းမာပျော်ရွင်နို င်ကြပါစေ…
Credit to နေ (ဆေး ၁)
ရင်ဘတ်အောင့်ရခြင်း လက္ခဏာဟာ တစ်ချို့အတွက်တော့ ဘာမှ မဖြစ်ပဲ ပြန်ကောင်းသွားတတ်ပေမဲ့ တစ်ချို့အတွက်တော့ အသက်အန္တရာယ်ပေးတတ်ပါတယ်။ ဘာမှ မဖြစ်ရင်တော့ ကောင်းတာပေါ့လေ။ ဖြစ်ရင်လည်း မလွယ်တဲ့ လက္ခဏာမျိုးပါ။
--------------------------
ရင်ဘတ်အောင့်ရခြင်း အကြောင်းအရာများ
ရင်ဘတ်အောင့်တယ်ဆိုတာဟာ အဓိကသက်ဆိုင်နိုင်တဲ့ အရာများကတော့ နံပါတ် ၁ နှလုံး၊ နံပါတ်၂ အဆုတ်ပါ။ ဒီနှစ်မျိုးမကပဲ နောက်ဖြစ်နိုင်တာလေးတွေကတော
နှလုံး နှင့်ဆိုင်သော ပြသနာများ
(၁) ရင်ဘတ်အောင့်တယ်ဆိုတာ Angina ခေါ် နှလုံး သွေးငတ်လို့ ဖြစ်လာတဲ့ အောင့်ခြင်း ဖြစ်နိုင်ပါတယ်။ သွေးထဲမှာ အဆီဓာတ်များတဲ့သူတွေ ပိုဖြစ်တတ်တာ တွေ့ရပါတယ်။ သွေးကြောနံရံတွေမှာ အဆီတွေနဲ့ သွေးကြောအခေါင်းပေါက်ဟာ ကျယ်သင့်သလောက် မကျယ်တော့တဲ့အခါ နှလုံးဆီကို ရောက်တဲ့ သွေးနဲ့ oxygen နဲလာတဲ့ အတွက်ဖြစ်တတ်တာမျိုးပါ။ ဒီလို angina ကတော့ များသောအားဖြင့် စိတ်ဆင်းရဲ စရာ သို့မဟုတ် စိတ်လှုပ်ရှားစ၇ာ ကြုံလာတဲ့အခါမျိုး၊ ရာသီဥတု အေးအေးဟာ လေအေးအေးကို ဆန်တက်ပြီး လမ်းလျှောက်တဲ့အခါမျိုးမှာရ
(၂) ဒီလို မှမဟုတ်ပဲ လှုပ်လှုပ်ရှားရှားတောင် မလုပ်ရပါပဲနဲ့ ဒီတိုင်း ထပြီးအောင့်တတ်ပါတယ်။ အောင့်တော့လည်း ဆက်တိုက်ဒီလိုပဲ နာရီနဲ့ချီပြီး Nitrol နဲ့လည်း မပျောက်၊ နားလိုက်လည်း မပျောက် နာရီနဲ့ ချီပြီး သို့မဟုတ် တစ်နေ့လုံး ရင်ဘတ်ကို ဖိခံထားရသလို အောင့်အောင့်နေတယ်ဆိုရင်တော
(၃) နောက်ဖြစ်တတ်တဲ့ နှလုံးရောဂါတွေကတော့ နှလုံး ကြွက်သားများ ယောင်ယမ်းခြင်း (Myocarditis)၊ နှလုံး ကို အုပ်ပေးထားသော အမြှေးပါး ယောင်ယမ်းခြင်း (Pericarditis)
(၄) နှလုံးကြွက်သားများ ထူနေသော နှလုံးရောဂါများ (cardiomyopathies)
(၅) နှလုံး ပုံမှန်အလုပ်လုပ်နိုင်စွမ်း
(၆) နာတာရှည် နှလုံးရောဂါများ (ဥပမာ နှလုံး အဆို့ရှင် တစ်ခုခု ကျဉ်းခြင်း) နှင့်
(၇) နှလုံး သွေးလွှတ်ကြောမကြီး ကွဲထွက်ခြင်း (Aortic dissection) စသည်တို့ဖြစ်ပါတယ်။
နှလုံနဲ့ ပတ်သတ်လာတဲ့အခါ အသက်ကို ထိခိုက်နိုင်တဲ့အတွက် စနစ်တကျ ဆေးစစ်ပြီး ဆေးကုသမှုခံယူတာ အကောင်းဆုံးပါ။
နံပါတ် (၂) ကတော့ ရင်ဘတ်အောင့်ပြီဆိုတာနဲ့ နှလုံး တစ်ခုထဲ တွေးစရာတော့ မဟုတ်ပါဘူး။ နောက်ဖြစ်နိုင်ခြေက အဆုတ်မကောင်းတာပါ။
- အဆုတ်အမြှေးယောင်ခြင်း၊ ရေ၀င်ခြင်း၊ လေ၀င်ခြင်း
- အဆုတ်သွေးကြောလေးများပိတ်ခြ
- အဆုတ်ပိုးဝင်ခြင်း(Infectio
- အဆုတ်ထဲတွင် ပြည်တည်ခြင်း
- ပန်းနာရင်ကြပ်ဖြစ်ခြင်း အစရှိသည်တို့ဖြစ်တတ်ပါတယ်။
ဒါကတော့ ဖြစ်လေ့ဖြစ်ထရှိတာပါ။ နောက် အဆုတ်နဲ့ ပတ်သတ်လို့ အခြား အကြောင်းအရာများလည်း ရှိနေနိုင်ပါတယ်။ နှလုံး heart attack လောက် အရေးပေါ်မဟုတ်ဘူးဆိုပေမဲ့ ဂရုတစိုက် ဆေးကုသပေးဖို့လိုပါတယ်။
နောက်ဆုံး ဒီ အဆုတ်နဲ့ နှလုံးလို ကြီးကြီးမားမား ပြသနာ မဟုတ်ပဲနဲ့ ရင်ဘတ်အောင့်အောင့်နေတာမျို
အစာအိမ်နဲ့အူလမ်းကြောင်းဖြစ
ဒီလောက်ဆိုရင်တော့ ရင်ဘတ်အောင့်ရင်ဘယ်လိုအခါမှ
အားလုံးကျန်းမာပျော်ရွင်နို
Credit to နေ (ဆေး ၁)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။