Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, October 9, 2014

ကျိန်စာလေလား

ကျိန်စာလေလား
========
(၁)
ဦးတေဇ...
ခင်ဗျား..မြန်မာနိုင်ငံမြောက်ဖျားကို..
သွားရည်ကျနေတာ...
ခင်ဗျားလှိမ့်လုံးတွေမှာမြောပါနေသူတွေမသိပေမဲ့..
ကချင်ပြည်နယ် မဒွယ်တောင်က...
နတ်ရေကန်စောင့် နတ်တွေကသိတယ်..၊
အဲဒီတုန်းက ခင်ဗျားကိုယ်တိုင်ပါတဲ့ရဟတ်ယာဉ်
ပြတ်ကျခဲ့တာ...ခင်ဗျားတောင်ကံကောင်းလို့မလား..
နတ်ရေကန်ကို မြင်လိုက်တာနဲ့ ခင်ဗျားရဲ့
ရဟတ်ယာဉ်ပျက်ကျသွားတာဟာ..
ထူးဆန်းတယ်လို့..မထင်မိဘူးလား....

----------------
(၂)
ဦးတေဇ...
ခင်ဗျား...ကချင်ပြည်နယ်ရဲ့ အပျိုစင်တောရိုင်းဒေသတွေကို
မျက်စိကျနေတာ....
ခင်ဗျားရဲ့ တပည့်လက်သား၊ ခင်ဗျားလခစားတွေမသိပေမဲ့..
ကချင်ပြည်နယ် ရေခဲတောင် ပေ ၆၀၀၀ အထက်က
ရှားပါးသစ်တောကြီးတွေထဲက ရုက္ခစိုးနတ်တွေကသိတယ်..၊
အရင်တုန်းက.....ခင်ဗျားအဖွဲ့တွေ သင်းမသတ်ပဲခုတ်ခဲ့တဲ့..
တစ်နိုင်ငံလုံးမှာရှိတဲ့ သန်းနဲ့ ချီတဲ့ သစ်တောတွေရဲ့
ဘုံမရှိတော့တဲ့ ဘုံသားတွေက.....
သူတို့ကိုကြိုပြောထားတယ်လေ..၊
ခင်ဗျား....
သဘာဝလွန်ဖြစ်ရပ်ဆန်းတွေကို..မယုံဘူးလား၊
-----------------
(၃)
ဦးတေဇ...
ခင်ဗျား ကချင်ပြည်နယ်က အပြစ်မဲ့တဲ့ဒေသခံတွေကို..
အသားလိုလို့ အရိုးတောင်းတဲ့သဘောနဲ့ စည်းရုံးနေတာကို
ကချင်ပြည်နယ်ဒေသခံတွေရဲ့ ဘိုးဘွားတွေရဲ့ ၀ိဥာဉ်တွေက
သတိထားမိတယ်..၊
အဲဒီတုန်းက ခင်ဗျားဘယ်လောက်ပဲစည်းရုံးစည်းရုံး...
ဘိုးဘွားပိုင်မြေကို...နှစ်ပေါင်းထောင်ချီ ဘယ်သူ့ကိုမှမပေးတဲ့
မေခ မေလိခ မြစ်စတင်ဖြစ်ပေါ်ရာ ရေခဲတောင်တန်းပေါ်က
ဘိုးဘွားဝိဥာဉ်တွေက သူတို့ရဲ့ ထူးခြားစွမ်းအင်တွေအရ....
ကြိုများသိနေသလားလို့၊
သူတို့ကို ခင်ဗျားပြောတိုင်းယုံကြည်တဲ့ ဦးသန်းရွှေလို့များ
င်ဗျားထင်နေလားဗျာ..
-----------------------
(၄)
ဦတေဇ..
ခင်ဗျား နိုင်ငံတော်ရဲ့နာမည်ကိုသုံးပြီး...
ကချင်ပြည်နယ်မြောက်ဖျားမှာ...
တစ်ကြိမ်ပြီးတစ်ကြိမ် ထပ်မံကြိုးစားနေတယ်ဆိုတာကို
နှင်းတောင်ပေါ်က နတ်ဝိဥာဉ်တွေက သိနေပြီ...၊
ခင်ဗျား လူမသိသူမသိရထားတဲ့..
ရေခဲတောင်သယံဇာတသိုက်တွေရဲ့အချက်အလက်တွေ၊
အခြားဒေသတွေလို ရွှေတူး ၊ ရတနာတူး လို့ရမယ်ထင်ပြီး
ရေခဲတောင်ဒေသတွေမှာ ပထမဆုံးခြေကုတ်ယူချင်တဲ့
ခင်ဗျားရဲ့ ကမ္ဘီရ ဆန်ဆန် စိတ်ကူးယာဉ်မှုတွေ...၊
အဲဒါတွေဟာ..ခင်ဗျားရဲ့အတ္တနဲ့လောဘကြောင့်
ဖြစ်ပေါ်လာတယ် ဆိုတာကို....အဲဒီဒေသက
ပရလောကသားတွေက မသိပဲနေမလား...
သေချာတာက...ခင်ဗျားစိတ်ဓာတ်မဖြူစင်သရွေ့
ခင်ဗျား ဘာမှ လုပ်လို့ရမယ်မထင်ပါနဲ့...
----------------------
(၅)
ဦးတေဇ...
အမှတ်မရှိသေးတဲ့အတွက် အခုထပ်ဖြစ်ပြီမလား...
လူမျိုးနဲ့ နိုင်ငံ နာမည်ကို အလွဲသုံးစားလုပ်ပြီး..
ခင်ဗျားအရူးထခဲ့တာကြောင့်..
အခုလဲ...လူတွေပျောက် ၊ ရဟတ်ယာဉ်တွေထပ်ပျက်ကျ..
ရဟတ်ယာဉ်မှုးလဲ အသက်ဆုံးရပြန်ပါပြီ..
ခင်ဗျားကိုယ်စားသူတို့ခံသွားရရှာတယ်၊
ကျွန်တော်တို့ငယ်ငယ်တုန်းက ကြားဖူးတဲ့
မိဘဘိုးဘွားတွေ ပြောတဲ့စကား...
"အပင်ကြီးရင်...ပရလောကသားတွေရှိတတ်တယ်
အဲဒီအပင်အောက်မှာ အပေါ့သွားရင်တောင်..
ရှိခိုးတောင်းပန်ပြီးမှ သွားရတယ်..." ဆိုတဲ့စကား..
ခင်ဗျားမသိခဲ့တာက..
အာဏာရှင်တွေရဲ့ စောင်မကြည့်ရှုမှုကြောင့်
ခင်ဗျား တစ်သက်လုံးခုတ်ခဲ့တာက...
အဲဒီလိုအပင်ကြီးတွေ...
အဲဒီလိုသစ်တောကြီးတွေ..
မရေမတွက်နိုင်..
တန်သန်းပေါင်းများစွာ....
မကြိုက်ရင်ခုတ်ပြီးပစ်ထားခဲ့တာတွေကအစပေါ့..၊
------------------------
(၆)
ဒီအပင်တွေကိုမှီခိုရတဲ့..
ပရလောကသားတွေ..
ဝိဥာဉ် တွေ...
ကောင်းဆိုးမကွဲတဲ့ နတ်တွေ..
သူတို့တွေရဲ့ နေရာကိုခုတ်ပစ်ခဲ့တဲ့ခင်ဗျား..
သူတို့တွေရဲ့ ဘုံဘ၀ကိုဖျက်ဆီးတဲ့သူ..
သူတို့တွေရဲ့ အမျက်ဒေါသ...
သူတို့တွေရဲ့ ကျိန်စာ..
သူတို့တွေရဲ့ ကြိမ်းဝါးသံ..
အဲဒီအသံတွေကို..
ခင်ဗျား....ကြားမှမကြားပဲ၊
အဲဒါတွေက ..
တစ်သက်လုံးခင်ဗျားနောက်လိုက်နေမှာ၊
တစ်သက်လုံး ခင်ဗျားနဲ့ ပါနေမှာ...
အဲဒီတော့...
ကျွန်တော်တို့နိုင်ငံမှာ..
ပြစရာဆိုလိုတစ်ခုပဲရှိတော့တဲ့..
မြန်မာနိုင်ငံမြောက်ဖျားက..
ရေခဲတောင်ဒေသ..ကို..
ခင်ဗျားမေ့လိုက်တော့..
မမေ့နိုင်သေးရင်တော့..
ခင်ဗျားလဲ မကြာတော့ဘူးထင်ပါတယ်၊
( Pa Yit)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။