သတင်းထောက်နဲ့ သူ့ဘာသာရပ်
သတင်းထောက်တွေဟာ မိမိစိတ်ဝင်စားရာ၊ ၀ါသနာထက်သန်ရာ သတင်းတွေကို အချိန်ရသလို တဖက်ကလည်း လေ့လာမှတ်သားနေဖို့လိုတယ်။ ပြီးတော့ မိမိ စိတ်ပိုမို ထက်သန်ရာသတင်းတွေကို ဦးစားပေး စုံစမ်း၊စုဆောင်း သုသေသနပြု၊ မှတ်စုထုတ် ရေးသားတာကောင်းတယ်။
ဥပမာ နိုင်ငံရေးထက်သန်တဲ့လူ သတင်းထောက်ဖြစ်တာလည်း ကောင်းတယ်။ သူက တခြားသတင်းထောက်ထက်စာရင် နိုင်ငံရေးဆိုင်ရာသတင်းအချက်အလက်ကို ပိုမိုသိကြွမ်း၊ဖတ်ရှု လေ့လာ၊ အဆက်အသွယ်ကောင်းရှိ၊ မှတ်သားသုသေသနပြုမှုရှိရင် သူရေးတဲ့ သတင်းနဲ့ သတင်းနောက်ခံ ဆောင်းပါးတွေဟာ ပိုပြီး တန်ဘိုးတက်သလို၊ အရည်အသွေးလည်းကောင်းနေလိမ့် မယ်။ သူ့သတင်းဖတ်ရှုရလို့ နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးအကဲခတ်တွေ၊ လေ့လာသူတွေလည်း အကျိုးပိုရှိတယ်။
သာမန်သတင်းထောက်ရေးတာထက် နိုင်ငံရေးစိတ်ဝင်စားသူသတင်းထောက်က ပိုမြင်၊ ပိုသုံးသပ်၊ ပိုပြီး အချက်အလက်အားကောင်းလို့ဖြစ် တယ်။
ဒါကြောင့် နိုင်ငံရေးစိတ်ဝင်စားရင် နိုင်ငံရေးသမားသွားလုပ် သတင်းထောက်လာမလုပ်နဲ့၊ သတင်းထောက်ဟာ နိုင်ငံရေးကင်းရှင်းရမယ်ဆို တဲ့ အတွေးအခေါ်မျိုး မမွေးမိဘို့လိုတယ်။ သူရွေးချယ်စရာရှာမတွေ့လို့ လိုင်းကြောင်နေတာကို လမ်းမှန်ရောက်လာအောင် တည့်မတ်ဆွဲခေါ်တဲ့ စေတနာမျိုးပဲထားပေးကြပါ။
အလားတူ၊ တေးဂီတ၊ အနုပညာ၊ ရုပ်ရှင်၊ စာပေစိတ်ဝင်စားသူတွေလည်း သူ့လိုင်းနဲ့သူ သန်ရာသန်ရာ လေ့လာ အားထုတ်စေလိုနတယ်။
သဘာဝပတ်ဝန်းကျင်ရေးရာ၊တောရိုင်းတိရိစ္ဆာန်ဆိုင်ရာ၊ ကျန်းမာရေး၊ လူ့အခွင့်အရေး၊ အမျိုးသမီးရေးရာ၊ ဘာသာရေး၊ မှုခင်းဆိုင်ရာ အစရှိသဖြင့်ပေါ့.. အခုကတည်းက သီးသန့် သတင်းသမားတွေ (သူတို့စိတ်ထက်သန်ရာအလိုက်) မွေးထုတ်ပေးဘို့ အယ်ဒီတာတွေမှာလည်း တာဝန်ရှိတယ်။
ကျနော်တို့ သတင်းထောက်ဘ၀တုန်းကလို အုတ်အရောရော သဲအရောရော၊ ဆယ့်နှစ်မျိုးဂျင်းသုတ် သတင်းထောက်ဘ၀ဟာဒီကနေ့ရှိနေသ င့်တဲ့ ခေတ်မဟုတ်တော့ဖူး။ ကျနော်တို့တုန်းက သတင်းလွတ်လပ်ခွင့်မရှိတာကတမျိုး ရေဒီယိုသတင်းပေးပို့ရတာကြော င့်တမျိုး သတင်းအစုံလိုက်ရတယ်။ ဒီတော့ ဘာသာရပ်တခုကို မယ်မယ်ရရမကြွမ်းချင်တော့ဘူး ။ ဟိုစပ်စပ် ဒီစပ်စပ်နဲ့ အစုံသုတ်သတင်းထောက်ဖြစ်သွား တယ်။ သတင်းကလည်း အစုံတွေ့၊အစုံလိုက်ရတာကိုး. .။
လိုင်းမရှိတော့ သူများနဲ့လည်း လိုင်းတွေပူးပြီး ရှော့ရိုက်ကုန်တယ်။ အချင်းချင်းပြဿနာများတယ်။ဌာ နတခုထဲကို သူဦးကိုယ်ဦးနဲ့ သတင်းလုနေကြတယ်။ ရန်ဖြစ်တာ၊ မတည့်တာတွေ၊ မနာလိုတာတွေ ဖြစ်လာနိုင်တယ်။ စီမံခန့်ခွဲမှုအားနည်းကုန်တယ်။
အမှန်တကယ် ကျနော် ၀ါသနာပါတာ၊ စိတ်ဝင်စားတာက သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စ ပါ။ ဒါပေမယ့် ကျနော်သတင်းရေးခဲ့တဲ့တလျှော က် သဘာ၀၀န်းကျင်ရေးရာသတင်းက အနည်းဆုံးပါ..။
မြန်မာသတင်းလောကမှာ ဒီကနေ့လူငယ်တွေ ကိုယ့်လိုင်းကိုယ်သေသေချာချာစဉ်းစားရွေး ယူပြီး ကျကျနနလေ့လာကြပါ။ စုဆောင်းကြပါ။ အချက်အလက်သုသေသနလုပ်ပါ။ အဲဒါကအစုံသုတ်လို ဘောင်မကျယ်တော့ပဲ ပိုမိုလွယ်ကူ လျှင်မြန်ပြီး ပိုမိုကျွမ်းကျင်တဲ့ ဘ၀ဆီ အချိန်တိုတိုနဲ့ တွန်းပို့ခံရလိမ့်မယ်။
ဒီကနေ့လူငယ်တွေရဲ့ အနာဂတ်ဟာ တိကျရှင်းလင်းနေဘို့လိုတယ်။ ပရော်ဖက်ရှင်နယ်လ်ဖြစ်ဘို့လိုတယ်။ ဒါမှ လူ့အဖွဲ့အစည်းရော၊ နိုင်ငံရော စနစ်တကျတိုးတက်မှာဖြစ်တယ်။
ကိုညို( အော်စလို)
သတင်းထောက်တွေဟာ မိမိစိတ်ဝင်စားရာ၊ ၀ါသနာထက်သန်ရာ သတင်းတွေကို အချိန်ရသလို တဖက်ကလည်း လေ့လာမှတ်သားနေဖို့လိုတယ်။ ပြီးတော့ မိမိ စိတ်ပိုမို ထက်သန်ရာသတင်းတွေကို ဦးစားပေး စုံစမ်း၊စုဆောင်း သုသေသနပြု၊ မှတ်စုထုတ် ရေးသားတာကောင်းတယ်။
ဥပမာ နိုင်ငံရေးထက်သန်တဲ့လူ သတင်းထောက်ဖြစ်တာလည်း ကောင်းတယ်။ သူက တခြားသတင်းထောက်ထက်စာရင် နိုင်ငံရေးဆိုင်ရာသတင်းအချက
သာမန်သတင်းထောက်ရေးတာထက် နိုင်ငံရေးစိတ်ဝင်စားသူသတင်
ဒါကြောင့် နိုင်ငံရေးစိတ်ဝင်စားရင် နိုင်ငံရေးသမားသွားလုပ် သတင်းထောက်လာမလုပ်နဲ့၊ သတင်းထောက်ဟာ နိုင်ငံရေးကင်းရှင်းရမယ်ဆို
အလားတူ၊ တေးဂီတ၊ အနုပညာ၊ ရုပ်ရှင်၊ စာပေစိတ်ဝင်စားသူတွေလည်း သူ့လိုင်းနဲ့သူ သန်ရာသန်ရာ လေ့လာ အားထုတ်စေလိုနတယ်။
သဘာဝပတ်ဝန်းကျင်ရေးရာ၊တောရိ
ကျနော်တို့ သတင်းထောက်ဘ၀တုန်းကလို အုတ်အရောရော သဲအရောရော၊ ဆယ့်နှစ်မျိုးဂျင်းသုတ် သတင်းထောက်ဘ၀ဟာဒီကနေ့ရှိနေသ
လိုင်းမရှိတော့ သူများနဲ့လည်း လိုင်းတွေပူးပြီး ရှော့ရိုက်ကုန်တယ်။ အချင်းချင်းပြဿနာများတယ်။ဌာ
အမှန်တကယ် ကျနော် ၀ါသနာပါတာ၊ စိတ်ဝင်စားတာက သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စ
မြန်မာသတင်းလောကမှာ ဒီကနေ့လူငယ်တွေ ကိုယ့်လိုင်းကိုယ်သေသေချာချ
ဒီကနေ့လူငယ်တွေရဲ့ အနာဂတ်ဟာ တိကျရှင်းလင်းနေဘို့လိုတယ်။
ကိုညို( အော်စလို)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။