အံရောသောဝ်…နိုင်ငံတကာ ဥပဒေများ
=========================
.
ပြင်သစ်နိုင်ငံရဲ့ မြို့တော် ပါရီ (Paris) မှာ အရင်တုန်းက ဘောင်းဘီရှည် ဝတ်ဆင်ခြင်းကို တားမြစ်တဲ့ ဥပဒေပြဋ္ဌာန်းခဲ့ဖူးပါတယ်။ ဒီဥပဒေဟာ ၁၇၉၉ ခုနှစ်က စတင်ပြဋ္ဌာန်းခဲ့တာဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာမှ ပယ်ဖျက်ခဲ့ပါတယ်။ နှစ်ပေါင်း ၂၁၄ နှစ်ကြာပါတယ်။ စတင်ပြဋ္ဌာန်းစဉ်တုန်းက အမျိုးသမီးတွေဟာ ဘောင်းဘီရှည်ဝတ်ဆင်ချင်ရင်ေ တာ့ ရဲအရာရှိဆီက အထူးခွင့်ပြုချက်ယူရမယ်လို့ ဆိုထားပါတယ်။ ၁၈၉၂ ခုနှစ်မှာတော့ မြင်းဇက်ကြိုးကို ကိုင်ထားမယ်ဆိုရင်တော့ ဘောင်းဘီရှည်ဝတ်ဆင်ခွင့်ရှိ တယ်လို့ ပြင်ဆင်ခဲ့ပါတယ်။ ၁၉၀၉ ခုနှစ်မှာတော့ စက်ဘီးစီးနင်းနေစဉ် သို့မဟုတ် စက်ဘီးကို ကိုင်ထားစဉ်မှာတော့ ဘောင်းဘီပုံစံအမျိုးမျိုးဝတ်ဆင်ခွင့်ရှိတယ်လို့ ပြင်ဆင်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာတော့ ဘောင်းဘီရှည်ဝတ်ဆင်ခွင့်ပြု လိုက်ပါပြီ။ ဒါပေမယ့် အများအမြင်မသင့်လျော်တဲ့ ဘောင်းဘီရှည် သို့မဟုတ် ခေတ်မမီတော့သည့် ဘောင်းဘီရှည်မျိုးကိုတော့ ခွင့်မပြုပါဘူး။
.
မနက် ၈ နာရီမှ ည ၈ နာရီအတွင်း ၇၀%နှု န်းသော ရေဒီယိုမှ ထုတ်လွှင့်တဲ့ သီချင်းတွေဟာ ပြင်သစ်အနုပညာရှင်တွေရဲ့ သီချင်းတွေ ဖြစ်ရပါမယ်ဆိုတဲ့ ဥပဒေလည်းရှိပါသေးတယ်။
.
ပြင်သစ်နိုင်ငံက ရထားလမ်းတွေပေါ်မှာ နမ်းခြင်းဟာ ဥပဒေကို ချိုးဖောက်ပါတယ်။
.
ပြင်သစ်နိုင်ငံက ဝက်တွေကို နပိုလီယံဆိုတဲ့ နာမည် မှည့်ခွင့်မရှိပါဘူး။
.
ပြင်သစ်နိုင်ငံမှာ ရဲအရာရှိ ဒါမှမဟုတ် ရဲကားကို ဓာတ်ပုံရိုက်ခြင်းဟာ ဥပဒေကို ချိုးဖောက်ပါတယ်။
.
စင်ကာပူနိုင်ငံမှာတော့ တော်တော်များများ သိကြတဲ့အတိုင်း ကျွန်တော်တို့ အခေါ် ပီကေ (Chewing gum) ကို ၁၉၉၂ ခုနှစ်ကတည်းက စားသောက်ခွင့် ပိတ်ပင်ထားပါတယ်။ ဆေးလိပ်ဖြတ်ချင်တဲ့ လူတွေအတွက်တော့ ဆေးဆိုင်တွေမှာ နီကိုတင်းပါတဲ့ ပီကေ ၀ယ်လို့ရပါတယ်။
.
ဖိလစ်ပိုင်နိုင်ငံက ဥပဒေတစ်ခုကတော့ လိုင်စင်နံပါတ်ပြားအဆုံးမှာ ၁ ဒါမှမဟုတ် ၂ နဲ့ဆုံးတဲ့ ကားတွေဟာ တနင်္လာနေ့၊ အင်္ဂါနေ့ ၃ နာရီကနေ ၄ နာရီ၊ ဗုဒ္ဓဟူးနေ့ ၅ နာရီမှ ၆ နာရီ၊ ကြာသာပတေးနေ့ ၇ နာရီ ဒါမှမဟုတ် ၈ နာရီ၊ သောင်္ကြာနေ့ ၉နာရီဒါမှမဟုတ် ၇ နာရီကနေစလို့ လမ်းပေါ်မှာ မောင်းခွင့်မရှိပါတဲ့။
.
ဂျပန်နိုင်ငံမှာတော့ အ၀လွန်တွေကို ထိန်းချုပ်တဲ့အနေနဲ့ ၀ခြင်းနဲ့ ပါတ်သတ်တဲ့ ဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းထားပါတယ်။ ဒါကတော့ အမျိုးသားများဟာ ခါး ၈၀ စင်တီမီတာ ထက်မကျော်ရ၊ အမျိုးသမီးများသည် ခါး ၉၀ စင်တီမီတာထက် မကျော်ရဆိုတဲ့ ဥပဒေပါတဲ့။ ဒီဥပဒေကို ၂၀၀၉ ခုနှစ်မှာ ပြဋ္ဌာန်းပါတယ်။
.
ထိုင်းနိုင်ငံမှာတော့ သူတို့ရဲ့ ရှင်ဘုရင် မင်းမြတ်ပုံပါတဲ့ ထိုင်းဘတ် ပိုက်ဆံကို ခြေထောက်နဲ့ နင်းခွင့်မရှိပါဘူး။ သင် သတိပြုမိသည်ဖြစ်စေ၊ သတိမပြုမိသည်ဖြစ်စေ၊ ထိုင်းရှင်ဘုရင်ကို စော်ကားလိုစိတ် မရှိသည်ဖြစ်စေ အဆိုပါပိုက်ဆံကို နင်းလို့ကတော့ ထောင်ဒဏ် ၁၅ နှစ်ပါတဲ့။ နောက်တစ်ခုက အောက်ခံအကျီင်္၊ ဘောင်းဘီမပါပဲ အိမ်အပြင်ထွက်ခွင့်မရှိပါတဲ့ ။ နောက်ပြီးတော့ ရှပ်အကျီင်္ မ၀တ်ဘဲ ကားမောင်းခွင့်မရှိပါတဲ့ (ဘောင်းဘီ ၀တ်ဝတ် မ၀တ်ဝတ် ဥပဒေထဲမှာတော့ ပြဋ္ဌာန်းမထားပါဘူး)။
.
ဆွစ်ဇာလန် နိုင်ငံမှာတော့ ညပိုင်း သင်ထပြီး အပေါ့အပါးသွားပြီးရင် ရေဆွဲမချလိုက်ပါနဲ့။ ည ၁၀ နာရီကျော်သွားရင် ရေအိမ်ကို ရေဆွဲချတာဟာ ဥပဒေကို ချိုးဖောက်တာပါပဲတဲ့။ ဘာဖြစ်လို့လဲဆိုတော့ ဆွစ်ဇာလန်မှာ noise pollution ကို တင်းကျပ်လို့ပါတဲ့။
.
နေခရမ်း၏ blog မှ ကူးချထားပါသည်။
=========================
.
ပြင်သစ်နိုင်ငံရဲ့ မြို့တော် ပါရီ (Paris) မှာ အရင်တုန်းက ဘောင်းဘီရှည် ဝတ်ဆင်ခြင်းကို တားမြစ်တဲ့ ဥပဒေပြဋ္ဌာန်းခဲ့ဖူးပါတယ်။ ဒီဥပဒေဟာ ၁၇၉၉ ခုနှစ်က စတင်ပြဋ္ဌာန်းခဲ့တာဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာမှ ပယ်ဖျက်ခဲ့ပါတယ်။ နှစ်ပေါင်း ၂၁၄ နှစ်ကြာပါတယ်။ စတင်ပြဋ္ဌာန်းစဉ်တုန်းက အမျိုးသမီးတွေဟာ ဘောင်းဘီရှည်ဝတ်ဆင်ချင်ရင်ေ
.
မနက် ၈ နာရီမှ ည ၈ နာရီအတွင်း ၇၀%နှု န်းသော ရေဒီယိုမှ ထုတ်လွှင့်တဲ့ သီချင်းတွေဟာ ပြင်သစ်အနုပညာရှင်တွေရဲ့ သီချင်းတွေ ဖြစ်ရပါမယ်ဆိုတဲ့ ဥပဒေလည်းရှိပါသေးတယ်။
.
ပြင်သစ်နိုင်ငံက ရထားလမ်းတွေပေါ်မှာ နမ်းခြင်းဟာ ဥပဒေကို ချိုးဖောက်ပါတယ်။
.
ပြင်သစ်နိုင်ငံက ဝက်တွေကို နပိုလီယံဆိုတဲ့ နာမည် မှည့်ခွင့်မရှိပါဘူး။
.
ပြင်သစ်နိုင်ငံမှာ ရဲအရာရှိ ဒါမှမဟုတ် ရဲကားကို ဓာတ်ပုံရိုက်ခြင်းဟာ ဥပဒေကို ချိုးဖောက်ပါတယ်။
.
စင်ကာပူနိုင်ငံမှာတော့ တော်တော်များများ သိကြတဲ့အတိုင်း ကျွန်တော်တို့ အခေါ် ပီကေ (Chewing gum) ကို ၁၉၉၂ ခုနှစ်ကတည်းက စားသောက်ခွင့် ပိတ်ပင်ထားပါတယ်။ ဆေးလိပ်ဖြတ်ချင်တဲ့ လူတွေအတွက်တော့ ဆေးဆိုင်တွေမှာ နီကိုတင်းပါတဲ့ ပီကေ ၀ယ်လို့ရပါတယ်။
.
ဖိလစ်ပိုင်နိုင်ငံက ဥပဒေတစ်ခုကတော့ လိုင်စင်နံပါတ်ပြားအဆုံးမှာ
.
ဂျပန်နိုင်ငံမှာတော့ အ၀လွန်တွေကို ထိန်းချုပ်တဲ့အနေနဲ့ ၀ခြင်းနဲ့ ပါတ်သတ်တဲ့ ဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းထားပါတယ်။ ဒါကတော့ အမျိုးသားများဟာ ခါး ၈၀ စင်တီမီတာ ထက်မကျော်ရ၊ အမျိုးသမီးများသည် ခါး ၉၀ စင်တီမီတာထက် မကျော်ရဆိုတဲ့ ဥပဒေပါတဲ့။ ဒီဥပဒေကို ၂၀၀၉ ခုနှစ်မှာ ပြဋ္ဌာန်းပါတယ်။
.
ထိုင်းနိုင်ငံမှာတော့ သူတို့ရဲ့ ရှင်ဘုရင် မင်းမြတ်ပုံပါတဲ့ ထိုင်းဘတ် ပိုက်ဆံကို ခြေထောက်နဲ့ နင်းခွင့်မရှိပါဘူး။ သင် သတိပြုမိသည်ဖြစ်စေ၊ သတိမပြုမိသည်ဖြစ်စေ၊ ထိုင်းရှင်ဘုရင်ကို စော်ကားလိုစိတ် မရှိသည်ဖြစ်စေ အဆိုပါပိုက်ဆံကို နင်းလို့ကတော့ ထောင်ဒဏ် ၁၅ နှစ်ပါတဲ့။ နောက်တစ်ခုက အောက်ခံအကျီင်္၊ ဘောင်းဘီမပါပဲ အိမ်အပြင်ထွက်ခွင့်မရှိပါတဲ
.
ဆွစ်ဇာလန် နိုင်ငံမှာတော့ ညပိုင်း သင်ထပြီး အပေါ့အပါးသွားပြီးရင် ရေဆွဲမချလိုက်ပါနဲ့။ ည ၁၀ နာရီကျော်သွားရင် ရေအိမ်ကို ရေဆွဲချတာဟာ ဥပဒေကို ချိုးဖောက်တာပါပဲတဲ့။ ဘာဖြစ်လို့လဲဆိုတော့ ဆွစ်ဇာလန်မှာ noise pollution ကို တင်းကျပ်လို့ပါတဲ့။
.
နေခရမ်း၏ blog မှ ကူးချထားပါသည်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။