ကျွန်တော်အမြဲယုံကြည် တာက မနက်ဖြန်ထောင်ကထွက် ရလိမ့်မယ်ဆိုတာပဲ။
ထောင်မှာ ၀င်ပေါက်ရှိတယ်ဆိုရင် ထွက် ပေါက်လည်းရှိရမယ်လေ။
========================== =========================
ဦးသန့်အရေးအခင်းမှ မောင်သူရ
-------------------------- -----------------------
၁၉၇၄ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့တွင် ဘန်ကောက်မှခရီးတိုပျံသန်းလာ သည့်
လေယာဉ်လေးတစ်စင်းပေါ်တောက်ပေ သာအုတ်သစ်ချ ရောင်ခေါင်းတစ်လားတစ်
လုံးကရန်ကုန်သို့ ရောက်ရှိလာပါသည်။ ဘန်ကောက်မတိုင်မီ ထိုအခေါင်းက
ဂျက်လေယာဉ်ဖြင့် အမေရိကန်နိုင်ငံ နယူးယောက်မှ ပျံသန်းလာခဲ့ခြင်းဖြစ်သည်။
အဆိုပါအခေါင်း ရန်ကုန်မင်္ဂလာဒုံလေဆိပ်သို့ ရောက်ရှိချိန်တွင် ဒါဇင်နှင့်ချီသော အရပ်သားများနှင့် စစ်သားများ စုဝေးရောက်ရှိလာသည်။ မြန်မာစစ်အစိုးရအဖွဲ့ အတွင်းမှအရာရှိများကလည်းသတိ ထားစရာ ဖြစ် အောင် ပျောက်နေကြပါသည်။
ထိုအခေါင်းကို အခမ်းအနားမပါ ဘဲ ခပ်စုတ်စုတ်ဗောက်စ်ဝက်ဂွန် ကားတစ်စီး
ပေါ်သို့တင်ပြီး လမ်း ကြိုလမ်းကြားမှ မောင်းလာခဲ့ သည်။ သည်မှာတင် ဒုက္ခလှလှ
တွေ့ပါတော့သည်။
အခေါင်းထဲ ပါလာသူက ၁၉၆၁ ခုနှစ်မှာ ကုလသမဂ္ဂ တတိယမြောက်အတွင်းရေး
မှူး ချုပ်ဖြစ်ခဲ့သူဦးသန့်ဖြစ်ပါသည်။ ဦးသန့်ကွယ်လွန်ချိန် ၁၉၇၄ ခုနှစ် သည် ဦးသန့်ကို
သဘောမကျ သည့် မြန်မာစစ်ဗိုလ်ချုပ်များက တိုင်းပြည်ကို အုပ်စိုးနေချိန်ဖြစ် သည်။
ဗိုလ်ချုပ်နေဝင်းသည် ဒီမို ကရေစီနည်းအရ ရွေးကောက် ထားသော အစိုးရကိုဖြုတ်ချ
ကာ ၁၉၆၂ ခုနှစ်တွင် စစ်အာဏာ သိမ်းခဲ့သည်။ အတိုက်အခံတွေကို နှိပ်ကွပ်
ဖြုတ်ချပြီး မြန်မာ့နည်း၊ မြန်မာ့ဟန်ဆိုရှယ်လစ်လမ်းစဥ် ကိုထူထောင်သည်။ ဒီမိုကရေစီကို ပြန်လည်အသက်သွင်းလိုသူဟု သူသံသယရှိနေသည့်ဦးသန့်ကို
ဗိုလ်ချုပ်နေဝင်းက မည်သည့်အခါ ကမျှ သဘောမကျပါ။ ကွယ်လွန် သွားသည့်တိုင်
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်းဦးသန့်ကို သူခွင့်မလွှတ်နိုင်ခဲ့ပါ။
ဦးသန့်အသုဘအခမ်းအနား ကို နိုင်ငံတော်ဈာပနအဖြစ် ကျင်း ပရန် ဗိုလ်ချုပ်နေဝင်း
က သဘော တူခွင့်မပြုခဲ့ပေ။ သို့ရာတွင် ပြည်သူလူထုက ဦးသန့်ရုပ်အလောင်း
သယ်သွားရာလမ်းတွင် နောက် ဆုံးဂါရဝကို ပြခဲ့ကြပါသည်။ ဂုဏ်ပြုပန်းခြင်း
တွေက အသံ တိတ်ထောက်ခံကြို ဆိုမှုကိုပြသခဲ့သည်။ အသုဘချဖို့ခွင့်ပြုရာတွင်
စစ်အစိုးရက သာမန်အခမ်းအနားဖြင့် သင်္ဂြိုဟ်ခွင့်ပေးလိုက် သည်။ ဗုဒ္ဓဘာသာ
အရ သရဏဂုံတင်အပြီးတွင် အလောင်းကို မော်တော်ယာဉ်တန်းဖြင့်မြှုပ်နှံမည့်
နေရာသို့ပို့ဆောင်ခဲ့သည်။ သို့သော် ဦးသန့်သည် သည်ထက်ခမ်းနားသော
နေရာတွင် မြှုပ်နှံ သင့်သည်ဟုယူဆသူထောင်ချီ သော ကျောင်းသားများက ယင်း
ခေါင်းတလားကိုယူဆောင်သွား ပြီး ရန်ကုန်တက္ကသိုလ်ထဲတွင်ထားခဲ့ သည်။
အစိုးရကိုပုန်ကန်လိုသည့်စိတ်ဓာတ်များလည်းအုံကြွလာပြီး ဦးသန်အသုဘ
ကို နိုင်ငံတော်ဈာပနအဖြစ်ကျင်း ပ ရန်နှင့် စစ်အုပ်ချုပ်ရေးကို အဆုံး သတ်ရန်
ကျောင်းသားများက မိန့် ခွန်းများပြောခဲ့ကြသည်။
မြန်မာနိုင်ငံရှိ ပြည်သူများ ၏ရင်ထဲတွင် စွဲစွဲနစ်နစ်ဖြစ်နေခဲ့ သော ယင်းဖြစ်ရပ်ကို
မျက်ဝါးထင် ထင်မြင်ခဲ့သူတစ်ဦးက မောင်သူရ ဖြစ်ပါသည်။ ၎င်းသည်နောင်နှစ်
အတောကြာ စစ်အစိုးရကို မကြောက်မရွံ့ဟာသထုတ်မှု ကြောင့် နာမည်ကြီး
အတိုက်အခံ တစ်ဦးဖြစ်လာသည်။ မောင်သူရ ၏ဖခင်မှာ လူသိများသည့်ကဗျာ စာဆိုပညာရှင်တစ်ဦးဖြစ်ပြီး မိခင်မှာ မွန်လူမျိုးဖြစ်သည်။ မိခင်က အသက် (၁၆)
နှစ် အရွယ်တွင် ဂျပန်တော်လှန်ရေး တွင်ပါဝင်ခဲ့သူလည်းဖြစ်သည်။ သူတို့မှာ
သားသုံးဦးရှိပြီး ပါဠိ နာမည်တွေကိုပေးထားသည်။ အကြီးဆုံးသားက ရွှေဟု
အဓိ ပ္ပာယ်ရသည့် ဝဏ္ဍ၊ သားအလတ် က မီးဟုအဓိပ္ပာယ်ရသည့်တေဇ။
ဦးသန့်အရေးအခင်းမှာ အသက် (၁၃)နှစ်အရွယ် သူငယ်လေးက မောင်သူရ
ဖြစ်ပြီး ရဲရင့်သူဟု အဓိပ္ပာယ်ရသည်။
မောင်သူရတို့ နေအိမ်က ကျောင်းသားများ၊ ရဟန်းသံဃာ များစုဝေးဆန္ဒပြ
နေသည့်ဦးသန့် အရေးအခင်းဖြစ်နေသည့် ရန်ကုန်တက္ကသိုလ်ကနေ သုံးမိုင်
လောက် သာကွာဝေးပါသည်။ ကျောင်း သားများက ဆန္ဒပြသူများကို ကြည့်နေ
သည့် ကောင်ကလေးကို စားစရာများသွားယူခိုင်းပါသည်။ မိခင်အကူအညီဖြင့်
မောင်သူရက လည်း စားစရာတွေသွားစုဆောင်း သယ်လာသကဲ့သို့ အိမ်နီးနား
ချင်းအချို့ ကစားစရာတွေသယ် လာပြီး သူတို့အိမ်ရှေ့မှာစုပုံထား တာကို
သူအမှတ်ရနေသည်။
ကုန်တင်ကားဖြင့် ရန်ကုန်တက္ကသိုလ်သို့ တစ်ယောက်က မောင်းပို့သည်။သို့သော်
လည်း အားလုံးကို မောင်သူရချည်းပဲ လုပ်သည်ဟု ထင်မှတ်စရာရှိ သည်။ သူတို့ ရန်ကုန်တက္ကသိုလ်ရောက်သွားသောအခါ အတော် စိတ်လှုပ်ရှားပျော်စရာကြီး
ဖြစ် သည်။ သူမှတ်မိနေသည်ကား ကျောင်းသားတွေက ဝိုင်းလာကြ ပြီး သူ့ကို သူရဲကောင်းကြီးမောင် သူရဟု ဝိုင်းအော်ကြတာပဲဖြစ် ၏။ ထိုအရာက နှစ်လေး
ဆယ် ကြာခဲ့ပြီဖြစ်သော်လည်း သူ၏ပထမဆုံးနိုင်ငံရေး နိုးကြွလာမှု ဖြစ်သည်ဟု
သူကပြန်ပြောင်း ပြောပြပါသည်။
ဦးသန့်အသုဘအခမ်းအနား အဆုံးသတ်သည် မြန်မာစစ်အစိုး ရအာဏာရှင်များ
လက်ထက်တွင်မကြာခဏတွေ့ရသော သွေးထွက်သံယိုချေမှုန်းမှုဖြစ်ပါသည်။
ဦးသန့်ခေါင်းတလားကို ကျောင်းသား များက လုယူအပြီးရက်အနည်း ငယ်မှာ အစိုးရကဦးသန့်၏ရုပ်အလောင်း ကို ရွှေတိဂုံဘုရား ခြေရင်းမှာ ဂူဗိမာန်ဖြင့်ထား
ရှိရန်သဘောတူခဲ့ပါသည်။ ဒုတိယ ကြိုးပမ်းမှုက မြှုပ်နှံရေးဖြစ်ပါ သည်။
ကျောင်းသားအများက နိုင်ငံတော်ဈာပနအဖြစ် ကျင်းပ ရန်တောင်းဆိုခဲ့ပြီး ရန်ကုန်
တက္ကသိုလ်ထဲသို့ ရုပ်အလောင်းကိုပြန်သယ်ထားကြ သည်။ ထို အရာက ဗိုလ်ချုပ်
နေဝင်းအတွက် သည်းခံနိုင်စွမ်းကို ကျော်လွန်သွားပြီဖြစ်သည်။ ရုပ်အလောင်းထား
ရှိပြီး နှစ်ရက်အကြာတွင် လက်နက်ကိုင်ရဲတပ်ဖွဲ့ ၁၅ ဖွဲ့နှင့် ထောင်ချီနေသော
စစ်သားများက ရန်ကုန်တက္ကသိုလ်ကိုဝင်စီးကာ ကျောင်းသားများကိုပစ်ခတ်ခဲ့ ကြ
သည်။ ဒါဇင်နှင့်ချီအသတ်ခံရပြီး အချို့မှာ ထောင်ထဲဆွဲသွင်းခြင်းခံ ရသည်။ ဦးသန့်အလောင်းမြေကျ သည့်ညတွင် အဓိကရုဏ်းနှိမ်နှင်း မှုက မြို့အနှံ့ပျံ့
သွားခဲ့သည်။
ထိုအဖြစ်အပျက်များဖြစ်ခဲ့ ပြီး နှစ်လေးဆယ်အကြာမှာ တော့ အသက် (၅၃)နှစ်
အရွယ် အမျိုးသားတစ်ယောက်ဖြစ်နေ သော မောင်သူရနှင့်ကျွန်တော် မျက်နှာချင်း
ဆိုင်ထိုင်နေကြပါ သည်။ မြန်မာနိုင်ငံကား ယခင်နှင့် မတူခြားနားသောနိုင်ငံ
တစ်နိုင်ငံ ဖြစ်နေပါပြီ။ ဘားမားမဟုတ်ဘဲ မြန်မာဟူသောအမည်ဖြင့်ခေါ်နြေ က
ပါပြီ။ ဗိုလ်ချုပ်နေဝင်းလည်း ကွယ်လွန်သွားပြီဖြစ် သည်။ သူ့ကိုဆက်ခံသည့်
စစ် အစိုးရကတိုင်းပြည်ကိုနောက် ထပ်အနှစ် ၂၀ အုပ်ချုပ်ခဲ့ပါ သည်။ သို့သော် ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းမှစပြီး ပြောစမှတ်တွင် စရာ နိုင်ငံရေးအပြောင်း
အလဲများဖြင့် ဒီမိုကရေစီစနစ်ဆီသို့ ဦးတည်သွားနေပါသည်။
၂၀၁၀ နိုဝင်ဘာလတွင် ဒေါ်အောင်ဆန်းစုကြည်နေအိမ် အကျယ်ချုပ်မှလွတ်လာ
သည့် အချိန်ကစ၍ မြန်မာနိုင်ငံသည် အံ့သြစရာ ကောင်းလောက် အောင်
ပြောင်းလဲမှုများ စတင် ခဲ့ပါသည်။ စစ်ဗိုလ်ချုပ်အတော် များများရှိနေသေးသော်
လည်း သူတို့က စစ်ဝတ်စုံများကိုပြောင်း ပြီး အရပ်ဝတ်လဲ၏။ အစိုးရစာပေ စိစစ်ရေးကိုဖယ်ရှားပြီး ရွေး ကောက်ပွဲကျင်းပပေးသည်။ ရွေး ကောက်ခံအစိုးရ
က အနောက် နိုင်ငံများနှင့် စတင်ညှိနှိုင်းဆွေး နွေးလာပြီး နိုင်ငံရေးအကျဉ်းသား များရာနှင့်ချီပြန်လွှတ်ပေးသ ည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများတိုး လာသည်။ အတိုက်အခံခေါင်း ဆောင်ဒေါ်အောင်ဆန်းစုကြည် ပင် နေပြည်တော်က
လွှတ်တော် တွင် အမတ်တစ်နေရာရယူခွင့် ပြုထားပါသည်။
မောင်သူရကား ယခုအခါ ဇာဂနာဆိုသောနာမည်အသစ်ရှိ နေပါပြီ။ ဇာဂနာ
ဆိုသည်မှာ လူ ရွှင်တော်အဖြစ် ဇာတ်စင်ပေါ်ကပြရာတွင် သူ၏သွားဆေး
ကျောင်းသားဘဝကအသုံးပြုသည့် ကိရိယာဇာဂနာကိုအမည်စွဲမှည့် ခေါ်ထား
ခြင်းဖြစ်သည်။ စစ်အစိုးရ လှောင်ပြောင်သည့်ပြက်လုံးများကြောင့် အနှစ်၃၀ အတွင်း ထောင်ထဲမှာဆယ်နှစ်ခန့်နေခဲ့ ရသည်။ကျွန်တော်က ဇာဂနာကို တွေ့ဆုံ
မေးမြန်းဖို့ကြိုးစားနေ သည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပါ ပြီ။ သူ့ကိုစသတိထား
မိသည်မှာ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းတွင်အစိုးရ၏ စီမံခန့်ခွဲမှုညံ့ဖျင်းခြင်း ကိုဝေဖန်
ခဲ့သည့်အတွက် ၂၀၀၉ ခုနှစ်တွင် ထောင်ဒဏ် ၅၉ နှစ်ကျ ခံရသည့်အချိန်ကတည်း
ကဖြစ်ပါ သည်။
၂၀၁၁ ခုနှစ်တွင် လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် လွတ်လာခဲ့ပြီး နိုင်ငံခြားအစိုးရများ၊ လူ့
အခွင့် အရေးအဖွဲ့များနှင့် သတင်း ထောက်များက အဆက်မပြတ် တွေ့ဆုံရန်
ကြိုးစားနေမှုကြောင့် သူ့ကိုတွေ့ခွင့်ရဖို့မလွယ်ပါ။ တွေ့ရန်အကြိမ်ကြိမ် ကြိုးစား
သော်လည်း အဆင်မပြေခဲ့။
ယခုနောက်ဆုံးမှာတော့ ပုဆိုးအကွက်နှင့် ဖိနပ်အပါးစီး ထားသောမောင်သူရခေါ် ဇာဂနာ နှင့်ဆုံခွင့်ရပါပြီ။ ရန်ကုန်မြို့ရှိသူ၏ ရုပ်ရှင်ထုတ်လုပ်ရေးစတူဒီ ယိုရုံးခန်း
အမှောင်ထဲမှာ ကျွန် တော်တို့အတူထိုင်ခဲ့ကြသည်။ ထိုရုံးခန်းသည် ဆူးလေစေတီ
နှင့်လမ်းအနည်းငယ်သာလှမ်းပါ သည်။
ဘုရားအပြင်ဘက်တွင်ငှက်ရောင်းသည့်အမျိုးသမီးတစ်ဦးနှင့် ကျွန်တော်ဆုံမိသည်။
သူတို့က ငှက်ကိုလွှတ်ဖို့ရောင်းပါသည် ။ ဗုဒ္ဓဘာသာအရ ငှက်လွှတ်ခြင်း သည် ကုသိုလ်ရဖို့ဖြစ်သည်ဟုဆို ပါသည်။ ထိုနည်းအတိုင်းပင်။ မြန်မာစစ်ဗိုလ်ချုပ်များသည်
ဇာ ဂနာကိုဖမ်းလိုက်၊ လွှတ်လိုက်လုပ်ခဲ့ကြသည်။ သူတို့သည် ကိုယ်ကျိုးရဖို့အတွက်
သူ့ကိုပြန် လွှတ်လိုက်ခြင်းလည်းဖြစ်ကောင်းဖြစ်ပါလိမ့်မည်။
(နိုင်ငံရေးအကျဉ်းသားဟောင်း လူရွှင်တော်ဇာဂနာနှင့်တွေ့ဆုံ ရေးသားထားသည့်
The FinancialTimes မှ အာရှရေးရာအယ်ဒီတာ David Pilling ၏ the
comedian Zarganar stands up to tyrannyin Myanmar ဆောင်းပါးကို
ထားထားမြင့် ဘာသာပြန်ဆို သည်။)
ဒုတိယပိုင်းဆက်လက်ဖော်ပြပါမ ည်။
Posted by 7 Day.
ထောင်မှာ ၀င်ပေါက်ရှိတယ်ဆိုရင် ထွက် ပေါက်လည်းရှိရမယ်လေ။
==========================
ဦးသန့်အရေးအခင်းမှ မောင်သူရ
--------------------------
၁၉၇၄ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့တွင် ဘန်ကောက်မှခရီးတိုပျံသန်းလာ
လေယာဉ်လေးတစ်စင်းပေါ်တောက်ပေ
လုံးကရန်ကုန်သို့ ရောက်ရှိလာပါသည်။ ဘန်ကောက်မတိုင်မီ ထိုအခေါင်းက
ဂျက်လေယာဉ်ဖြင့် အမေရိကန်နိုင်ငံ နယူးယောက်မှ ပျံသန်းလာခဲ့ခြင်းဖြစ်သည်။
အဆိုပါအခေါင်း ရန်ကုန်မင်္ဂလာဒုံလေဆိပ်သို့ ရောက်ရှိချိန်တွင် ဒါဇင်နှင့်ချီသော အရပ်သားများနှင့် စစ်သားများ စုဝေးရောက်ရှိလာသည်။ မြန်မာစစ်အစိုးရအဖွဲ့ အတွင်းမှအရာရှိများကလည်းသတိ
ထိုအခေါင်းကို အခမ်းအနားမပါ ဘဲ ခပ်စုတ်စုတ်ဗောက်စ်ဝက်ဂွန် ကားတစ်စီး
ပေါ်သို့တင်ပြီး လမ်း ကြိုလမ်းကြားမှ မောင်းလာခဲ့ သည်။ သည်မှာတင် ဒုက္ခလှလှ
တွေ့ပါတော့သည်။
အခေါင်းထဲ ပါလာသူက ၁၉၆၁ ခုနှစ်မှာ ကုလသမဂ္ဂ တတိယမြောက်အတွင်းရေး
မှူး ချုပ်ဖြစ်ခဲ့သူဦးသန့်ဖြစ်ပ
သဘောမကျ သည့် မြန်မာစစ်ဗိုလ်ချုပ်များက တိုင်းပြည်ကို အုပ်စိုးနေချိန်ဖြစ် သည်။
ဗိုလ်ချုပ်နေဝင်းသည် ဒီမို ကရေစီနည်းအရ ရွေးကောက် ထားသော အစိုးရကိုဖြုတ်ချ
ကာ ၁၉၆၂ ခုနှစ်တွင် စစ်အာဏာ သိမ်းခဲ့သည်။ အတိုက်အခံတွေကို နှိပ်ကွပ်
ဖြုတ်ချပြီး မြန်မာ့နည်း၊ မြန်မာ့ဟန်ဆိုရှယ်လစ်လမ်းစဥ
ဗိုလ်ချုပ်နေဝင်းက မည်သည့်အခါ ကမျှ သဘောမကျပါ။ ကွယ်လွန် သွားသည့်တိုင်
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်းဦ
ဦးသန့်အသုဘအခမ်းအနား ကို နိုင်ငံတော်ဈာပနအဖြစ် ကျင်း ပရန် ဗိုလ်ချုပ်နေဝင်း
က သဘော တူခွင့်မပြုခဲ့ပေ။ သို့ရာတွင် ပြည်သူလူထုက ဦးသန့်ရုပ်အလောင်း
သယ်သွားရာလမ်းတွင် နောက် ဆုံးဂါရဝကို ပြခဲ့ကြပါသည်။ ဂုဏ်ပြုပန်းခြင်း
တွေက အသံ တိတ်ထောက်ခံကြို ဆိုမှုကိုပြသခဲ့သည်။ အသုဘချဖို့ခွင့်ပြုရာတွင်
စစ်အစိုးရက သာမန်အခမ်းအနားဖြင့် သင်္ဂြိုဟ်ခွင့်ပေးလိုက် သည်။ ဗုဒ္ဓဘာသာ
အရ သရဏဂုံတင်အပြီးတွင် အလောင်းကို မော်တော်ယာဉ်တန်းဖြင့်မြှုပ
နေရာသို့ပို့ဆောင်ခဲ့သည်။ သို့သော် ဦးသန့်သည် သည်ထက်ခမ်းနားသော
နေရာတွင် မြှုပ်နှံ သင့်သည်ဟုယူဆသူထောင်ချီ သော ကျောင်းသားများက ယင်း
ခေါင်းတလားကိုယူဆောင်သွား ပြီး ရန်ကုန်တက္ကသိုလ်ထဲတွင်ထားခဲ
အစိုးရကိုပုန်ကန်လိုသည့်စိတ
ကို နိုင်ငံတော်ဈာပနအဖြစ်ကျင်း
ကျောင်းသားများက မိန့် ခွန်းများပြောခဲ့ကြသည်။
မြန်မာနိုင်ငံရှိ ပြည်သူများ ၏ရင်ထဲတွင် စွဲစွဲနစ်နစ်ဖြစ်နေခဲ့ သော ယင်းဖြစ်ရပ်ကို
မျက်ဝါးထင် ထင်မြင်ခဲ့သူတစ်ဦးက မောင်သူရ ဖြစ်ပါသည်။ ၎င်းသည်နောင်နှစ်
အတောကြာ စစ်အစိုးရကို မကြောက်မရွံ့ဟာသထုတ်မှု ကြောင့် နာမည်ကြီး
အတိုက်အခံ တစ်ဦးဖြစ်လာသည်။ မောင်သူရ ၏ဖခင်မှာ လူသိများသည့်ကဗျာ စာဆိုပညာရှင်တစ်ဦးဖြစ်ပြီး
နှစ် အရွယ်တွင် ဂျပန်တော်လှန်ရေး တွင်ပါဝင်ခဲ့သူလည်းဖြစ်သည်။
သားသုံးဦးရှိပြီး ပါဠိ နာမည်တွေကိုပေးထားသည်။ အကြီးဆုံးသားက ရွှေဟု
အဓိ ပ္ပာယ်ရသည့် ဝဏ္ဍ၊ သားအလတ် က မီးဟုအဓိပ္ပာယ်ရသည့်တေဇ။
ဦးသန့်အရေးအခင်းမှာ အသက် (၁၃)နှစ်အရွယ် သူငယ်လေးက မောင်သူရ
ဖြစ်ပြီး ရဲရင့်သူဟု အဓိပ္ပာယ်ရသည်။
မောင်သူရတို့ နေအိမ်က ကျောင်းသားများ၊ ရဟန်းသံဃာ များစုဝေးဆန္ဒပြ
နေသည့်ဦးသန့် အရေးအခင်းဖြစ်နေသည့် ရန်ကုန်တက္ကသိုလ်ကနေ သုံးမိုင်
လောက် သာကွာဝေးပါသည်။ ကျောင်း သားများက ဆန္ဒပြသူများကို ကြည့်နေ
သည့် ကောင်ကလေးကို စားစရာများသွားယူခိုင်းပါသည
မောင်သူရက လည်း စားစရာတွေသွားစုဆောင်း သယ်လာသကဲ့သို့ အိမ်နီးနား
ချင်းအချို့ ကစားစရာတွေသယ် လာပြီး သူတို့အိမ်ရှေ့မှာစုပုံထား တာကို
သူအမှတ်ရနေသည်။
ကုန်တင်ကားဖြင့် ရန်ကုန်တက္ကသိုလ်သို့ တစ်ယောက်က မောင်းပို့သည်။သို့သော်
လည်း အားလုံးကို မောင်သူရချည်းပဲ လုပ်သည်ဟု ထင်မှတ်စရာရှိ သည်။ သူတို့ ရန်ကုန်တက္ကသိုလ်ရောက်သွားသေ
ဖြစ် သည်။ သူမှတ်မိနေသည်ကား ကျောင်းသားတွေက ဝိုင်းလာကြ ပြီး သူ့ကို သူရဲကောင်းကြီးမောင် သူရဟု ဝိုင်းအော်ကြတာပဲဖြစ် ၏။ ထိုအရာက နှစ်လေး
ဆယ် ကြာခဲ့ပြီဖြစ်သော်လည်း သူ၏ပထမဆုံးနိုင်ငံရေး နိုးကြွလာမှု ဖြစ်သည်ဟု
သူကပြန်ပြောင်း ပြောပြပါသည်။
ဦးသန့်အသုဘအခမ်းအနား အဆုံးသတ်သည် မြန်မာစစ်အစိုး ရအာဏာရှင်များ
လက်ထက်တွင်မကြာခဏတွေ့ရသော သွေးထွက်သံယိုချေမှုန်းမှုဖြစ
ဦးသန့်ခေါင်းတလားကို ကျောင်းသား များက လုယူအပြီးရက်အနည်း ငယ်မှာ အစိုးရကဦးသန့်၏ရုပ်အလောင်း
ရှိရန်သဘောတူခဲ့ပါသည်။ ဒုတိယ ကြိုးပမ်းမှုက မြှုပ်နှံရေးဖြစ်ပါ သည်။
ကျောင်းသားအများက နိုင်ငံတော်ဈာပနအဖြစ် ကျင်းပ ရန်တောင်းဆိုခဲ့ပြီး ရန်ကုန်
တက္ကသိုလ်ထဲသို့ ရုပ်အလောင်းကိုပြန်သယ်ထားကြ
နေဝင်းအတွက် သည်းခံနိုင်စွမ်းကို ကျော်လွန်သွားပြီဖြစ်သည်။ ရုပ်အလောင်းထား
ရှိပြီး နှစ်ရက်အကြာတွင် လက်နက်ကိုင်ရဲတပ်ဖွဲ့ ၁၅ ဖွဲ့နှင့် ထောင်ချီနေသော
စစ်သားများက ရန်ကုန်တက္ကသိုလ်ကိုဝင်စီးကာ
သည်။ ဒါဇင်နှင့်ချီအသတ်ခံရပြီး အချို့မှာ ထောင်ထဲဆွဲသွင်းခြင်းခံ ရသည်။ ဦးသန့်အလောင်းမြေကျ သည့်ညတွင် အဓိကရုဏ်းနှိမ်နှင်း မှုက မြို့အနှံ့ပျံ့
သွားခဲ့သည်။
ထိုအဖြစ်အပျက်များဖြစ်ခဲ့ ပြီး နှစ်လေးဆယ်အကြာမှာ တော့ အသက် (၅၃)နှစ်
အရွယ် အမျိုးသားတစ်ယောက်ဖြစ်နေ သော မောင်သူရနှင့်ကျွန်တော် မျက်နှာချင်း
ဆိုင်ထိုင်နေကြပါ သည်။ မြန်မာနိုင်ငံကား ယခင်နှင့် မတူခြားနားသောနိုင်ငံ
တစ်နိုင်ငံ ဖြစ်နေပါပြီ။ ဘားမားမဟုတ်ဘဲ မြန်မာဟူသောအမည်ဖြင့်ခေါ်နြေ
ပါပြီ။ ဗိုလ်ချုပ်နေဝင်းလည်း ကွယ်လွန်သွားပြီဖြစ် သည်။ သူ့ကိုဆက်ခံသည့်
စစ် အစိုးရကတိုင်းပြည်ကိုနောက် ထပ်အနှစ် ၂၀ အုပ်ချုပ်ခဲ့ပါ သည်။ သို့သော် ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းမှစပြီး ပြောစမှတ်တွင် စရာ နိုင်ငံရေးအပြောင်း
အလဲများဖြင့် ဒီမိုကရေစီစနစ်ဆီသို့ ဦးတည်သွားနေပါသည်။
၂၀၁၀ နိုဝင်ဘာလတွင် ဒေါ်အောင်ဆန်းစုကြည်နေအိမ် အကျယ်ချုပ်မှလွတ်လာ
သည့် အချိန်ကစ၍ မြန်မာနိုင်ငံသည် အံ့သြစရာ ကောင်းလောက် အောင်
ပြောင်းလဲမှုများ စတင် ခဲ့ပါသည်။ စစ်ဗိုလ်ချုပ်အတော် များများရှိနေသေးသော်
လည်း သူတို့က စစ်ဝတ်စုံများကိုပြောင်း ပြီး အရပ်ဝတ်လဲ၏။ အစိုးရစာပေ စိစစ်ရေးကိုဖယ်ရှားပြီး ရွေး ကောက်ပွဲကျင်းပပေးသည်။ ရွေး ကောက်ခံအစိုးရ
က အနောက် နိုင်ငံများနှင့် စတင်ညှိနှိုင်းဆွေး နွေးလာပြီး နိုင်ငံရေးအကျဉ်းသား များရာနှင့်ချီပြန်လွှတ်ပေးသ
လွှတ်တော် တွင် အမတ်တစ်နေရာရယူခွင့် ပြုထားပါသည်။
မောင်သူရကား ယခုအခါ ဇာဂနာဆိုသောနာမည်အသစ်ရှိ နေပါပြီ။ ဇာဂနာ
ဆိုသည်မှာ လူ ရွှင်တော်အဖြစ် ဇာတ်စင်ပေါ်ကပြရာတွင် သူ၏သွားဆေး
ကျောင်းသားဘဝကအသုံးပြုသည့် ကိရိယာဇာဂနာကိုအမည်စွဲမှည့်
ခြင်းဖြစ်သည်။ စစ်အစိုးရ လှောင်ပြောင်သည့်ပြက်လုံးမျ
မေးမြန်းဖို့ကြိုးစားနေ သည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပါ ပြီ။ သူ့ကိုစသတိထား
မိသည်မှာ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းတွင်အစိုးရ၏
ခဲ့သည့်အတွက် ၂၀၀၉ ခုနှစ်တွင် ထောင်ဒဏ် ၅၉ နှစ်ကျ ခံရသည့်အချိန်ကတည်း
ကဖြစ်ပါ သည်။
၂၀၁၁ ခုနှစ်တွင် လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် လွတ်လာခဲ့ပြီး နိုင်ငံခြားအစိုးရများ၊ လူ့
အခွင့် အရေးအဖွဲ့များနှင့် သတင်း ထောက်များက အဆက်မပြတ် တွေ့ဆုံရန်
ကြိုးစားနေမှုကြောင့် သူ့ကိုတွေ့ခွင့်ရဖို့မလွယ်ပ
သော်လည်း အဆင်မပြေခဲ့။
ယခုနောက်ဆုံးမှာတော့ ပုဆိုးအကွက်နှင့် ဖိနပ်အပါးစီး ထားသောမောင်သူရခေါ် ဇာဂနာ နှင့်ဆုံခွင့်ရပါပြီ။ ရန်ကုန်မြို့ရှိသူ၏ ရုပ်ရှင်ထုတ်လုပ်ရေးစတူဒီ ယိုရုံးခန်း
အမှောင်ထဲမှာ ကျွန် တော်တို့အတူထိုင်ခဲ့ကြသည်။ ထိုရုံးခန်းသည် ဆူးလေစေတီ
နှင့်လမ်းအနည်းငယ်သာလှမ်းပါ
ဘုရားအပြင်ဘက်တွင်ငှက်ရောင်
သူတို့က ငှက်ကိုလွှတ်ဖို့ရောင်းပါသည်
ဇာ ဂနာကိုဖမ်းလိုက်၊ လွှတ်လိုက်လုပ်ခဲ့ကြသည်။ သူတို့သည် ကိုယ်ကျိုးရဖို့အတွက်
သူ့ကိုပြန် လွှတ်လိုက်ခြင်းလည်းဖြစ်ကောင
(နိုင်ငံရေးအကျဉ်းသားဟောင်း
The FinancialTimes မှ အာရှရေးရာအယ်ဒီတာ David Pilling ၏ the
comedian Zarganar stands up to tyrannyin Myanmar ဆောင်းပါးကို
ထားထားမြင့် ဘာသာပြန်ဆို သည်။)
ဒုတိယပိုင်းဆက်လက်ဖော်ပြပါမ
Posted by 7 Day.
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။