ချင်းတောင်တန်းပေါ်က သာမောဖွယ်ရာ အသည်းနှလုံးပုံသဏ္ဌာန် ရိဒ်ရေကန်
========================== ====================
AB
ပြည်နယ်၊ ဖလမ်းမြို့နယ်၊ အိန္ဒိယ-မြန်မာနယ်စပ်၊ ရိဒ်ခေါဒါရ်မြို့နယ်ခွဲရှိ ချင်းတောင်တန်း ပေါ်တွင် ရိဒ်ရေကန်ကြီးသည် မြောက်လတ္တီတွဒ်၂၃ဒီဂရီ ၁ဝမိနစ်နှင့်၂၃ဒီဂရီ ၂၃မိနစ်ကြား၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၂၄မိနစ်နှင့် ၉၃ဒီဂရီ ၃၂မိနစ်ကြားတွင် တည်ရှိ ပြီး ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၂၉၆၆ပေမြင့် သော တောင်တန်းများအကြားတွင် ထူးဆန်းစွာ သဘာဝ အလျောက်ဖြစ်ပေါ်တည်ရှိကာ အသည်းနှလုံးပုံသဏ္ဌာန် သဖွယ် မြင်တွေ့ရသည်မှာ မြန်မာနိုင်ငံတွင်သာမက ကမ္ဘာ ပေါ်တွင်ရှိသမျှ ရေကန်များနှင့်မတူဘဲ တစ်မူထူးခြားစွာ ဆန်းကြယ်လှသည့် ရေကန်ကြီးဖြစ်သည်။
အဆိုပါ အသည်းနှလုံးပုံသဏ္ဌာန် ရိဒ်ရေကန်ကို အေဒီ ၁၅ဝဝခန့်တွင် ချင်းတောင်တန်းနှင့်အတူစတင် တွေ့ရှိခဲ့သည်ဟု ခန့်မှန်းရပြီး ရေကန်၏ အကျယ်အဝန်း မှာ ဧရိယာ ၈၃၂ ဧကရှိကာ ရေကန်ပတ်လည်အနားမှာ ၂ ဒသမ ၅မိုင်ရှည်လျား၍ ပျမ်းမျှအနက်ပေ ၅ဝ နှင့် အနက်ဆုံးနေရာတွင်ပေ ၆ဝ ကျော်ရှိလျက် ချင်းပြည်နယ် ၏ အမျိုးသားဂုဏ်ဆောင် သင်္ကေတတစ်ခုအဖြစ် တန်ဖိုး ထားသတ်မှတ်သောရေကန်ကြီးတစ်ခုဖြစ်သည်။
ရိဒ်ရေကန်၏ အံ့သြဖွယ် ထူးခြားမှုများမှာ စတင် တွေ့ရှိသည့်အချိန်မှ ယခုအချိန်အထိ ရေကန်၏ရေ အတိမ်အနက်နှင့် အကျယ်အဝန်းများပြောင်းလဲခြင်းမရှိ ဘဲ ပကတိအတိုင်း တည်ရှိတည်မြဲနေခြင်း၊ ခြောက်သွေ့ မြင့်မားသော တောင်တန်းများကြားတွင် ရေကန်ကြီးဖြစ် ပေါ်လာခြင်း၊ ချောင်းရေမြောင်းရေစီးမဝင်ဘဲ မိုးရာသီ တွင် ကန်ရေပြင်ကြည်လင်၍ ဆောင်းနှင်းထန်သည့်အချိန် တွင် ကန်ရေပြင်ရဲရဲနီပြီး ရေနောက်မှုမရှိဘဲလျက် နှစ်စဉ် နှစ်တိုင်း ဒီဇင်ဘာလကုန်ပိုင်းအအေးဆုံး ကာလတွင် ခုနစ်ရက်မှ တစ်ဆယ်ရက်ခန့်အထိ ရေကန်မှရေများ နောက် ကျိသည့်အချိန်ရှိခြင်း၊ ရိဒ်ရေကန်မှရေကို ခပ်ယူပြီး အခြားအရပ်ဒေသသို့ ယူဆောင်ပါက အဆိုပါရေသည် ရိဒ်ရေကန်နောက်ကျိနေချိန်တွ င် နောက်ကျိနေပြီး ရေ ကန်မှရေကြည်လင်နေချိန်တွင် ကြည်လင်နေခြင်းတို့ကြောင့် ထူးဆန်းသည့်ရေကန်ကြီး အဖြစ် ထင်ရှားလျက်ရှိသည်။
ထို့ အပြင် သဘာဝအလျောက် ပေါက်ရောက်သည့် ကြာဖြူကြာနီပန်းများ၊ ဗေဒါပန်းများ၊ မိုးမခပင်များနှင့် မိုးမခပင်ပေါ်မှ သဘာဝအလျောက်ပေါက်သည့် ရှားပါး သစ်ခွပန်းအလှမျိုးစုံများဖြ င့် အသည်းနှလုံးပုံ ရိဒ်ရေ ကန်ကြီးကို အလွန်သာယာလှပစေပြီး သာမောရှုဖွယ် ဖြစ်အောင် အလှတန် ဆာဆင်ထားသည့်အတွက် စိတ် ဝင်စားဖွယ် ထူးဆန်းလှပသည့် ရိဒ်ရေကန်ကြီးဆီသို့ အရောက်လှမ်းလာစေရန် အလွန်ဆွဲဆောင်မှုရှိလှသော ရေကန်ကြီးလည်းဖြစ်သည်။
ပြည်တွင်းပြည်ပခရီးသွားများ စိတ်ဝင်စားစရာ နေရာတစ်ခုဖြစ်သော ရိဒ်ရေကန်ကို လေ့လာရေးခရီးဖြင့် လည်းကောင်း၊ အပန်းဖြေနားနေရန်နှင့်ပျော် ပွဲစားထွက်ရန် သော်လည်းကောင်း၊တောင်ပေါ်မြေ ပြန့်နေရာအနှံ့ရှိ တိုင်း ရင်းသားပြည်သူများနှင့် အနယ်နယ်အရပ်ရပ်မှ ဧည့်သည် များလာရောက်လည်ပတ်သူများပြားကာ ပြည်နယ်၏ဝင် ငွေတိုးလာမည်ဖြစ်ကြောင်း၊ ရိဒ်ရေကန်သို့အဓိကလာရောက်လည်ပတ်သူများမှာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ဘက်မှ ရာသီမရွေးလာရောက်လည်ပတ်လေ့ရှိပြီး ရာသီဥတု သာယာသောကာလများတွင် တစ်ရက်လျှင် ကားအစီးရေ ၄ဝ မှ ၅ဝခန့်ရှိကြောင်း၊ ရေကန်အနီးတွင် ရိဒ်ကန်သာ စားသောက်ဆိုင်ရှိပြီး အပျင်းပြေကစားရန် ဂေါက်ကွင်း အငယ်စားလေးတွင် အပန်းဖြေဂေါက်ရိုက်၍ ကြည်လင် သောကန်ရေကိုချိုးကာ တောတောင်သဘာဝအလှကိုခံစား ရင်း ရိဒ်ရေကန်သို့ သွားရောက်လည်ပတ်အနားယူသင့် ပြီး မဟာသင်္ကြန်ပွဲတော်ကာလ၊ နှစ်သစ်ကူးနှင့် ခရစ္စမတ် ကာလများသည် အစည်းကားဆုံးဖြစ်ကြောင်းသိရ သည်။
ဒဏ္ဍာရီပုံပြင်ရှိ ရိဒ်ရေအိုင်အကြောင်းကို တစ်ဖက် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ပညာရေးဌာနက မူလတန်း အဆင့် သမိုင်းဘာသာရပ်၌ပြဋ္ဌာန်းသင်ြ ကားရာတွင် ''မီဇိုရမ်ပြည်နယ်တွင် အကြီးဆုံးသောရေအိုင်သည် ရိဒ် ရေအိုင်ဖြစ်သော်လည်းမြန်မာနိုင်ငံတွင်တည်ရှိသည်'' ဟုရေးသားဖော်ပြထားကြောင်း သိရှိရပါသည်။
ဤသို့ဖြင့် ချင်းပြည်နယ်၏ ကမ္ဘာလှည့်ခရီးသွားများ ကို ဆွဲဆောင်ရာ အသည်းနှလုံးပုံသဏ္ဌာန် ရိဒ်ရေကန် ကြီးသည် ထူးခြားဆန်းကြယ်လှပပြီး အလွန်ရှားပါးသော ရေကန်ကြီး တစ်ခုဖြစ်သည်နှင့်အညီ ရေကန်အတွင်းရှိ သားငါးများ မျိုးမပြုန်းတီးစေရေးအတွက် ကာကွယ် ခြင်း၊ ရေကန် ဘေးပတ်လည် စိမ်းလန်းစိုပြည်သာယာလှပ ရေးတို့ကို အလေးထားဆောင်ရွက်ခြင်း၊ သဘာဝအလှ ပန်းပင်များနှင့် သစ်ပင်များ ထိန်းသိမ်းစောင့်ရှောက်ခြင်း တို့ကို အမိနိုင်ငံတော်နှင့် အသည်းနှလုံးပုံ ရိဒ်ရေကန်ကြီး ချစ်မြတ်နိုးသူ ပြည်သူများက ဝိုင်းဝန်းထိန်းသိမ်းကြရန် လိုအပ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
#Democracytoday
(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)
==========================
AB
ပြည်နယ်၊ ဖလမ်းမြို့နယ်၊ အိန္ဒိယ-မြန်မာနယ်စပ်၊ ရိဒ်ခေါဒါရ်မြို့နယ်ခွဲရှိ ချင်းတောင်တန်း ပေါ်တွင် ရိဒ်ရေကန်ကြီးသည် မြောက်လတ္တီတွဒ်၂၃ဒီဂရီ ၁ဝမိနစ်နှင့်၂၃ဒီဂရီ ၂၃မိနစ်ကြား၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၂၄မိနစ်နှင့် ၉၃ဒီဂရီ ၃၂မိနစ်ကြားတွင် တည်ရှိ ပြီး ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၂၉၆၆ပေမြင့် သော တောင်တန်းများအကြားတွင် ထူးဆန်းစွာ သဘာဝ အလျောက်ဖြစ်ပေါ်တည်ရှိကာ အသည်းနှလုံးပုံသဏ္ဌာန် သဖွယ် မြင်တွေ့ရသည်မှာ မြန်မာနိုင်ငံတွင်သာမက ကမ္ဘာ ပေါ်တွင်ရှိသမျှ ရေကန်များနှင့်မတူဘဲ တစ်မူထူးခြားစွာ ဆန်းကြယ်လှသည့် ရေကန်ကြီးဖြစ်သည်။
အဆိုပါ အသည်းနှလုံးပုံသဏ္ဌာန် ရိဒ်ရေကန်ကို အေဒီ ၁၅ဝဝခန့်တွင် ချင်းတောင်တန်းနှင့်အတူစတင်
ရိဒ်ရေကန်၏ အံ့သြဖွယ် ထူးခြားမှုများမှာ စတင် တွေ့ရှိသည့်အချိန်မှ ယခုအချိန်အထိ ရေကန်၏ရေ အတိမ်အနက်နှင့် အကျယ်အဝန်းများပြောင်းလဲခြင
ထို့ အပြင် သဘာဝအလျောက် ပေါက်ရောက်သည့် ကြာဖြူကြာနီပန်းများ၊ ဗေဒါပန်းများ၊ မိုးမခပင်များနှင့် မိုးမခပင်ပေါ်မှ သဘာဝအလျောက်ပေါက်သည့် ရှားပါး သစ်ခွပန်းအလှမျိုးစုံများဖြ
ပြည်တွင်းပြည်ပခရီးသွားများ
ဒဏ္ဍာရီပုံပြင်ရှိ ရိဒ်ရေအိုင်အကြောင်းကို တစ်ဖက် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ပညာရေးဌာနက မူလတန်း အဆင့် သမိုင်းဘာသာရပ်၌ပြဋ္ဌာန်းသင်ြ
ဤသို့ဖြင့် ချင်းပြည်နယ်၏ ကမ္ဘာလှည့်ခရီးသွားများ ကို ဆွဲဆောင်ရာ အသည်းနှလုံးပုံသဏ္ဌာန် ရိဒ်ရေကန် ကြီးသည် ထူးခြားဆန်းကြယ်လှပပြီး အလွန်ရှားပါးသော ရေကန်ကြီး တစ်ခုဖြစ်သည်နှင့်အညီ ရေကန်အတွင်းရှိ သားငါးများ မျိုးမပြုန်းတီးစေရေးအတွက် ကာကွယ် ခြင်း၊ ရေကန် ဘေးပတ်လည် စိမ်းလန်းစိုပြည်သာယာလှပ ရေးတို့ကို အလေးထားဆောင်ရွက်ခြင်း၊ သဘာဝအလှ ပန်းပင်များနှင့် သစ်ပင်များ ထိန်းသိမ်းစောင့်ရှောက်ခြင်
#Democracytoday
(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။