ကျွန်တော်အမြဲယုံကြည် တာက မနက်ဖြန်ထောင်ကထွက် ရလိမ့်မယ်ဆိုတာပဲ။
ထောင်မှာ ၀င်ပေါက်ရှိတယ်ဆိုရင် ထွက် ပေါက်လည်းရှိရမယ်လေ။
========================== =========================
အင်းစိန်ထောင်စစ်ခွေးတိုက်က လူရွှင်တော်
-------------------------- -----------------------
ဇာဂနာက ခပ်ညိုညိုအသားနှင့် လိုက်ဖက်လှသည့် ခရမ်းရောင်တောက်တောက် ရှပ်
အင်္ကျီကို ၀တ်ဆင်ထားပါသည်။ သူ၏ ထိပ်ပြောင်ပြောင်နှင့် ရွှတ်ရွှတ်နောက်နောက်
မျက်လုံးများက မျက်မှန်အမည်းနောက်မှာ အရောင်တောက်ပနေပါသည်။ သူ့နှုတ်ခမ်း
ညာဘက်မှာတော့ အမွေးပေါက်နေသော ကြီးမားသည့် မှဲ့ကြီးတစ်လုံးရှိ၏။ သည်မှဲ့
က မြန်မာ့ရိုးရာယုံကြည်မှုအရဟာ သ၊ သရော်ဉာဏ်တို့နှင့် ဆက်စပ်နေသည်။ သူ၏
မိခင်ရော အဒေါ်မှာပါ ထိုမှဲ့မျိုးများရှိပြီး နှစ်ယောက်စလုံးက ဟာသဉာဏ်ရှိသည်ဟု
ဆိုသည်။ အရပ်မရှည်သော်လည်း ဇာဂနာက အား ကောင်းမောင်းသန်ပုံမျိုးရှိ ၏။
ရုပ် ကသာ မာသော်လည်း နှစ်လိုခင် မင်ဖွယ်ရာကောင်း၏။ သူ့ဆီမှာ နှစ်သက်
ဖွယ်ရာအကောင်းဆုံးက တော့ အခန်းတစ်ခုလုံးဟိန်းနေ သော သြဇာအပြည့်
ပါသည့် အသံပဲဖြစ်၏။ သူစကားပြောတာကို နားထောင်ရသည်မှာ အမေရိကန်
အဆိုတော် ပေါလ်ရောဘီဆင်သီ ချင်းဆိုသည်ကိုနားထောင်နေရသ ည့်အတိုင်းပင်။
ဦးသန့်အရေးအခင်းမှာတုန်း က ဇာဂနာက နိုင်ငံရေးဆိုသည်ကို သိပ်နားမလည်သေး။
သူ့အမေ ကတော့ အာဏာရှင်တွေက မ ကောင်းဘူး။ ဒီမိုကရေစီစနစ်သာ အမေ
တို့ နိုင်ငံအတွက်အကောင်း ဆုံးဟု သူကိုပြောခဲ့ဖူး၏။ သို့သော်(၁၃)နှစ်သား
လူငယ်လေးအဖို့ သည်အကြောင်းကို အနည်းအ ကျဉ်းသာနားလည်နိုင်သည်။
သူ က ဦးသန့်အရေးအခင်းမှာ ကျောင်းသားများ မိန့်ခွန်းပြောတာ။ ဘုန်းကြီးတွေ တရားစာဆိုတာ။ ဦးသန့်ခေါင်းကို လုကြတာတွေကို သဘောကျသည်။ အသက်ငယ်ငယ်အရွယ်ကတည်းက လူတွေအရှေ့မှာ သူစိတ်ဝင်စားတာ
ထွက်ပြောဖို့ သူက အားပေးခံရသည်။ သူက အတန်းရှေ့ထွက်ပြီး ပုံပြင်တွေပြော၊ ကဗျာတွေရွတ်ပြရ၏။
‘‘ကျွန်တော်က လုံးဝမရှက် တတ်ဘူး။ လူတွေရှေ့ထွက်ပြောရတာလည်း မကြောက်
ဘူး’’ဟု သူ၏ သြဇာပါသောအသံကြီးဖြင့်ပြောသ ည်။ သူ၏ အင်္ဂလိပ်စကားက သိပ်အကောင်းကြီးတော့ မဟုတ်။ သို့သော်လည်း ဘာသာစကားကို သဘာဝ
နောက်ခံစကားပြောကြားသူလို ပုံမျိုးဖြင့် ပြောနိုင်သည်။ သဒ္ဒါအထားအသိုကို စိတ်ပူဂရုမထားဘဲ ပြောလိုသည့်စကား ကိုရအောင် ပြောသည်။
သူက အထက်တန်းစာမေး ပွဲကို အမှတ်ကောင်းကောင်းဖြင့် အောင်ပြီး ရန်ကုန်
သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်သို့ တက်ခွင့်ရသည်။ သူတို့ မိသားစုထဲမှာ
ဆရာဝန်မရှိတော့ မိခင်က အရမ်းဝမ်းသာသည်။ သို့သော်လည်း သွား ဆေးကျောင်း
သားလေး မောင်သူ ရက လူတွေ၏ သွားကိုကုသပေး ရန် စိတ်မ၀င်စား၊ သူ
စိတ်ဝင်စား တာက ဟာသပညာဖြစ်သည်။ တခြားကျောင်းသားများစင်ပေါ်မှာ
ဖျော်ဖြေနေတာကို ကြည့်ပြီး သူက အားကျမနာလိုလာသည်။ သိပ်မ ကြာပါ
သူလည်း စတင်ကပြလာ တော့သည်။
‘‘ကျွန်တော်က သွားဆေး ပညာကိုနေ့မှာ လေ့လာတယ်။ ညမှာတော့ ဟာသပညာ
ကို လေ့လာ တယ်’’ဟု ဘွဲ့ရသည့် နံနက်မှာပင် သူက သူ့မိခင်ကို ပြောလိုက်သည်။
‘‘အမေက ကျွန်တော့်ကို ဒီဘွဲ့ ယူစေချင်တာမို့လား။ ဒါကြောင့် ကျွန်တော်ယူပေး
ခဲ့ပြီနော်။ ဒါပေမဲ့ အခုအချိန်ကစပြီး ကျွန်တော်ဆေးပညာကို စွန့်ပစ်လိုက်ပြီ’’ မိခင်က
သူ့ကို သွားဆရာဝန်လုပ်ပါလားဟု ပြောသည့်အခါ သူကအောက်ပါအတိုင်း ပြန်ပြော
ခဲ့၏။
‘‘သွားဆရာဝန်က ပါးစပ်တစ်ပေါက်တည်းကိုပဲ ပွင့်နိုင်တာပါ အမေ။ လူရွှင်တော်က
တစ်ချိန် တည်းနဲ့ ပါးစပ်တွေထောင်ချီပြီး ပွင့်အောင်လုပ်နိုင်ပါတယ်’’ ဟာသလူရွှင်
တော်ပညာဆိုသည်မှာ မြန်မာပြည်မှာ ဂုဏ်ယူဖွယ်ကောင်းသော အလုပ်တစ်ခု
ဖြစ်ပါသည်။ မြန်မာပြည်၏ နောက်ဆုံးဘုရင် သီပေါမင်းလက်ထက်တွင် လိုင်စင်ရ
အရူးများကဲ့သို့ ခွင့်ပြုပေးခဲ့ သည်။
‘‘အဲဒီအချိန်တုန်းက လူရွှင် တော်တွေက ဘုရင်နဲ့ မိဖုရားကို ဟာသလုပ်ရင် အပြစ်
ပေးမခံရ ဘူး။ ဒါက လူရွှင်တော်တွေရဲ့ အ ခွင့်အရေးပဲ။ ဒါပေမဲ့ ၁၉၆၂ ခုနှစ် မှာ ဦးနေ၀င်းအာဏာသိမ်းတော့ အဲဒီအခွင့်အရေးဆုံးတာပဲ’’ဇာ ဂနာလူရွှင်တော်အဖြစ် တွင်တွင်ကျယ်ကျယ်လုပ်လာခဲ့ သည်။ သူက ဂျပန်လူရွှင်တော်များနှင့် အင်္ဂလိပ်
လူမျိုး လူရွှင်တော် ဘန်နီဟေးလ်တို့ကို လေ့လာအတုယူသည်။ သူ အဓိက ပြော
တာက မင်းသမီးနှင့် လူရွှင်တော်များ အတူဖျော်ဖြေရသည့် အငြိမ့်ဖြစ်၏။ သူက မြန်မာစစ်ဗိုလ်ချုပ်များကို လှောင်ပြောင်သရော်သော ပြက်လုံးများဖြင့် ပရိသတ်တွေတိုးပွားလာခဲ့သည်။
‘‘ကျွန်တော်က အာဏာရှင် စနစ်ကို မုန်းတယ်။ ဒါကြောင့် သ ရော်ပြီးသူ့တို့ကို
ယ်စရာပြက် လုံးဖြစ်အောင် လုပ်ရတာကို သ ဘောကျတယ်။’’ မကြာခင်မှာ သူ က ရုပ်ရှင်တွေထဲမှာလည်း ပါဝင် ရိုက်ကူးလာခဲ့ပြီး အသက် (၂၀) ကျော် စွန်းစွန်း
အရွယ်မှာပင် နိုင်ငံ ကျော်တစ်ဦး ဖြစ်လာပါသည်။
သူဘွဲ့ရပြီးသုံးနှစ်အကြာမှာ တစ်တိုင်းပြည်လုံးရှိ ပြည်သူများက ဦးနေ၀င်းအစိုးရ
ကိုဆန့်ကျင်ဆန္ဒပြခဲ့ကြသည့် ၈၈ အရေးအခင်းကြီးပေါ်ပေါက်လာခဲ့ သည်။ ဇာဂနာ
က နာမည်ကျော်သတင်းစာဆရာ ဦးဝင်းတင်နှင့်အတူ သရုပ်ဆောင် မင်းသား၊
မင်းသမီးတွေကို စည်းရုံးသိမ်းသွင်းကာ ပါဝင်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က လည်း ဦးဝင်းတင်တို့အတူ ရွှေ တိဂုံစေတီခြေရင်းမှာ
လူထုကို စတင်တရားဟောခဲ့သည်။ စက် တင်ဘာလကုန်မှာတော့ စစ်တပ် အာဏာ
သိမ်းခဲ့ပြီး လူပေါင်း ၃၀၀၀ကျော် အသတ်ခံရသည်ဟု ခန့် မှန်းရသည်။ ရာနှင့်ချီပြီး
လည်း အဖမ်းခံရသည်။ဇာဂနာကတော့ အောက်တိုဘာလ ၂ ရက်နေ့မှာ
ပျောက်ခြင်းမလှ ပျောက်သွား သည်။
ဇာဂနာကားစစ်ကြောရေး စခန်းတွင် သုံးပတ်နေခဲ့ရသည်။ သူ့ကို ရိုက်ကြ၊
ကန်ကျောက်ကြသ လို လျှပ်စစ်ကျဉ်စက်နှင့်လည်း တို့ကြသည်။ နောက်ထပ်နှိပ်စက် နည်းတစ်မျိုးကား မော်တော်ဆိုင် ကယ်ဆိုသည့်နည်း ဖြစ်သည်။ အ ကျဉ်းသားကို ကြိုးဖြင့်ဆွဲပြီး မော် တော်ဆိုင်ကယ်လို မောင်းခိုင်း သည်။ တစ်ခါတော့ သူ့ကိုယ်ကို
မြေမှာမြှုပ်ထားပြီး ခေါင်းဖော်ခိုင်း ကာ စစ်ထောက်လှမ်းရေးက ဂျစ် ကားဖြင့် ဖြတ်
မောင်းသည်။‘‘အဲဒီအချိန်က ကျွန်တော် စိတ်ထဲ သေချင်လည်း သေပါစေ တော့လို့ စိတ်ပိုင်းဖြတ်ထားလိုက် တယ်။’’ ထိုစခန်းမှာ ၂၁ ရက်ကြာ ပြီးသည့်အခါ သူ့ကို နာမည်ဆိုး ဖြင့် ကျော်ကြားသော အင်းစိန် ထောင်က စစ်ခွေးများထားသည့် စစ်ခွေး
တိုက်သို့ ပို့လိုက်သည်။ သူ့ အတွက် အစာကိုမြေကြီးပေါ်မှာ ပုံကျွေးသည်။
ဆပ်ပြာလည်း မရှိ။ လဲစရာအ၀တ်လည်း မရှိသလို။ အိမ်သာသုံး စက္ကူပင်မရှိချေ။
ထောင်ကျသည့်အထဲမှာ ထို ခြောက်လတာအချိန်ကား အဆိုး ဆုံးပင်။ ၁၉၉၀ ပြည့်
နှစ်မှာ ငါးနှစ်၊၂၀၀၈ ခုနှစ်မှာကျတုန်းက သုံးနှစ် အပါအ၀င် နောက်ပိုင်းမှာသူက
ထောင်သုံးခါထပ်ကျခဲ့သည်။ သူ တတိယအကြိမ်ထောင်ကျသော အခါ သူ့ဇနီးက ကလေးနှစ်ဦးကို ခေါ်ပြီး အမေရိကသို့ ထွက်သွား ၏။ ထိုအချိန်ကစပြီး ထောင်ကျ
တာကို သူကမမှုတော့။
‘‘ကျွန်တော်အမြဲယုံကြည် တာက မနက်ဖြန်ထောင်ကထွက် ရလိမ့်မယ်ဆိုတာပဲ။
ထောင်မှာ ၀င်ပေါက်ရှိတယ်ဆိုရင် ထွက် ပေါက်လည်းရှိရမယ်လေ။’’
(နိုင်ငံရေး အကျဉ်းသား ဟောင်း လူရွှင်တော် ဇာဂနာနှင့် တွေ့ဆုံရေးသားထားသည့်
The Financial Times မှ အာရှရေးရာ အယ်ဒီတာ David Pilling ၏ The
Comedian Zarganar Stands up to Tyranny in Myanmar ဆောင်းပါးကို ထားထားမြင့်ဘာ သာပြန်ဆိုသည်။)
တတိယပိုင်းကို ဆက်လက်ဖော်ပြပါမည်။
Posted by 7 Day.
ထောင်မှာ ၀င်ပေါက်ရှိတယ်ဆိုရင် ထွက် ပေါက်လည်းရှိရမယ်လေ။
==========================
အင်းစိန်ထောင်စစ်ခွေးတိုက်က
--------------------------
ဇာဂနာက ခပ်ညိုညိုအသားနှင့် လိုက်ဖက်လှသည့် ခရမ်းရောင်တောက်တောက် ရှပ်
အင်္ကျီကို ၀တ်ဆင်ထားပါသည်။ သူ၏ ထိပ်ပြောင်ပြောင်နှင့် ရွှတ်ရွှတ်နောက်နောက်
မျက်လုံးများက မျက်မှန်အမည်းနောက်မှာ အရောင်တောက်ပနေပါသည်။ သူ့နှုတ်ခမ်း
ညာဘက်မှာတော့ အမွေးပေါက်နေသော ကြီးမားသည့် မှဲ့ကြီးတစ်လုံးရှိ၏။ သည်မှဲ့
က မြန်မာ့ရိုးရာယုံကြည်မှုအရဟာ
မိခင်ရော အဒေါ်မှာပါ ထိုမှဲ့မျိုးများရှိပြီး နှစ်ယောက်စလုံးက ဟာသဉာဏ်ရှိသည်ဟု
ဆိုသည်။ အရပ်မရှည်သော်လည်း ဇာဂနာက အား ကောင်းမောင်းသန်ပုံမျိုးရှိ
ရုပ် ကသာ မာသော်လည်း နှစ်လိုခင် မင်ဖွယ်ရာကောင်း၏။ သူ့ဆီမှာ နှစ်သက်
ဖွယ်ရာအကောင်းဆုံးက တော့ အခန်းတစ်ခုလုံးဟိန်းနေ သော သြဇာအပြည့်
ပါသည့် အသံပဲဖြစ်၏။ သူစကားပြောတာကို နားထောင်ရသည်မှာ အမေရိကန်
အဆိုတော် ပေါလ်ရောဘီဆင်သီ ချင်းဆိုသည်ကိုနားထောင်နေရသ
ဦးသန့်အရေးအခင်းမှာတုန်း က ဇာဂနာက နိုင်ငံရေးဆိုသည်ကို သိပ်နားမလည်သေး။
သူ့အမေ ကတော့ အာဏာရှင်တွေက မ ကောင်းဘူး။ ဒီမိုကရေစီစနစ်သာ အမေ
တို့ နိုင်ငံအတွက်အကောင်း ဆုံးဟု သူကိုပြောခဲ့ဖူး၏။ သို့သော်(၁၃)နှစ်သား
လူငယ်လေးအဖို့ သည်အကြောင်းကို အနည်းအ ကျဉ်းသာနားလည်နိုင်သည်။
သူ က ဦးသန့်အရေးအခင်းမှာ ကျောင်းသားများ မိန့်ခွန်းပြောတာ။ ဘုန်းကြီးတွေ တရားစာဆိုတာ။ ဦးသန့်ခေါင်းကို လုကြတာတွေကို သဘောကျသည်။ အသက်ငယ်ငယ်အရွယ်ကတည်းက လူတွေအရှေ့မှာ သူစိတ်ဝင်စားတာ
ထွက်ပြောဖို့ သူက အားပေးခံရသည်။ သူက အတန်းရှေ့ထွက်ပြီး ပုံပြင်တွေပြော၊ ကဗျာတွေရွတ်ပြရ၏။
‘‘ကျွန်တော်က လုံးဝမရှက် တတ်ဘူး။ လူတွေရှေ့ထွက်ပြောရတာလည်း မကြောက်
ဘူး’’ဟု သူ၏ သြဇာပါသောအသံကြီးဖြင့်ပြောသ
နောက်ခံစကားပြောကြားသူလို ပုံမျိုးဖြင့် ပြောနိုင်သည်။ သဒ္ဒါအထားအသိုကို စိတ်ပူဂရုမထားဘဲ ပြောလိုသည့်စကား ကိုရအောင် ပြောသည်။
သူက အထက်တန်းစာမေး ပွဲကို အမှတ်ကောင်းကောင်းဖြင့် အောင်ပြီး ရန်ကုန်
သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်သို့ တက်ခွင့်ရသည်။ သူတို့ မိသားစုထဲမှာ
ဆရာဝန်မရှိတော့ မိခင်က အရမ်းဝမ်းသာသည်။ သို့သော်လည်း သွား ဆေးကျောင်း
သားလေး မောင်သူ ရက လူတွေ၏ သွားကိုကုသပေး ရန် စိတ်မ၀င်စား၊ သူ
စိတ်ဝင်စား တာက ဟာသပညာဖြစ်သည်။ တခြားကျောင်းသားများစင်ပေါ်မ
ဖျော်ဖြေနေတာကို ကြည့်ပြီး သူက အားကျမနာလိုလာသည်။ သိပ်မ ကြာပါ
သူလည်း စတင်ကပြလာ တော့သည်။
‘‘ကျွန်တော်က သွားဆေး ပညာကိုနေ့မှာ လေ့လာတယ်။ ညမှာတော့ ဟာသပညာ
ကို လေ့လာ တယ်’’ဟု ဘွဲ့ရသည့် နံနက်မှာပင် သူက သူ့မိခင်ကို ပြောလိုက်သည်။
‘‘အမေက ကျွန်တော့်ကို ဒီဘွဲ့ ယူစေချင်တာမို့လား။ ဒါကြောင့် ကျွန်တော်ယူပေး
ခဲ့ပြီနော်။ ဒါပေမဲ့ အခုအချိန်ကစပြီး ကျွန်တော်ဆေးပညာကို စွန့်ပစ်လိုက်ပြီ’’ မိခင်က
သူ့ကို သွားဆရာဝန်လုပ်ပါလားဟု ပြောသည့်အခါ သူကအောက်ပါအတိုင်း ပြန်ပြော
ခဲ့၏။
‘‘သွားဆရာဝန်က ပါးစပ်တစ်ပေါက်တည်းကိုပဲ ပွင့်နိုင်တာပါ အမေ။ လူရွှင်တော်က
တစ်ချိန် တည်းနဲ့ ပါးစပ်တွေထောင်ချီပြီး ပွင့်အောင်လုပ်နိုင်ပါတယ်’’
တော်ပညာဆိုသည်မှာ မြန်မာပြည်မှာ ဂုဏ်ယူဖွယ်ကောင်းသော အလုပ်တစ်ခု
ဖြစ်ပါသည်။ မြန်မာပြည်၏ နောက်ဆုံးဘုရင် သီပေါမင်းလက်ထက်တွင် လိုင်စင်ရ
အရူးများကဲ့သို့ ခွင့်ပြုပေးခဲ့ သည်။
‘‘အဲဒီအချိန်တုန်းက လူရွှင် တော်တွေက ဘုရင်နဲ့ မိဖုရားကို ဟာသလုပ်ရင် အပြစ်
ပေးမခံရ ဘူး။ ဒါက လူရွှင်တော်တွေရဲ့ အ ခွင့်အရေးပဲ။ ဒါပေမဲ့ ၁၉၆၂ ခုနှစ် မှာ ဦးနေ၀င်းအာဏာသိမ်းတော့ အဲဒီအခွင့်အရေးဆုံးတာပဲ’’ဇာ
လူမျိုး လူရွှင်တော် ဘန်နီဟေးလ်တို့ကို လေ့လာအတုယူသည်။ သူ အဓိက ပြော
တာက မင်းသမီးနှင့် လူရွှင်တော်များ အတူဖျော်ဖြေရသည့် အငြိမ့်ဖြစ်၏။ သူက မြန်မာစစ်ဗိုလ်ချုပ်များကို
‘‘ကျွန်တော်က အာဏာရှင် စနစ်ကို မုန်းတယ်။ ဒါကြောင့် သ ရော်ပြီးသူ့တို့ကို
ယ်စရာပြက် လုံးဖြစ်အောင် လုပ်ရတာကို သ ဘောကျတယ်။’’ မကြာခင်မှာ သူ က ရုပ်ရှင်တွေထဲမှာလည်း ပါဝင် ရိုက်ကူးလာခဲ့ပြီး အသက် (၂၀) ကျော် စွန်းစွန်း
အရွယ်မှာပင် နိုင်ငံ ကျော်တစ်ဦး ဖြစ်လာပါသည်။
သူဘွဲ့ရပြီးသုံးနှစ်အကြာမှာ
ကိုဆန့်ကျင်ဆန္ဒပြခဲ့ကြသည့် ၈၈ အရေးအခင်းကြီးပေါ်ပေါက်လာခဲ့
က နာမည်ကျော်သတင်းစာဆရာ ဦးဝင်းတင်နှင့်အတူ သရုပ်ဆောင် မင်းသား၊
မင်းသမီးတွေကို စည်းရုံးသိမ်းသွင်းကာ ပါဝင်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က လည်း ဦးဝင်းတင်တို့အတူ ရွှေ တိဂုံစေတီခြေရင်းမှာ
လူထုကို စတင်တရားဟောခဲ့သည်။ စက် တင်ဘာလကုန်မှာတော့ စစ်တပ် အာဏာ
သိမ်းခဲ့ပြီး လူပေါင်း ၃၀၀၀ကျော် အသတ်ခံရသည်ဟု ခန့် မှန်းရသည်။ ရာနှင့်ချီပြီး
လည်း အဖမ်းခံရသည်။ဇာဂနာကတော့ အောက်တိုဘာလ ၂ ရက်နေ့မှာ
ပျောက်ခြင်းမလှ ပျောက်သွား သည်။
ဇာဂနာကားစစ်ကြောရေး စခန်းတွင် သုံးပတ်နေခဲ့ရသည်။ သူ့ကို ရိုက်ကြ၊
ကန်ကျောက်ကြသ လို လျှပ်စစ်ကျဉ်စက်နှင့်လည်း တို့ကြသည်။ နောက်ထပ်နှိပ်စက် နည်းတစ်မျိုးကား မော်တော်ဆိုင် ကယ်ဆိုသည့်နည်း ဖြစ်သည်။ အ ကျဉ်းသားကို ကြိုးဖြင့်ဆွဲပြီး မော် တော်ဆိုင်ကယ်လို မောင်းခိုင်း သည်။ တစ်ခါတော့ သူ့ကိုယ်ကို
မြေမှာမြှုပ်ထားပြီး ခေါင်းဖော်ခိုင်း ကာ စစ်ထောက်လှမ်းရေးက ဂျစ် ကားဖြင့် ဖြတ်
မောင်းသည်။‘‘အဲဒီအချိန်က ကျွန်တော် စိတ်ထဲ သေချင်လည်း သေပါစေ တော့လို့ စိတ်ပိုင်းဖြတ်ထားလိုက် တယ်။’’ ထိုစခန်းမှာ ၂၁ ရက်ကြာ ပြီးသည့်အခါ သူ့ကို နာမည်ဆိုး ဖြင့် ကျော်ကြားသော အင်းစိန် ထောင်က စစ်ခွေးများထားသည့် စစ်ခွေး
တိုက်သို့ ပို့လိုက်သည်။ သူ့ အတွက် အစာကိုမြေကြီးပေါ်မှာ ပုံကျွေးသည်။
ဆပ်ပြာလည်း မရှိ။ လဲစရာအ၀တ်လည်း မရှိသလို။ အိမ်သာသုံး စက္ကူပင်မရှိချေ။
ထောင်ကျသည့်အထဲမှာ ထို ခြောက်လတာအချိန်ကား အဆိုး ဆုံးပင်။ ၁၉၉၀ ပြည့်
နှစ်မှာ ငါးနှစ်၊၂၀၀၈ ခုနှစ်မှာကျတုန်းက သုံးနှစ် အပါအ၀င် နောက်ပိုင်းမှာသူက
ထောင်သုံးခါထပ်ကျခဲ့သည်။ သူ တတိယအကြိမ်ထောင်ကျသော အခါ သူ့ဇနီးက ကလေးနှစ်ဦးကို ခေါ်ပြီး အမေရိကသို့ ထွက်သွား ၏။ ထိုအချိန်ကစပြီး ထောင်ကျ
တာကို သူကမမှုတော့။
‘‘ကျွန်တော်အမြဲယုံကြည် တာက မနက်ဖြန်ထောင်ကထွက် ရလိမ့်မယ်ဆိုတာပဲ။
ထောင်မှာ ၀င်ပေါက်ရှိတယ်ဆိုရင် ထွက် ပေါက်လည်းရှိရမယ်လေ။’’
(နိုင်ငံရေး အကျဉ်းသား ဟောင်း လူရွှင်တော် ဇာဂနာနှင့် တွေ့ဆုံရေးသားထားသည့်
The Financial Times မှ အာရှရေးရာ အယ်ဒီတာ David Pilling ၏ The
Comedian Zarganar Stands up to Tyranny in Myanmar ဆောင်းပါးကို ထားထားမြင့်ဘာ သာပြန်ဆိုသည်။)
တတိယပိုင်းကို ဆက်လက်ဖော်ပြပါမည်။
Posted by 7 Day.
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။