အိန္ဒြာကျော်ဇင်က ‘မာန်’ ဆိုတဲ့ ဇာတ်ကားကို ဟိန်းဝေယံနဲ့ ရိုက်ကူးနေပြီး နာမည်ကြီး ဒီဇိုင်နာ တစ်ယောက်အဖြစ် သရုပ်ဆောင်ရတာ ဖြစ်ပါတယ်။ နောက်ပိုင်း ဆင်ဆာ ခွင့်ပြုမှုတွေကြောင့် ဇာတ်လမ်းတွေကလည်း အရင်ကထက် ပိုကောင်းလာတယ်လို့ အိန္ဒြာကျော်ဇင်က ဆိုလာပါတယ်။
”ဇာတ်လမ်းတွေက ဆင်ဆာလည်းခွင့် ပြုလာပြီဆိုတော့ အရင်ထက် ဇာတ်လမ်းတင် ဆက်မှု မတူတော့ဘူး၊ ဇာတ်တွေကွဲလာတယ်၊ ပိုကောင်းလာတယ် ကိုယ့်ကို လာပေးတဲ့ ဇာတ်ကိုက ကောင်းပြီးသားဆိုတော့ သိပ် ရွေးစရာမလိုဘူး” လို့အိန္ဒြာကျော်ဇင်က ပြောပြပါတယ်။
အိန္ဒြာကျော်ဇင်နဲ့ အောင်ရဲလင်းတို့ ပါဝင်တဲ့ ‘မြူခိုးလွင်ပြင်’ ဆိုတဲ့ ဇာတ်ကားကို ပရိသတ်တွေက အားပေးကြသလို ဒီဇာတ်ကား ရိုက်ကူးခဲ့စဉ်က ပြင်ဦးလွင်မှာ သွား ရောက် ရိုက်ကူးခဲ့တာဖြစ်ပြီး သမီးဖြစ်သူ ပြေသုဒြာကိုလည်း ရိုက်ကွင်းကို ခေါ်သွားတာက အမှတ်တရပါပဲလို့ ပြောပြပါတယ်။ အိန္ဒြာကျော်ဇင်က သမီးမွေးပြီးနောက်ပိုင်း မှာ ခန္ဓာကိုယ်ထိန်းသိမ်းမှုကိုလည်း ပရိ သတ်တွေက မေးမြန်းနေကြတာကြောင့် အိန္ဒြာကျော်ဇင်ကို မေးကြည့်ဖြစ်တော့…”ကိုယ်ဝန်နဲ့က ခန္ဓာကိုယ်က သိပ်မတက်သွား ဘူး၊ ကလေးမွေးပြီးတော့လည်း တအားမဝသွားဘူးဆိုတော့ ဝိတ်ချရတာ လွယ်တယ်။ အစားအသောက်ကိုလည်း တအားမစားဘူး။ မနက်၊နေ့လယ်ကို ပုံမှန် စားတယ်။ညဘက်ကိုတော့ နည်းနည်း လျှော့စားတယ်။ စက်နဲ့ပြေးတယ်။ တအားတော့ မလုပ်ပါဘူး။ ကလေး မွေးပြီးပြီးချင်းတုန်းကတော့ ဗိုက်ကပူတယ်။ ဆရာဝန်ကလည်း ဗိုက်စည်းစည်းရမယ် ဆိုတော့ စည်းဖြစ်တယ်။ နေ့ရောညရော စည်းတော့ မပူတော့ဘူး။ အခု နောက်ပိုင်းကတော့ မလိုတော့ မစည်းဖြစ်တော့ဘူး။ အဓိကကအဆီ၊အစိမ့် တွေစားတာ လျှော့ရမယ်။ အသီးအရွက် များများစား၊ ပုံ မှန်လေ့ကျင့်ခန်းလေး လုပ်ပေးရင် ခန္ဓာကိုယ် အတွက်ရော၊ ကျန်းမာရေးအရပါ ကောင်းတယ်”လို့ပြောပါတယ်။
မေမွန်မောင်

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။