30 November 2012 |By 7Day News
“ဒယ်ဒီဟဲလေး”အယ်လ်ဘမ်တွင် ပါဝင်သော သီချင်းများထက် သားကြီးဖြစ် သူ သားသားဟဲနှင့် အတူ ရိုက်ကူးထားသည့် သီချင်းခွေ ဘီလ်ဘုတ် ဒီဇိုင်းကို ပရိသတ်များက ပိုမို စိတ်ဝင်စား သတိပြု ခံခဲ့ရကြောင်း ဟဲလေးကပြောသည်။
“ဘီလ်ဘုတ်ရိုက်ဖို့ စဉ်းစားကတည်းက သားသားဟဲကို ထည့်ရိုက်မယ်။ သားအဖပုံဆိုတော့ မထူးခြားဘူးပေါ့နော်။ အဲဒီတော့ ကိုယ်လုပ်ခဲ့တဲ့ တချို့တစ်ခုကို အမှတ်တရလေး ကျန်ခဲ့စေချင်တယ်။ အဲဒါနဲ့ဟုတ်ပြီ။ ငါတော့ အနောက်တိုင်းဝတ်စုံဝတ်မယ်။ သားလေးကိုတော့ တိုက်ပုံလေးနဲ့ သူ့အတွက် ချစ်စရာကောင်းရမယ်ပေါ့။ ဓာတ်ပုံရိုက်ပြီးတဲ့အခါကျတော့ ခြေထောက်မြှောက်ထားတဲ့ပုံလေး ရွေးဖြစ်သွားတာပေါ့။ အဲဒီပုံလေးက ပထမဖြစ်သွားတယ်။ အစ်ကို အရမ်းဝမ်းသာတယ်။ သီချင်းခွေထွက်ပေမယ့် သီချင်းစီးရီးက ဒုတိယနေရာဖြစ်သွားတယ်။ အဲပုံကို ပိုစိတ်ဝင်စားကြတယ်။ တချို့ဆို ကြော်ငြာရိုက်ဖို့ ကမ်းလှမ်းလာကြတယ်။ ဘီလ်ဘုတ်ကြော်ငြာပေါ့”ဟု ဟဲလေးကပြောသည်။
“ဒယ်ဒီဟဲလေး”သီချင်းခေါင်းစဉ်နှင့် ကိုက်ညီအောင် သားလေးကို ထည့်ရိုက်ခဲ့ခြင်းဖြစ်ပြီး ထိုပုံများက ပရိသတ်လက်ထဲမှာ ပါရှိနေခြင်းက သားသားဟဲအတွက် တစ်သက်လုံး အမှတ်တရဖြစ်စေကြောင်း ဟဲလေးကပြောသည်။ “သားလေးက ပုဆိုးကြီးဝတ်ရတာဆိုတော့ ပုဆိုးကြီးကျွတ်ကျလိုက်၊ ဂျီကျတယ်။ ဘာလိုလို့ဆိုတော့ နည်းနည်းဖျားနေပြီး အီလည်လည်ဖြစ်တဲ့အချိန်ဆိုတော့ သေချာလေးလုပ်ရတယ်။ သူ့ကို မုန့်ကျွေးချော့ပြီး ရိုက်ရတယ်။ နောက်ဆုံးတော့ အကောင်းဆုံးကို လိုချင်တဲ့ပုံလေးလည်း ရပါတယ်”ဟု ဓာတ်ပုံရိုက်ကူးစဉ်က အခက်အခဲကို ဟဲလေးကပြောသည်။ မကြာခင်က သားအငယ်ကို မွေးဖွားပိုင်ဆိုင်ခဲ့ပြီး သားနှစ်ယောက်အဖေ ဖြစ်လာသည့် ဟဲလေးက သားကြီးနှင့်အတူ Fresh Up သွားတိုက်ဆေးကြော်ငြာ ရိုက်ကူးရန် လက်ခံထားပြီး ဗီစီဒီရိုက်ကူးမှုတွင်လည်း “ဒယ်ဒီဟဲလေး” သီချင်းကို ထူးထူးခြားခြားဖြစ်အောင် သားကြီးနှင့်အတူ ရိုက်ကူးမည်ဖြစ်ကြောင်း ဟဲလေးကပြောသည်။ “ဒယ်ဒီဟဲလေး” စီဒီခွေကို သီတင်းကျွတ်လပြည့်နေ့တွင် ထွက်ရှိခဲ့သည်။ သားကြီးသားသားဟဲမှာ အသက် ၂ နှစ်ခွဲသာ ရှိသေးသည်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။