27 November 2012 |By Popular News
ဝတ်မှုံရွှေရည်က “ဝိညာဉ် ဆိုတဲ့ သီချင်းသံ” ဇာတ်ကားမှာ ဝိညာဉ်အဖြစ် သရုပ်ဆောင် နေတာဖြစ်ပြီး ဝတ်မှုံရွှေရည် အတွက် ပထမဆုံး ဝိညာဉ် ဇာတ်ကားဖြစ်တယ် လို့လည်း ပြောပြပါတယ်။ ဒီဇာတ်ကားမှာတော့ ပြေတီဦး၊ ဝိုင်းစုခိုင်သိန်း တို့လည်း ပါဝင်ပြီး ဒါရိုက်တာနေပိုင်က ရိုက်ကူးပေး တာဖြစ်ပါတယ်။
ဒီဇာတ်ကား ရိုက်ကူးဖြစ်ပုံ ကိုတော့ ဝတ်မှုံရွှေရည်က “ကစ်က ကိုနေပိုင်ကို သရဲကား၊ ဝိညာဉ်ကား တစ်ခါမှ မရိုက်ရသေးဘူး။ တစ်ကားလောက် ရိုက်ချင်တယ်လို့ပြောတော့ ကိုနေပိုင် ရှာပေးတဲ့ ဇာတ်ပါ။ ဒီဇာတ် ကလည်း တော်တော်ကို သနားစရာကောင်းပြီး ဇာတ်အိမ်ကလည်း ခိုင်ခိုင်မာမာ ရှိတယ်” လို့ ပြောပါတယ်။ ဒီဇာတ်ကား ရိုက်ကူးတဲ့အချိန်မှာ ညဘက် သင်္ချိုင်းမှာလည်း ရိုက်ကူးရ တာကြောင့် တအားလည်း ကြောက်ခဲ့ရတယ်လို့ ပြောပြတာကြောင့် “သင်္ချိုင်းမှာ ညဘက် ဆိုတော့ တအားကြောက်တာပေါ့။ ဝိညာဉ်ကား တော့ ကိုယ်တိုင်ဝိညာဉ်ဖြစ်ပေမယ့် သရဲကြောက်နေတာ။ ကြောက်ကြောက်နဲ့ရိုက်ရတာ။ တစ်ခါမှလည်း မရိုက်ဖူးဘူး။ ရိုက်တဲ့ ဆင်းန်တွေကလည်း ကြောက်စရာ ကောင်းတယ်။
ဒီကားထဲမှာ ၃ယောက်စလုံး သူ့နေရာ နဲ့သူ ကောင်းကြတယ်။ တကယ်ကို သေသေချာချာကို လုပ်ခွင့်ရတဲ့ကားလေးပါ။ စိတ်ဝင် စားဖို့လည်း ကောင်းတယ်။ ဒါပေမဲ့ ဒီလိုမျိုးကားတွေကို ခဏခဏရိုက်ရင် မထူးဆန်းတော့မှာ စိုးလို့ ဇာတ်လမ်းကောင်းရင် ရိုက်ဖြစ်ချင်ရိုက်မယ်။ ဒါပေမဲ့ အခု လောလောဆယ်တော့ ဒီတစ်ကား တည်းနဲ့တင် ဝိညာဉ်ကားကို တော်တ်ာလေး ကျေနပ်နေပါတယ်။ ဒါရိုက်တာ ကလည်း သေချာရိုက်ထားတယ်။ သရုပ်ဆောင်တွေကလည်း တအားကြိုးစား ထားတယ်” လို့ ပြောပြ ပါတယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။