ဖွေးဖွေးက Ever Top ထုတ်လုပ်ရေးက ရိုက်ကူးတဲ့ “အမုန်းမဲ့ဇုန်” ဆိုတဲ့ ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင် နေပါတယ်။ ဝိညာဉ်ပုံစံ ဇာတ်ကားလေး ဖြစ်ပြီး “သက်တန့် သစ်” ရုပ်ရှင် ဇာတ်ကားမှာ ရိုက်ကူးတဲ့ဝိညာဉ် ပုံစံနဲ့မတူဘူး လို့ပြောပြပါတယ်။
ကြောက်ဖို့ကောင်းတဲ့ ဝိညာဉ်ဇာတ်ကားကို ထပ်ပြီး ရိုက်ကူးဖို့ အတွက် အစီအစဉ်တော့ မရှိသေးလို့ ဆိုတဲ့ ဖွေးဖွေးက “သက်တန့်သစ် ရုပ်ရှင်ကားကကြောက် ဖို့ကောင်းတယ်။ ဒီလို ကြောက်စရာ ကောင်းတဲ့ ဝိညာဉ် ကားလိုမျိုးကို ဒီကားက ပထမဆုံး နဲ့ နောက်ဆုံး ရိုက်တာပဲ။ ပေါ့ပေါ့ ပါးပါးလောက်ပဲ ရိုက်ဖြစ်တော့မယ်။ “သက်တန့်သစ်” ကို ဒါရိုက်တာဝိုင်း က ရိုက်ဖို့ ခေါ်လာတော့ စိတ်နှစ်ပြီး၊ တအား ရူးသွပ်ပြီး ရိုက်ခဲ့ တယ်။ ကိုယ် ကြိုးစားခဲ့သလောက် ကျေနပ်တယ်။ ငယ်ငယ် ကတည်းက ဖွေးဖွေးက သရဲ၊ ဝိညာဉ်တွေကို ကြောက်တတ်တယ်။ ဒီကားကိုလည်း ကျေနပ်တဲ့ အတွက် ပထမဆုံး နဲ့ နောက်ဆုံး ဆိုပြီး ဆုံးဖြတ်လိုက်တာ။ အခု လောလောဆယ်တော့ ထပ် မရိုက်ဖြစ်တော့ဘူး။ ဝိညာဉ်ကားတွေလည်း များသွားမှာ စိုးတယ်။ သေသေ ချာချာ ကောင်းကောင်း နဲ့ ပရိသတ် ရင်ထဲ တစ်ခါတည်းနဲ့ ရောက်သွားမှာမျိုး၊ တအား ကြိုးစား ရတာမျိုးတို့ အရေအတွက် များများထက် နည်းနည်းနဲ့ ကွာလ တီ ကောင်းကောင်း ရိုက်ချင်တဲ့ အတွက်ပါ” လို့ပြောပြပါတယ်။
ဖွေးဖွေးက ဇာတ်ကား ရိုက်ကူးမှုတွေကို မတ်လနဲ့ ဧပြီလ တွေမှာ ခဏနားထားမှာ ဖြစ်ပြီး မနားခင် ဇာတ်ကား ၁ဝ ကား လောက် ရိုက်ကူးဖြစ်မယ် လို့လည်း ပြောပြ ပါတယ်။ ဇာတ်ကား ခဏနားဖြစ်ပုံကိုလည်း “ကားရိုက်တွေ နားထားပေမယ့် မဂ္ဂဇင်း တွေ၊ ကြော်ငြာတွေ အတွက် ပိုအချိန်ပေးဖြစ်မှာပါ။ တစ်ခါတလေ ရုပ်ရှင်ကားတွေ ရိုက်နေရင် ကြော်ငြာ မရိုက်ဖြစ်တာတွေ ရှိတယ်။ မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေကို ငြင်းလိုက်ရတာ တော်တော်များ နေပြီလေ။ ခဏ မနားခင်မှာ ဗီဒီယိုတွေရော၊ ရုပ်ရှင် ကားကြီး တစ်ကား အားလုံးပေါင်း ၁ဝ ကားလောက် ရိုက်ဖြစ်မယ်။ မနားခင် ခုအချိန်မှာ ကတည်းက ကိုယ့်ကိုယ်ကိုယ် သုံးသပ်တယ်။ ဖွေးဖွေး အနေနဲ့ဆို ကားရိုက်ရင်း နဲ့ သင်ယူ ရသလိုဖြစ်နေတယ်။ တစ်ခါတလေမှာ ကိုယ့်ကား ၁ဝ ကား ထွက်တယ်ဆို ကိုယ်တိုင် ကြိုးစားခဲ့ပေမယ့် စိတ်တိုင်းကျ ရတာ ၇ ကား လောက်ပဲ ရှိတယ်။ ၃ ကားလောက်က တအား မရူးသွပ်ဘဲနဲ့ ရိုက်ခဲ့ ရတာမျိုးတွေ။ ဇာတ်လမ်း ကြိုမသိတာတွေ ရှိတော့ သေသေချာချာ စိစစ်တဲ့အပိုင်းက လျော့သွားတယ်။ အဲဒီအတွက် ခဏနားတဲ့ အချိန်မှာ နောက် လက်ခံမယ့် ကားတွေလည်း ဇာတ်လမ်းတွေ ကြိုတောင်းပြီး ပိုစီစဉ်ဖြစ်မယ်။ ဟိုအစ ကတည်း က ဒီအချိန်အထိ ကိုယ့်ကားတွေကို တစ်ကားချင်း ပြန်ကြည့်ပြီး သုံးသပ်ဖြစ်မယ်။ ဖွေးဖွေးက ဒီအလုပ်ကို တကယ် တအား ဝါသနာပါ ရူးသွပ်ပြီး လုပ်တာပါ။ တစ်ကားချင်း အတွက် အချိန် ပေးပြင်ဆင်ပြီး ဇာတ်ရုပ် ပြောင်းတာလေးတွေ ရိုက်တယ်။ အဲဒါ ကြောင့်လည်း စိတ်ရှည်ရှည် နဲ့စောင့်ပြီး ကြည့်ပေးကြပါ” လို့ ပြောပြခဲ့ပါတယ်။

မေမွန်မောင်
ဓာတ်ပုံ-အိသွဲ့(တန့်ယန်း)
ဓာတ်ပုံ-အိသွဲ့(တန့်ယန်း)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။