29 November 2012 |By Good Health
ညပွဲတွေကိုသွားချိန်မှာ ပွဲတက်ဖြစ် တာကြောင့် အလှဆုံးပြင်ဆင် သွားကြသလိုပဲ ပြင်ထားတဲ့အလှ ကို ကြာရှည်ခံစေဖို့ မရှိမဖြစ် ယူဆောင် သွားသင့်တဲ့ အလှကုန် ပစ္စည်းလေး တွေ ရှိပါတယ်။ အလှပြင် ထားတာကို ကြာရှည်ခံ စေတဲ့အပြင် ကိုယ့်ကိုယ် ကိုယ်လည်း ယုံကြည်မှုပိုနေစေဖို့ ကိုယ်ကိုင်မယ့် လက်ကိုင်အိတ်ထဲ မှာ ယူဆောင် သွားနိုင်တဲ့ အလှပြင် ပစ္စည်းလေးတွေ တော့ မမေသင့်ပါဘူး။ လုပ်ငန်းခွင် ကနေ ညပွဲတက်ကို တစ်ခါတည်း သွားချင်တဲ့သူတွေ အနေနဲ့လည်း ဖော်ပြပါ အလှကုန် ပစ္စည်းလေးတွေ ရှိမယ်ဆိုရင်တော့ သင့်အတွက် အဆင်ပြေမှာပါ။
မျက်ခုံးမွေးဆွဲခဲတံနှင့် Mascara တွဲထားသောပစ္စည်း
မျက်ခုံးမွေးဆွဲခဲတံနဲ့ mascara တွဲ ထားတဲ့ မျက်ဝန်းပြင်ဆင်မှုပစ္စည်းမျိုးကို ဆောင်ထားပါ။ သင့်အသားအရေနဲ့လိုက် ဖက်မှုရှိတဲ့ အရောင်ကို ရွေးချယ်ထားပြီး အထူးသဖြင့် ညပွဲတွေမှာတော့ အနက် ရောင်နဲ့ နက်ပြာရောင်က သင့်မျက်ဝန်း အလှကို ပိုမိုပေါ်လွင်စေပါတယ်။
အရောင်အနုအရင့်
အိုင်းရှဲဒိုး နက်ပြာရောင်၊ ခရမ်းပြာရောင်နဲ့ အနက်နဲ့ မီးခိုးရောင်အရောင်နှစ်ရောင် သုံးရောင်သာပါတဲ့ အိုင်းရှဲဒိုးဘူးကို ဆောင်ထားသင့်ပါတယ်။ နက်ပြာရောင် အနု၊ အရင့်၊ ခရမ်းပြာရောင် အနုအရင့်တွေက သင့်မျက်လုံးကို ဆွဲဆောင်မှုရှိစေတဲ့ Smoky Eye ပုံဖော်ရာမှာ လွယ်ကူ စေပါတယ်။ မျက်တောင်ကော့တဲ့စက်ကလည်း မပါမဖြစ်ပါ။
အရောင်ရင့်နှုတ်ခမ်းနီ
အနီရောင်၊ ပန်းဆီရောင်၊ နီညိုရောင်နှုတ်ခမ်းနီနဲ့ နှုတ်ခမ်းဆိုးဆေးအဆီ နှစ်မျိုးတော့လိုအပ်ပါတယ်။ ညပွဲအတွက် ပြင်ဆင်ရာမှာ နှုတ်ခမ်းနီကို အရောင်ရင့်သာ သုံးပေးပါ။ သင်ကအသားညိုသူဖြစ်ရင် အနီရောင်ကိုသုံးပေးပြီး အသားဖြူသူဆိုရင် ပန်းဆီရောင်ကို ဆောင်ကာ ပြင်ဆင်ပါ။ နှုတ်ခမ်းဆိုးဆေး အနီရောင်ကို ပါးပြင်ပေါ်မှာ သုတ်လိမ်းပြီး လက်ချောင်းထိပ်လေးနဲ့ စက်ဝိုင်းပုံစံ လိမ်းပေးရင်းနဲ့ ပါးနီအဖြစ်လည်းအသုံး ပြုနိုင်ပါတယ်။
ကလေးပေါင်ဒါမှုန့်
တစ်နေ့တာလုံးပင်ပန်းပြီး အလုပ်ကနေ ညပွဲကို သွားရမယ်ဆိုရင် အပေါ်ကဘာမှမခြယ် သခင်မျက်နှာကို ကလေးပေါင်ဒါမှုန့် အနည်းငယ်လိမ်းပေးလိုက်ပါ။ မျက်နှာပေါ်ကအဆီ တွေကို စုပ်ယူသွားပြီးအပေါ်က ခရင်မ်ပဖ် ထပ်ပြီးသုံးလို့ အဆင်ပြေစေပါတယ်။
သံလွင်ဆီအနည်းငယ်
မျက်နှာပေါ်မှာ စွန်းထင်းသွားတဲ့ အိုင်းရှဲဒိုးနဲ့ အိုင်းလိုင်နာတွေကို အလွယ်တကူ ဖျက်ဖို့ပါ။ ဝါဂွမ်းတုတ်တံလေးနဲ့ သံလွင်ဆီအနည်းငယ်သုတ်လိုက်ပြီး စွန်းထင်းနေတဲ့ မျက်ဝန်းထောင့်နဲ့ မျက်ဝန်းအောက်နားလေးတွေကို အလွယ်တကူ သန့်စင်ပေးနိုင် ပါတယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။