Actor Star FC နဲ့အတူ သူထူးစံက နိုဝင်ဘာ ၁၇ရက်နေ့ညက သံဖြူဇရပ်မြို့မှာ ရန်ပုံငွေပွဲအနေနဲ့ ဘောလုံးသွားကန်ခဲ့ရာ နိုဝင်ဘာ ၁၉ရက်နေ့က ပြန်လည်ရောက်ရှိ လာခဲ့ပါတယ်။ ရရှိတဲ့ ငွေကြေးအားလုံးကိုလည်း သံဖြူဇရပ်မြို့မှာရှိတဲ့ ကျောင်းတွေကို လှူဒါန်းခဲ့ကြောင်း သိရပါတယ်။ သူထူးစံက ဘောလုံးကန်ရင်းနဲ့ ခြေထောက်မှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရပါတယ်။
”အဖွဲ့မှာက ဇာနည်၊ ကျွန်တော်၊ ကိုဝင်းထွန်း၊ မြင့်မြတ်၊ မိုးယံဇွန်၊မင်းသွေး၊ ဖိုးချစ်၊ ဆိုတေး၊ ဇော်လင်းထွန်း၊ စောငမန်းတို့နဲ့အတူ ဘောလုံးသွားကန်ခဲ့တယ်။ ရတဲ့ ငွေကြေး အားလုံးကိုလည်း အဲဒီမြို့မှာရှိတဲ့ ကျောင်းကို လှူဒါန်းခဲ့ပါတယ်။ ဘောလုံးကန်နေရင်းနဲ့ ခြေထောက်ဘယ်ရော၊ ညာရောထိသွားတယ်။ လမ်းလျှောက်လို့မရဘူး။ အခုတောင် ဆေးသောက်ပြီး ကားရိုက်ရတာ”လို့ ရရှိခဲ့တဲ့ ဒဏ်ရာနဲ့ ပတ်သက်ပြီး သူထူးစံကပြောပြပါတယ်။
ရိုက်နေကျမဟုတ်တဲ့ ပုံစံနဲ့ဇာတ်လမ်းတွေ ပြာင်းရိုက်လာတဲ့ သူထူးစံက လတ်တလောမှာ ဒါရိုက်တာနေမင်းမြတ်ရိုက်ကူးတဲ့ The Message ဇာတ်ကားကို ခွန်းဆင့် နေခြည်နဲ့အတူ သရုပ်ဆောင်နေပါ တယ်။ နောက်ပိုင်းမှာ ဇာတ်လမ်းပုံစံပြောင်းပြီး ရိုက်ဖြစ်နေရတဲ့ အကြောင်းကို သူထူးစံက “အမှန်မှန်တော့ အများကြီးပြောင်းလဲ လို့မရသေးပါဘူး။ အများကြီးပြောင်းလဲဖို့လည်း ကျွန်တော်မတတ်နိုင် သေးပါဘူး။ တတ်နိုင်သလောက်တော့ ဇာတ်လမ်းလေးတွေ ပြောင်းပြီးရိုက်တယ်။ ကျွန်တော် မလုပ် ဖူးတဲ့ ကာရိုက်တာ ပုံစံမျိုး လုပ်ကြည့်ချင်လို့ပါ။ ရိုက်ချင်တဲ့ ဇာတ်လမ်းပုံစံက ကျွန်တော် ဒီလောကထဲကို စဝင်လာကတည်းက ရှိပြီးသားပါ။ ဒါပေမဲ့ ရိုက်လို့မရသေးပါဘူး” လို့ သူထူးစံက ပြောပါတယ်။
”အရင်က ဈေးကွက်အခြေအနေကို လေ့လာတာလည်း မရှိခဲ့ဘူး။ ကိုယ်က ဒါတစ်ခုပဲ ဝါသနာပါတာလေ။ ကိုယ်က စီးပွားရေးသမား တစ်ယောက်လည်း မဟုတ်ဘူး။ အခု နောက်ပိုင်းကျတော့ အနုပညာသက်တမ်း ဒီလောက်အကြာမှာ သတိထားမိလာတာက အရင်တုန်းက ကျွန်တော်တို့ မင်းသားစဖြစ်တုန်းက ဗီဒီယိုခေတ်က တော်တော် ကောင်းတယ်။ အခုခေတ်မကောင်းဘူးလို့ ပြောရအောင်လည်း တောက်လျှောက် ရိုက်နေပါတယ်။ ကျွန်တော်ကတော့ ပုံမှန်ပဲရိုက်တယ်”လို့ပြောပါတယ်။
တွယ်တာ

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။