နေထူးနိုင်ကမွေးရပ်ဇာတိရေနံချောင်းမြို့မှာ ဇာတ် ကား ၁ဝကားစာကို နှစ်လအချိန်ယူပြီး သွားရောက်ရိုက် ကူးခဲ့စဉ်က ‘အံ့ဖွယ်တိုင်းပြည်’ဆိုတဲ့ အန်နီမေးရှင်းဒီဗီဒီ ဇာတ်ကားကြီးကို နောက်ခံရှုခင်းများ ပြောင်းလဲဖန်တီး ထည့်သွင်းနိုင်တဲ့ ပေ ၃ဝပတ်လည်ခရိုမာအခန်းတည်ဆောက် ပြီး ကမ္ဘာ့အဆင့်မီအန်နီမေးရှင်းဇာတ်ကားတစ်ခု အနေနဲ့ ရိုက်ကူးခဲ့တယ်လို့ ပြောပြလာပါတယ်။
“မြန်မာပြည်မှာ ဘယ်သူမှမလုပ်သေးတဲ့ နိုင်ငံတကာ အဆင့်မီအန်နီမေးရှင်းကားအစစ်။ ဂျွန်ကာတာထဲကလို အကောင်မျိုး တွေ၊ စနိုးဝှိုက်ထဲကလို န်နခအတွေနဲ့ ဟယ် ရီပေါ်တာထဲကလိုအရာမျိုးတွေပါမယ်။ အပြင်ဘက်မှာ ရိုက်တဲ့ဆင်းန်ဆိုလို့ ၅ဆင်းန်လောက်ပဲပါတယ်”လို့ နေ ထူးနိုင်ကရှင်းပြပါတယ်။အဲဒီခရိုမာအခန်းကြီးကို အကူ အညီ ပေးခဲ့တဲ့သူတွေကတော့လက်ရှိပြည်ထောင်စု ဝန်ကြီးဦးဝင်း မြင့်နဲ့ ဒေါ်သန်းသန်းတို့ကနေရာအကူအညီပေးခဲ့ကြတာ ဖြစ်တယ်လို့ နေထူးနိုင်ကပြောပါတယ်။
“ပြီးတော့ သူတို့ရဲ့သား စည်သူနဲ့ သူရိန် တို့ကနေပြီး တော့ သူတို့ရဲ့ဆိုင်ကယ်စက်ရုံ ကြီးမှာ အကူအညီပေးတော့ ပေ ၃ဝပတ် လည်ကို အုတ်တွေစီ၊ ဆေးတွေ သုတ် ပြီးတော့ ရိုက်ခဲ့ကြရတယ်။ ကျွန်တော်တို့ဆီမှာ အား နည်းနေတာက အဲဒါပါ။ခရိုမာခန်းကောင်းကောင်းကျွန်တော်တို့ဆီမှာမရှိ ဘူး။ခေတ်မီတိုးတက်ဖို့ဆိုရင်အဲဒါတွေ ကအများကြီးလိုတယ်” လို့နေထူးနိုင်ကရိုက်ကူးခဲ့ကြရတဲ့ပုံစံကို ပြောပြပါတယ်။အန်နီမေးရှင်းအနေနဲ့ ရိုက်ကူးခဲ့သလောက် အားရ ပေမယ့် ဇာတ်ကားထွက်ရှိလာတဲ့ အခါမှာ ဘယ်လိုအရည် အသွေးဖြစ် လာနိုင်မလဲဆိုတာကို ပြောလို့မရနိုင်သေးဘူး လို့ နေထူးနိုင်ကပြောပါတယ်။”နိုင်ငံခြားအဆင့်မီဖြစ် မလား။ မြန်မာပြည်တွင်း အဆင့် မီပဲဖြစ်မလားဆိုတာကို တော့ ကျွန်တော်တို့ မပြောနိုင်သေးဘူး။ ဒါပေမဲ့ စပြီးရိုက် တဲ့နေ့ကနေပြီးအခန်းစဉ်တည်းဖြတ်မှာတင်ပဲတစ်နှစ်လောက် ကြာပါမယ်။ပရိုဂျူဆာ လက်ထဲကိုအပ်မယ့်နေ့အထိ တစ်နှစ် လောက်ကြာမယ်ဆိုပြီး လက်မှတ်ထိုးပြီးမှ ရိုက်တာပါ။ ဘာလို့လဲဆိုရင်ဒါကရုံတင်မှာ။ပထမဦးဆုံးစလုပ်တဲ့အချိန်မှာပေါတောတော ကြီးပါကွာဆိုပြီးတော့ မဖြစ် စေချင်တဲ့ အတွက်ပါ”လို့နေထူးနိုင်က ရှင်းပြခဲ့ပြီး နေထူးနိုင်က နိုဝင် ဘာ ၁၇ရက်နေ့ မနက်ပိုင်းက မန္တလေးတိုင်းနဲ့ စစ်ကိုင်း တိုင်းမြေငလျင် သင့်ဒေသများကို ဆရာတော်အရှင်ဆေကိန္ဒ ရဲ့စီစဉ်ပေးမှု၊မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနဲ့အတူ ငလျင် ဒဏ်သင့်ဒေသများကို ကျပ်သိန်း၁ဝဝလှူဒါန်းကာ ပြည်သူ ပရိသတ်များကို အားပေးဖေးမနိုင်ရန်အတွက် သွားရောက် ခဲ့ပြီး ငလျင်ဒဏ်သင့် ဒေသများကိုသွားရောက်ဖို့အတွက် ‘မြေလျှိုးမိုးပျံသတိုးအားမာန်’ဆိုတဲ့ဇာတ်ကားကိုရ က်ရွှေ့ခဲ့ရ ပြီးအခုအဲဒီဇာတ်ကားကို ပြန်လည်ရိုက်ကူးသွားမှာဖြစ် တယ်လို့ နေထူးနိုင်က ပြောပြခဲ့ပါတယ်။
ထက်လူလူ

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။