29 November 2012 |By The Public Image
ရန်ကုန် အရှေ့ပိုင်း တက္ကသိုလ် (တာဝ) တွင် အဝေးသင်တတိယနှစ် (မြန်မာ စာ) စာမေးပွဲဖြေ ဆိုနေသူ ရုပ်ရှင်သရုပ် ဆောင် မိုးယုစံ ကြက်ခြေနီ ဆေးခန်း
အတွင်း စာမေးပွဲဖြေဆိုခြင်းကို လက် ထောက် မော်ကွန်းထိန်းထံ လူထုပုံရိပ် မှ သွားရောက်မေးမြန်းရာ ငြင်းဆိုလိုက်သည်။
"မျက်မမြင်ကလေးတွေနဲ့ နေ မကောင်းတဲ့သူတွေကိုပဲ အဲဒီ ကြက်ခြေ ဖြေဆိုတယ်ဆိုတာ မဟုတ်ပါဘူး။ ဆရာ့ အထင်တော့ လူမှားတာ ဖြစ်ပါလိမ့်မယ်" ဟု ၄င်းက ပြန်လည်ဖြေကြားခဲ့သည်။ ရန်ကုန် အဝေးသင်တက္ကသိုလ် အရှေ့ပိုင်းဌာနခွဲမှူး ဒေါ်ကြည်ကြည်မေ ၏ ကြက်ခြေနီဆေးခန်းတွင် ဖြေဆိုသူ စာရင်းများတွင် မိုးယုစံသည် ယခုလ ၁၉ မှတ်ချက်ပါရှိသည်။
၎င်းကိစ္စနှင့် စပ်လျဉ်း၍ အဆိုပါ မင်းသမီး လာရောက် စာမေးပွဲဖြေဆိုစဉ် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်မှ ကြည့် ရှုပေးခဲ့သည်ဟူသော သတင်း များသည် ရန်ကုန်တက္ကသိုလ် အသိုင်းအဝိုင်းတွင် ပျံ့နှံ့ခဲ့သည်။ "အရင်ကလည်း အီးမေဂျာက မော်ဒယ်လ် မင်းသမီးတွေ လာဖြေတာ စားမေးပွဲ အခန်းထဲမှာပဲ။ သာမန်တွေလို ပါပဲ။ မျက်မမြင်တွေကျတော့ ပါချုပ်တင် မဟုတ်ဘူး။ ကျွန်တော်တို့ ဆရာ ဆရာမ တွေ အားလုံးကလည်း သွားပြီးအားပေး ပါတယ်။ စိတ်ဓာတ်အင်အားပေါ့ဗျာ" ဟု အဆိုပါ လက်ထောက်မော်ကွန်းထိန်းက ပင် ဆက်၍ ဆိုသည်။
ယခုနှစ် အဝေးသင်တက္ကသိုလ် စာမေးပွဲများကို တတိယအသုတ်အဖြစ် မြန်မာစာ၊သမိုင်း၊မြန်မာမှု၊ရသစာပေ၊စီးပွား ရေးအထူးနှင့် စီးပွားရေး ပေါင်းစပ် ဘာသာရပ်များအား ယခုလ ၁၉ ရက်နေ့ တွင် စတင် ဖြေဆိုခဲ့ခြင်းဖြစ်ပြ၊ီး အဆိုပါ အရှေ့ပိုင်း တက္ကသိုလ် အဝေးသင် စာမေးပွဲ ပထမနေ့တွင် ကြက်ခြေနီ ဆေးခန်း၌ မိုးယုစံ အပါအဝင် စုစုပေါင်း ကိုးဦး ဖြေဆိုခဲ့ကြောင်း ရန်ကုန်တက္က သိုလ် အရှေ့ပိုင်းဌာနခွဲ၊ ဌာနမှူး ဒေါ်ကြည်ကြည်မေ၏ ထုတ်ပြန်ပေးခဲ့ သော စာရင်းများအရ သိရသည်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။