နတ်သားလေး
နေလှိုင်း
နိုင်ငံတကာနှင့် ဆက်ဆံမှုတိုးတက်လာသော ယနေ့အချိန်တွင် ယဉ်ကျေးမှု ကူးလူးယှက်နွယ်ခြင်း များကြောင့်
တချို့ကိစ္စများတွင် အရိုးပေါ်အရွက်ဖုံးသည့် အခြေအနေများကို
တွေ့လာကြရပါသည်။
နိုင်ငံတကာ ဘာသာဗေဒ စကားများ အသုံးတွင်ကျယ်လာမှု့အပေါ်မူတည်ပြီး
... မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာများမှေးမှိန်ပျောက်ကွယ်ခြင်းမရှိစေရန်အတွက်
မြန်မာ့ ဆွေမျိုးစပ်
ဝေါဟာရများ အကြောင်း အနည်းငယ်တင်ပြလိုပါသည်။ မြန်မာ့ ဆွေမျိုးစပ် ဝေါဟာရများ
ကိုလေ့လာကြည့်သောအခါ မိသားစုခြင်း ရိုသေလေးစားမှု၊ ချစ်ခင်ကြင်နာမှုကို
အခြေတည်ကာ ခေါ်ဝေါ်သုံးစွဲခဲ့ကြောင်း တွေ့ရပါသည်။ အရွယ်အကြီးအငယ်ကို လိုက်ပြီး....
မိကြီး ၊ မိထွေး ၊ ဘကြီး ၊ ဘထွေး၊... ဟူ ၍ လည်းကောင်း...မေတ္တာကို အခြေခံပြီး.....
ဖိုး ၊ ဖွား ၊ သား ၊ သမီး ၊ ခင်ပွန်း ၊ ခမည်း ၊ ခဲအို ၊ ခယ်မ ၊ ........စသဖြင့်
ခေါ်ဝေါ် သုံးစွဲလေ့ ရှိကြပါသည်။
ဖိုး ၊ ဖွား ၊ တို့၏အထက်..ဆွေမျိုးဆက်များအား အတိတ်တွင် ကျန်ခဲ့ ဝေးခဲ့ သည့် သဘောဖြင့်..ဘေး ၊ ဘီ ၊ ဘင် ၊ ဟူ ၍ လည်းကောင်း.........သား ၊ သမီး မှ အောက်အဖို့ကား သံယောဇဉ် အရင်းအမြစ် တွယ်တာသည့်သဘော၊မြှေးကပ်တွယ်သည့်  သဘောဖြင့် ....မြေး ၊ မြစ် ၊ တီ ၊ ကျွတ် ၊ တွတ် ၊ ဟူ ၍
လည်းကောင်း ..ခေါ်ဝေါ် အသုံးပြုခဲ့ပါသည်။
မင်းကြီး မဟာသီရိဇေယျသူ ၁၂၂၇ ခုနှစ်တွင် ရေးသားခဲ့သော က၀ိလက္ခဏာဒီပနီကျမ်းတွင်..မိမိအထ က်...ဆွေမျိုး
ခုနှစ်ဆက်ကို...အဖအဖိုးအဘေးအဘီအ ဘဲးအဘောအဘွေး ... ဟူ ၍
လည်းကောင်း...........မိမိအောက် ဆွေမျိုး ခုနှစ်ဆက်ကို......သားမြေးမြစ်တီတွတ်ကျွတ်မျှော့........
ဟူ ၍ လည်းကောင်း ....ဖေါ်ပြထားပါသည်။
အမိ ၊ အမေ = မိမိကို မွေးသောကျေးဇူးရှင်............ ....= တိုက်ရိုက် သွေးသား တော်စပ်ခြင်း( နှာသံ ဖြင့်
ရွတ်ရသော နူတ်ခမ်းဗျည်း ကို အနိမ့်သက်သံ အိ ဖြင့် ပေါင်းစပ်ထားခြင်း )အဖ ၊ အဖေ =
ချစ်ခင် အားကိုး ပြုလောက်သူ...... = အကြီး အကဲ အချုပ်( နူတ်ခမ်းဌာန်ဖြစ်
ရုန်းပွင့်ဗျည်း ပ ကို လေသံတင်းဖြင့် ရွတ်ဖတ်ခြင်း မှ ဖ ဖြစ်လာသည် )ဖိုး ၊ အဖိုး =
ခေါင် ၊ အကြီး အမှုး = အဖိုးထိုက် အဖိုးတန်
အဖွား = အထူး ချစ်ခင်အပ်သူ = ကြီးမားသော(လျှာနောက်ပိုင်းသရ ဖာ ကို အပွင့်သရ မှ လျှာ အမြင့်ဆုံး အူ သရ သို့ ရောက်အောင်ရွတ်ဆိုခြင်းဖြင့် ဖွာ သရ ဖြစ်ပြီး အမြင့်သက်သံ ဖြင့် ပြန်ရွတ်သောအခါ ဖွား ဖြစ်လာသည်)
သား = အသွေးအသား ၊ ငယ်ရွယ်သူ
သမီး = ရင်သွေး ၊ မိန်းကလေး.....(သား + မိ မှ လာသည်)
မြေး = ရှက်တွယ် ၊ မြှေးကပ် သူ
မြစ် = အမြစ်တွယ် သည့် သဘော
တီ...တွတ်....မျှော့....= မပြုတ်အောင် တွယ်ကပ်သည့် သဘော..........................
မိခင် နှင့် တော်စပ်သူများ........
မိကြီး = အမိ ထက် ကြီးသူ ၊ အမိ နှင့် မခြား ချစ်အပ်သူ( အဖေ့ အစ်ကို.. ဘကြီး ၏ ဇနီး အဖြစ်လည်း သုံးသည် )မိထွေး = အမိ ထက်ငယ်သူ ၊ အဖ ၏ နောက် ဇနီး
ကြီးတော် = အမိ နှင့် မခြား ကြီးမြတ်သူ( အဖေ့ အစ်ကို.. ဘကြီး ၏ ဇနီး ၊ အဖေ့ နှမ ၊ ဦးလေး ၏ ဇနီး အဖြစ်လည်း သုံးသည် )
ဒွေးဒေါ် ၊ ဒွေးလေး ၊ ဒွေးကြီး = ကြီးမြတ်သူ.................... ....အမေ ၏ ညီမ ၊ အဖေ့ ညီ၏
ဇနီး
ဒေါ်ကြီး ၊ ဒေါ်လေး ၊ အဒေါ် = ကြီးမြတ်သူ.................... ....အမေ ၏ အစ်မ ၊ အဖေ့ အစ်ကို ၏ ဇနီး
ဦးကြီး ၊ ဦးရီး ၊ ၀ရီး ၊ ဦးလေး = ပွန်းပွန်းတီးတီး ကျွမ်းဝင်သော ကြီးမြတ်သူ.............အမိ ၏ အစ်ကိုကြီး ၊ အဖ ဘက်မှ အဒေါ်၏ ခင်ပွန်း...................... .............................. .............................
ဖခင် နှင့် တော်စပ် သူများ ........ဘကြီး ၊ ဘထွေး = အဖ နှင့် မခြား ချစ်အပ်သူပထွေး = အမိ ၏ နောက်အိမ်ထောင်
အရီးကြီး ၊ အရီးလတ် ၊ အရီးလေး = ပွန်းပွန်းတီးတီး ကျွမ်းဝင်သော ကြီးမြတ်သူ.................... ..အဖေ ၏ နှမ အကြီး+ အလတ် +
အငယ် ၊ အမေ့မောင် ဦးလေး၏ ဇနီး
ညီ ၊ ညီမ = တမိသားချင်း ၊ မိမိ နှင့် ထပ်တူမျှ တွယ်တာအပ်သူ................... ..စွဲငြိ + ငြိတွယ် + ညီမျှ
ခြင်း သဘော
နှမ = နှစ်သက်တွယ်တာ အပ်သောတမိပေါက် သားချင်းများ အနက် ယောင်္ကျားလေးမှ မိမိအောက်ငယ်သော..မိန်းကလေး အား ခေါ်ခြင်း
နောင် ၊ နောင်ကြီး ၊ နောင်ငယ် = ရှေ့ ကျသည့်သဘော ၊........တမိပေါက် သားချင်းများ ညီ အစ်ကို များ အနက် အငယ်က အကြီးကို ခေါ်ခြင်း
မောင် ၊ မောင်ကြီး ၊ မောင်ငယ် = အင်အားကြီးမား ၊ အားကိုးအားထားတမိပေါက် သားချင်းများ အနက် မိန်းကလေးမှ မိမိအောက်ငယ်သော ယောင်္ကျားလေး အား ခေါ်ခြင်း
အစ်ကို ၊ အစ်ညီ ၊ အစ်မ = ပြည့်ပြည့် ၀၀ ၊ အားပြု လောက်သောတမိပေါက် သားချင်းများ အနက် ငယ်ရွယ်သူ မှ မိမိ ထက် အကြီးများ အား ခေါ်ခြင်း
ဝမ်းကွဲ ၊ တနို့ခြား = ညီအစ်ကို + မောင်နှစ်မ အရင်းမှ မွေးဖွား လာသူများ...................... .............................. .............................လ က်ထပ် ထိမ်းမြား ၍
တော်စပ်သူများ ................ခမီး (ခမည်း) ၊ ခမက် = ဖခင်ရင်းကဲ့သို့ မြတ်နိုး
ချစ်ခင်အပ်သူ ၊............................. .သား သမီး နှင့် စပ်ကာ
ခင်မင်တွယ်တာရသူ( လင်မယား နှစ်ယောက်၏ အမိ အဖ အချင်းချင်း တော်စပ်ပုံ )
ခယ်မ = နှမ အရင်းကဲ့သို့ တွယ်တာ အပ်သူ( မယား ၏ ညီမ ၊ ညီ ၏ မယား )
ခဲအို = အစ်ကို အရင်းကဲ့သို့ တွယ်တာ အပ်သူ ( အမ ၏ ခင်ပွန်း ၊ လင် ယောင်္ကျား ၏ အစ်ကို )
ခင်ပွန်း ၊ ခင်ပွန်းမ = ခင်မင် ချစ်ခင် ရင်းနှီး ကျွမ်းဝင်ရသူ
ဇနီး = အထူး နီးနီးကပ်ကပ် ရှိသူ
ခြွေးမ = အခြွေ အရံ ခြွေရွေ ၀န်းရံ =သားဖြစ်သူ၏ ဇနီး
တူ ၊ တူမ = တူညီ ၊ ထပ်တူ (မိမိ ရင်သွေးနှင့် မခြား ချစ်ခင်အပ်သူ)(မိမိ၏ အကို+အမ+ညီ+ညီမ မှ မွေးဖွားသူ )
မယား = စွဲယူ ၊ စွဲမြဲ ( စွဲမြဲ ထားသော မိန်းမ)
လင် = ပြည့်ပြည့် ၀၀ အားကိုးထိုက်သူ
မရီး = = ပွန်းပွန်းတီးတီး ကျွမ်းဝင်အပ်သော အမျိုးသမီး (အကို ၏ ဇနီး ၊ မယား ၏ အမ )
မတ် = မယိမ်း မယိုင် ဖြောင့်မတ်သောသူ ( လင် ၏ ညီ ၊ ညီမ ၏ လင် )
ယောက္ခမ = ရစ်ပတ် ဖွဲ့ရှက် ခင်မင်ရသူ ( မယား+ လင် ၏ အမိအဖ )
ယောက်ဖ = ရစ်ပတ် ဖွဲ့နှောင် လာသူ ( မယား ၏ မောင် ၊ နှမ ၏ လင် )
ယောက်မ = ရစ်ပတ် ဖွဲ့နှောင် လာသူ ( လင် ၏ နှမ ၊ မောင် ၏ ဇနီး )
( ဆရာမ ဒေါ်မာလေး ၏ မြန်မာဆွေမျိုးစပ် ဝေါဟာရ များ....စာပေဗိမာန် ၁၉၇၇ မှကောက်နူတ် တင်ပြပါသည် )
နိုင်ငံတကာနှင့် ဆက်ဆံမှုတိုးတက်လာသော ယနေ့အချိန်တွင် ယဉ်ကျေးမှု ကူးလူးယှက်နွယ်ခြင်း များကြောင
နိုင်ငံတကာ ဘာသာဗေဒ စကားများ အသုံးတွင်ကျယ်လာမှု့အပေါ်မူတည်ပြီ
ဖိုး ၊ ဖွား ၊ တို့၏အထက်..ဆွေမျိုးဆက်များအား အတိတ်တွင် ကျန်ခဲ့ ဝေးခဲ့ သည့် သဘောဖြင့်..ဘေး ၊ ဘီ ၊ ဘင် ၊ ဟူ ၍ လည်းကောင်း.........သား ၊ သမီး မှ အောက်အဖို့ကား သံယောဇဉ် အရင်းအမြစ် တွယ်တာသည့်သဘော၊မြှေးကပ်တွယ်သည်
မင်းကြီး မဟာသီရိဇေယျသူ ၁၂၂၇ ခုနှစ်တွင် ရေးသားခဲ့သော က၀ိလက္ခဏာဒီပနီကျမ်းတွင်..မိမိအထ
အမိ ၊ အမေ = မိမိကို မွေးသောကျေးဇူးရှင်............
အဖွား = အထူး ချစ်ခင်အပ်သူ = ကြီးမားသော(လျှာနောက်ပိုင်းသရ ဖာ ကို အပွင့်သရ မှ လျှာ အမြင့်ဆုံး အူ သရ သို့ ရောက်အောင်ရွတ်ဆိုခြင်းဖြင့် ဖွာ သရ ဖြစ်ပြီး အမြင့်သက်သံ ဖြင့် ပြန်ရွတ်သောအခါ ဖွား ဖြစ်လာသည်)
သား = အသွေးအသား ၊ ငယ်ရွယ်သူ
သမီး = ရင်သွေး ၊ မိန်းကလေး.....(သား + မိ မှ လာသည်)
မြေး = ရှက်တွယ် ၊ မြှေးကပ် သူ
မြစ် = အမြစ်တွယ် သည့် သဘော
တီ...တွတ်....မျှော့....= မပြုတ်အောင် တွယ်ကပ်သည့် သဘော..........................
မိခင် နှင့် တော်စပ်သူများ........
မိကြီး = အမိ ထက် ကြီးသူ ၊ အမိ နှင့် မခြား ချစ်အပ်သူ( အဖေ့ အစ်ကို.. ဘကြီး ၏ ဇနီး အဖြစ်လည်း သုံးသည် )မိထွေး = အမိ ထက်ငယ်သူ ၊ အဖ ၏ နောက် ဇနီး
ကြီးတော် = အမိ နှင့် မခြား ကြီးမြတ်သူ( အဖေ့ အစ်ကို.. ဘကြီး ၏ ဇနီး ၊ အဖေ့ နှမ ၊ ဦးလေး ၏ ဇနီး အဖြစ်လည်း သုံးသည် )
ဒွေးဒေါ် ၊ ဒွေးလေး ၊ ဒွေးကြီး = ကြီးမြတ်သူ....................
ဒေါ်ကြီး ၊ ဒေါ်လေး ၊ အဒေါ် = ကြီးမြတ်သူ....................
ဦးကြီး ၊ ဦးရီး ၊ ၀ရီး ၊ ဦးလေး = ပွန်းပွန်းတီးတီး ကျွမ်းဝင်သော ကြီးမြတ်သူ.............အမိ ၏ အစ်ကိုကြီး ၊ အဖ ဘက်မှ အဒေါ်၏ ခင်ပွန်း......................
ဖခင် နှင့် တော်စပ် သူများ ........ဘကြီး ၊ ဘထွေး = အဖ နှင့် မခြား ချစ်အပ်သူပထွေး = အမိ ၏ နောက်အိမ်ထောင်
အရီးကြီး ၊ အရီးလတ် ၊ အရီးလေး = ပွန်းပွန်းတီးတီး ကျွမ်းဝင်သော ကြီးမြတ်သူ....................
ညီ ၊ ညီမ = တမိသားချင်း ၊ မိမိ နှင့် ထပ်တူမျှ တွယ်တာအပ်သူ...................
နှမ = နှစ်သက်တွယ်တာ အပ်သောတမိပေါက် သားချင်းများ အနက် ယောင်္ကျားလေးမှ မိမိအောက်ငယ်သော..မိန်းကလေး အား ခေါ်ခြင်း
နောင် ၊ နောင်ကြီး ၊ နောင်ငယ် = ရှေ့ ကျသည့်သဘော ၊........တမိပေါက် သားချင်းများ ညီ အစ်ကို များ အနက် အငယ်က အကြီးကို ခေါ်ခြင်း
မောင် ၊ မောင်ကြီး ၊ မောင်ငယ် = အင်အားကြီးမား ၊ အားကိုးအားထားတမိပေါက် သားချင်းများ အနက် မိန်းကလေးမှ မိမိအောက်ငယ်သော ယောင်္ကျားလေး အား ခေါ်ခြင်း
အစ်ကို ၊ အစ်ညီ ၊ အစ်မ = ပြည့်ပြည့် ၀၀ ၊ အားပြု လောက်သောတမိပေါက် သားချင်းများ အနက် ငယ်ရွယ်သူ မှ မိမိ ထက် အကြီးများ အား ခေါ်ခြင်း
ဝမ်းကွဲ ၊ တနို့ခြား = ညီအစ်ကို + မောင်နှစ်မ အရင်းမှ မွေးဖွား လာသူများ......................
ခယ်မ = နှမ အရင်းကဲ့သို့ တွယ်တာ အပ်သူ( မယား ၏ ညီမ ၊ ညီ ၏ မယား )
ခဲအို = အစ်ကို အရင်းကဲ့သို့ တွယ်တာ အပ်သူ ( အမ ၏ ခင်ပွန်း ၊ လင် ယောင်္ကျား ၏ အစ်ကို )
ခင်ပွန်း ၊ ခင်ပွန်းမ = ခင်မင် ချစ်ခင် ရင်းနှီး ကျွမ်းဝင်ရသူ
ဇနီး = အထူး နီးနီးကပ်ကပ် ရှိသူ
ခြွေးမ = အခြွေ အရံ ခြွေရွေ ၀န်းရံ =သားဖြစ်သူ၏ ဇနီး
တူ ၊ တူမ = တူညီ ၊ ထပ်တူ (မိမိ ရင်သွေးနှင့် မခြား ချစ်ခင်အပ်သူ)(မိမိ၏ အကို+အမ+ညီ+ညီမ မှ မွေးဖွားသူ )
မယား = စွဲယူ ၊ စွဲမြဲ ( စွဲမြဲ ထားသော မိန်းမ)
လင် = ပြည့်ပြည့် ၀၀ အားကိုးထိုက်သူ
မရီး = = ပွန်းပွန်းတီးတီး ကျွမ်းဝင်အပ်သော အမျိုးသမီး (အကို ၏ ဇနီး ၊ မယား ၏ အမ )
မတ် = မယိမ်း မယိုင် ဖြောင့်မတ်သောသူ ( လင် ၏ ညီ ၊ ညီမ ၏ လင် )
ယောက္ခမ = ရစ်ပတ် ဖွဲ့ရှက် ခင်မင်ရသူ ( မယား+ လင် ၏ အမိအဖ )
ယောက်ဖ = ရစ်ပတ် ဖွဲ့နှောင် လာသူ ( မယား ၏ မောင် ၊ နှမ ၏ လင် )
ယောက်မ = ရစ်ပတ် ဖွဲ့နှောင် လာသူ ( လင် ၏ နှမ ၊ မောင် ၏ ဇနီး )
( ဆရာမ ဒေါ်မာလေး ၏ မြန်မာဆွေမျိုးစပ် ဝေါဟာရ များ....စာပေဗိမာန် ၁၉၇၇ မှကောက်နူတ် တင်ပြပါသည် )
kyikyi ရေးသားပါသည်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။