Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, February 28, 2015

ဗမာတစ်ကျပ် ရှမ်းတစ်ကျပ်

 
 
ဗမာတစ်ကျပ် ရှမ်းတစ်ကျပ်
|| ငွေစန်းရောင် ||
ဟိုးရှေးရှေးတုန်းက နယ်ချဲ့လက်အောက် က လွတ်လပ်ရေးယူပြီး နိုင်ငံသစ် ထူထောင် မလို့ လုပ်တဲ့အခါ တိုင်းရင်းသားတွေကို စည်းရုံးတော့ ‘ဗမာတစ်ကျပ် ရှမ်းတစ်ကျပ်’ ဆိုတဲ့ စကားလေးကို ပြောခဲ့ကြသတဲ့ကွယ်။
အဲဒီ အချိန်တုန်းက တိုင်းရင်းသားတွေဆိုတာ ဗမာ စကား ကိုတောင် လေးလုံး ကွဲအောင် ပြောတတ် တဲ့သူ ခပ်ရှားရှား ရယ်။ ပြည်ထောင်စုဆိုတဲ့ စကားတောင် ဘာပြောမှန်း မသိတဲ့သူတွေကို ဘယ်လို စည်းရုံးခဲ့သလဲဆိုတော့ ‘ရှမ်း၊ ချင်း၊ ကချင်၊ ကရင်၊ ကယားတို့ တိုင်းရင်းသားတွေ ဟာ တစ်မြေတည်းနေ၊ တစ်ရေတည်းသောက် ကြတာမို့ ညီအကို မောင်နှမတွေ ဖြစ်တယ်။ အခွင့်အရေးမှန်သမျှ သာတူညီမျှ ရကြမယ်။ ဗမာက တစ်ကျပ်ရရင် ရှမ်းကလည်း တစ်ကျပ် ရရမှာပေါ့’ လို့ အာမဘဏ္ဍေ ခံခဲ့ကြသတဲ့။

အအိပ်လွန်လျှင် လေဖြတ်နိုင်

 
 
အအိပ်လွန်လျှင် လေဖြတ်နိုင်
========================

လေဖြတ်ခြင်းရောဂါဝေဒနာ မဖြစ်မီ ရောဂါလက္ခဏာကို ရှာဖွေ ရန် နည်းလမ်းမရှိချေ။ သို့ရာတွင် လေဖြတ်သောရောဂါဝေဒနာခံစား ရဖွယ်ရှိသည်ဟူ၍ ကြိုတင်ခန့်မှန်း နိုင်ရန် ဆရာဝန်များအား အထောက် အကူပြုမည့် သဲလွန်စကိုမူ သုတေသီ များက တွေ့ရှိထားသည်။ ယင်းကား အခြားမဟုတ် ညအခါအိပ်သောအ ချိန်အတိုင်းအတာပင်ဖြစ်သည်။

Friday, February 27, 2015

🔪👺 ဒေါသ 👺🔪

🔪👺 ဒေါသ 👺🔪

ဒေါသဖြစ်တာနည်းလာရင် ကိုယ်လည်း စိတ်ပိုချမ်းသာမယ်။ ကိုယ့်မိသားစုလည်း စိတ်ပိုချမ်းသာမယ်။ ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေလည်း စိတ် ပိုချမ်းသာမယ်။ ဒေါသနည်းရင် စိတ်မငြိမ်မှု နည်းသွားတယ်။ အရင်စလို လုပ်တာ၊ ပြောတာ နည်းသွားတယ်။ဒေါသ ဖြစ်တာကို သိတာ များလာလေလေ ဒေါသ နည်းသွားလေလေပဲ။ ကြောက်တာ၊ စိုးရိမ်တာကို သိလေလေ ကြောက်တာ စိုးရိမ်တာ နည်းသွားလေလေပဲ။ အဲဒါ တကယ်လက်တွေ့ လုပ်ကြည့်မှပဲ သိမယ်။

ဗလီများ နိုင်ငံခြားထောက်ပံ့ငွေ ယူခြင်းအား ပိတ်ပင်သည့် ဥပဒေကို သြစတြီးယားပါလီမန်က အတည်ပြု

ဗလီများ နိုင်ငံခြားထောက်ပံ့ငွေ ယူခြင်းအား ပိတ်ပင်သည့် ဥပဒေကို သြစတြီးယားပါလီမန်က အတည်ပြု
ဗီယင်နာ၊ ဖေဖော်ဝါရီ ၂၅
သြစတြီးယားနိုင်ငံ၌ ရာစုနှစ် တစ်ခုကျော်ကြာ ကျင့်သုံးခဲ့သည့် ၁၉၁၂ အစ္စလာမ်ဥပဒေအား အငြင်းပွားဖွယ် ပြင်ဆင်ထားသည့် ဥပဒေကို ပါလီမန်က အတည်ပြုလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

IS ပါးကွက်သား ဂျွန်၏ ငယ်ဘ၀ရုပ်ပုံကို ဒေးလီးမေးလ် ဖော်ပြ

IS ပါးကွက်သား ဂျွန်၏ ငယ်ဘ၀ရုပ်ပုံကို ဒေးလီးမေးလ် ဖော်ပြ
IS အဖွဲ့ ပါးကွက်သား ဂျွန်မှာ လန်ဒန်မြို့တွင် နေထိုင်ခဲ့သူ
အမ်ဝါဇီဆိုသူဖြစ်ကြောင်း ဒေးလီးမေးလ် သတင်းစာက ဖော်ပြသည်။ အမ်ဝါဇီသည် ငယ်စဉ်က လိမ္မာရေးခြားရှိပြီး အတန်းဖော်များကြား ကျော်ကြားခဲ့သည်ဟု
အဆိုပါသတင်းဌာနက ရေးသားထားပြီး ၎င်း၏ငယ်ဘ၀ရုပ်ပုံကိုလည်း ဖော်ပြခဲ့သည်။ ဂျွန်၏ အမည်ရင်းမှာ အမ်ဝါဇီဖြစ်ပြီး ခြောက်နှစ်သား အရွယ်တွင် မိသားစုနှင့်အတူ မွေးရပ်မြေ ကူဝိတ်မှ အင်္ဂလန်သို့ ပြောင်းရွှေ့လာခဲ့ကာ လန်ဒန်မြို့ အနောက်ပိုင်းတွင် နေထိုင်ခဲ့ကြောင်း သိရသည်။

လန်ဒန်မြို့အနောက်ပိုင်း မိုင်ဒါဗေးရှိ St Mary Magdalene Church of England မူလတန်းကျောင်းတွင် ပညာသင်ကြားခဲ့စဉ်အတွင်း အင်္ဂလိပ်စကား ကောင်းစွာ မပြောတတ်ခြင်းကြောင့် စကားနည်းသော်လည်း သိမ်မွေ့သည့် အမ်ဝါဇီကို အတန်းဖော်များက ချစ်ခင်ကြပြီး ၎င်း၏အတန်းထဲတွင် အမ်ဝါဇီ တစ်ဦးတည်းသာ အစ္စလာမ်ဘာသာဝင်ဖြစ်ကြောင်း ဒေးလီးမေးလ်က ဖော်ပြထားသည်။

အချိုမှု့ န့် ဖြူ ဖြူ တွေ ကာဗွန် ချောင်းက ထုတ်တဲ့ ဓါတု အချိုမှုန့် အကြောင်း

ကျွန်တော်ရေးတဲ့အကြောင်းအရာအတွက် ကျေနပ်လို့ ကျွန်တော့်သိသူများ ဖုံးဆက်လာကြ သူ တွေကို လဲ အထူးကျေးဇူးတင်ပါတယ် သူ တို့ ပြောတဲ့ စားသောက်ဆိုင်များ က ၂ခါကြော် ၃ခါကြော်ထားတဲ့ ဆိုင်တွေသုံးတဲ့ အရောဆီတွေ အကြောင်း လဲ ရေးချင်ပေမဲ့ ယခုအခါမှာ အရောဆီအစား မြန်မာ ဆုံ ဆီလေးတွေ ကဈေးကွက်ဝင်လာတာ တန်ဖိုးမြင့်ပေမဲ့ စိတ်ချ ရလို့ သုံးစွဲ ကြာတာတွေ့ ရတော့ ၀မ်းသာမိပါတယ် ဆီကိုလဲ လျော့ သုံးလာကြ တာ တွေ့ ရလို့ စားစရာကို ကျမ်းမာရေးအနေနဲ့ စီစစ် စဉ်းစား တတ်လာတဲ့ သဘောမို့ ကျေနပ်စရာပါ ဒါပေမဲ တို့ မြန်မာအစွဲ ကြောင့် နဲ့ သူ့ရဲ့ ဓါတု ဓါတ်ကြောင့် စွဲနေတဲ့ အစွဲ ချွတ် မရနိုင်တဲ့ အချိုမှု့ န့် ဖြူ ဖြူ တွေ ကာဗွန် ချောင်းက ထုတ်တဲ့ ဓါတု အချိုမှုန့် အကြောင်း ကို တော့ ရသလောက် ထပ်ပြောမှဖြစ်မှာမို့ ထပ်ရေးလိုက်ပါတယ် ။ တစ်ချို့ အမှုန့်တွေဆို လက်မှာကိုင်ရင် ချတတ နဲ့ ဘက်တ္တရီအိုး ပျက် ကိုင်ပြီးဖြစ်သလိုမျိုး ခံစားရအောင် ထိ ပြင်း ပါတယ် သတိထားကြည့်ကြပါ ..ကဲ အောက်မှာ MSG လို့ ခေါ်တဲ့ ဖြူ ဖြူမှု့န့် နဲ့  ၈၀ နောက်ပိုင်း ထွက်လာပြီးမြန်မာပြည်ကို ၈၈ နောက်ပိုင်း နယ်စပ် လမ်း များက ၀င်လာတဲ့ ဖြူဖြူ အမှု န့်တွေအကြောင်း ထပ်ရေးပြလိုက်ပါတယ် ...

ကနေဒါကလမ်းနဲ့ ပဲရစ်မြို့ကနံရံ

 
 
ကနေဒါကလမ်းနဲ့ ပဲရစ်မြို့ကနံရံ
---------------------------------------

သိပ်မကြာခင်ကာလက ကနေဒါနိုင်ငံဆီ ကျွန်မအလည်အပတ်ရောက်ခဲ့ပါတယ်။ ကနေဒါမှာ အနေကြာပြီဖြစ်တဲ့ ဦးလေးက ကျွန်မကို Quebec ပြည်နယ်က Montrealမြို့ဆီ ကားမောင်းပြီး လိုက်ပို့ပါတယ်။
...
ဦးလေးမောင်းတဲ့ကားက အဝေးပြေးလမ်းမပေါ် တစ်ထောက်မောင်းပြီးတဲ့နောက်မှာ ရုတ်တရက် ကားကလူးလွန်းသွားခဲ့ပါတယ်။ ကျွန်မက လက်ကိုင်ကိုအမြန်ဖမ်းကိုင်ပြီး ဦးလေးကို ကြောက်ကြောက်လန့်လန့် ကြည့်လိုက်ပါတယ်။ ဦးလေးက တဟားဟားရယ်ပြီး “ဘာမှမဖြစ်ပါဘူး… ငါတို့က မိုင်နှုန်းသတ်မှတ်ထားတဲ့လမ်းပေါ် ရောက်လာလို့ပါ။ ကားအရှိန်မြန်လို့ ဟန်ချက်ပျက်သွားတာပါ”လို့ ပြောပါတယ်။

Tuesday, February 24, 2015

"အသည်းကွဲဘုရင်မ"ရဲ့ ပေါ့ပါးပျော်ရွှင်တဲ့ဘဝ

 
 
"အသည်းကွဲဘုရင်မ"ရဲ့ ပေါ့ပါးပျော်ရွှင်တဲ့ဘဝ
------------------------------------------------------

ဂျပန်အမျိုးသမီးစာရေးဆရာ Chiyo Unoရဲ့တစ်သက်မှာ ရည်းစားအများကြီးထားခဲ့ဖူးတယ်။ ဒါပေမယ့် နောက်ဆုံးမှာ လမ်းခွဲခြင်းနဲ့ပဲ ဇာတ်သိမ်းခဲ့ရတယ်။ သူ့ကို “အသည်းကွဲဘုရင်မ”အဖြစ် ဂျပန်လူမျိုးတွေသိထားကြပါတယ်။
Chiyo Uno ဟာ သူ့ကိုစွန့်ပစ်သွားတဲ့ချစ်သူရည်းစားကို မသွားပါနဲ့လို့ သူမတားခဲ့သလို လိုက်လံပြီးတော့လည်းနေခဲ့ဖို့ သူမတောင်းဆိုခဲ့ဘူး။ ချစ်သူစွန့်ပစ်သွားလို့ဆိုပြီး နှလုံးသားအရှုပ်ထွေးမခံသလို ယောက်ျားတွေရဲ့ကျေးဇူးတရားကင်းမဲ့တဲ့စိတ်၊ ပြောင်းလဲတတ်တဲ့စိတ်ကိုလည်း သွားဆန်းစစ်မနေခဲ့ဘူး။ အသည်းကွဲလို့ခံစားရတဲ့ ဝမ်းနည်းပူဆွေးမှုကိုဖြေရှင်းတဲ့ သူ့ရဲ့နည်းလမ်းက ရိုးရိုးရှင်းရှင်းလေးပါ။

ခံတွင်းနံ့ဆိုးခြင်း အမျိုးအစားများ

 
 
ခံတွင်းနံ့ဆိုးခြင်း အမျိုးအစားများ
_______________________________________
၁။ လျှာကြောင့် ခံတွင်းနံ့ဆိုးခြင်း
လျှာကြောင့် ခံတွင်းနံ့ဆိုးတဲ့ လက္ခဏာရပ်တွေကတော့ လျှာမှာ အဝါရောင် အလွှာတစ်ထပ်ဖြစ်ခြင်း ဒါမှမဟုတ် လက်ဖမိုးကို လျက်ကြည့်တဲ့အခါ အနံ့အသက် မကောင်းခြင်းတို့ပဲ ဖြစ်ပါတယ်။ လျှာသန့်ရှင်း ဖို့နည်းကတော့ သွားတိုက်ဆေး အနည်းငယ်ယူကာ လျှာပွတ်တံနဲ့ လျှာကို ပွတ်ပေးဖို့ပဲ ဖြစ်ပါတယ်။
၂။ သွားဖုံးကြောင့် ခံတွင်းနံ့ဆိုးခြင်း ...

သွားဖုံးကနေ သွေးထွက်နေတတ်ပါတယ်။ သွားကြား သန့်ရှင်းရေး လုပ်လေ့ မရှိသူတွေမှာ ဖြစ်လေ့ရှိပြီး အကယ်၍ သွားကြားထိုးကြိုးနဲ့ သွားကြား ထိုးခဲ့ရင်တောင် နာကျင်နေမှာပါ။

၃။ လည်ချောင်း/နှာခေါင်းကြောင့် ခံတွင်းနံ့ဆိုးခြင်း

Monday, February 23, 2015

တရုတ်ကစားတဲ့ ဖဲသုံးချပ်

တရုတ်ကစားတဲ့ ဖဲသုံးချပ်
________________________________________

ဒီနေ့ ကိုးကန့်လူဦးရေစာရင်းက တသိန်းခွဲလောက်ရှိနေတယ် အဲ့ဒီအထဲမှာ မြန်မာပြည်ပေါက် ကိုးကန့်လူမျိုးဆိုတာက ၁၀% ပဲရှိတယ် ။ ကျန်တာက ကိုးကန့်အမည်ခံပြီး တရုတ်ပြည်ထဲက တရုတ်ကိုးကန့်တွေ ၊ တရုတ်မှတ်ပုံတင်ကိုင်ဆောင်ထားတဲ့လူတွေက ကိုးကန့်ဒေသ ကိုယ်ပိုင်အုပ်ချုပ်ရေးရတော့ အိမ်ဈေးမြေဈေးကြီးတဲ့ တရုတ်ပြည်ကနေ ကိုးကန့်ဒေသမှာ ရွှေ့ပြောင်းလာနေကြတာဖြစ်တယ် ။
ရန်ကုန်မှာ အိမ်ဈေးကြီးလို့ ပဲခူးတို့ တိုက်ကြီးတို့ဘက်မှာ ပြောင်းရွှေ့ပြီး နေကြသလိုပေါ့ ။

ရွှေနွယ်ရိုး

ရွှေနွယ်ရိုး
×××××××

သူ့ အမည်ကို ရွှေနွယ်ရိုး လို့ ခေါ်ကြပါတယ်..၊
အပင်က သစ်ခွပင်များလို အပင်မှာ တွယ်ကပ်ပြီး
ပေါက်တယ်လို့ ဆိုပါတယ်..၊ ပုံမှာ မြင်ရတဲ့ အတိုင်း
ခြုံကြီး ဖြစ်တဲ့အထိ ပေါက်ပါတယ်တဲ့..၊
သူက ဇီးပင်တွေပေါ်မှာသာ ပေါက်လေ့ ရှိပြီး
အခြားအပင်တွေပေါ်မှာ ပေါက်တာ မတွေ့တဲ့ အတွက်
အခြားအပင်တွေပေါ်မှာ သူမပေါက်ဘူး လို့
ယူဆနေကြပေမဲ့ အတိအကျတော့ ဘယ်သူကမှ
မပြောနိုင်ပါဘူး..တဲ့ဗျာ..။အဲ..သူပေါက်တဲ့ ဇီးပင်ကတော့
အသီးသီးလေ့ မရှိတော့ပါဘူးတဲ့..၊

သင့်လက်ဟာ မကြာခင်ဖုန်းဖြစ်လာတော့မယ်

သင့်လက်ဟာ မကြာခင်ဖုန်းဖြစ်လာတော့မယ်
___________________________________
လူရဲ့အရေပြားကို ထိတွေ့မျက်နှာပြင်အဖြစ် အသုံးပြုလို့ရမယ့်လက်ကောက်တွေ ဈေးကွက်ထဲ
ရောက်လာတော့မယ့် အကြောင်းကို DailyMail က ဖော်ပြခဲ့ပါတယ်။
Cicret လို့ခေါ်တဲ့ ဒီလက်ကောက်ဟာ စမတ်ဖုန်းနဲ့ တက်ဘလက်တွေကို အစားထိုးဖို့ ရည်ရွယ်ထုတ်လုပ်ထားတာလို့ ဆိုပါတယ်။...

Friday, February 13, 2015

" ချစ်စရာ အလွဲလေးများ "

 
လူတစ်ယောက်ရဲ့ အတ္ထုပ္ပတ္တိကို ဖတ်တဲ့အခါ၊ အဲသည့်လူဟာ ဘာအပြစ်အနာမှ မရှိဘူးဆိုရင်၊
အဲ့သည့် အတ္ထုပ္ပတ္တိကို ရေးတဲ့သူဟာ လိမ်ညာထိမ်ချန်ရေးတတ်တဲ့ လူလိမ်ရင်သော်လည်း ဖြစ်ရမယ်။ ဒါမှမဟုတ် ထိုအတ္ထုပ္ပတ္တိရှင်ဟာ လူလွန်မသားသော်လည်း ဖြစ်ရမယ်။
လောကကြီးမှာ လူသားစင်စစ် ဧကန်ဖြစ်ပါလျှင် မည်သူမဆို ဘဝမှာ အလွဲများ၊ အမှားများ၊ ပြစ်ချက်များ၊အနာအဆာများ ရှိကိုရှိပါတယ်။

အ ဖိုး ရေ

 
အ ဖိုး ရေ
•••••••••

မရိုးသား ဆိုးဝါးသူ တွေ ကြားထဲ
နှစ် ပေါင်းများစွာ...

ရိုးသား တဲ့ အဖိုး ကို ရှာ နေမိ ပေါ့

ချစ် စရာ့ အညာသားကြီး
နှစ် အတန်ကြာ
အ ဖျောက် ခံခဲ့ ရ ပေမယ့် ...

ပြည်သူ တွေ နှလုံး အိမ် မှာ
အမြဲ တည် နေတာ မရိုးသူ တွေ သိ တော့
တုန် လှုပ် နေကြ ပြီ လေ ...

ရိုးသားတဲ့ အညာသား
တို့အဖိုး ... တို့တ တွေ အဖိုး က တော့ ...

ပြုံးပြုံး ကြီး မှ ... ပြုံးပြုံး ကြီး
ပဲပြုတ် နဲ့ နံပြား ကို
ပြည်သူ တွေ နဲ့ အတူ ... စား နေ တုန်း ...

သျှီ
------------------------------------------------
ဒီ နေ့က
မြန်မာ့  က လေးများ နေ့တဲ့
မြန်မာ့ သား ကောင်း ... နောက် ထပ် ` အောင် ဆန်း ´ တွေ
ထပ် မံ ပေါ် ပေါက် ပါ စေ ကြောင်း
ဆု တောင်း မိ ပါ ရဲ့ အဖိုး ရေ ...

ဗိုလ်ချုပ် ကျုပ်မရူးဘူးနော်....။

 
 
ဗိုလ်ချုပ်...
ကျုပ်ကို အရူးလို့သမုဒ်ကြတယ်။
ကျုပ် အရူးမဟုတ်ဘူး ဗိုလ်ချုပ်။
ဗိုလ်ချုပ်ကို ဗိုလ်ချုပ်လို့ ကျုပ်သိသေးတယ်။...

ကျေးဇူးရှင်ကို ကျေးမဆွတ်ဘူး
ကျုပ် မရူးဘူးဗိုလ်ချုပ်.....။

ဗိုလ်ချုပ်
ကျုပ်အဝတ်တွေ စုတ်ပြတ်ရင် စုတ်ပြတ်နေလိမ့်မယ်
စိတ်ဓါတ်မညံ့ဘူး.....။

Thursday, February 12, 2015

စစ်တုရင်ရှုံးတဲ့ ဘီလ်ဂိတ်

 
စစ်တုရင်ရှုံးတဲ့ ဘီလ်ဂိတ်
-----------------------------
မိုက်ခရိုဆော့ကုမ္ပဏီတည်ထောင်သူ ဘီလ်ဂိတ်ဟာ Talk Showအစီအစဉ်တစ်ခုမှာပါဝင်ဖို့ ဖိတ်ကြားခံခဲ့ရလို့ ၂ဝ၁၄ခုနှစ် ဇန်နဝါရီလမှာ နော်ဝေးနိုင်ငံကို သူရောက်ရှိခဲ့ပါတယ်။ အစီအစဉ်တင်ဆက်သူက စမိတ်ဆက်ပြီးတာနဲ့ ဘီလ်ဂိတ်ကိုစိန်ခေါ်လိုက်ပါတယ်။

“ခင်ဗျားရဲ့ဉာဏ်ရည်က ၁၆ဝကျော်တယ်လို့ ကြားဖူးထားတယ်။ ခင်ဗျားဟာ ကမ္ဘာပေါ်မှာ အထူးချွန်အထက်မြက်ဆုံးသူဆိုတော့ ကျွန်တော်တို့နော်ဝေးနိုင်ငံက ကမ္ဘာ့စစ်တုရင်ချန်ပီယံနဲ့ စစ်တုရင်တစ်ပွဲလောက် ပြိုင်ရဲရဲ့လားမသိဘူး”

Saturday, February 7, 2015

“တရုတ်နန်းတွင်း ဖြစ်တော့မှာလား”

 
 
“တရုတ်နန်းတွင်း ဖြစ်တော့မှာလား”
============================
ကျော်ကြီး(MDY)

ခုရက်ပိုင်း မန္တလေးနန်းမြို့အတွင်းက ကျုံးနဲ့မြို့ရိုးကြားထဲကမြေကွက်လပ်မှာ တရုတ်မ
တွေအုပ်စုလိုက် ယပ်တောင်တွေနဲ့ ကနေတဲ့ပုံတွေ၊ ကာယလေ့ကျင့်ခန်းလုပ်နေတဲ့
ပုံတွေ အင်တာနက်လူမှုကွန်ယက်တွေ မှာထွက်ပေါ်လာတာတွေ့မြင်ရပါတယ်။
ထိုတရုတ်မများ ကနေတဲ့ပုံတွေကြည့်ပြီး အံ့သြ၀မ်းနည်းမဆုံးဖြစ်မိပါတယ်။ တွေးမိတိုင်း
ရင်ထဲ တဆက်ဆက်နာကျင်ခံစားမိပါတယ်။

ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ဒေါ်အောင်ဆန်းစုကြည်၏ စစ်တပ်နှင့် ပတ်သက်၍ အားမနာတမ်း တဲ့တိုးပြောဆိုမှုများကို ဝေဖန်

 
 
ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ဒေါ်အောင်ဆန်းစုကြည်၏ စစ်တပ်နှင့် ပတ်သက်၍ အားမနာတမ်း တဲ့တိုးပြောဆိုမှုများကို ဝေဖန်
မြန်မာနိုင်ငံတွင် အာဏာရှင်စနစ် မှ ကူးပြောင်းမှုမှာ ဒီမိုကရေစီကို မပီမသ ပုံပျက်သလို ဖြစ်လာမည်ကို စိုးရိမ်မှုရှိသော်လည်း နိုင်ငံကို ဦးဆောင်နိုင်စွမ်း ရှိကြောင်း ဒေါ်အောင် ဆန်းစုကြည်ကပြောကြားခဲ့သည်။
ရာစုနှစ်ဝက်မျှ စစ်အုပ်ချုပ်ရေး ကြုံတွေ့ခဲ့ ရပြီး အရေးပါသည့် အလှည့် အပြောင်း ဖြစ်သော ရွေးကောက်ပွဲတွင် ဗိုလ်ချုပ်ဟောင်းများ၏ အာဏာ ကို ထိန်းချုပ်ထားမူကို ပပျောက်သွားအောင် လုပ်ဆောင်သွားမည်ဟု ကတိပြု ထားသည်။ ဒေါ်အောင်ဆန်းစု ကြည်က အမျိုးသားရင်ကြားစေ့ရေး ကို အလေးထားပြောဆိုလေ့ရှိသော် လည်း ပဋိပက္ခများစွာကြုံတွေ့နေရ သည့်နိုင်ငံ တွင် အာဏာခွဲဝေရေးနှင့် အခြေခံ ဥပဒေ ဆိုင်ရာ ပြဿနာများ ရှိ နေသည်ကို သူမ၏ မှတ်ချက်များတွင် တွေ့နိုင်သည်။

“ပန်းတိမ်မတတ်ခင် ရွှေခိုးသင်”

 
 
“ပန်းတိမ်မတတ်ခင် ရွှေခိုးသင်”
|| သရော်စာ - ငွေစန်းရောင် ||
သူများကို ချွန်တွန်းလုပ်တတ်တဲ့ဆေးထိုးကြမ်းတဲ့ ကိုယ့်ကို သူများ ကလည်း မရောက်ရောက်အောင် ပို့တဲ့အခါ ပို့ကြပါတယ်။ အဲ့ဒါကတော့ အခုလာမယ့် ၂၀၁၅ မှာ အမတ်တစ်နေရာလောက် ဝင်အရွေးခံပါလားတဲ့။ တချို့ကလည်း ဆရာ့လိုလူမျိုးတွေလွှတ်တော်ထဲမှာ အများကြီး ရှိသင့်တယ်တဲ့။ ရယ်ချင်လိုက်တာ ဖတ်ဖတ်မော ရင်ဘတ်နောက်ကကျောဗျာ။လူကို များ ဖေ့စ်ဘုတ်ပေါ် ကြပ်ချင်တိုင်းကြပ်လို့ရတဲ့ သူတို့ဘဘကြီးတွေလို မှတ်နေတယ်။ အမတ်မပြောနဲ့ ခုနေခါမယ် ဝန်ကြီးလုပ်ပါလား ဆိုလည်း မလုပ်ဘူး။ သမ္မတလုပ်ပါလား ဆိုရင်တောင်မလုပ်ဘူး။ စကားကို ကုန်နေအောင် ပြောလိုက်ဦးမယ်။ တိုင်းပြည်အုပ်ချုပ် မင်းလုပ် သလိုခေါင်းဆောင်နေရာက စီမံခန့်ခွဲရတဲ့အလုပ်မှန်သမျှ ဘာတစ်ခုမှ မလုပ်ဘူး လို့ ပြတ်ပြတ်သားသားငြင်းဆိုပါရစီ။ အင်မတန်ခိုင်လုံတဲ့ အကြောင်းပြချက် ရှိလို့ပါ။

တကယ်တော့ ချစ်သူများနေ့ဟာ

 
 
တကယ်တော့ ချစ်သူများနေ့ဟာ
ပြက္ခဒိန်ပေါ်က ရက်တစ်ရက်မို့ အရေးမကြီးဘူးဆိုတာ တစ်ကိုယ်ရေသမားတွေ သိဖို့ လိုအပ်တာ . . .

ကိုယ်မျှော်လင့်ထားတဲ့ အချစ်ရေးနဲ့ ခုဖြစ်လာတာတွေနဲ့ ကိုက်ညီမှုမရှိလို့ စိတ်ညစ်နေရပါသလား။ ဒါမှမဟုတ် လမ်းခွဲပြီးကာစ အချိန်မို့လို့ တစ်ယောက်တည်း ခက်ခဲတဲ့အချိန်တွေကို ဖြတ်ကျော်နေရပါသလား။ အရေးထဲ ဖေဖော်ဝါရီလ ရောက်လာပြီမို့ ချစ်သူများနေ့ကလည်း နီးလာပြီ။

အပြင်မှာချိန်းတွေ့တော့ တကယ်မလှလို့ အရိုက်ခံရတဲ့ မိန်းခလေး

 
 
အပြင်မှာချိန်းတွေ့တော့ တကယ်မလှလို့ အရိုက်ခံရတဲ့ မိန်းခလေး
______________________________
တရုတ်ပြည်မှာ ဖြစ်ပါတယ်။ အရှေ့မြောက်ဒေသ Harbin မှာ နေထိုင်တဲ့ Huang ဟာ အရှေ့တောင် ဒေသ Huzhou ဒေသမှာ နေထိုင်တဲ့ Xiaojin လို့အမည်ရ တဲ့ အမျိုးသမီးကို ကြိုက်ပါတယ်။
သူတို့နှစ်ဦးဟာ အွန်လိုင်း WeChat ပေါ်မှာ တွေ့ကြခြင်း ဖြစ်ပါတယ်။ ကောင်မလေးဟာ သူမပုံကို ပို့တေ့ ဘယ်ဘက်က ပုံအတိုင်းပဲ သေချာ မိတ်ဆက်လိမ်း ပြင်ဆင်ပြီးမှ ပို့သတဲ့။ ဓာတ်ပုံအရိုက်လည်းကောင်း၊ သေချာလည်း ပြင်တာကြောင့် မင်းသမီးလေးလို လှတာပေါ့။ ..

ဗန္ဓုလပန်းခြံထဲက ခုနစ်နှစ်အရွယ် ပို့စကတ်အရောင်းသမလေး

ဗန္ဓုလပန်းခြံထဲက ခုနစ်နှစ်အရွယ် ပို့စကတ်အရောင်းသမလေး
=============================================

- သူသူထက်လွင်
အပြာရောင်ချည် လွယ်အိတ်သေးသေးလေးကို စလွယ်သိုင်းထားပြီး သနပ်ခါးပါးကွက်ကျား နဲ့ သွက်လက်ချက်ချာတဲ့ မိန်းကလေးငယ်လေးတစ်ဦး။ မြက်ခင်းစိမ်းစိမ်း၊ ရေပန်းများပန်းထွက်နေသည့် လွတ်လပ် ရေးကျောက်တိုင်ကြီးရှိရာ ရန်ကုန်မြို့လယ်ကောင် မဟာ ဗန္ဓုလပန်းခြံကြီးဟာ သူ့ရဲ့ပိုင်နက်ပါ။
အင်္ဂလိပ်စကားကိုလည်း လည်လည်ဝယ်ဝယ် ပြော တတ်သူဖြစ်ပါတယ်။ ''သမီးက How are you? လို့မေး၊ သူတို့က I am fine လို့ ပြန်ပြောတယ်။Where come from? လို့ ထပ်မေးလိုက်ရင် သူတို့က From Germany လို့ ပြန်ဖြေကြတယ်''လို့ အသက် ခုနစ်နှစ်အရွယ် သူဇာလင်း က ပြောပြပါတယ်။

အမှတ်တရဗိုလ်ချုပ် စကားများ

 
 
အမှတ်တရဗိုလ်ချုပ် စကားများ
------------------------------------
""ဟေ့ကောင် ကျော်စိန်
ဟိုမှာ ……
ပုလိပ်တွေ လက်ပြနေပြီ မောင်းကွ...

တော်ကြာ လာဖမ်းနေဦးမယ်""
""ဗိုလ်ချုပ် တစ်ယောက်လုံးပါနေတာ
ဖမ်းစရာလား ဗိုလ်ချုပ်ရယ်""
""ဟေ့ကောင်
ငါက ငါ
ဥပဒေက ဥပဒေကွ""
-------------------------
""စက်ရပ်သွားပြီ ဗိုလ်ချုပ်""
""ဟေ့ကောင် ထွန်းလှ ဆင်း ……
ဒို့ နှစ်ယောက် ကားတွန်းရအောင် ""

ယနေ. ဧရာဝတီကျောင်းသားများသပိတ်စစ်ကြောင်းမှာ ရှေ.တန်းကပါဝင်နေတဲ့

 
ယနေ. ဧရာဝတီကျောင်းသားများသပိတ်စစ်ကြောင်းမှာ ရှေ.တန်းကပါဝင်နေတဲ့
သမီးလေး စုပုံချစ်ရဲ. ဘ၀တစိတ်တဒေသအကြောင်း ။
_________________________________________
မစုပုံချစ်ဆိုတဲ့ မိန်းကလေးဟာ မွေးကတည်းက ကိုယ်အဂါင်္မပြည့်စုံရှာဘူး၊ ခြေထောက်
တဘက်နဲ့ ရပ်ရတယ် ။ စာရေးရတယ် ။ ကွန်ပျူတာသုံးရတယ် ။ဆယ်တန်းအောင်...

တော့ ဆေးကျောင်းအမှတ်မီတယ် ။
သြစတြေးလျနိုင်ငံ ဆစ်ဒနေမြို့မှာ ပညာတော်သင်သွားရောက်ခဲ့တဲ့ မသန်စွမ်းကျောင်းသူ မစုပုံချစ်ဟာ (Master of Policy Studies - MPS) မဟာဘွဲ့ ကို ထူးချွန်အောင်မြင်
ရရှိခဲ့ပြီး ဇူလိုင်လ ၂၀ ရက်နေ့က မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။

Friday, February 6, 2015

ဘီပိုး၊ စီပိုးရောဂါအတွက် မြန်မာဆေးစွမ်းကောင်းများ

 
 
ဘီပိုး၊ စီပိုးရောဂါအတွက် မြန်မာဆေးစွမ်းကောင်းများ
=====================================

- ပေါက်ပေါက်
တန်ဖိုးကြီးမားသော အ နောက်တိုင်းဆေးဝါးများကို ကုသရန် မတတ်နိုင်သူများအဖို့ စိတ်ဓာတ်မကျပါနှင့်။ အ စွမ်းထက်မြက် မြန်မာတိုင်းရင်းဆေးစွမ်းကောင်းများရှိပါတယ်။
ယနေ့မြန်မာပြည်မှာတကယ်သုံးစွဲနေပြီး ဘေး ထွက်ဆိုးကျိုးမရှိ လက်တွေ့ဘီပိုးစီပိုးများပျောက်ကင်းသွား ကြ၍ ကျန်းမာပျော်ရွှင် သွားရတဲ့သာဓကများစွာရှိပါတယ်။ အောက်ပါ မြန်မာ့ဆေးမြီးတိုလေးမျိုးအနက် မိမိနှင့်အဆင် ပြေရာကို ရွေးချယ်ကုသနိုင်ပါတယ်။

ဘင်္ဂလီ လို့ဘဲ ခေါ်ခေါ် မာမူ လို့ဘဲခေါ်ခေါ်

 
တကယ်တော့ ရိုဟင်ဂျာ ဆိုတာ နာမ်စား တစ်ခုပါဘဲ
သူတို့ကို ရိုဟင်ဂျာ လို့ဘဲ ခေါ်ခေါ် ဘင်္ဂလီ လို့ဘဲ ခေါ်ခေါ် မာမူ လို့ဘဲခေါ်ခေါ် ကြိုက်သလို ခေါ်ပါ
သိန်းနဲ့ သန်းနဲ့ချီတဲ့ အဲ့ဒီ့ လူတွေဟာ ရခိုင်ပြည်နယ် အတွင်းမှာ လက်ရှိနေထိုင်နေကြပါတယ်
...
မကြာသေးခင် အချိန်ကာလတုန်းက တောင် သူတို့ထဲကအချို့ကို နိုင်ငံသားအဖြစ် သတ်မှတ်ပေးပြီးနိုင်ငံသားစီစစ်ရေးကဒ်ပြားတွေထုတ်ပေးတဲ့ အခန်းအနား ကိုလဲ ကျင်းပခဲ့သေးတယ်
နိုင်ငံသားအဖြစ် လက်သင့်မခံနိုင်တဲ့ လူတွေကို တော့ white card ကို ဆက်လက်ကိုင်ဆောင်ခွင့်ပြုထားတယ်ပေါ့ဗျာ

အင်္ဂလိပ်စကားပြောစာကြောင်းတိုများ

 
အင်္ဂလိပ်စကားပြောစာကြောင်းတိုများ
=========================
Don't care enough ! ( ရက်စက်လိုက်ကြတာ )
Have courage - ( တရားနဲ့သာဖြေလိုက်ပါ )
Bitterly disappointed - ( အော့နှလုံးနာတယ် )...

That will do. - ( တော်လောက်ပါပြီ )
Feel uneasy for that. - ( အဲဒါအတွက်စိတ်ကသိကအောက်ဖြစ်တယ် )

အောင်မြင်ပြည့်စုံတဲ့ လူတစ်ယောက်ဖြစ်ဖို့

 
အောင်မြင်ပြည့်စုံတဲ့ လူတစ်ယောက်ဖြစ်ဖို့

ခွန်နေ - Khun Nay

ရိုးသားစွာ နေထိုင်တတ်ဖို့ကြိုးစားပါ...

သို့သော် ပြောဆိုမှုတိုင်း တန်ဖိုးရှိတဲ့စကားတွေ ဆိုနိုင်ပါစေ ။

ရည်မှန်းချက်ထားပြီး ကြိုးစားပါ
သို့သော် ကိုယ်သွားတဲ့လမ်းကြောင်း ဦးတည်ချက်ရှိပါစေ ။

စာများများဖတ်နိုင်အောင်ကြိုးစားပါ
သို့သော် လေ့လာမှတ်သားပြီး အမှန် ၊ အမှားခွားခြားတတ်ပါစေ ။

ကျယ်ပြန့်လာ နေသော အဓမ္မပြုကျင့်မှု ဖြစ်ရပ်များ

 
 
 
ကျယ်ပြန့်လာ နေသော အဓမ္မပြုကျင့်မှု ဖြစ်ရပ်များ
===================================

တက္ကသိုလ်ခင်မောင်ဇော်
...

ရှေးခေတ်က ကျွန်တော်တို့ နိုင်ငံ၌ အလိုမတူဘဲသား မယားပြုကျင့်မှု၊(ဝါ) အဓမ္မပြုကျင့် မှု (ဝါ) မုဒိမ်းမှု သတင်းများ မကြားရ လောက်အောင် လူ့ဘောင်လောကကြီးတည် ငြိမ်အေးချမ်းခဲ့သည်။ ထိုခေတ်ထိုအခါက ပြည်သူ အများသည် ဟီရိသြတပ္ပတရားကို စောင့်ထိန်းသော အလေ့ရှိကြသည်။ အမျိုးသမီးများသည် ကြီးကြီးငယ် ငယ်အဝတ်အစားများကို လုံလုံခြုံခြုံ ဝတ်စားဆင်ယင် ကြသည်။

တချို့ကမေးတယ်...

 


တချို့ကမေးတယ်...
"ကျွန်တော့်တစ်သက်မှာ စာတွေအများကြီးဖတ်ခဲ့တယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ဖတ်ခဲ့တဲ့စာတော်တော်များများကို ကျွန်တော်မေ့သွားတယ်။ ဒါဆိုရင် စာဖတ်ခြင်းရဲ့အဓိပ္ပာယ်၊ အသုံးဝင်ပုံက ဘာလဲ"

ကျွန်တော်အကြိုက်ဆုံးအဖြေကတော့...
"ကျွန်တော်တို့ တစ်သက်မှာ အစားအစာအများကြီး စားခဲ့တယ်။ ဒီစားပြီးတဲ့ အစားအစာတွေက ပြန်ရတော့တဲ့အရာတွေမဟုတ်ဘူး။ ဒါပေမယ့် အဲဒီအစားအစာတွေက ကျွန်တော်တို့ရဲ့အသွေးအသားအဖြစ် ပြောင်းသွားတာ...
ကတော့ အမှန်အကန်ပါပဲ။ စာဖတ်ခြင်းကလည်း ထိုနည်းလည်းကောင်းပါပဲ.. သင့်အတွေးအခေါ်အမြင်ကို ပြောင်းသွားစေပါတယ်"

လောကကြီးမှာ ..

 

လောကကြီးမှာ ..

သိပ်ရိုးရှင်းနေရင် သင့်ကို လိမ်ညာလှည့်ဖျားဖို ကြိုးစားလိမ့်မယ်
တစ်ယောက်တည်း အေးဆေးနေတတ်ရင်
မာနကြီးတယ် အပြောခံရမယ်...


ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချမှု လွန်ကဲနေရင်
မာန်တတ်တယ်လို့ သတ်မှတ်ကြတယ်
နုံအလွန်းရင် လှောင်ပြောင်ပြီးရယ်မောစရာ လုပ်ကြလိမ့်မယ်
သိပ်ရိုးသားပါတယ်လို့ သင်ပြောနေရင်
မရိုးသားဘူးလို့ပဲသတ်မှတ်ကြလိမ့်မယ်

“သစ်ရွက်တွေက လေကြောင့် ကြွေလွင့်ရတာလား မေမေ”

 


ငယ်ငယ်တုန်းက မေမေနဲ့အတူ တောအုပ်လေးတစ်ခုဆီ ကျွန်တော်လမ်းလျှောက်ထွက်ခဲ့တယ်။ လေတစ်ချက်အဝှေ့မှာ သစ်ရွက်လေးတွေက မြေပြင်ပေါ် တဖြုတ်ဖြုတ်ကြွေကျကြတယ်။

“သစ်ရွက်တွေက လေကြောင့် ကြွေလွင့်ရတာလား မေမေ”

“သစ်ရွက်တိုင်းက လေကြောင့်ကြွေရတာ မဟုတ်ဘူး သား။ တချို့သစ်ရွက်က လေမတိုက်လည်း သူ့အလိုလိုကြွေတတ်တယ်”...

Facebook မှာ အရက်မူးနေတဲ့ ပုံတွေ တင်မရအောင် Facebook က ဖန်တီး

 
 
Facebook မှာ အရက်မူးနေတဲ့ ပုံတွေ တင်မရအောင် Facebook က ဖန်တီး
Facebook က နည်းပညာ တစ်ခုကို ဖန်တီးလိုက်ပါတယ်။ ယင်းကတော့ အရက်မူးနေတုန်း ပုံတင်လို့မရအောင် ဖြစ်ပါတယ်။ အရက်တော့ မမူးတော့ဘူး။ ဒါပေမယ့် ရိုက်ထားတဲ့ ပုံက မူးနေတဲ့ ရုပ်နဲ့ ဖြစ်နေရင် Facebook ပေါ် မရောက်ရှိအောင် ဖြစ်ပါတယ်။ အင်မတန် စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ယင်းအတွက် လက်ရှိ Facebook မှာ အသုံးပြုနေတဲ့ မျက်နှာ ခွဲခြမ်းစိတ်ဖြာ လေ့လာ နည်းပညာကိုပဲ ထပ်မံ အဆင့်မြင့်တင်လိုက်ခြင်း ဖြစ်ပါတယ်။

ဘတ်စ်ကားစီးတဲ့ သံအမတ်

 
 
ဘတ်စ်ကားစီးတဲ့ သံအမတ်
ဧရာဝတီ

မနှစ် မိုးရာသီတုန်းက ရန်ကုန်တဖက်ကမ်း ဒလကို သွားပြီး ဆိုက်ကားစီးခဲ့တဲ့ ဗြိတိသျှသံအမတ်ကြီး အင်ဒရူးပက်ထရစ် အခုတခေါက် ရန်ကုန်က ဘတ်စ်ကားကို စီးပြန်တယ်။ "ဗြိတိသျှသံရုံးမှာ အလုပ်လုပ်တဲ့ ၀န်ထမ်း အများစုက ရုံးနဲ့ ဝေးတဲ့နေရာကနေ လာကြရတယ်။ ဒါကြောင့် ကျွန်တော်လည်း သူတို့ ရုံးကို နေ့တိုင်း ဘယ်လို လာသလဲလို့ သိချင်မိတယ်။ ဘက်စ်ကားတွေက တော်တော် ဟောင်းတာ သတိထားမိတယ်။