တကယ်တော့ ရိုဟင်ဂျာ ဆိုတာ နာမ်စား တစ်ခုပါဘဲ
သူတို့ကို ရိုဟင်ဂျာ လို့ဘဲ ခေါ်ခေါ် ဘင်္ဂလီ လို့ဘဲ ခေါ်ခေါ် မာမူ လို့ဘဲခေါ်ခေါ် ကြိုက်သလို ခေါ်ပါ
သိန်းနဲ့ သန်းနဲ့ချီတဲ့ အဲ့ဒီ့ လူတွေဟာ ရခိုင်ပြည်နယ် အတွင်းမှာ လက်ရှိနေထိုင်နေကြပါတယ်
...

မကြာသေးခင် အချိန်ကာလတုန်းက တောင် သူတို့ထဲကအချို့ကို နိုင်ငံသားအဖြစ် သတ်မှတ်ပေးပြီးနိုင်ငံသားစီစစ်ရေးကဒ်ပြားတွေထုတ်ပေးတဲ့ အခန်းအနား ကိုလဲ ကျင်းပခဲ့သေးတယ်
နိုင်ငံသားအဖြစ် လက်သင့်မခံနိုင်တဲ့ လူတွေကို တော့ white card ကို ဆက်လက်ကိုင်ဆောင်ခွင့်ပြုထားတယ်ပေါ့ဗျာ
ဘင်္ဂလားဒေ့ရှ် နိုင်ငံဖက်က ခိုးဝင်သူတွေပါလို့ ပြောခဲ့တဲ့ စစ်ဗိုလ်ချုပ်တွေက ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်နဲ့ တွေ့ဆုံအပြီးမှာတော့ ခိုးဝင်ဆိုတာမရှိပါဘူး လို့လေသံပြောင်းသွားခဲ့ပါတယ်
ဘင်္ဂလားဒေ့ရှ် နိုင်ငံဖက်က ဒုက္ခသည်စခန်းမှာ ရောက်ရှိနေတဲ့ ရိုဟင်ဂျာ ၅ သိန်း ကို လက်ခံပေးဖို့ ဦးသိန်းစိန် ကို ဘင်္ဂလားဝန်ကြီးချုပ်က တိုက်တွန်းသွားတဲ့ အချိန်မှာ ဘာမှ ပြန်မပြောလိုက်နိုင်ပါဘူး
ဒါပေမယ့် မကြာသေးခင်ကာလတုန်းကမှ ဘင်္ဂလားဒေ့ရှ်ဖက်က ရိုဟင်ဂျာ အချို့ကို ပြန်လည်လက်ခံတယ်ဆိုတဲ့ သတင်းကို ဘင်္ဂလားဒေ့ရှ် နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြခဲ့လို့ အကြီးအကျယ် ဖာကြထေးကြရသေးတာမှတ်မိမှာပါ
ဘင်္ဂလားဒေ့ရှ် နဲ့ စစ်ရေးတင်းမာသယောင်ယောင်ဖြစ်ခဲ့တဲ့အချိန်မှာတောင် နယ်စပ်ကစစ်သားတွေကိုကျွေးဖို့ဆိုပြီး ငပိကြော်ကြော်ဖို့ အလှူခံတဲ့ သူတောင်းစားနဲ့ တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲနေပါပြီလို့ ဖေ့ဘွတ်ပေါ်မှာ အချိန်နဲ့အမျှသတင်းတင်နေတဲ့ အရူးတွေကို ကြည့်ပြီး မြန်မာ့စစ်ခေါင်းဆောင်တွေ တောင် စစ်တိုက်ဖို့ စိတ်ပျက်သွားလောက်တယ်
ဘင်္ဂလားဖက်ကတော့ စစ်ရေးလေ့ကျင့်မှုကို မကြာခင်ကမှ အကြီးအကျယ်လုပ်သွားခဲ့တာပါ
ပြည်တွင်းရေးမတည်မငြိမ်ဖြစ်နေတဲ့ အကြမ်းဖက်မှုတွေ နေ့စဉ်ဖြစ်ပေါ်နေတဲ့ ဘင်္ဂလားအစိုးရကတော့ မြန်မာနဲ့စစ်တိုက်ရင် သူတို့အတွက်အမြတ်ထွက်မှာ သိနေကြတာကြောင့် စစ်တိုက်ဖို့ ဝန်လေးမှာမဟုတ်ပါဘူး
ဒါကြောင့် white card ကိုင်ထားတဲ့ ရိုဟင်ဂျာ ခေါ်ခေါ် ဘင်္ဂလီ ခေါ်ခေါ် မာမူ ခေါ်ခေါ် ကြိုက်သလို ခေါ်လို့ရတဲ့ လူ တွေကို ဘင်္ဂလားဒေ့ရှ် ပြန်ပို့မယ်ဆိုတာ မျိုး ကိုတော့ လက်ရှိမြန်မာအစိုးရက ဘယ်တော့မှလုပ်မှာမဟုတ်ပါဘူး
သူတို့ ဟာ မြန်မာပြည်ထဲမှာဘဲ ဆက်လက်ရှိနေတော့မှာပါ
ဒါကြောင့် နိုင်ငံသား လို့ လက်မခံနိုင်ရင်လဲ white card တွေကို မဲပေးခွင့်မပြုပါနဲ့
နိုင်ငံသားအဖြစ်လက်ခံ နိုင်တဲ့သူတွေကိုဘဲ နိုင်ငံသားအဖြစ်အသိအမှတ်ပြုလက်ခံပြီး မဲပေးခွင့်ပြုသင့်ပါတယ်
ဘင်္ဂလားဒေ့ရှ် ကို ပြန်မပို့တော့မယ့် ဘင်္ဂလီတွေကို နေပြည်တော်မှာ ခေါ်ထားလိုက်မယ်ဆိုရင်တော့ အကောင်းဆုံးပါဘဲခင်ဗျာ
(တကယ်တော့ ထိုင်းနိုင်ငံအတွင်းမှာ ရွှေ့ပြောင်းအလုပ်သမားအဖြစ်ရောက်နေတဲ့ တိုင်းရင်းသားတွေရဲ့ သားသမီးတွေ လဲ နိုင်ငံသားကဒ်တွေ မရရှိကြပါဘူး
မြန်မာနိုင်ငံသားစစ်စစ်တွေတောင် မဲပေးခွင့်မရတဲ့ သူတွေ အများကြီးပါ
ဘင်္ဂလီ တွေကိုမှ အထူးအခွင့်အရေးပေးပြီး မဲ လိုချင်နေတဲ့ ဦးသိန်းစိန် အစိုးရ ရဲ့ ခြေလှမ်းတွေ ဟာ အလွန်ပြောင်မြောက်ကြောင်း အသိအမှတ်ပြုပါတယ်ခင်ဗျာ)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။