Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, February 6, 2015

တချို့ကမေးတယ်...

 


တချို့ကမေးတယ်...
"ကျွန်တော့်တစ်သက်မှာ စာတွေအများကြီးဖတ်ခဲ့တယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ဖတ်ခဲ့တဲ့စာတော်တော်များများကို ကျွန်တော်မေ့သွားတယ်။ ဒါဆိုရင် စာဖတ်ခြင်းရဲ့အဓိပ္ပာယ်၊ အသုံးဝင်ပုံက ဘာလဲ"

ကျွန်တော်အကြိုက်ဆုံးအဖြေကတော့...
"ကျွန်တော်တို့ တစ်သက်မှာ အစားအစာအများကြီး စားခဲ့တယ်။ ဒီစားပြီးတဲ့ အစားအစာတွေက ပြန်ရတော့တဲ့အရာတွေမဟုတ်ဘူး။ ဒါပေမယ့် အဲဒီအစားအစာတွေက ကျွန်တော်တို့ရဲ့အသွေးအသားအဖြစ် ပြောင်းသွားတာ...
ကတော့ အမှန်အကန်ပါပဲ။ စာဖတ်ခြင်းကလည်း ထိုနည်းလည်းကောင်းပါပဲ.. သင့်အတွေးအခေါ်အမြင်ကို ပြောင်းသွားစေပါတယ်"

အမေရိကန်ဒဿနိကပညာရှင်၊ စာရေးဆရာ B. F. Skinner က ပြောခဲ့ဖူးတယ်။
"Education is what's left over when you've forgotten everything you've learned."တဲ့။
ငါတို့သင်ယူခဲ့ဖူးတာတွေကို ငါတို့မေ့လျော့ကုန်တဲ့အခါ နောက်ဆုံးကျန်နေခဲ့မယ့်အရာက ဉာဏ်ပညာရဲ့အဆီအနှစ်ပဲဖြစ်တယ်။

ကဗျာဆရာဆိုသူတစ်ဦးက ပြောဖူးတယ်။
"တက်ကျမ်းဆိုတဲ့စာတွေကို ငါဆယ်နှစ်သားကတည်းက ဖတ်လာခဲ့တာကွ။ အဲဒီစာတွေက လူငယ်တွေရဲ့အတွေးအခေါ်ကိုသတ်တဲ့စာပေ၊ အတွေးတွေကို ပိတ်ဆို့တဲ့ အဆိပ်အတောက်စာပေ"

တကယ်တော့ ကဗျာဆရာဆိုသူက စာတွေကိုဖတ်တဲ့အခါ စာထဲက စာရဲ့အတွေ့အကြုံ၊ ခွန်အားဖြစ်စေမယ့်အရာတွေကိုမယူဘဲ အလွတ်ကျက်မှတ်လိုက်ပုံရတယ်။ စာထဲက အတုယူသင့်တာယူပြီး ကိုယ့်အတွေးအမြင်အဖြစ် မပြောင်းလဲနိုင်ခဲ့တဲ့အခါ တက်ကျမ်း၊ ကြက်စွပ်ပြုတ်ဆိုတဲ့အရာတွေက သူ့အတွက် အဆိပ်စာပေဖြစ်သွားခဲ့ရတယ်။

ပြည်တွင်းထဲဝင်ရောက်လာတာ နှစ်သိပ်မကြာသေးတဲ့ တက်ကျမ်းလိုစိတ်ခွန်အားဖြစ်စေမယ့်စာပေကို ပြည်တွင်းနေလူတချို့က အဆိပ်စာပေလို့ပြောနေချိန်မှာ ဂျူဒီလို့ခေါ်တဲ့အမျိုးသမီးတစ်ဦးက သူချွတ်ခြုံကျနေချိန်မှာ ခြေနှစ်ချောင်းမဲ့ ခွေးကလေးတစ်ကောင်ကို တွေ့ရှိခဲ့ပြီး အဲဒီခွေးကလေးကို Faith(ယုံကြည်မှု)လို့ နာမည်ပေးခဲ့တယ်။ အဲဒီအကြောင်းကို ပုံပြင်လေးတစ်ပုဒ်ရေးခဲ့ရာက ခွေးကလေးFaithဟာ အမေရိကန်ကျည်းတပ်ရဲ့ "အကျိုးဆောင်တပ်ကြပ်"ဆိုတဲ့ ဂုဏ်နာမည်ကို ချီးမြှင့်ခံခဲ့ရပြီး "ခွေးသန်စွမ်း"လို့ တင်စားခံခဲ့ရတယ်။ ဒါဟာ ဂန္ထာဝင်ဆန်တဲ့ ကြက်စွပ်ပြုတ်ပုံပြင်တစ်ပုံပဲဖြစ်တယ်။ အမေရိကန်လူမျိုးတွေအတွက် ဒီလိုကြက်စွပ်ပြုတ်တွေက သောက်မငြီးတဲ့ အာဟာရကြက်ပေါင်းရည်ဖြစ်တယ်။ ခွေးကလေး Faithရဲ့ပုံပြင်က လူသားပေါင်းဘယ်လောက်ရဲ့ စိတ်နှလုံးကို နူးညံ့စေခဲ့သလဲ၊ ခွန်အားဖြစ်စေခဲ့သလဲဆိုတာ အင်တာနက်ပေါ်ရှာကြည့်လိုက်ပါ။ "Faith" ကြက်ပေါင်းရည်ကြောင့် ကျန်းမာလာသူတွေ၊ စိတ်ဓာတ်သန်မာလာသူတွေ အများကြီးရှိခဲ့ပါတယ်။

တကယ်လို့ ပါးစပ်အရသာခံဖို့ပဲ သောက်သုံးမယ် အာဟာရအဖြစ်မယူဘူးဆိုရင်တော့ ဘာစွပ်ပြုတ်သောက်သောက် စိတ်နေသဘောထား၊ စိတ်ကျန်းမာရေး၊ အတွေးအမြင်တွေက အရာမထင်လိမ့်မှာ မဟုတ်ပါဘူး။

*** အပေါ်တစ်ပိုဒ်က ထိုင်ဝမ်ကွန်ပျူတာသိပ္ပံပညာရှင် Lee Kai-Fu ရေးသားတဲ့စာတစ်ပိုဒ်နဲ့ ကျွန်မကြုံတွေ့ဖူး၊ ဖတ်ဖူးတာကို ပေါင်းစပ်ရေးသားပါတယ်။

နိုင်းနိုင်းစနေ (Feb. 3. 2015)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။