Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, February 24, 2015

"အသည်းကွဲဘုရင်မ"ရဲ့ ပေါ့ပါးပျော်ရွှင်တဲ့ဘဝ

 
 
"အသည်းကွဲဘုရင်မ"ရဲ့ ပေါ့ပါးပျော်ရွှင်တဲ့ဘဝ
------------------------------------------------------

ဂျပန်အမျိုးသမီးစာရေးဆရာ Chiyo Unoရဲ့တစ်သက်မှာ ရည်းစားအများကြီးထားခဲ့ဖူးတယ်။ ဒါပေမယ့် နောက်ဆုံးမှာ လမ်းခွဲခြင်းနဲ့ပဲ ဇာတ်သိမ်းခဲ့ရတယ်။ သူ့ကို “အသည်းကွဲဘုရင်မ”အဖြစ် ဂျပန်လူမျိုးတွေသိထားကြပါတယ်။
Chiyo Uno ဟာ သူ့ကိုစွန့်ပစ်သွားတဲ့ချစ်သူရည်းစားကို မသွားပါနဲ့လို့ သူမတားခဲ့သလို လိုက်လံပြီးတော့လည်းနေခဲ့ဖို့ သူမတောင်းဆိုခဲ့ဘူး။ ချစ်သူစွန့်ပစ်သွားလို့ဆိုပြီး နှလုံးသားအရှုပ်ထွေးမခံသလို ယောက်ျားတွေရဲ့ကျေးဇူးတရားကင်းမဲ့တဲ့စိတ်၊ ပြောင်းလဲတတ်တဲ့စိတ်ကိုလည်း သွားဆန်းစစ်မနေခဲ့ဘူး။ အသည်းကွဲလို့ခံစားရတဲ့ ဝမ်းနည်းပူဆွေးမှုကိုဖြေရှင်းတဲ့ သူ့ရဲ့နည်းလမ်းက ရိုးရိုးရှင်းရှင်းလေးပါ။ အသည်းကွဲတိုင်း အိမ်တံခါးသော့ခတ်ပြီး သူအခန်းအောင်း ငိုပါတယ်။ အားရအောင်ငိုတယ်၊ ကြမ်းပြင်ပေါ်လူးလှိမ့်တယ်။ ဒါဟာ “အသည်းကွဲလေ့ကျင့်ခန်း”လို့ Chiyo Unoက သူ့ကိုယ်သူလှောင်ရယ်ပြောခဲ့ပါတယ်။ ဒီလိုငိုယိုလူးလှိမ့်လို့ ဝပြီးဆိုရင် သူအနှစ်သက်ဆုံး အဝတ်အစားကိုကောက်ဝင်ပြီး ခါတိုင်းလိုပဲ ပြုံးပြုံးရွှင်ရွှင်နဲ့ သူအပြင်ထွက်ပါတယ်။
သူအသည်းအသန်ခံစားလိုက်ရတဲ့ အသည်းကွဲဝေဒနာက Takeo Kitaharaနဲ့ချစ်ကြိုက်ခဲ့တဲ့ မနဲ့မောင်ဇာတ်လမ်းမှာဖြစ်တယ်။ အဲဒီတုန်းက အသက် ၄၂နှစ်ရှိတဲ့Chiyo Unoဟာ သူ့ထက်အသက် ၁ဝနှစ်ငယ်တဲ့ သတင်းထောက်Takeo Kitaharaနဲ့ မြင်မြင်ချင်းချစ်ကြိုက်ခဲ့ကြတယ်။ အဲဒီအချိန်တုန်းက သူဟာ လူသိသူသိ ထင်ရှားကျော်ကြားတဲ့ စာရေးဆရာတစ်ဦးဖြစ်နေပါပြီ။ Takeo Kitahara က မျက်နှာမွဲသတင်းထောက်လေးတစ်ယောက်ပါ။ သူတို့ဟာ တိုကျိုအင်ပါယာဟိုတယ်မှာ မင်္ဂလာပွဲကို ခမ်းခမ်းနားနားကျင်းပခဲ့ပါတယ်။
ဒီကြီးကျယ်ခမ်းနားခဲ့တဲ့အိမ်ထောင်ရေးဟာ နောက်ဆုံးတော့လည်း Chiyo Uno အထားခံရတာနဲ့ ဇာတ်သိမ်းခဲ့ပါတယ်။ အဲဒီအချိန်က Chiyo Uno အသက် ၆၇နှစ်ရှိနေပါပြီ။ သူငယ်ချင်းမိတ်ဆွေတွေက “ဘယ်လိုလုပ်မလဲ.. မင်း အစွန့်ပစ်ခံရပြန်ပြီ”လို့ သူ့ကိုကရုဏာသက်ကြတယ်။ Chiyo Uno က လူအများရဲ့သနားစိတ်၊ ကိုယ်ချင်းစာစိတ်ကိုရလို့ဆိုပြီး မျက်ရည်မကျခဲ့ဘူး၊ တည်ငြိမ်တဲ့စိတ်နဲ့ပဲ ဖြတ်ကျော်ခဲ့တယ်။
Chiyo Uno အသက် ၈၈နှစ်မှာ တိုကျိုအင်ပါယာဟိုတယ်မှာ ကြီးကျယ်ခမ်းနားတဲ့ ပါတီပွဲတစ်ခုပြုလုပ်ခဲ့တယ်။ သူကိုယ်တိုင် ဒီဇိုင်းဆွဲချုပ်လုပ်ထားတဲ့ဝတ်စုံကိုဝတ်ပြီး သူ့အပြုံးက မိန်းမပျိုလေးတစ်ယောက်လို လန်းဆန်းတက်ကြွ ရှက်သွေးဖြာနေခဲ့တယ်။ အမျိုးသားတချို့က Chiyo Unoနဲ့ချစ်ကြိုက်ခဲ့ဖူးတဲ့ချစ်သူအဖြစ် သရုပ်ဆောင်ပြီး စင်ပေါ်တက် ဖြေဖျော်ခဲ့တယ်။ ချစ်ခြင်း ကြင်နာမှုအပြည့်နဲ့ Chiyo Unoဘေးမှာ ပတ်လည်ဝိုင်းခဲ့ကြပြီး အနွေးထွေးဆုံးတောင်းဆုတွေ ပေးခဲ့ကြတယ်။ ပါတီပွဲကို အရှိန်အဟုန်ပြင်းပြင်းနဲ့ ကျင်းပနိုင်ခဲ့ပါတယ်။ ဒီလိုအချိန်မျိုးမှာ Chiyo Unoဟာ ပျော်ရွှင်ကြည်နူးမှုအပြည့်နဲ့ ပြုံးရယ်နိုင်ခဲ့ပါတယ်။ သူနဲ့ချစ်ခဲ့ဖူးပြီး သူ့ကိုရက်ရက်စက်စက်ထားသွားခဲ့သူတွေက ဒီအချိန်မှာ သေဆုံးခဲ့ကြပြီဖြစ်တယ်။ သူကတော့ ဒီလောကကြီးထဲမှာ ပျော်ပျော်ရွှင်ရွှင် ရှင်သန်နေဆဲဖြစ်ပါတယ်။
Chiyo Unoဟာ အသက် ၉၈နှစ်သေဆုံးသွားချိန်အထိ ဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းခဲ့ပါတယ်။
ကိုယ်ချစ်တဲ့သူထားသွားတာကိုခံရချိန်မှာ Chiyo Uno လည်း နာကျင်ခံစားခဲ့ရပါတယ်။ ဒါပေမယ့် သူ့ကိုယ်သူပျော်ရွှင်လာနိုင်အောင် သူနည်းလမ်းရှာခဲ့တယ်။ အချစ်က သူ့ကို လှိုင်းတံပိုးပမာ နိမ့်ချည်မြင့်ချည် ဆော့ကစားခဲ့ပေမယ့် ဒါတွေဟာ သူ့အတွက် ပြင်ပဒဏ်ရာပဲဖြစ်ခဲ့တယ်။ ပျော်ရွှင်မှုကိုသာရှာဖွေခဲ့တဲ့ သူ့ဘဝကိုပိုအရောင်စုံစေခဲ့တယ်။
“အသည်းကွဲပြီးဆိုမှတော့ လက်လွှတ်လိုက်တော့… ကြိုးပြတ်သွားတဲ့စွန်ဟာ ပြန်လိုက်လို့မရနိုင်ပါဘူး” လို့ ပြင်သစ်စာရေးဆရာ Honoré de Balzac က ပြောခဲ့ပါတယ်။
----

မူရင်းလင့် -- http://www.85nian.net/zuowensucai/16152.html
နိုင်းနိုင်းစနေ (Feb. 23. 2015)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။