Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, February 28, 2015

အအိပ်လွန်လျှင် လေဖြတ်နိုင်

 
 
အအိပ်လွန်လျှင် လေဖြတ်နိုင်
========================

လေဖြတ်ခြင်းရောဂါဝေဒနာ မဖြစ်မီ ရောဂါလက္ခဏာကို ရှာဖွေ ရန် နည်းလမ်းမရှိချေ။ သို့ရာတွင် လေဖြတ်သောရောဂါဝေဒနာခံစား ရဖွယ်ရှိသည်ဟူ၍ ကြိုတင်ခန့်မှန်း နိုင်ရန် ဆရာဝန်များအား အထောက် အကူပြုမည့် သဲလွန်စကိုမူ သုတေသီ များက တွေ့ရှိထားသည်။ ယင်းကား အခြားမဟုတ် ညအခါအိပ်သောအ ချိန်အတိုင်းအတာပင်ဖြစ်သည်။
တစ်ညလျှင် ရှစ်နာရီကျော် သည့် အထိ အိပ်သောအသက်ကြီး သူများအနက် ၄၆ ရာခိုင်နှုန်းသည် လေဖြတ်ရန် အလားအလာပိုများ သည်ဆိုသည်ကို သုတေသီများ၏ လေ့လာတွေ့ရှိချက်အရသိရ၏။သု တေသီများသည် သူတို့၏တွေ့ရှိချက် ကို ဖေဖော်ဝါရီ ၂၅ ရက်ထုတ်ဂျာ နယ်တွင် ဖော်ပြထားသည်။
ပိုဆိုး သည်မှာ တစ်ညလျှင်ခြောက်နာရီ ပြည့်သည်အထိ မအိပ်သူသည် တစ် နေ့လျှင်ခြောက်နာရီမှ ရှစ်နာရီအထိ ပုံမှန်အိပ်သူထက်လေဖြတ်ရန် အလားအလာ လေးဆပိုများခြင်းပင် ဖြစ်သည်။
သုတေသီများ၏ လေ့လာတွေ့ ရှိချက်သည် အိပ်စက်ချိန်နှင့် လေ ဖြတ်ခြင်း ဆက်စပ်မှုရှိသည်ဆိုသည် မှာ ထင်ရှားသည်ဟုဆိုနိုင်ရန်အ ထောက်အကူပြုပေလိမ့်မည်။ အိပ် စက်ချိန်နှင့်လေဖြတ်ခြင်းဆက်စပ်မှု နှင့်ပတ်သက်၍ သုတေသီများက အမျိုးမျိုးလေ့လာခဲ့သည်။ သို့ပင်ဖြစ် သော်လည်း ရလဒ်မှာမူတစ်သမတ် တည်း မရှိသေးချေ။
သို့ဖြစ်၍ အင်္ဂလန်ရှိ ကင်းဘ ရစ်တက္ကသိုလ်နှင့် ဝါဝစ်ခ်တက္ကသိုလ် တို့မှ သုတေသီများက အိပ်စက်ခြင်း နှင့် လေဖြတ်ခြင်းဆက်စပ်မှုအဖြေ ကို တိတိကျကျရရှိနိုင်ရန် ကင်ဆာ ရောဂါကို လေ့လာရာ၌ သတိပေး၍ လေ့လာကြည့်ရှုနေကြသည်။ သူတို့ သည် အလားအလာကောင်းသော ဥရောပကင်ဆာ လေ့လာစုံစမ်းရေး လုပ်ငန်းတွင် ပါဝင်ကူညီဆောင်ရွက် ပေးကြသည်။ အင်္ဂလန်နိုင်ငံ၊ နော် ဖော့လ်ခ်မှ လူပေါင်း ၉၆၉၂ တို့၏ အချက်အလက်များကိုအသုံးပြုခဲ့ ကြသည်။ သုတေသီများက ကင် ဆာရောဂါ လေ့လာစုံစမ်းစစ်ဆေး ခြင်းကို ၁၉၉ဝ ပြည့်နှစ်များ၌ပြုလုပ် ခဲ့သည်။
သူတို့၏လေ့လာမှုတွင် ပါ ဝင်ကူညီရန် စာရင်းပေးခဲ့ကြသည့် လူ ၉၆၉၂ ဦးတို့သည် ထိုစဉ်ကအ သက် ၄ဝ နှင့် ၇ဝ အတွင်းရှိခဲ့ကြ သည်။ သူတို့၏ ပျမ်းမျှအသက်ကွာ ဟချက်မှာ ၉ ဒသမ ၅ နှစ်ဖြစ်သည်။
တစ်ညတွင် အချိန်မည်မျှအိပ် ၍ အိပ်ရာတွင်လည်း နှစ်နှစ်ခြိုက် ခြိုက်ရှိ၊ မရှိဆိုသည်တို့နှင့် ပတ်သက် ၍ စေတနာ့ဝန်ထမ်းစမ်းသပ်ခံတို့ အား ၁၉၉၈ ခုနှစ်နှင့် ၂ဝဝဝ ပြည့် နှစ်အတွင်း၌လည်းကောင်း၊ ၂ဝဝ၂ ခုနှစ်နှင့် ၂ဝဝ၄ ခုနှစ်အတွင်း၌လည်း ကောင်းမေးမြန်းခဲ့သည်။
သုတေသီ တို့သည် ဖွား၊ သေစာရင်းနှင့် ဆေး ဝါးဆိုင်ရာ သတင်း အချက်အလက် များကို လေ့လာရှာဖွေစုဆောင်းခဲ့ ရာ၌ သက်ဆိုင်သူများ၏ အသက်၊ ပညာအရည်အချင်း၊ ဆေးလိပ်သောက်၊ မသောက်၊ အရက်သောက်၊ မသောက်၊ ခန္ဓာကိုယ်ကြီးထွားမှု အညွှန်းကိန်း၊ သွေး ဖိအားနှင့် လေဖြတ်ရောဂါနှင့် ပတ် သက်သော မိသားစုနောက်ခံသမိုင်း တို့ကိုပါ ထည့်သွင်းလေ့လာရှာဖွေစု ဆောင်းခဲ့ကြသည်။
စေတနာ့ဝန်ထမ်းစမ်းသပ်ခံ ၉၆၉၂ ဦးတို့အနက် ၃၄၆ ဦးတို့ သည် ထိုလေ့လာနေသော ကာလ အတွင်း လေဖြတ်ဝေဒနာခံစားရမှု အနည်းဆုံးတစ်ကြိမ်ဖြစ်ခဲ့ကြသည်။ ယင်းတို့အနက် ၆၇ ဦးတို့မှာ လေ ဖြတ်ခြင်းကို ဆိုးဆိုးရွားရွားခံစားခဲ့ ကြရသည်။
သို့ရာတွင်လေ့လာနေ သည့် ကာလအတွင်း လေဖြတ်ခဲ့သူ များသည် တစ်သမတ်တည်းဖြစ်ခဲ့ ကြသည်မဟုတ်ပေ။ လေဖြတ်နိုင် ခြေရှိသည့် တခြားသောအကြောင်း ခြင်းရာများကို ထိန်းချုပ်ပြီးနောက် တစ်ညလျှင် ရှစ်နာရီကျော်သည်အ ထိ အိပ်သူများသည် ခြောက်နာရီ မှ ရှစ်နာရီအထိ ပုံမှန်အိပ်သူများ ထက် လေဖြတ်ရန် အလားအလာ ထူးထူးခြားခြား ပို၍ရှိသည်ကိုတွေ့ ရှိခဲ့ကြသည်။
တစ်ညလျှင် ခြောက်နာရီပြည့် သည်အထိပင်မအိပ်သူများသည် လည်း လေဖြတ်ရန် အလားအလာ ပိုများသည်ကို သုတေသီတို့တွေ့ရှိခဲ့ ကြသည်။ အအိပ်နည်းသူတို့၏လေ ဖြတ်နိုင်ခြေမှာ ပုံမှန်အိပ်သူတို့ထက် ၁၈ ရာခိုင်နှုန်းပို၍ရှိသည်။
အိပ်ချိန်နှင့်လေဖြတ်ခြင်း ဆက်စပ်မှုရှိရာတွင်လည်း အမျိုးသ မီးများက အမျိုးသားများထက်အ လားအလာပိုများသည်ကိုလည်း ကောင်း၊ လေဖြတ်လျှင် လည်း ဆိုးဆိုး ရွားရွားဖြစ်သည်ကိုလည်းကောင်းသု တေသီတို့ လေ့လာတွေ့ရှိခဲ့ကြသည်။
စေတနာ့ဝန်ထမ်းစမ်းသပ်ခံ များကို အသက်အပိုင်းအခြားအ လိုက် လေ့လာစစ်ဆေးကြည့်သော အခါ တစ်ညလျှင် ရှစ်နာရီထက်ပို၍ အိပ်သည့် အသက် ၆၃ နှစ်နှင့်အ ထက် လူကြီးများတွင်သာ လေဖြတ် ရန် အလားအလာ ပိုများသည်ကိုသု တေသီတို့လေ့လာတွေ့ရှိခဲ့သည်။ တစ်ညလျှင် ခြောက်နာရီပြည့်သည် အထိပင်မအိပ်သူများအနက် လူ ငယ်များက လူကြီးများထက်ပို၍လေ ဖြတ်ရန် အလားအလာများသည်ကို လည်း သုတေသီတို့တွေ့ရှိကြသည်။
နောက်ဆုံးတွင် အိပ်ချိန်လျော့ နည်းအိပ်သူများသည် ဦးနှောက် သွေးကြော ပိတ်ဆို့သောကြောင့် ဖြစ် သော လေဖြတ်ခြင်း(ischemic stroke) အမျိုးအစားဖြစ်နိုင်ခြေ ပိုများပြီး အိပ်ချိန်ပိုလွန်၍ အိပ်သူ များသည် ဦးနှောက် သွေးကြော ပေါက်၍ဖြစ်သော လေဖြတ်ခြင်း (hemorrhagic stroke) အမျိုး အစားဖြစ်နိုင်ခြေပိုများသည်ဆိုသည် ကို သုတေသီတို့တွေ့ရှိခဲ့ကြသည်။
အိပ်ခြင်းနှင့် လေဖြတ်ခြင်းတို့ မည်သို့မည်ပုံနှင့် မည်မျှဆက်စပ်မှုရှိ သည် ဆိုသည်ကို ဆက်လက်၍လေ့ လာရဦးမည်ဖြစ်ကြောင်း သုတေသီ တို့က ဆိုသည်။
Science Now
‪#‎Democracytoday‬
|─────----------------Yangon Media Group ----------──────-|
www.facebook.com/democracytodaynewspaper
www.myanmarnewsnetwork.com
|─────----------------Yangon Media Group ----------──────-|

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။