Rachanok Min Burma added 3 new photos.
ယနေ. ဧရာဝတီကျောင်းသားများသပိတ်စစ်ကြောင်းမှာ ရှေ.တန်းကပါဝင်နေတဲ့
သမီးလေး စုပုံချစ်ရဲ. ဘ၀တစိတ်တဒေသအကြောင်း ။
_________________________________________
မစုပုံချစ်ဆိုတဲ့ မိန်းကလေးဟာ မွေးကတည်းက ကိုယ်အဂါင်္မပြည့်စုံရှာဘူး၊ ခြေထောက်
တဘက်နဲ့ ရပ်ရတယ် ။ စာရေးရတယ် ။ ကွန်ပျူတာသုံးရတယ် ။ဆယ်တန်းအောင်...
တော့ ဆေးကျောင်းအမှတ်မီတယ် ။
သြစတြေးလျနိုင်ငံ ဆစ်ဒနေမြို့မှာ ပညာတော်သင်သွားရောက်ခဲ့တဲ့ မသန်စွမ်းကျောင်းသူ မစုပုံချစ်ဟာ (Master of Policy Studies - MPS) မဟာဘွဲ့ ကို ထူးချွန်အောင်မြင်
ရရှိခဲ့ပြီး ဇူလိုင်လ ၂၀ ရက်နေ့က မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။
သူမဟာ ဆစ်ဒနေမြို့က The University of New South Wales (UNSW)
တက္ကသိုလ်မှာ တစ်နှစ်ခွဲကျော်အကြာ ပညာသင်ယူခဲ့ပြီး မေဂျာဘာသာရပ်နှစ်ခု ဂုဏ်ထူး
ရအောင် ကြိုးစားနိုင်ခဲ့တာဖြစ်ပါတယ်။
မစုပုံချစ်ဟာ အကောင်းအတိုင်းရှိတဲ့ ဘယ်ဖက်ခြေထောက်ကိုအသုံးပြုပြီး စာရေးနိုင်
တာဖြစ်ပါတယ်။ သူဟာ တက္ကသိုလ်ဝင်တန်းကို ဂုဏ်ထူးလေးဘာသာနဲ့ အောင်မြင်ခဲ့ပြီး သတင်းနှင့်နည်းပညာ အင်ဂျင်နီယာဘာသာရပ်အထူးပြုနဲ့ နည်းပညာတက္ကသိုလ်ကို တက်ရောက်ခဲ့ပါတယ်။မဟာဘွဲ့အတွက် နည်းပညာတက္ကသိုလ်ကို တက်ရောက်နေဆဲ
မှာ ၂၀၁၃ ခုနှစ်အတွင်း သြစတြေးလျနိုင်ငံမှာ ကျောင်းတက်ဖို့ ပညာတော်သင်ဆုကို
ရရှိခဲ့တာပါ။ ဒါဟာ မြန်မာနိုင်ငံက မသန်စွမ်းသူတစ်ဦးအနေနဲ့ ပြည်ပ ပညာတော်
သင်ဆုကို ပထမဆုံးအကြိမ် ရရှိခဲ့တာဖြစ်ပြီး သမိုင်းမှတ်တိုင်တစ်ခုစိုက်ထူနိုင်ခဲ့တာ
လည်းဖြစ်ပါတယ်။
ယနေ. သူမဟာ ကျောင်းသားသပိတ်မှာ ဧရာဝတီစစ်ကြောင်းကနေ သူကိုယ်တိုင်
မြန်မာနိုင်ငံရဲ.အမျိုးသားပညာရေးဥပဒေ ပြန်လည်ပြင်ဆင်ရေးမှာတိုက်ပွဲဝင်နေတယ်..။
Source 7 days daily
လေးစားစွာပြန်လည်တင်ပြပေးသည်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။