အပြင်မှာချိန်းတွေ့တော့ တကယ်မလှလို့ အရိုက်ခံရတဲ့ မိန်းခလေး
______________________________
တရုတ်ပြည်မှာ ဖြစ်ပါတယ်။ အရှေ့မြောက်ဒေသ Harbin မှာ နေထိုင်တဲ့ Huang ဟာ အရှေ့တောင် ဒေသ Huzhou ဒေသမှာ နေထိုင်တဲ့ Xiaojin လို့အမည်ရ တဲ့ အမျိုးသမီးကို ကြိုက်ပါတယ်။
သူတို့နှစ်ဦးဟာ အွန်လိုင်း WeChat ပေါ်မှာ တွေ့ကြခြင်း ဖြစ်ပါတယ်။ ကောင်မလေးဟာ သူမပုံကို ပို့တေ့ ဘယ်ဘက်က ပုံအတိုင်းပဲ သေချာ မိတ်ဆက်လိမ်း ပြင်ဆင်ပြီးမှ ပို့သတဲ့။ ဓာတ်ပုံအရိုက်လည်းကောင်း၊ သေချာလည်း ပြင်တာကြောင့် မင်းသမီးလေးလို လှတာပေါ့။ ...ကြိုက်သွားတဲ့ Huang ဟာ Xiaojin ကို တွေ့ဖို့အတွက် တောင်းဆိုပါတယ်။ သူမမြို့ကို လာပါလို့ ဖိတ်တော့လဲ မငြင်းပါဘူး။ ကုန်းတစ်တန်၊ လေတစ်တန် ခရီသွားပြီး ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာနဲ့ ပြန်တွက်ရင် ထောင်ဂဏန်း ကုန်ပါတယ်။ တကယ်လည်း သွားတွေ့ရော ညာဘက်က တစ်ယောက် ဖြစ်နေတော့ စိတ်ဆိုး စိတ်ပျက်သွားပါတယ်။
ပြီးတော့ ၂ ယောက်သား အငြင်းပွား အချင်းများရာကနေ ရိုက်မိရာ အမျိုးသမီးက ယခုလို ဒဏ်ရာ အနာတရ အနည်းငယ်ရခဲ့ ပါတယ်။ ရဲတွေဟာလည်း ဖြစ်ရပ်ကို သိလေတော့ သာမန် သမီးရည်းစားများ ရန်ဖြစ်တဲ့ ကိစ္စလို့ သဘောထားပြီး လစ်လျူ ရှုလိုက်ပါတယ်။
အွန်လိုင်းကနေ ချစ်ကြိုက်တဲ့အခါ video call ပါ ခေါ်သင့်ကြောင်း နှစ်သိမ့် comment ပေးခဲ့ကြ ပါတယ်။www.doemyanmar.com

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။