Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, September 10, 2015

I C ရဲ့ ဒရမ်မာ ကိုခရမ်းနှင့်တွေ့ ဆုံခြင်း


🍆I C ရဲ့ ဒရမ်မာ ကိုခရမ်းနှင့်တွေ့ ဆုံခြင်း.🍆

ခရမ်းသည် ဂီတ လောက ထဲသို့ ဝင်ခါစတွင် Section Player အဖြစ် လိုက်လံ တီးခတ်ခဲ့ သော်လည်း လိဒ်ဂစ်တာသမား တေးရေး စောဘွဲ့မှူး တည်ထောင်သည့် Iron Cross (IC) တေးဂီတဝိုင်း စတင်ချိန် ၁၉၉၁ ခုနှစ်ကတည်း က ဒရမ်မာအဖြစ် ပါဝင်တီးခတ်ခဲ့သူဖြစ်သည်။ ယခုအခါ IC တေးဂီတအဖွဲ့ တည်ထောင်သည်မှာ ၁၇ နှစ်တာ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ကွယ်လွန်သူ စောဘွဲ့မှူးမှအပ ကျန်သည့် တီးဝိုင်းအဖွဲ့ဝင်များနှင့် ဝိုင်း စတင်ချိန်က အတိုင်း ပြိုကွဲခြင်း၊ ကျဆုံးခြင်းမရှိဘဲ ရပ်တည်ဆဲဖြစ်သည်။ ယင်းတေးဂီတအဖွဲ့၌ ဒရမ်မာအဖြစ်သာမက တီးဝိုင်း နှင့် ပတ်သက်သည့် ကိစ္စရပ်များတွင် တာဝန်ရှိသူတဦးအဖြစ် အဆုံးအဖြတ်ပေးနိုင်သော ကိုခရမ်းကို ဧရာဝတီက တွေ့ဆုံမေးမြန်းခဲ့ပါသည်။

မေး။ ။ ကိုခရမ်းက ဒရမ်နဲ့ပတ်သက်တဲ့ ပညာကို ဘယ်လိုလေ့လာခဲ့ပါသလဲ။

ဖြေ။ ။ လူက မွေးကတည်းကတော့ ဘာမှတတ်ခဲ့တာမဟုတ်ဘူးလေ။ ကျနော်တို့ဆီမှာက ဂီတနဲ့ ပတ်သက် တဲ့ ကျောင်းဆိုတာလည်း သတ်သတ်မှတ်မှတ်ရှိတာ မဟုတ်ဘူး။ ဒီ စတီရီယိုပိုင်းက ပိုဆိုးတာပေါ့။ ကျနော်တို့ ထက် တတ်တဲ့၊ သိတဲ့ ရှေ့လူတွေဆီမှာနည်းနာခံ၊ တပည့်ခံပြီးသင်ယူခဲ့ရတာပဲ။ ကျနော့်ဆရာက ကိုဇော်ဝင်းရှိန် ပါ။ Play Boy တို့ Aces တို့ကတော့ ကျနော့်ရဲ့ မြင်ဆရာတွေပေါ့။

ကျနော်က ဒီပညာကို တတ်ချင်လွန်းလို့ကို ရအောင်ယူခဲ့တာ။ အလယ်တန်း တက်နေတုန်း စာဆက်မသင်ချင် တော့ဘူး။ စိတ်လည်းမပါဘူး။ လူက ဂီတသံကြားရင်ကို မနေနိုင်တာ။ အဲဒီ တူရိယာတွေကြားမှာပဲ ပျော်နေချင် တာလေ။ ကျနော်လုပ်ချင်တာက ဒါပဲ .. ဒီတော့ ကျနော်က မိဘတွေကို တောင်းဆိုတယ်။ ကျနော့်ကို ကျောင်း ထုတ်ပါ .. မထုတ်ရင်လည်း ကျနော့်ဟာကျနော် ရအောင်ထွက်မယ် ဆိုပြီး လုပ်တာဗျ။

ရှေးကလမ်းဖောက်ခဲ့တဲ့ ဆရာတွေကို သိပ်ကျေးဇူးတင်ဖို့ကောင်းတယ်။ ဖြစ်နိုင်ရင် ခုကလေးတွေသိအောင်ရှင်းပြ ချင်တယ်။ ကိုသန်းနိုင်ဆို ဒရမ်အရမ်းကောင်းတယ်ဗျာ။ ကိုအော်စကာသန်းတင်ဆိုရင်လည်း အရမ်းလေးစားဖို့ ကောင်းတယ်။ ဒါတွေ မှတ်တမ်းမရှိဘူး။ ကျနော်ကိုယ်တိုင်လည်း မလုပ်နိုင်ဘူး။ လုပ်နိုင်တဲ့ သူတွေရှိရင် လုပ်စေ ချင်တယ်။

မေး။ ။ စတိတ်ရှိုးတီးတဲ့အခါမှာ အာရှက တခြားရော့ခ်ဘန်တွေနဲ့ IC နဲ့ ဘယ်လိုကွာခြား ပါသလဲ။

ဖြေ။ ။ မတူဘူးဗျ။ အထူးသဖြင့် ထိုင်းက ရော့ခ်ဘန်တွေပေါ့ဗျာ။ ထိုင်းက The Sun Band ကိုဖိတ်ပြီး ကျနော်တို့ အလုပ်ရုံဆွေးနွေးပွဲ ပုံစံမျိုးလုပ်ဖူးတယ်။ သူတို့တီးတာက ပုံသေနည်းဆန်တယ်။ ပုံသေနည်းအတိုင်း ဆိုတော့ တီးတာ သက်သောင့်သက်သာမရှိဘူး။ စိတ်လှုပ်ရှားဖို့မကောင်းဘူး။ ကျနော်တို့ကျတော့ စိတ်ကူးတည့် သလို တီးတာ။ စင်ပေါ်ရောက်သွားပြီဆိုတာနဲ့ IC က Team work လည်းကောင်းတော့ အားလုံးကညီညွတ်ပြီး ဘယ်သူနဲ့တူတယ်ရယ်လို့ကို မဟုတ်တော့ဘူး၊ ကိုယ့်စတိုင်နဲ့ကိုယ်ကို အားလုံး မြောက်ကုန်ကြတာ။

မေး။ ။ အသက်ကြီးလာရင်ကော ရော့ခ်တွေပဲ ဆက်တီး နေဦးမှာလား။

ဖြေ။ ။ အသက်ကြီးလာရင်တော့ လုပ်ချင်တာရှိတယ်ဗျ။ အဲဒါက Jazz Rock လေ။ ဒရမ်ရယ် ဘေ့စ်ရယ် ၂ ယောက်တည်းတီးရတာ။ တကယ့်ငြိမ့်ငြိမ့်လေး။ သူက အဆိုသမားက သိပ်အဓိကမကျဘူး။ အဲဒီ အမျိုးအစားက သံစဉ်တွေတင်မဟုတ်ဘူး တီးတဲ့သူတွေကပါ တန်ဖိုးရှိနေတာ။ တပုဒ်လုံးကို ၁၅ မိနစ်စာလောက်ရှိတယ်ဗျာ။ ပန့်ခ်တွေ မော်ဒန်ရော့ခ်တွေ၊ အော်လ်တာတွေ အမျိုးမျိုးတီးဖူးတယ်။ မတူဘူးဗျာ။ ကျတော်ကြည့်ဖူးသမျှတော့ အဲဒီအမျိုးအစားကိုတီးတာ အသက် ၆၀ အရွယ်လောက်ကြီးတွေ။ ဒါပေမယ့် လူငယ်တွေထက် တော်တော့်ကို လက်စောင်းထက်တယ်ဗျ။ အဲဒါမျိုး ကြီးလာရင်လုပ်ချင်တယ်။

မေး။ ။ ကော်ပီနဲ့ ကိုယ်ပိုင်သံစဉ်ကိစ္စကို လူတွေက အမျိုးမျိုးသရုပ်ခွဲကြတယ်။ ကိုခရမ်းကော ဘာပြောချင် ပါသလဲ။

ဖြေ။ ။ ကော်ပီနဲ့ ကိုယ်ပိုင်သံစဉ်ကိစ္စက ခဏခဏ ရှင်းဖူးတယ်။ ကော်ပီကို ဝေဖန်တဲ့သူတွေကကော ဂီတကို တကယ်သိလို့၊ လေးစားလို့ပြောတာလား .. တမင်မလိုတဲ့ဘက်က ရန်လုပ်ချင်လို့ ပြောတာလား ဆိုတာကို ခွဲခြား ဖို့ လိုမယ်ထင်တယ်။ မြူးဇစ် ဆိုကတည်းကိုက ကော်ပီပဲတီးတီး Own Tune ပဲတီးတီး တူတူပဲ မဟုတ်ဘူးလား။ ဟုတ်ပြီ .. Own Tune ပဲတီးကြမယ် ဆိုပါတော့ .. ကျနော်တို့ ဒီနေ့လုပ်နေတဲ့ မြူးဇစ် ပုံစံက ဘယ်ကလာတာလဲ။ ဒီအငွေ့အသက်တွေနဲ့ ကင်းနိုင်မလား။ ကျနော်တို့လုပ်နေတာကိုက မြန်မာ့ဂီတစစ်စစ်မဟုတ်ဘူး။ ဒါကိုလက်ညှိုး ငေါက်ငေါက်ထိုး ပြောကြတာတော့ မတရားဘူးထင်ပါတယ်။ ကိုယ့်ရာဇဝင် ကိုယ် ရေးရတာပဲ။ ဂီတကို ဂီတလိုပဲ ခံစားသင့်တယ်။ ဂီတကို ခံစားမှာလား အပြစ်ပြောမှာလား ။ ကော်ပီရေးတဲ့သူတွေကလည်း သီချင်းကို ပစ်စလက် ခတ် ရေးကြတဲ့သူတွေမဟုတ်ဘူး။ မူရင်းသီချင်းကို သေချာနားထောင်ပြီးမှ အဓိပ္ပာယ် မပျက်အောင်ရေးလာကြပြီ။

မေး။ ။ IC ရယ်လို့ ဖြစ်လာပုံလေး အကြမ်းဖျင်း ရှင်းပြပေးပါဦး။

ဖြေ။ ။ အစကတော့ ကျနော်တို့အားလုံး Section လိုက်တီးနေကြတာ။ ကျနော်ကော၊ ဗညားကော၊ ခင်မောင် သန့် ကောပေါ့။ ဘွဲ့မှူးကြီးကခေါ်ရင်လည်း လာတီးလိုက်၊ တခြားမှာလည်း သွားတီးလိုက် လုပ်နေရင်း ဒီလိုလုပ် နေတာထက် Section လုံးဝမတီးဘဲ နေကြမယ်။ ဝိုင်းတခု လုပ်ကြမယ် ဆိုပြီး ဆုံးဖြတ်ကြတာ။ တကယ်တော့ အဲဒါကမလွယ်ဘူး။ Section တီးတာက ပိုက်ဆံအရမ်းရတယ်လေ။ မတီးဘဲ တောင့်ထားဖို့ကမလွယ်ဘူး။

ဆိုလိုတာက Section ကို လက်မလည်အောင် တီးနေရာကနေ လုံးဝရပ်လိုက်ရတော့ အလုပ်တွေ အားသွားကြ တယ်ဆိုတာ ပြောချင်တာပါ။ အဖွဲ့အနေနဲ့က နာမည်မရှိသေးတော့ အလုပ်သိပ်မဖြစ်သေးတာကို တော်တော် လေး တောင့်ခံကြရတယ်။ အဲဒီအချိန်မှာ တောင့်မခံနိုင်ရင် IC ဆိုတာလည်း ဖြစ်လာမှာမဟုတ်ဘူး။

မေး။ ။ IC ဆိုပြီး ဒီလောက် နှစ်ကြာကြာ ရပ်တည်လာနိုင်တာ ဘာကြောင့်ပါလဲ။

ဖြေ။ ။ အဓိကက ကျနော်တို့တယောက်နဲ့တယောက် ချစ်ကြတယ်။ ပြီးတော့ အားလုံးကညီတယ်။ စည်းကမ်း ရှိတယ်။ ကျနော်တို့ အဖွဲ့ထဲမှာ ကျနော်နဲ့ ဗညားနိုင်ကအကြီးဆုံးပဲ။ အဖွဲ့နဲ့ပတ်သက်သမျှ ကျနော်တို့ နှစ်ယောက် ဆုံးဖြတ်ရင် အားလုံးကသဘောတူတယ်။ ပွဲငှားတာကအစ တချို့ကိစ္စဆို မဟုတ်တာတွေ ဘာတွေ ပါလာရင် ကျနော်က အဖွဲ့ကိုတောင် ပေးမသိတော့ဘူး။ ကိုယ့်ဘာသာဆုံးဖြတ်လိုက်တယ်၊ ရှင်းလိုက်တယ်။ မဟုတ်ရင် အလကား စိတ်ညစ်ရတာပဲရှိမယ်။

တချို့ကန်ထရိုက်တွေက လူလည်ကျတာ တွေရှိတယ်။ အဲဒါမျိုးတွေဆို ကျန်တဲ့သူတွေကို ပေးကို မသိတော့တာ။ တခါတလေ တခြားကပတ်ပြီး ဝင်လာတာမျိုး၊ ဥပမာ - ချစ်စမ်းမောင် ကိုဖြစ်ဖြစ် တခြား တယောက်ယောက် ကိုပဲ ဖြစ်ဖြစ် ကန်ထရိုက်က ကပ်ဝင်ရင်လည်း သူတို့က ကိုခရမ်းကို ပြောပါ။ ကိုဗညားကိုပြောပါဆိုပြီး လွှဲလိုက်တာပဲ။ ကျနော်တို့လုပ်သမျှ ဆုံးဖြတ်သမျှလက်ခံတာရယ်၊ ကျနော်တို့ကလည်း မဟုတ်တာ မလုပ်တာ ဘယ်တော့မှ မလုပ်ဘူး ဆိုတာ သိထားတာရယ်၊ ဒါနဲ့ပဲ ဒီအဖွဲ့ကသွားနေကြတာ။ ပြီးတော့ အားလုံးက ညီအစ်ကိုတွေလိုပဲ စလိုက် နောက်လိုက်နဲ့ ဆိုတော့ ပင်ပန်းတယ် မထင်ရဘူး။

အငဲဆို အတည်ပေါက်ပြောနေရင်း ဝင်ဝင်နောက်တတ်တယ်။ တယောက်အကျင့်ကိုလည်း တယောက်က သိ ထားတယ်။ အငဲဆိုရင် ဆေးလိပ်အရမ်းကြိုက်တယ်။ ဆေးလိပ်မသောက်ရတဲ့ နေရာရောက်ရင် စိတ်တွေတိုနေ ရော။ ချစ်စမ်းမောင် ကျတော့ ကျနော်တို့က ညီအငယ်ဆုံးလေးလိုပဲ။ မျိုးကြီးလည်း ဒီတိုင်းပဲ။

အားလုံးက အလုပ်လုပ်ရင်လည်း အလုပ်နဲ့ တူအောင်လုပ်တယ်။ အလုပ်ကိစ္စနဲ့ ပတ်သက်လို့ ဝေဖန်လို့ကတော့ ကြိုက်သလောက် ဝေဖန်၊ လက်ခံတယ်။ အဲဒါကြောင့်လည်း ထွက်လာတဲ့ Product က တော်တော်ကို တကယ့် ကို ကျေနပ်စရာကောင်းတယ်။ ကျနော်တို့ လေးဖြူနဲ့ ဂျပန်ကလုပ်တဲ့ ဂျေ အာဆီယံ ပွဲမှာ သွားတီး ကြတုန်းက အရမ်းအားပေးကြတာ။ သူတို့က ဘာလို့အားပေးတာလဲဆိုတော့ ဒီအသက်ဒီအရွယ်ကြီးတွေ အထိ ဒီဘန်ကော၊ အဆိုတော်ကော မကွဲဘဲ ဒီအတိုင်းရှိနေတာကို သဘောကျလေးစားတာတဲ့။

မေး။ ။ IC ကို အင်တာဗျူးအတွက်ပဲ ဖြစ်ဖြစ် တခြားအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် ချဉ်းကပ်ဖို့ခက်တယ်၊ ဆက်ဆံရေး မပြေပြစ်ဘူးလို့ ပြောနေတာနဲ့ ပတ်သက်ပြီး ကိုခရမ်း ဘာပြောချင်ပါသလဲ။

ဖြေ။ ။ ဘေးက ကြပ်ပေးကြတာဗျ။ ဘေးကတချို့က IC ကို ကိုယ့်ဘာကိုယ် ဝင်လို့မရဘူး ဟောက်ထုတ် လိမ့်မယ်၊ ဘာညာပြောကြတာနဲ့ လူရှိန်နေတာဗျ။ ကျနော်တို့အားနည်းချက်ကလည်း တခုတော့ရှိတယ်၊ အနုပညာကိစ္စ မြူးဇစ်ကိစ္စကိုဆို လာခဲ့ အချိန်မရွေးပဲ ပြောမယ်။ မဟုတ်တာတွေ ပေါက်ပန်းသေးတွေတော့ လာမမေးနဲ့ လေဗျာ။ IC ကို မေးမယ်ဆိုရင် အိုင်စီအကြောင်းတော့ သိသင့်တာပေါ့ မဟုတ်ဘူးလား။

အနုပညာသမားတွေကို လူတွေက ကြီးကျယ်တယ် ထင်ကြတယ်။ တကယ်က မဟုတ်ပါဘူးဗျာ ..။ ကျနော်တို့ ပြောချင်တာ ဂီတ အကြောင်း .. ဂီတအကြောင်းမေးမယ်၊ ပြောမယ်ဆိုရင် အချိန်မရွေးပါ။ နောက်တခုက ကျနော် တို့ပစ္စည်းတွေက အီးပီစီ မီးနဲ့တီးလို့မရဘူး Watt တအားများတာ။ အဲဒီတော့ ကျနော်တို့ကိုငှားရင် စရိတ်ကများ တယ်။ စပွန်စာ မရှိလို့ မရဘူး။ တချို့ကန်ထရိုက်တွေက စရိတ်ချုံ့ချင်တယ် .. အလွယ်လုပ်ချင်တယ်။ အဲဒါမျိုး ကျနော်တို့နဲ့မရဘူး။ ကျနော်တို့ သတ်မှတ်ထားတဲ့စည်းကမ်းအတိုင်းပဲ သွားတယ်။ လက်ခံနိုင်ရင်လာ။ မှန်တဲ့သူ တွေနဲ့တော့ ကျနော်တို့နဲ့ ဖြစ်တယ်။ ကလိန်ကကျစ်တွေနဲ့ဆို မရဘူး။

မေး။ ။ IC က စက်ပစ္စည်းတွေနဲ့ ပတ်သက်လို့လည်း တော်တော် ဂရုစိုက်တယ်လို့ ကြားတယ်။

ဖြေ။ ။ ဟုတ်တယ်ဗျ ..။ တီးဝိုင်းတဝိုင်းလုပ်တယ် ဆိုတာကဗျာ .. တီးတဲ့သူ ကောင်းကောင်းရှိမယ် .. ဆိုတဲ့ သူ ကောင်းကောင်းရှိမယ် .. မြူးဇစ်သမားဆိုတာက အသံနဲ့ ပရိသတ်ရဲ့ ရင်ဘတ်ကို ထိအောင် လုပ်ရမှာ မဟုတ် လား။ အဲဒီမှာ စက်ပစ္စည်းကိုယ်ပိုင်မရှိဘူးဆိုရင် ဘယ်လိုလုပ်ပြီး အလုပ်လုပ်လို့ ကောင်းတော့မလဲ။ ကိုယ့်စက် ကိုယ့်ပစ္စည်း မဟုတ်ဘူးဆိုရင် တော်တော့်ကို စိတ်အနှောင့်အယှက်ဖြစ်ရတယ်။ စက်ပစ္စည်းကိုတော့ ကျနော်တို့ က ခရေဇီဖြစ်တယ်။
စတူဒီယိုနဲ့ပတ်သက်လို့က ချစ်စမ်းမောင်က ဝါသနာပါတယ်။ သူ့ယောက္ခမ သင်းအုပ်ဆရာ ဆရာဒေးဗစ်ကလည်း အရမ်းအားပေးတယ်။ ပစ္စည်းတွေ ဝယ်ပေးထားတယ်။ ကျနော်တို့ ရာစုသစ် စီးရီးမှာ Auto Mixing စသုံးနေပြီ။ Pro Tool ဆိုတာတခုဆို ဒေါ်လာ ၄၀၀၀၀ ပေးရတယ်။ အဲဒါမှာတော့ ကုမ္ပဏီက တော်တော်လေး အံ့သြတာ။ မြန်မာလိုနိုင်ငံလေးက Band တခုက ဒီလို ပစ္စည်းမျိုးမှာတယ် ဆိုတာ မယုံချင်ဘူး။ “ဘင်္ဂလားပင်လယ်အော်” တုန်းကဆို ငွေဆောင်က ဟိုတယ်မှာကို အားလုံးတီးတာ။ အရသာက စတူဒီယိုထဲမှာ တီးတဲ့အတိုင်းပဲ။ ချစ်စမ်းမောင် ဖမ်းတာလေ။

မေး။ ။ IC က စင်ပေါ်ရောက်သွားရင် အားလုံး မြူးကြွပြီး အပေးအယူ သိပ်မျှတယ်ဆိုတာနဲ့ ပတ်သက်လို့ တချို့က ဘာတွေများမှီဝဲလည်း သိချင်နေကြတယ်။ ပြောပြပါဦး။

ဖြေ။ ။ ဒါလား။ ကျနော်တို့အဖွဲ့မှီဝဲတာကတော့ ရေပဲဗျ။ ရေသောက်ပြီး တီးကြတာ။ ပြောရင် ယုံချင်မှ ယုံ မယ်။ တခါက စီးကရက်စက်ရုံတရုံကလုပ်တဲ့ ပွဲမှာ .. စက်ရုံပိုင်ရှင်ကလည်း နိုင်ငံခြားသားဆိုတော့ ကျနော်တို့ကို မတီးခင် ဘာလိုချင်လဲ၊ ဘာလုပ်ချင်လဲ .. လုပ်ချင်တာဖြစ်စေရမယ်။ အရက်လား၊ ဘီယာလား၊ မူးယစ်ဆေး လား ကြိုက်တာပြော .. အဲလို လာမေးတာ။

ကျနော်တို့က မတီးခင် ကိုယ့်ဘာသာ ထိုင်နေကြတာလေ။ ပုံစံတွေကလည်း မထုံတက်တေးနဲ့၊ ဒီတိုင်း ထိုင်နေ တာ။ အဲဒါကျနော့်လာမေးတော့လည်း ရေပေးပါ၊ လေးဖြူသွား မေးတော့လည်း ရေပဲပေး ရေသောက်မယ် ဆို တော့ အဲဒီလူကမယုံဘူး၊ ရေကတော့ရှိတယ်လေ ၊ ကျနော်သိချင်တာ မူးယစ်ဆေး တခုခုယူမလား၊ အရက်လား ဆိုတော့ မဟုတ်ဘူး ရေပဲ ၊ အဲလိုပြောတော့ သူကသိပ်မကျေနပ်ချင်ဘူး။ စင်ပေါ်လည်းရောက်ရော ကျနော်တို့ အားလုံး မြောက်လိုက်တာ ဆိုတာ .. အဲဒီသူဌေးက ဘာပြောလဲ ဆိုတော့ သူ မလေးရှားပြန်ရောက်ရင် မလေး က ဘန်တွေကို မြန်မာပြည်မှာ ဘာမူးယစ်ဆေးမှမမှီဝဲဘဲ အသားကုန် မြောက်အောင်တီးနိုင်တဲ့ ဘန်တခုရှိတယ်လို့ ပြောမယ်တဲ့။

ဟုတ်တယ်ဗျ အရက်သောက်ထားမှ၊ မူးယစ်ဆေး မှီဝဲထားမှ၊ ကောင်းနေမှ တီးလို့လမိုင်းကပ်တယ်ဆိုတဲ့ သူတွေ ကို ကျနော်သိပ်ပြောချင်တာပဲ။ မူးနေမှတော့ ဘယ်လိုလုပ် ကောင်းနိုင်တော့မှာလဲဗျာ .. မှားကုန်တော့မှာပေါ့။ တချို့ချာတိတ်တွေ ပွဲမှ မစသေးဘူး ဒေါင်ချာစိုင်းနေပြီ .. တီးမယ် ဆိုမယ်ဆိုရင် တမျိုးမျိုးမှီဝဲမှ ဆိုတာကြီးက စွဲနေကြပြီ။ ကျနော်တို့ ထဲမှာဆို ကျနော်၊ ဗညား၊ ချစ်စမ်းမောင်၊ မျိုးကြီး .. အရက်၊ ဘီယာ လုံးဝမသောက်ဘူး။ ခင်မောင်သန့်နဲ့ အငဲက တခါတလေ ဘီယာလေး နည်းနည်းပါးပါး သောက်တယ် ဒီလောက်ပဲ။

မေး။ ။ မြန်မာပြည်ရဲ့ ဂီတလောကနဲ့ပတ်သက်လို့ ဘာပြောချင်ပါသလဲ။ အမျိုးသမီးအဆိုတော်တွေ ရှားပါးနေတဲ့ကိစ္စ၊ ခိုးကူးခွေပြဿနာတွေကို ကိုခရမ်းအနေနဲ့ သုံးသပ်ပါဦး။

ဖြေ။ ။ ဂီတလောကကတော့ ပျက်စီးသလောက်ဖြစ်နေပါပြီ။ အဓိကက လူတွေက ကိုယ့်တန်ဖိုး ကိုယ် မထိန်းတာ၊ မမြှင့်တာပဲ။ နာမည်တွေနဲ့တော့ မပြောချင်တော့ဘူး။ မိုးရွာတုန်းရေခံရမယ်ဆိုပြီး လာသမျှပွဲလက်ခံ၊ ဇာတ်ပွဲနဲ့လည်းဆို .. ဟိုရွာတီးဝိုင်း ဒီရွာတီးဝိုင်းနဲ့လည်းဆို .. အဲလိုတွေ လုပ်နေကြတော့ ပျက်ကုန်ရော။ တန်ဖိုး မရှိတော့ဘူး။ ခိုးကူးပြဿနာကတော့ ရှင်းလို့မရတဲ့ ပြဿနာပဲ။ ဘယ်လိုမှ ရှင်းလို့ရမှာမဟုတ်ဘူး။ အမျိုးမျိုးကြိုး စားကြပြီးပြီ။ မရဘူး။ တခုရှိတာက ကိုယ်က တကယ် တန်ဖိုးရှိအောင် လုပ်ထားရင် မူရင်းဝယ်မယ့် ပရိသတ် ရှိနေပါတယ်။ အမျိုးသမီးအဆိုတော်ကိစ္စကလည်း ခုနကပြောသလိုပဲ။ မရှိတော့ဘူး၊ နိုင်ငံခြား ထွက်တဲ့သူက ထွက်။ ကိုယ့်တန်ဖိုးကိုယ်မမြှင့်ဘဲ တွေ့ကရာသီချင်းကို တွေ့ကရာနေရာမှာ ပိုက်ဆံရပြီးရော လိုက်ဆိုတဲ့ သူတွေက များနေပြီ။

မေး။ ။ နာဂစ်ဆိုင်ကလုန်းအတွက် လုပ်တဲ့ ပွဲအကြောင်း ပြောပြပေးပါဦး။

ဖြေ။ ။ အဲဒီပွဲကတော့ အားရစရာအကောင်းဆုံးပဲ။ ပရိသတ်တွေရဲ့စေတနာရယ်၊ IC ကို ဘယ်လောက်တောင် အားပေးတယ်ဆိုတာရယ် တွေ့ရတာပဲ။ ပြီးတော့ လေးဖြူဝင်ဆိုတာလည်း ပါတာပေါ့။ စုစု ပေါင်း ကျပ် သိန်း ၁၈၀၀ ကျော်ရတယ်။ စားရိတ်တွေနုတ်ရင် သိန်း ၁၃၀၀ ကျန်တယ်။ အဲဒီမှာ ကျနော်တို့က မပျောက်ပျက်မယ့် အလှူကိုလှူချင်တာဆိုတော့ ပျဉ်စလူကျေးရွာမှာ သိန်း ၃၆၀ တန် အထက်တန်းကျောင်း တကျောင်း၊ ဘုရားလှ ကျေးရွာမှာ သိန်း ၂၅၀ တန် မူလတန်းကျောင်း တကျောင်း လှူတယ်။ နောက်တော့ ဆေးပေးခန်းအတွက် သိန်း ၂၅၀။ ဒါတွေက သီတဂူ ဆရာတော်ကြီး ရှင်ဉာဏိဿရ ကတဆင့်လှူတာ။ သွားလှူကြတော့ အားလုံးလိုက်လာ တယ်။ ချစ်စမ်းမောင်တို့ကော၊ ခင်မောင်သန့်တို့ကော ပါတယ်။ ဆရာတော်ကြီးက မှတ်မှတ်ရရ မိန့်တယ်ဗျ “မင်းတို့က ဟီးရိုးပဲ … အေး ငါလည်း ဟီးရိုးပဲ” တဲ့။ IC မှာက ဗုဒ္ဓ ဘာသာက နှစ်ယောက် ခရစ်ယာန်က နှစ်ယောက်ဆိုတော့ MYC ဘုရားကျောင်းနဲ့ နှစ်ချင်း အဖွဲ့ချုပ်ကိုလည်း သိန်း ၂၀၀ စီလှူတယ်။ သူတို့လည်း နာဂစ်ဒုက္ခသည်တွေအတွက် ကူညီနေတာ ဆိုတော့လေ … ။ ။

(ကိုလေးဖြူ၇ဲ့
facebookစာမျက်နှာမှကူးယူဖော်ပြပါသည်)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။