Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, September 29, 2015

စစ်ထောက်လှမ်းရေး၏ သားကောင်ဖြစ်ခဲ့ရသော စကော်ပီယံ Scorpion အဖွဲ့၏ ဖြစ်ရပ်မှန်များ - ၂


စစ်ထောက်လှမ်းရေး၏ သားကောင်ဖြစ်ခဲ့ရသော
စကော်ပီယံ Scorpion အဖွဲ့၏ ဖြစ်ရပ်မှန်များ - ၂

“ဂိုဏ်းခေါင်းဆောင်ဘ၀မှ ခရစ်ယာန်သင်းအုပ်ဆရာ ဘ၀သို့”
- သံဖနောင့်

ရုန်းကန်နေထိုင်ခြင်း
စကော်ပီယံ အဖွဲ့ဖွဲ့၍ မူးယစ်ဆေးများ ဖြန့်ဖြူးရောင်းချ သုံးစွဲသည်ဟု စွပ်စွဲခြင်းခံရသော လူငယ် ၂၂ဦးမှာ နိုင်ငံရေးပုဒ်မ အမျိုးအစားဖြစ်သော ၅(ဃ)ဖြင့် အင်းစိန်ထောင်သို့ ရောက်သောအခါ ထောင်အာဏာပိုင်များ အတွက် ခေါင်းစားစရာ ပြဿနာ တစ်ခု ဖြစ်လာခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ထောင်ထဲတွင်လည်း စစ်အာဏာရှင် စနစ်ကို ဆန့်ကျင် ဆန္ဒပြ၍ ဖမ်းဆီး ထောင်ချခံခဲ့ရသော ဒီမိုကရေစီ လိုလားသူများ ကျောင်းသားများလည်း ရှိနေသောကြောင့် ဖြစ်သည်။ စကော်ပီယံ အဖွဲ့သားများအား နောက်ဆုံးတွင် နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်ကာ အင်းစိန်ထောင်ထဲရှိ အဆောင်အသီးသီးတွင် နေရာ ချထားပေးခဲ့ပြီး နိုင်ငံရေးသမားများ နည်းတူ အကျဉ်းထောင် လျှော့ရက်များ ခံစားခွင့် မရှိကြောင်းလည်း အသိပေးခဲ့သည်။



ထောင်ထဲ ရောက်ကာစတွင် “စကော်ပီယံတွေ”ဟူသော သတင်းစကားဖြင့် အကျဉ်းသားများ၏ အထင်အမြင်လွဲကာ ဆက်ဆံမှုများ ကြုံတွေ့ခဲ့ရသည်။ ထို့ကြောင့် အမှုတွဲအချင်းချင်း သွေးမကွဲစေဘဲ အတူရှိနေသောသူများ စုပြီး အိုးမခွဲဘဲ ထောင်မှ လွတ်သည်အထိ အတူတူ စားခဲ့သည်။ တစ်ယောက် ဒုက္ခရောက်လျှင် ကျန်သူများက ၀ိုင်းဝန်း ကူညီသည့် နည်းဖြင့် ထောင်ထဲတွင် ရပ်တည်ခဲ့သည့် အတွက် ဒုက္ခကြီးကြီးမားမား မရောက်ခဲ့ပေ။ ထောင်ထဲတွင် ရောဂါရသဖြင့် စကော်ပီယံ အဖွဲ့ထဲမှ နှစ်ဦး ကွယ်လွန်သွားခဲ့သည့် ဖြစ်ရပ်သာ ရှိခဲ့သည်။ ကွယ်လွန်သူနှစ်ဦး အနက် တစ်ဦးမှာ သာယာဝတီ ထောင်တွင် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်ပြီး ဆေးဝါး မပြည့်စုံမှုကြောင့် တိမ်းပါးသွားခဲ့ရခြင်း ဖြစ်သည်။ ကျန်တစ်ဦးမှာ အင်းစိန်ထောင်တွင် ကွယ်လွန်ခဲ့ရခြင်း ဖြစ်ပြီး သေကောင်ပေါင်းလဲ ဖြစ်နေသည့် အချိန်တွင် သူ၏ ပုဒ်မကြောင့် အထက်အဆင့်ဆင့် တင်ရာတွင် ကြန့်ကြာနေသည့် အတွက် အပြင်ဆေးရုံသို့ refer ထွက်ရာတွင် နောက်ကျ၍ ဆေးမမီတော့ခြင်း ဖြစ်သည်။ ကျန်သူများမှာ အကျဉ်းကျစဉ် ကာလအတွင်း ၀န်ထမ်းများ၏ အထင်အမြင် လွဲမှားမှုကြောင့် ရောက်ကာစ ကာလများတွင် တင်းကြပ်သော စည်းကမ်းများ၊ ဖိနှိပ်မှုများကို ခါးခါးသီးသီး ခံစားခဲ့ရသည်။ ထောင်အုပ်ချုပ်ရေးပိုင်းမှ စကော်ပီယံများကို မလိုလားအပ်သော အကျဉ်းသားများအဖြစ် ရှုမြင်ခြင်း ခံရသလို နိုင်ငံရေး အကျဉ်းသားများကလည်း ရေပေါ်ဆီ လူ့မလိုင် လူတန်းစားများ အဖြစ် ယူဆခြင်း ခံခဲ့ရသည်။ ထောင်ထဲတွင် အနေကြာလာမှ တစ်ဦးအကြောင်း တစ်ဦးသိရှိပြီး နားလည်သွားခဲ့ရခြင်း ဖြစ်သည်။

ထောင်ကျပြီးနောက် ၂၀၀၆ ခုနှစ်တွင် စကော်ပီယံများ အတွက် နောက်ထပ် မုန်တိုင်း တစ်ခုဖြင့် ကြုံတွေ့ရပြန်သည်။ ထိုမုန်တိုင်းမှာ နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (တပ်မတော် အစိုးရ)က ကမ္ဘာသို့ မိမိတို့နိုင်ငံရှိ အကျဉ်းထောင်များထဲတွင် ဥပဒေ ချိုးဖောက်၍ ဖမ်းဆီးထောင်ချ ထားသူများသာရှိပြီး ယုံကြည်ချက်ကြောင့် ထောင်ကျနေသည့် နိုင်ငံရေး အကျဉ်းသား လုံးဝမရှိကြောင်း နိုင်ငံတကာသို့ ဗြောင်ငြင်းဆိုနေချိန် ဖြစ်သည်။ ထိုအချိန် ထိုကာလတွင် နိုင်ငံရေး ပုဒ်မအမျိုးအစားများဖြင့် ထောင်ကျနေသူများအား နိုင်ငံရေး အကျဉ်းသားဟူ၍ မယူဆဘဲ ရိုးရိုး အကျဉ်းသားအဖြစ် ယူဆကာ အလုပ်ခိုင်းရမည်ဟူ၍ ဖြစ်လာသည်။ ထို့ကြောင့် နိုင်ငံရေးပုဒ်မ အမျိုးအစားများဖြင့် ထောင်ကျခံနေရသူ အချို့ကို ရဲဘက် စခန်းများသို့ ထုတ်ပြီး အလုပ်လုပ်ခိုင်းရန် အစိုးရက ဆုံးဖြတ်ခဲ့သည်။ ထိုဆုံးဖြတ်ချက်ကြောင့် ပုဒ်မ ၅(ဃ)ဖြင့် ထောင်ကျနေသော စကော်ပီယံများကိုလည်း ရဲဘက် စခန်းများတွင် အလုပ်လုပ်ရန် ပြည်ထဲရေး ၀န်ကြီးဌာနမှ အမိန့်ပေးခဲ့သည်။ ပထမဦးဆုံး စမ်းသပ်သည့် အနေဖြင့် စကော်ပီယံ အမှုတွဲ ၂၂ ယောက်အနက် ၅ ဦးကို ရန်ကုန်တိုင်း အတွင်းရှိ အကျဉ်းဦးစီးဌာန လက်အောက်ခံ ရဲဘက် စခန်းများ ဖြစ်သော ဘ၀သစ်(၂)၊ လှေလှော်အင်း၊ တွံတေး တောကြီးတန်း စသည့် ရဲဘက် စခန်းများသို့ ထုတ်ကာ အလုပ်စေခိုင်းခဲ့သည်။ စကော်ပီယံ အဖွဲ့၏ ဒုတိယ အရေးပါ အရာရောက်ဆုံးဟု ယူဆခြင်း ခံရသော ဇော်ဇော်ထက်လူအား ဘ၀သစ်(၂)သို့ ပို့ဆောင်ခဲ့သည်။ ရဲဘက်စခန်းတွင် ဇော်ဇော်ထက်လူမှာ မိသားစု၏ ပံ့ပိုးမှုကြောင့် ကောင်းမွန်စွာ နေထိုင်ခဲ့ရသည်။ သို့သော် ရဲဘက်စခန်းရှိ အကျဉ်းသားများမှာ ရောမခေတ် ကျေးကျွန်များသဖွယ် စေခိုင်းခံနေရ၍ ဇော်ဇော်ထက်လူမှာ မကျေမနပ် ဖြစ်သွားသည်။ အထူးသဖြင့် ရဲဘက်စခန်း တာဝန်ခံ ထောင်ပိုင် ဦးခင်စိုးသည် အကျဉ်းသားများအား ရေမြုပ်ဆန်များအား မ၀ရေစာ ကျွေးမွေးပြီး အလုပ်ကို အဆမတန် ခိုင်းသည်ကို တွေ့မြင်လာရသည်။ နိုင်ငံတော်၏ နေ့ထူးနေ့မြတ်များ ဖြစ်သော “လွတ်လပ်ရေးနေ့”၊ “ပြည်ထောင်စုနေ့”၊ “တော်လှန်ရေးနေ့”များတွင် ရဲဘက် အကျဉ်းသားများမှာ အနားယူရခြင်း မရှိဘဲ ထိုဒေသရှိ တောင်ယာခင်းများတွင် ပဲနှုတ်ခြင်း၊ စပါး ရေသိမ်းခြင်း စသည်များကို မနားမနေ လုပ်ကိုင်ကြရသည်။ အထူးသဖြင့် အကျဉ်းစခန်းပိုင် စိုက်ပျိုးမြေများတွင် ခိုင်းရုံမကဘဲ ပုဂ္ဂလိက စိုက်ခင်းများတွင် အခကြေး ငွေဖြင့် အကျဉ်းသားများအား လုပ်ဆောင်ခိုင်းပြီး လုပ်အား အမြတ်ထုတ်ခဲ့သည်။ ရရှိသော ငွေများကို အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူများက ခွဲဝေယူကြသည်။ အလုပ်ပင်ပန်းလွန်းသဖြင့် ထွက်ပြေးသော အကျဉ်းသားများကို ပြန်မိလျှင် ရက်ရက်စက်စက် ရိုက်နှက်သည်။ အလုပ်လုပ်ရင်း အသက်အန္တရာယ် တစ်စုံတရာ ဖြစ်ပါကလည်း အကျဉ်းသားများမှာ မည်သူမှ စောဒက မတက်ရဲကြပေ။ အလုပ်လုပ်ရင်း ခန္ဓာကိုယ် ထိခိုက်ဒဏ်ရာ ရရှိပါကလည်း လျော်ကြေးဆိုသည်မှာ နတ္ထိသာ ဖြစ်သည်။ ထိုအခြေအနေများကို ဇော်ဇော်ထက်လူက တွေ့မြင်သွားသည့် အတွက် အကျဉ်းသားများ ကိုယ်စား ထောင်ပိုင်ကို အရေးဆိုသည်။ ဇော်ဇော်ထက်လူ၏ လှုပ်ရှားမှုများကြောင့် ရဲဘက်စခန်းတွင် ထင်သလို ဆောင်ရွက်၍ မရတော့မှန်း သိသည့်အတွက် အထက်သို့ အစီရင်ခံစာ တင်သည်။ နောက်ဆုံးတွင် အကျဉ်းဦးစီးဌာနက ရဲဘက်စခန်း အသီးသီးသို့ ရောက်နေသော စကော်ပီယံ ၅ဦးအား အင်းစိန် ထောင်ထဲသို့ ပြန်ခေါ်ထည့်လိုက်သည်။

တချို့ကို သာယာဝတီထောင်သို့ ခွဲပို့သည်။ တချို့ကို အင်းစိန်ထောင်၌ အတူတူမထားဘဲ အဆောင်များ၊ ဆေးရုံများတွင် သီးခြားခွဲထားသည်။ စကော်ပီယံ ဂိုဏ်းခေါင်းဆောင်ဟု စွပ်စွဲခြင်း ခံရသော ရန်နိုင်မှာ ထောင်ဆေးရုံတွင် ရှိနေသည်။ ထောင်ထဲတွင် အနေကြာလာသောအခါ စကော်ပီယံ အမှုတွဲ အားလုံးကို အကျဉ်း ဦးစီးဌာနမှ ၀န်ထမ်းများက နားလည်လာသလို နိုင်ငံရေး အုပ်စုနှင့်လည်း တစ်သားတည်း ဖြစ်သွားသည်။ ထောင်ထဲတွင်လည်း စကော်ပီယံများမှာ အခြား အကျဉ်းသားများ၏ လူမှုရေး၊ သာရေးနာရေး ကိစ္စရပ်များကို ၀င်ရောက် အကူအညီပေးသည်။ ၂၀၀၈ ခုနှစ် နောက်ပိုင်းတွင် သူတို့အား လျှော့ရက်ခံစားခွင့်များ ပြန်လည်ပေးခဲ့သည်။

မျှော်လင့်ချက်ရောင်ခြည် ပေါ်ထွက်လာခြင်း

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပေါ်လာပြီး အထွေထွေ ရွေးကောက်ပွဲများ ကျင်းပကာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရအဖွဲ့ ပေါ်ပေါက်လာသည်။ နိုင်ငံတော် သမ္မတမှ ၂၀၁၀ ခုနှစ်တွင် တစ်နိုင်ငံလုံးရှိ အကျဉ်းသားများအား လွတ်ငြိမ်းချမ်းသာခွင့် တစ်နှစ် ပေးအပ်ခဲ့သည့် အတွက် စကော်ပီယံ အမှုတွဲများမှာ လွတ်နီးအကျဉ်းသားအဖြစ် ရောက်ရှိခဲ့ပြီးနောက် ၂၀၁၁ ခုနှစ်တွင် ပြန်လည်လွတ်မြောက်ခဲ့သည်။

ထောင်ထဲတွင် ၁၀ နှစ်နီးပါး နေထိုင်ခဲ့ရသည့် စကော်ပီယံ အမှုတွဲ အချို့မှာ ဘ၀ပျက်ခဲ့ရသည်များ ရှိသော်လည်း အချို့မှာ ဘ၀အတွက် ကြံ့ကြံ့ခံ ရပ်တည်မှုနှင့် လူ့အဖွဲ့အစည်း အတွက် စဉ်းစားပေးရမည့် အတွေးအခေါ်များ ပိုင်ဆိုင်သွားခဲ့ရသည်။ အထူးသဖြင့် ခေါင်းဆောင်ဖြစ်သော ရန်နိုင်၏ အတွေးအခေါ် အယူအဆများသည် ထောင်မှ ထွက်သောအခါ လုံးဝ ပြောင်းလဲ သွားတော့သည်။ ယခင်က လူငယ်တစ်ယောက်ပီပီ စီးပွားရေး လုပ်ငန်းများကို လုပ်ကိုင်ရန် အားသန်ခဲ့သော်လည်း ထောင်မှထွက်ပြီးသည့်နောက် လူသားများ အတွက် အကျိုးပြု လုပ်ငန်းများ လုပ်ဆောင်ရန် ဆုံးဖြတ်ချက်ချခဲ့သည်။ တစ်ဖက်မှာလည်း ကိုးကွယ်မှုဆိုင်ရာအရ ခရစ်ယာန် ဘာသာကို သက်ဝင်ယုံကြည်သူ ဖြစ်သဖြင့် ခရစ်ယာန် အသင်းတော်၏ တာဝန်ပေးခြင်းကို ခံရသည်။ ပထမဦးဆုံး စဉ်းစားခဲ့သည်မှာ လူသားများအတွက် အကျိုးပြုလုပ်ငန်း အမျိုးမျိုးရှိရာ၌ ဒုက္ခမျိုးစုံ ရင်ဆိုင်ရလျက်ရှိသော ထောင်အတွင်းရှိ အကျဉ်းသားများထံသို့ သွားရောက်ပြီး မေတ္တာတရားကို ပြသည့်အလုပ်ကို စတင် လုပ်ကိုင်ခဲ့သည်။ ထိုအလုပ်လုပ်ကိုင်ရာမှ ကျယ်ပြန့်လာသည့် အတွက် ထောင်သာသနာပြု လုပ်ငန်းဟူ၍ ဖြစ်ပေါ်လာသည်။ အဓိက လုပ်ဆောင်ရသည့် လုပ်ငန်းများမှာ ထောင်များသို့ သွားရောက်၍ အကျဉ်းသားများ၏ စိတ်တွင် ချစ်ခြင်းမေတ္တာများ ပွားများစေရန် ဆောင်ရွက်ရခြင်း ဖြစ်သည်။ ယခု အချိန်အထိ ထောင်အားလုံးသို့ မရောက်ရှိသေးသော်လည်း မြန်မာနိုင်ငံရှိ ဗဟိုစံပြ အင်းစိန် အကျဉ်းထောင်၊ ဒုတိယ အကြီးဆုံး သာယာဝတီထောင်နှင့် တောင်ကလေး ကျောက်ထုစခန်းများတွင် အကျဉ်းသားများအား မေတ္တာပြ တရားဟော အစီအစဉ်များကို ရန်နိုင်ကိုယ်တိုင် ဦးဆောင်ပါဝင်ပြီး ဆောင်ရွက်နိုင်ခဲ့သည်။ ထို့ပြင် လူငယ် စာရိတ္တပြုပြင်ရေး စခန်းများသို့လည်း သွားရောက်နိုင်ခဲ့သည်။ ရန်နိုင် အဓိကထား ဟောပြောခဲ့သည်မှာ reconciliation (ပြန်လည်သင့်မြတ်ရေး) တရားတော် ဖြစ်သည်။ အချို့ လူသားများ ထောင်ကျသွားခဲ့ရခြင်း အကြောင်းရင်းတွင် မိသားစုနှင့် မသင့်မြတ်ခြင်း၊ ပတ်ဝန်းကျင်နှင့် မသင့်မြတ်ခြင်း၊ နိုင်ငံတော်နှင့် မသင့်မြတ်ခြင်း စသည်တို့ ရှိကြသည်။ ထို့ကြောင့် မည်သည့် ပုံစံနှင့်ဖြစ်စေ မသင့်မြတ်ခဲ့သူများကို ပြန်လည် သင့်မြတ်ပြီး သဟဇာတ ဖြစ်မြောက်အောင် လုပ်ဆောင်ပေးရခြင်း ဖြစ်သည်။ ကျန်သည့်အချိန်တွင် ထောင်မှ ထွက်လာသော သူများကို တတ်နိုင်သမျှ ကူညီထောက်ပံ့မှု ပေးသည်။ မိဘမဲ့ကျောင်းများမှ ထွက်လာသော သူများကို စိတ်နှလုံး နူးညံ့ပြီး လူ့လောကနှင့် အံဝင်ခွင်ကျ ဖြစ်စေရန် လူမှုကူညီစောင့်ရှောက်ရေး ကွန်ရက်များ ဖွဲ့၍ အကူအညီပေးသည်။ ယင်းလုပ်ငန်းများကို ထောင်မှ လွတ်မြောက်လာသော ခရစ်ယာန်များနှင့် မည်သည့် ဘာသာဝင်များနှင့်မဆို ပူးပေါင်းဆောင်ရွက်နေခြင်း ဖြစ်သည်။ လက်ရှိအချိန်တွင် ပရဟိတနှင့် လူမှုရေး တာဝန်များကို ဆောင်ရွက်နေသော ရန်နိုင်က သူ့ဘ၀နှင့် ပတ်သက်၍ ခံယူချက်၊ ခံစားချက်များကို ယခုလို ပြန်ပြောင်းပြောပြသည်။

ထောင်ထဲမှာ အကျဉ်းကျခံ ရစဉ်မှာ ခါးသီးမှုတွေ၊ ချုပ်နှောင်မှုတွေနဲ့ ကြုံတွေ့တဲ့အခါ ဘုရားနဲ့ နဖူးတွေ့ ဒူးတွေ့ကြုံတွေ့ခဲ့ရတယ်။ ကြုံတွေ့နေရတဲ့ မွန်းကြပ်မှုတွေ ကြုံတွေ့နေရတဲ့ အထဲကနေ ဘုရားကနေ ကယ်တင်ပေးခဲ့တဲ့ အတွက် အပြင်ထွက်လာတဲ့ အခါ ဘာသာရေးဘက်ကို ကူးပြောင်း ဖြစ်သွားတယ်။

“ထောင်ထဲကို ရောက်သွားတဲ့ အခါမှာ ပထမပိုင်းမှာကတော့ မွန်းကြပ်ဖိနှိပ်မှုတွေ ခံရတယ်။ နောက်ပိုင်းမှာကတော့ ၀န်ထမ်းတွေကအစ ဖမ်းဆီးခံရတာ။ သူတို့နဂို သိထားသလို အမှုမျိုး မဟုတ်ဘူး ဆိုတာကို သိလာတဲ့အခါမှာတော့ မျက်နှာပေးခြင်း ပြန်ခံစားရတယ်။ ဘုရားရဲ့ မစခြင်းကြောင့် အမှန်တရားကို သိလာတဲ့ အခါမှာ ကောင်းမွန်တဲ့ တုန့်ပြန်မှုတွေကို ခံစားရပါတယ်။ ကိုယ်ကအပြစ် လုပ်တဲ့သူ မဟုတ်ဘူး ဆိုတာကို သိလာတဲ့ အခါမှာတော့ အရင်တုန်းက မရတဲ့ အခွင့်အရေးမျိုး ပြန်ခံစားရတယ်။ မတရားစွပ်စွဲ ဖမ်းဆီး အပြစ်ပေးတဲ့အချိန် ပထမ အစမှာတော့ ညှင်းပန်းနှိပ်စက်မှုတွေ ကတော့ ခံစားခဲ့ရပါတယ်။

ကိုယ်ကိုယ်တိုင် ထောင်ထဲမှာ ဆယ်နှစ်လောက် ဒုက္ခခံခဲ့ရတဲ့ အချိန်ကာလတွေကြောင့် အခုလို လူမှုရေး လုပ်ငန်းတွေ လုပ်ဆောင် ဖြစ်ဖို့ တွန်းအားဖြစ်စေခဲ့တာပေါ့။ အံဝင်ခွင်ကျလည်း ဖြစ်တယ်ဆိုတော့ အခုလုပ်ဆောင်နေတဲ့ ထောင်သာသနာပြု လုပ်ငန်းလေးကို လုပ်ဖြစ်တယ်။ ဒီထောင်သာသနာပြု လုပ်ငန်းကနေ ထောင်ထဲက ညီအစ်ကိုတွေကို ကူညီပေး၊ ချစ်ခြင်းမေတ္တာ ဖော်ပြပေးခြင်း လုပ်ငန်းတွေကို အခြားသူတွေ လုပ်တာထက် ကိုယ်တိုင်လုပ်ဆောင်က ပိုကောင်းတယ်လို့ ယူဆတဲ့ အတွက် ထောင်ထဲကို သွားပြီး လုပ်ဆောင်ပေးတာပေါ့။ ဒီတော့ သာသနာပြု လုပ်ငန်းစဉ်ကို လုပ်ဆောင်ဖို့ အတွက်က အဆုံးစွန်ဆုံးတိုင်အောင် လုပ်ဆောင်သွားမှာပါ။ ဘယ်ခေတ် ဘယ်အစိုးရပဲဖြစ်ဖြစ် ပူးပေါင်းပြီး၊ ထောင်ထဲက ညီအစ်ကိုတွေကို ကူညီပေးသွားမှာပါ။ ဒီထောင် သာသနာ လုပ်ငန်းကို အောင်မြင်အောင် လုပ်ဆောင်သွားမယ်။

ဖြစ်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဟိုလူကြောင့် ဒီလူကြောင့်လို့ ပြောဆိုနေမယ်ဆိုရင်တော့ အရမ်းကို စိတ်ပျက်ဖို့ ကောင်းပါတယ်။ အပြစ်မရှိဘဲနဲ့ အဖမ်းခံရပြီး အပြစ်ပေးခြင်း ခံရတယ် ဆိုပေမယ့် နောက်ပိုင်းမှာ အခုလို အပြစ်ပေး ခံရတာဟာ ဘုရားက သတ်မှတ် ပေးလိုက်တယ်လို့ ယုံကြည်လာတယ်။ ဒီလို သတ်မှတ်ပေးလိုက်ခြင်း၊ လုပ်လိုက်ခြင်းကြောင့်လည်း အခုလိုမျိုး စာနာစိတ်တွေ၊ ကူညီလိုစိတ်တွေကို ဖြစ်ပေါ်စေခဲ့တာလို့ ယုံကြည်စေခဲ့တယ်။ အဲ့အတွက်ကြောင့်လည်း အခုလိုလူမှုတွေ အတွက် အကျိုးပြု လုပ်ငန်းတွေ လုပ်ဆောင်ဖြစ်တာပါ။ အဲဒီအတွက် ထောင်ကျတာကိုပဲ ကျေးဇူးတင်မိတယ်။ အဲဒီလို မဟုတ်ဘဲ ထောင်သာ မကျခဲ့ဘူးဆိုရင် အခုလိုမျိုး စာနာတတ်၊ သနားတတ်မှာ မဟုတ်ဘူး။ ဘယ်သူ့ကိုမှ အပြစ် မဆိုတော့ဘဲ အခုလို ထောင်သာသနာလို့ခေါ်တဲ့ ထောင်တွင်းချစ်ခြင်း မေတ္တာပြတဲ့ အလုပ်ကိုပဲ တစိုက်မတ်မတ် လုပ်ဆောင်သွားမှာပါ။ အခုအဖွဲ့ကိုလည်း ထောင်ကျစဉ်၊ ထောင်ထဲမှာ ကတည်းက စတင်ဖြစ်တာ ဖြစ်ပါတယ်။ အခုလို ထောင်ကျတာဟာ တစ်သက်စာ ကောင်းမွန်ဖို့အတွက် ဘုရားက သွန်သင်ဆုံးမ သင်ပြပေးဖို့ ဘုရားရဲ့ အကြံအစည်ဖြစ်တယ်လို့ ယုံကြည်တယ်။ ဘုရားရဲ့ အကြံအစည်ဖြစ်ဖြစ် အဲဒီလို ကျတာဟာလည်း ပိုကောင်းတယ်လို့ ခံစားရပါတယ်”

စကော်ပီယံ၏ နိဂုံး

ထိုသို့ပြန်ပြောင်း ပြောပြနေသော ရန်နိုင်၏ မျက်နှာတွင် အတိတ်ကာလ အတွက် နာကျည်းနေခြင်း၊ ပူဆွေးနေခြင်း၊ နောင်တရနေခြင်းများ မရှိဘဲ ပကတိ ကြည်လင်လျက်ရှိသည်။ သူ၏မျက်လုံးများသည် အရောင်တောက်နေပြီး အနာဂတ်တွင် သူလုပ်ဆောင်ရမည့် အရာများ အတွက် အသေအချာ နားလည်နေပုံပေါ်သည်။ သူ၏ ဘ၀ဇာတ်ကြောင်းကို လူတွေ စာနာသနားစေရန် ဦးစားမပေးဘဲ ကမ္ဘာလောကကြီးနှင့် လူ့အဖွဲ့အစည်းတွင် လိုအပ်လျက်ရှိသော မေတ္တာတရား လုပ်ငန်းစဉ်များကိုသာ တက်ကြွစွာ မရပ်မနား ပြောလျက်ရှိသည်။

ယခုအချိန်မှာတော့ လွန်ခဲ့သည့် နှစ်ကာလများက ခက်ခဲကြမ်းတမ်းသော အုပ်ချုပ်မှု အောက်တွင် ကြီးပြင်းခဲ့ရသော စကော်ပီယံ ခေါင်းဆောင်ကြီးသည် နူးညံ့ပျော့ပြောင်းသော ခရစ်ယာန် သင်းအုပ်ဆရာ ဘ၀သို့ ကူးပြောင်း ရောက်ရှိသွားပြီ ဖြစ်သည်။

သံဖနောင့်
Tomorrow Journal

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။