Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, September 29, 2015

မရှိမဖြစ် အက်ဆန်ရှယ် ကုလား


မရှိမဖြစ် အက်ဆန်ရှယ် ကုလား

|| သရော်စာ - စိုပြေ ||

မြန်မာ့နိုင်ငံရေးတွင် ကုလားသည် အဓိကကျသည် ။ မြန်မာပြည်တွင် ကုလားမရှိလို့ မဖြစ်။ ကုလားမရှိလျှင် ပါတီတွေ ဒုက္ခရောက်လိမ့်မည် ။ ဘုန်းဘုန်းတွေ အလုပ်မရှိဖြစ်လိမ့်မည် ။ ကုလားသည် အခုခေတ်မှ မြန်မာနိုင်ငံရေးတွင် အရေးပါသည်မဟုတ် ။ ရှေးအဆက်ဆက် ကတည်းက အရေးပါခဲ့သူများဖြစ်သည် ။ ဒါပေမဲ့ ပုံစံလေးတော့ ပြောင်းသွားသည် ။

တကယ်တော့ ကုလားများသည် မြန်မာ့နိုင်ငံရေးတွင် ထဲထဲဝင်ဝင် ပတ်သက်နေ သူများဖြစ်သည် ။ ဟိုးပုဂံခေတ်ကို ကြည့်မလား ။ ဗျတ်ဝိ ၊ ဗျတ္တ ဆိုသည့် ကုလားနှစ်ယောက် မှာ နာမည်ကြီးသည် ။ သူတို့သည် ကုလားပြည်မှ သထုံသို့ ရောက်လာခဲ့ကြသူများဖြစ်သည် ။ ဘာကြောင့်မှန်းတော့ မသိ ။ ဗျတ်ဝိကို သထုံဘုရင်က ဖမ်းပြီး သတ်လိုက်သည် ။ ဗျတ္တက ထွက်ပြေးသည် ။ သထုံပြည်က ထွက်ပြေးလာသော ဗျတ္တသည် ပုဂံပြည်တွင် မင်းမှုထမ်းပြီး ကောင်းစားသည် ။ သူ့သားနှစ်ယောက်ဖြစ်သည့် ရွှေဖျည်းညီနောင်ကို အနော်ရထာမင်းက မြှောက်စားသည် ။

ထိုရွှေဖျည်းညီနောင် ဆိုးလွန်းသဖြင့် အသတ်ခံရသည် ။ နတ်ဖြစ်သည် ။ ထိုအချိန်မှစပြီး မင်းကြီးမင်းလေးဟုဆိုကာ လူတွေ ကိုးကွယ်လာခဲ့သည်မှ အခုအချိန်အထိဖြစ်၏ ။ နောက်ပြီး ကုန်းဘောင်ခေတ် ပုဂံမင်းလက်ထက်တွင်လည်း မြို့တော်ဝန် ဘိုင်ဆပ်ဆိုသည့် ကုလားသည် အရာဝင်သည် ။

ဘိုင်ဆပ်၏ စောင်မမှုဖြင့် မောင်ပိန်ဆိုသူမှာ သူဌေးဖြစ်သည် ။ အခုခေတ် အခေါ်အရ ခရိုနီပေါ့ ။ မောင်ပိန်ကောင်းမှုဖြင့် တောင်သမန်အင်းတွင် သစ်သားတံတားတည်သည် ။ ဦးပိန် တံတားဟု ကမ္ဘာကျော်သည် ။ မြန်မာဘုရင်များ လက်ထက်တွင် အမှုထမ်းခဲ့သည့် ကုလားတွေ အများကြီးရှိသေးသည် ။ စစ်သူကြီးတွေ ၊ ၀န်ကြီးတွေ ၊ မှူးမတ်တွေ ။

ဒီဘက်ခေတ်ကို ရောက်ပြန်တော့ ဦးရာဇတ်ဆိုသည့် ကုလားကြီးသည် လွတ်လပ်ရေး ကြိုးပမ်းမှုတွင် ပါဝင်ခဲ့သည် ။ ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ လုပ်ကြံခံရပြီး အာဇာနည်ဖြစ်သည် ။ နောက်ပြီး မြန်မာ့နိုင်ငံရေးကို အခုအချိန်အထိ ကိုင်လှုပ်နေဆဲဖြစ်သော မြန်မာပြည်ကွန်မြူနစ်ပါတီတွင် ကုလားတစ်ယောက် ပါပြန်သည် ။ ရဲဘော်ဂိုရှယ် ဆိုသည့် ကုလားဖြစ်သည် ။ မူဝါဒပိုင်းတွင် နာမည်ကြီးသည် ။

နောက်ပြီး ဦးနုခေတ် ။ ဦးနုခေတ်တွင် ဘင်္ဂါလီများကို ရိုဟင်ဂျာဟု အမည်ပြောင်းသည် ။ သူတို့၏ မဲရအောင်လုပ်သည် ။ ရိုဟင်ဂျာ အမတ်များ လွှတ်တော်သို့ ရောက်လာသည် ။ ပါလီမန်တွင် ဦးနု၏ ပါတီက လူအများအပြားအနိုင်ရသည်။ သို့နှင့် ဖဆပလ အာဏာ သက်တမ်းရှည်သည် ။ ဦးနေ၀င်းလက်ထက် မဆလခေတ်တွင်တော့ ကုလားများ သိပ်နေရာမရရှာ ။ ကုလားများ၏ ပိုင်ဆိုင်မှုတွေကို သိမ်းသည် ။ ကုလားပြည် ကို ပြန်ခိုင်းသည်။

အဲ....။ အဲ့ဒီအချိန်မှာတောင် ကုလားများသည် မြန်မာပြည်သူများ အတွက် ကောင်းမှုပြု ခဲ့သေးသည် ။ ဒါကတော့ စမ်းချောင်း ၊ အလုံ ၊ ဗဟန်း ၊ ပုဇွန်တောင် ၊ ဗိုလ်တထောင် ၊ မင်္ဂလာတောင်ညွှန့်.... စသည့် အရပ်တို့တွင် ကုလားသူဌေးပိုင်မြေများ ရှိသည် ။ ထိုမြေများကို ကုလားသူဌေး ပြန်သွားချိန်တွင် မြန်မာဆင်းရဲသားများ အလကား ရလိုက်ကြသည် ။ ယခုအချိန်အထိ ကုလားပိုင်များမြေများတွင် နေထိုင်သူတွေ ရှိကြသည်။ သူတို့သည် ဂရန်မပေါက် ။ လုပ်စားတတ်သူတွေကတော့ ထိုမြေတွေကို ဂရန်ပေါက်အောင် လုပ်ပြီး တိုက်တွေဆောက် ၊ မြေတွေရောင်းပြီး အခုအချိန်တွင် သူဌေးဖြစ်သူများပင် ရှိသေးသည် ။

စစ်အစိုးရခေတ်တွင်တော့ ကုလားများ နေရာပြန်ရလာသည် ။ အုပ်ချုပ်မှုပိုင်းတွင် မဟုတ် ။ စီးပွားရေးပိုင်းတွင် ဖြစ်သည် ။ သို့နှင့် ကုလားသူဌေးတွေ အများကြီးဖြစ်လာသည် ။ ဟော...။ အခု ဒီမိုကရေစီဆိုသည့် ခေတ်ကို ရောက်ပြီ ။ ကုလားများ အရေးပါ လာပြီဖြစ်သည် ။ ကောင်းကောင်း အရေးပါခြင်းတော့ မဟုတ် ။ တစ်ဖက်နှင့်တစ်ဖက် တိုက်ခိုက်လိုလျှင် အသုံးချကြခြင်းဖြစ်သည် ။ ဘုန်းဘုန်းတွေကလည်း ကုလား မကောင်းကြောင်းဟောသည် ။ ကုလားသည် အန္တရာယ်ရှိကြောင်း ၊ မြန်မာ မိန်းကလေးတွေကို အနိုင်ကျင့်နေကြောင်း ၊ ကမ္ဘာအနှံ့ အကြမ်းဖက်ကြောင်း စသည်ဖြင့် ဟောကြသည် ။

ကုလားတွေကို နှိပ်ကွပ်ရမည်ဟု ဆိုသည် ။ သို့နှင့် ကုလားရန်မှ ကာကွယ်ရန် ဘုန်းဘုန်း တို့မှ တစ်ပါး ကိုးကွယ်ရာမရှိဟု လူတွေ ထင်လာကြသည် ။ အာဏာရပါတီကလည်း ကုလားကို အသုံးချသည် ။ ၂၀၁၀ ရွေးကောက်ပွဲတွင် ဘင်္ဂါလီကုလားတွေကို အသုံးချပြီး မဲများများရအောင် လုပ်သည် ။ ဘင်္ဂါလီအမတ် လွှတ်တော်ထဲ ရောက်လာသည် ။ အခု ၂၀၁၅ တွင်တော့ ဘုန်းဘုန်းများ ကျေးဇူးဖြင့် လူတိုင်းတွင် ကုလားမုန်းတီးစိတ်များ ၀င်လာပြီဖြစ်သည် ။

ထိုအခါတွင်တော့ အာဏာရပါတီသည် ကုလားများကို အသုံးမပြုတော့ ။ ဘူးသီးတောင် မောင်တောဘက်မှ လွှတ်တော်အမတ် ဦးရွှေမောင်မှာ ယခုတစ်ကြိမ် အမတ်ပြန်ရွေးခံခွင့် မရတော့ ။ မိဘများ နိုင်ငံသားမဟုတ်ဟု ဆိုကာ ပယ်ချသည် ။ ကုလားတွေ ပါတီထဲပါလျှင် ပြည်သူက မဲမပေးမှာစိုးသည် ။ တွေ့လား...။ ငါတို့ ပါတီထဲမှာ ကုလားတွေ မပါတော့ဘူးဟု မကြေညာရုံတမယ် ဖြစ်သည် ။

အာဏာရပါတီတင် မဟုတ် ။ အတိုက်အခံပါတီလည်း ထိုနည်းလည်းကောင်းပဲ ဖြစ်သည် ။ ကုလားကို အမတ်လောင်းမတင် ။ တင်လျှင် လူထုက မဲမပေးမှာ စိုးပြန်သည် ။ နှစ်ရှည်လများ အတိုက်အခံဘက်တွင် ပေးဆပ်လာခဲ့သူ ကုလားတွေ နေရာမရရှာတော့ ။ ထိုပြင်တ၀ နှစ်ဖက်စလုံးက ကုလားတွေကို အသုံးပြုပြီး မဲဆွယ်သည် ။

“ငါတို့ ပါတီက ကုလားတွေကို မှတ်ပုံတင်ပေးတာ မဟုတ်ဘူး” “ဘင်္ဂါလီတွေကို ခိုးသွင်း တာ လက်ရှိ အစိုးရ” ဟု အတိုက်အခံပါတီကို ထောက်ခံသူတွေက ဆိုသည် ။ သို့သော် တရားဝင်တော့မဟုတ် ။ အာဏာရပါတီ ဘက်ကလူတွေကလည်း “အတိုက်ခံသည် ကုလားတွေနှင့် အရောဝင်လွန်းတယ် ။ သူတို့သာ အာဏာရရင် မြန်မာပြည်ဟာ ကုလားပြည်ဖြစ်သွားမှာပဲ” ဟု ပြန်တုံ့ပြန်သည် ။ သူတို့လည်း တရားဝင်ပြောခြင်းတော့ မဟုတ် ။ ဒီကြားထဲတွင် ကုလားတွေ အားကြီး စိတ်ညစ်ရသည် ။ နေရာမရရုံမက နှစ်ဖက်စလုံး၏ လုပ်စားမှုဒဏ်ကို ခံရသည် ။

အာဏာရပါတီ အားမကိုးရတော့... အတိုက်အခံဘက်ကို အားကိုးရမလားလို့...။ အတိုက်အခံ ပါတီကလည်း လူ့အခွင့်အရေး တွင်တွင်အော်ပြီး ငါတို့သည် ကုလားတွေနှင့် ဘာမှ မဆိုင်ဟု ကြွေးကြော်သည် ။ ဘာပဲဖြစ်ဖြစ် ကုလားတွေသည် ပုဂံခေတ်မှသည် ဒီနေ့ခေတ်အထိ မြန်မာနိုင်ငံကို အလုပ်အကျွေး ပြုခဲ့ကြသည်။ လွတ်လပ်ရေး ကြိုးပမ်းမှုတွင် ပါဝင်ခဲ့ကြသည် ။ တိုင်းရင်းသား လက်နက်ကိုင်များအတွက် တော်လှန်ရေးမျိုးစေ့ ချပေးခဲ့ သည့် ဗကပတွင်လည်း ပါဝင်ခဲ့ပြန်သည် ။

ဟော....။ ယနေ့ခေတ်တွင်လည်း ပါတီတိုင်းက ကုလားမပါဘူးဟု အကြောင်းပြပြီး မဲဆွယ်သည် ။ ဒါကလည်း ပါတီတွေ အောင်နိုင်ရေးအတွက် ကုလားတွေ တစ်ဖက်တစ်လမ်းက အကူအညီပေးခြင်းပင် ဖြစ်သည် ။ ဘာပဲဖြစ်ဖြစ် ကုလားတွေကတော့ ၀မ်းသာပါသည် ။ မြန်မာပြည်ကို တစ်နည်းမဟုတ် တစ်နည်းဖြင့် အလုပ်အကျွေး ပြုရသောကြောင့် ဖြစ်သည် ။

စိုပြေ

The Ladies News Journal ပါ ဆောင်းပါး

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။